လူတို့အတွက် ပီယသိဒ္ဓိယတြာ

“ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ”

“မျက်နှာမြင်ချစ်ခင်ပါစေ၊ အသံကြား သနား ပါစေ”

“ချစ်စေလို ခံတွင်းလက်လေးသစ် မုန်းစေ လိုလည်း ခံတွင်းလက်လေးသစ်”

“မုန်းလျှင်အပြစ်၊ ချစ်လျှင်အကျိုး၊ မြတ်နိုး တော့ သဒ္ဓါ”

“ချစ်ရတုန်း မုန်းစကားပြော”

“ချစ်လုံးလုံး မုန်းလျားလျား”

စသည် စသည်ဖြင့် အချစ်နဲ့ပတ်သက်တဲ့ ဆိုရိုးစကားတွေ မြန်မာဝေါဟာရမှာ အများကြီး ရှိနေပါတယ်။ လူမှန်ရင် အချစ်ခံချင်ကြတယ်။ လူ တိုင်းချစ်တာကို ခံယူလိုကြတယ်။ လူချစ်လူခင် များတဲ့သူကို မျက်နှာပွင့်တယ်လို့ ခေါ်ကြတယ်။ မျက်နှာပွင့်တဲ့သူကို ပီယသိဒ္ဓိ ပေါက်တယ်လို့ပြော ကြတယ်။ ပီယဆိုတဲ့ ပါဠိဝေါဟာရကို မြန်မာလို ချစ်ခြင်းလို့ ပြန်ဆိုယူကြပါတယ်။

လူတွေဟာ လူအချင်းချင်း ဆက်ဆံရင်းနဲ့ အချိန်တွေ ကုန်လွန်သွားကြရတယ်။ လူအချင်းချင်း ဆက်ဆံရာမှာ လူချစ်လူခင်များတဲ့သူဟာ တစ်ပမ်း သာပါတယ်။ စီးပွားဥစ္စာရှာရာမှာလည်း လွယ်လင့် တကူ ရှိတတ်တယ်။ ဒါကြောင့် မိမိကိုယ်ကို လူတွေ ချစ်လာအောင် ကြံဆောင်လာကြတယ်။ လူချစ် လူခင်စေတဲ့နည်းလမ်းတွေကို ဖွင့်ဆိုရေးသားထားတဲ့ “တက်ကျမ်း” စာအုပ်တွေလည်း အတော်များများ ထွက်လာခဲ့ဖူးပါတယ်။ နောင်ကိုလည်း ဆက်ထွက် မှာပါ။

လင်းရောင်တင်တို့ ငယ်ငယ်တုန်းက ဖတ်ခဲ့ ရတဲ့ ဝန်ကြီးချုပ်ဦးနုရဲ့ “မိတ္တဗလဋီကာ”ဆိုရင် အချုပ် ကတော့ လူချစ်လူခင်များအောင် လုပ်ယူတဲ့ နည်း လမ်းတွေကို ဖော်ပြထားတဲ့ ကျမ်းတစ်ကျမ်းပါပဲ။ ပထမဦးဆုံး စထွက်တော့ “လူပေါ်လူဇော်လုပ်နည်း” ဆိုတဲ့ နာမည်နဲ့ ထွက်တာပါ။ နောက်ပိုင်းမှာ ဒီ နာမည်ဟာ စာအုပ်တစ်အုပ်အနေနဲ့ ရင့်သီးလွန်း တယ်။ လူအချင်းချင်း အများမျက်ခုံးပေါ် စြင်္ကံ လျှောက်တဲ့သဘော သက်ဝင်လို့ ပြောင်းသင့်တယ် ဆိုပြီး ဝေဖန်ကြတာနဲ့ ဦးနုက “မိတ္တဗလဋီကာ”ဆိုပြီး ပါဠိလို ပြောင်းပြီး နာမည်ပေးခဲ့တာပါ။

ဒီစာအုပ်ကိုလည်း လူကြိုက်များခဲ့တာပါ။ လူ အချင်းချင်း ပေါင်းသင်းဆက်ဆံရေး အဆင်ပြေစေ မယ့် နည်းလမ်းတွေ၊ လူချစ်လူခင် များစေမယ့်နည်း လမ်းတွေကို သင်ကြား ပို့ချအကြံပေးတဲ့စာအုပ်ပါပဲ။ ဒီစာအုပ်ထဲက အရေးတကြီး ဖော်ပြထားတဲ့ နည်းက တော့ “လူချစ်လူခင်များလိုလျှင် ပြုံးပါ”တဲ့။ ဟုတ် တယ်။ ပြုံးပြုံးရွှင်ရွှင် နေတတ်တဲ့သူကို လူချစ်လူခင် များတာတော့ အမှန်ပဲ။ ကိုယ်တောင်မှ ငယ်ငယ်က အဲဒိစကားကို သဘောကျပြီး မှန်ထဲမှာ အပြုံးကျင့်ခဲ့ ရတာ အမောပဲ။

