သင်၏မွေးရက်နှင့် သတိထားဖွယ်ရာ ရောဂါအန္တရာယ်

(၁)ဂဏန်း သမားများ …

ကျွန်တော်တို့ ဆရာဇင်ယော်နီဆီမှာ အယူတော်မင်္ဂလာ ဗေဒင်သင်တန်းတက်ခဲ့စဉ်က ပညာတွေလည်းရသ လို ပျော်စရာလည်း ကောင်းလှပါသည်။ ဆရာ့သင် တန်းမှာ အမြဲသောက်ရသော မနောမယလက်ဖက် ရည်ကိုလည်း ဤတစ်သက် မေ့နိုင်ကြတော့မည် မဟုတ်ပါ။

အပြင်တွင် လက်ဖက်ရည်သောက်ဖြစ်သော အခါတိုင်း ဆရာ့ကို သတိရမိမြဲ ဖြစ်ကြလေတော့ သည်။

တစ်ရက်တွင် ဆရာသည် ဂဏန်းဗေဒင် ပညာမှလာရှိသော သတိထားဖွယ် ရောဂါအန္တရာယ် များအကြောင်းသင်ပြပါသည်။ (၁)ဂဏန်းသမားတွေ ဆိုရင် ဘာ ဖြစ်တတ်တယ်၊ (၂)ဂဏန်းသမား တွေဆိုရင် ဘာသ တိထားရမယ်ဟုပြော ပြရင်း (၁)ဂဏန်းသမားတွေ လက်ထောင်၊ (၂)ဂဏန်းသမား တွေလက်ထောင် …စသည်ဖြင့် လက် တွေ့ နမူနာပြောပြရာ မှန်လွန်းလှသောကြောင့် အားလုံးမှာ သဘောကျ၍မဆုံး ဖြစ်ကြရပါသည်။ ကြိုတင်သတိထားမှတ်သားဖွယ် ပညာရပ် ဖြစ်ပါ သောကြောင့် (၉)နေ့သားသမီးများအတွက် ဖော်ပြ လိုက်ပါသည်။

အင်္ဂလိပ်လ တစ်လလ၏ ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်တွင် မွေးဖွားသူဆိုပါက –

ညာဘက် ခြေထောက်၊ ဒူး၊ ပေါင် …စ သည်တို့တွင် ရောဂါဝေဒနာ အဖြစ်များတတ် ကြောင်း သတိပြုအပ်ပါပေသည်။

ကျော်ဇေယျာသွေး(အယူတော်မင်္ဂလာ)