အောင်မြင်တယ်လို့ ပြောရမယ်။ အစ်ကိုလို ခင်ခဲ့ရတဲ့ စာရေးဆရာကြီး “ငြိမ်းကျော်”က ပြောခဲ့ဖူး တယ်။ “လင်းရောင်တင်က စကားပြောရင် ပြုံးပြုံးပြီး ပြောလေ့ရှိတယ်။ အဲဒါ ကောင်းတယ်” ဆိုပဲ။ မှန်ထဲ မှာ ပြုံးတာ ကျင့်ခဲ့တာ အကျိုးရှိပြီပေါ့။ သရုပ်ဖော် အဖွဲ့အနွဲ့ကောင်းတဲ့ စာရေးဆရာကြီးက ဒါကို သတိ တရ မြင်တယ်ဆိုရင် အောင်မြင်တာပါပဲ။

တချို့ကတော့ ပြုံးရမှာတောင် ကြောက်နေ သလိုပဲ။ အမြဲတမ်း ပြုံးလေ့မရှိတဲ့ “သီလဝ”ဟာ စာတင် လောက်အောင်ထိ အပြုံးနည်းခဲ့တယ်။ အပြုံးနည်းတဲ့ လူကို လူတွေ သိပ်ချစ်မှာမဟုတ်ဘူး။ မပြုံးတတ်၊ မရယ်တတ်တဲ့သူကို လူတွေချစ်ခင်အောင် လုပ်တဲ့ နည်း မရှိတော့ဘူးလား။ သိပ် သိပ်ရှိတာပေါ့။ အဲဒီလို ချစ်အောင်ခင်အောင် တချို့က ပစ္စည်းဆောင်ပြီး ကြိုးစားကြတယ်။ ပီယသိဒ္ဓိအဆောင်ရယ်လို့ ခေါ်ကြ တယ်။

ပီယသိဒ္ဓိအဆောင်တွေကို လောကီဆရာများ စီရင်ပေးခဲ့ကြတယ်။ ဆောင်သူတွေလည်း အောင်မြင် ကြတာတွေလည်း ရှိပါတယ်။ ကုန်းဘောင်ခေတ်တုန်း က ကဝေသည် “မဖဲ”ဆိုတာ ရှိခဲ့ဖူးတယ်။ ကေ၀ သည်]မဖဲ}က ပီယသိဒ္ဓိအဆောင် စီရင်တာ အတော် ကျွမ်းကျင်တယ်ဆိုပဲ။

ဒါပေမဲ့ ကဝေသည်ဆို တော့ အဆောင်ပစ္စည်းတွေကို အောက်လမ်းနည်းနဲ့ လုပ်ချင် လုပ်မှာပေါ့။ ဘာနဲ့ပဲလုပ်လုပ်၊ ဘယ်လိုပဲလုပ်လုပ် အဲဒီခေတ်က လူပျို၊ လူရွယ် မင်းညီမင်းသား တွေက ကဝေသည် ‘ဒေါ်ဖဲ’ ကို အသည်းစွဲပဲ။ ဒေါ်ဖဲရဲ့ ပီယသိဒ္ဓိအဆောင်တွေက လည်း စွမ်းသကိုး။

အခုကိုယ်တင်ပြပေး မယ့် ပီယသိဒ္ဓိအဆောင် တွေကတော့ လောကီပညာ ရှင်ကြီးများရဲ့ နည်းနိဿျနဲ့ စီရင်ကြတဲ့ အဆောင်အ ကြောင်းတွေပါပဲ။ တကယ် တော့ ပီယသိဒ္ဓိဆိုတာ သာ မန် တဏှာချစ်ကိစ္စတွေမှာသာ အသုံးချ တာမျိုးမဟုတ်ဘဲ လူအချင်းချင်း မေတ္တာရှိလာ အောင်၊ သွားလမ်းလာလမ်းပွင့်လန်းအောင်၊ စီးပွာ ရေးဆောင်ရွက်ရာမှာ ကိုယ့်ဘက်က အခွင့်အရေးရ အောင် အသုံးချတဲ့ အဆောင်မျိုးတွေ ဖြစ်ပါတယ်။

ဒီလိုမျက်နှာပွင့်အဆောင် ပီယသိဒ္ဓိအဆောင် လေးတွေကို မြန်မာ့လောကီနည်းပညာနဲ့လုပ်ဆောင် ရာမှတော့ အပြစ်ကင်းစင်တဲ့ နည်းကိုပဲသုံးပါတယ်။ မိမိမွေးနေ့ နံ့သင့် တင့်လျောက်ပတ်တဲ့ အသားလေး တွေနဲ့ အရုပ်ငယ်ကလေးတွေ ထုဆစ်ပြီး ဆောင်ထား ကြရတာပါ။ ခေတ်အဆက်ဆက် အောင်မြင်ခဲ့ကြတဲ့ နည်းမို့ ဒီကနေ့အထိ ကျန်ရှိနေခဲ့ကြတာပါ။

ဘယ်သူမဆို ထုလုပ်ဆောင်ယူထားနိုင်ကြ အောင် အလွယ်နည်းလိုပဲ ဖော်ပြပေးချင်ပါတယ်။

၁။ တနင်္ဂနွေသားသမီးများဟာ “အောင်မဲဖြူ သား” လက်တစ်ဆစ်လောက်ကို “ကြွက်ရုပ်”ထုပြီး ခန္ဓာကိုယ်နဲ့မကွာအောင် ဆောင်ထားရပါမယ်။

၂။ တနင်္လာသားသမီးများဟာ “ကသစ် သား”လက်တစ်ဆစ်လောက်ကို “ပူးရုပ်”ထုပြီး ခန္ဓာကိုယ်နဲ့မကွာအောင် ဆောင်ထားရပါမယ်။

၃။ အင်္ဂါသားသမီးများဟာ “စွယ်တော် သား”လက်တစ်ဆစ်လောက်ကို ‘နဂါးရုပ်’ထုပြီး ခန္ဓာကိုယ်နဲ့မကွာအောင် ဆောင်ထားရပါမယ်။

၄။ ဗုဒ္ဓဟူးသားသမီးများဟာ “ဝင်အူသား” လက်တစ်ဆစ်လောက်ကို ‘ဂဠုန်ရုပ်”ထုပြီး ခန္ဓာ ကိုယ်နဲ့မကွာအောင် ဆောင်ထားရပါမယ်။

၅။ ကြာသပတေးသားသမီးများဟာ “မန် ကျည်းသား”လက်တစ်ဆစ်လောက်ကို ‘ကျားရုပ်’ ထုပြီး ခန္ဓာကိုယ်နဲ့မကွာအောင် ဆောင်ထားရပါမယ်။

၆။ သောကြာသားသမီးများဟာ “သစ်ဆိမ့် သား”လက်တစ်ဆစ်လောက်ကို “ခြသေ့ၤရုပ်”ထုပြီး ခန္ဓာကိုယ်နဲ့မကွာအောင် ဆောင်ထားရပါမယ်။

၇။ စနေသားသမီးများဟာ “ဒန့်ဒလွန် သား”လက်တစ်ဆစ်လောက်ကို “ဆင်ရုပ်”ထုပြီး ခန္ဓာကိုယ်နဲ့မကွာအောင် ဆောင်ထားရပါမယ်။

အဲဒီလိုနေ့သားအလိုက် နံသင့်သစ်သားတွေနဲ့ အဆောင်အရုပ်ကလေး လုပ်ပြီးပြီးဆိုရင် သန့်စင် အောင် အရုပ်ကလေးကို ရေဆေးရပါမယ်။ ပြီးရင် ရွှေသုံးထပ်ချရပါမယ်။ ဘုရားဂုဏ်တော် ကိုးပါး ၃၇ ကြိမ် မန်းရပါမယ်။ မေတ္တသုတ် ခုနစ်ကြိမ်ရွတ်ဆို ရပါမယ်။ ဘုရားရှေ့မှာ ရွတ်ဆိုပြီး အသက်သွင်းရမှာ ဖြစ်ပါတယ်။ (ခြေလေးချောင်း မစားသုံးသူများ ပို စွမ်းပါတယ်။ အထူးသဖြင့် အမဲသား မစားသူများ ရွတ်ဖတ်ပူဇော်မှသာ အစွမ်းထက်မှာ ဖြစ်ပါတယ်)

ဒီနေရာမှာ နေ့သားအလိုက် သက်ဆိုင်ရာ နံအသားတွေကို ဒီအတိုင်းလက်တစ်ဆစ်စီ ရိုးရိုး မဆောင်နိုင်ဘဲ ရုပ်တုထုပြီး ဂုဏ်တော်တွေ သုတ် တော်တွေ ဘာလို့ ရွတ်ဆိုပူဇော်ခိုင်းရသလဲဆိုတော့ အဓိပ္ပာယ်ရှိပါတယ်။

“ရုပ်ရှိရင် နာမ်ရှိမှတင့်တယ်”ဆိုတဲ့စကား အဆိုရ ရုပ်တုထုပြီး ဂုဏ်တော်တွေ၊ သုတ်တော်တွေ နဲ့ အသက်သွင်းပြီး ဆောင်ရတာဖြစ်ပါတယ်။

အခုရေးသားတင်ပြခဲ့တာကတော့ ပီယသိဒ္ဓိ အဆောင်အတွက် ရုပ်တုထုပြီး ဆောင်တဲ့ ယတြာ အဆောင် အစီအရင်ပဲဖြစ်ပါတယ်။ တကယ်တော့ ရုပ်တုကို ဆောင်တယ်ဆိုတာ ရုပ်တုရုပ်ကလေးပေး တဲ့ အစွမ်းသိဒ္ဓိကို ရယူတာပဲဖြစ်ပါတယ်။ တကယ် လို့ အဲဒီ အရုပ်ကလေးကို အိမ်မှာမေ့ကျန်နေခဲ့တယ် ဆိုပါတော့။ ခရီးတစ်ခုကို ထွက်တဲ့အခါ အဲဒီခရီးမှာ လူချစ်လူခင်များဖို့၊ ပြောသမျှဆိုသမျှ အောင်မြင်ဖို့ ဘာကို အားကိုးမှာလဲ။

အလွယ်ဆုံးနည်းကတော့ မေတ္တာဓာတ် ယတြာကို အားကိုးကြရမှာပဲ။ လူနတ်ဗြဟ္မာ သတ္တဝါ များ ကျန်းမာချမ်းသာကြပါစေဆိုတဲ့ မေတ္တာဓာတ် ပို့လွှတ်ရမှာပါ။ ကိုယ်သွားတဲ့နေရာ၊ မြို့ရွာ ရပ်ကွက် မှာရှိနေကြတဲ့ လူနတ်သတ္တဝါတို့ကို မေတ္တာပို့ပြီး သွားတဲ့အခါ အန္တရာယ်ကင်းပါတယ်။ အနှောင့် အယှက်လည်း ကင်းပါတယ်။ တွေ့သမျှ လူ နတ် တွေက ချစ်ခင်ကူညီကြမှာ ဖြစ်ပါတယ်။

နေ့စဉ်မေတ္တာပို့ဖို့ မမေ့ပါနှင့်

သတိရတိုင်း မေတ္တာပို့ပါ။ ကိုယ်နဲ့မျက်နှာချင်း ဆိုင် တွေ့ရသူတိုင်း ဆက်ဆံရသူတိုင်းကို မေတ္တာပို့ပါ။ “ကျန်းမာ ချမ်းသာပါစေ”ဆိုတဲ့ စကားလုံးလေး ခြောက်လုံးဟာ အရေအတွက်နည်းပေမယ့် တန်ခိုး သိဒ္ဓိ ကြီးမားလှပါတယ်။ မေတ္တာပို့သသူရဲ့ ရုပ် သဏ္ဌာန်ဟာ ကြည်လင်ရွှင်ပြပြီး လူတကာချစ်ခင် တဲ့ဓာတ်တွေ ဖြစ်ပေါ်လာစေပါတယ်။

ပီယသိဒ္ဓိအတွက် နံသင့်အရုပ်ကလေးတွေ ဆောင်တာလည်း ကောင်းပါတယ်။ အချိန်နဲ့အမျှ သတိရတိုင်း မေတ္တာပို့တဲ့ အလေ့အကျင့်ဟာလည်း ပီယသိဒ္ဓိအတွက် ပိုလို့ကောင်းပါတယ်။

ဇေယျတုသဗ္ဗမင်္ဂလံ

လင်းရောင်တင်

အရာရာအောင်မြင်စေတဲ့ ရတနာဒီပံ ရွှေဖယောင်း တိုင်ကိစ္စတခြားကိစ္စများအတွက်လာရောက်လိုက တိုက် (၁၁၀၇)ယဿဝတီ(၁၈)လမ်း တောင်ဥက္ကလာ(၁၃)ရပ်ကွက်၊ ရန်ကုန်မြို့။