လာဘ်ပါ ပွင့်စေတဲ့ သုတ်ပရိတ်တော်

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကာလက ရန်ကုန် မြို့၊ ခြောက်မိုင်ခွဲ မာလာကာခြံလို့ခေါ်တဲ့ ရပ်ကွက် မှာ လင်းရောင်တင် ၁၅ နှစ်လောက်ကြာအောင် နေထိုင်ခဲ့ဖူးပါတယ်။ မာလကာခြံရပ်ကွက်လို့သာ ခေါ် ကြပေမယ့် ထူးခြားတာက အဲဒီရပ်ကွက်မှာ မာ လကာပင် တစ်ပင်တလေတောင် မတွေ့ရတာဘဲ  သရက်၊ အုန်း၊ ငှက်ပျောစတဲ့ အပင်တွေတော့ ရှိပါ တယ်။ မာလကာခြံရဲ့ အထင်ကရလမ်းမကြီးကိုတော့ ဟိုးတုန်းက စွပ်ကျယ်ဝက်လမ်းလို့ ခေါ်ခဲ့ကြတယ်။ နောင်ကျမှပဲ ဓမ္မာရုံလမ်းမကြီးလို့ ပြောင်း ခေါ်ကြ တယ်။

လမ်းသွယ်လေးတွေကိုတော့ ဓမ္မာရုံ၁လမ်း ဓမ္မာရုံ ၂ လမ်း စသည်ဖြင့် ခေါ်ကြတယ်။ အဲဒီရပ် ကွက်က သာမည ရပ်ကွက်တော့ မဟုတ်ပါဘူး။ အနုပညာသည်တွေထဲက ထင်ရှားကျော်ကြားသူတွေ နေခဲ့ကြတဲ့ ရပ်ကွက်လေးပါပဲ။ စာရေးဆရာကြီး သော်တာဆွေ၊ ကာတွန်းဆရာကြီး ဦးဖေသိန်း၊ ဂီတ စာဆို မောင်ကြေးမုံတို့ နေသွားခဲ့ဖူးကြပါတယ်။ နိုင်ငံ တော် လူရွှင်တော်ကြီး ဦးစပယ်ရှယ်တောင်မှ အဲဒီ နားမှာ နေခဲ့ဖူးတယ်။

ဦးစပယ်ရှယ်ကလည်း သမိုင်းထဲက အနု ပညာသမား တစ်ယောက်ပဲခင်ဗျ။ သူ့နာမည်က စပယ်ရှယ်မဟုတ်ဘူး။ သူပြောပြဖူးပေမယ့် ကြာ တော့လည်း မေ့သွားတာပေါ့နော်။ အဲဒီစပယ်ရှယ် ဆိုတဲ့ နာမည်က ဗိုလ်ချုပ်အောင်ဆန်းမှည့်ခေါ် ပေးခဲ့ တာလို့ သူပြောဖူးတယ်။ ဟင်္သာတမှာ ဦးစပယ်ရှယ် လို့ ဇာတ်ပွဲသွားကတော့ အဲဒီညမှာ ဗိုလ်ချုပ်လာ ကြည့်သတဲ့။ ပွဲပြီးတော့ ဦးစပယ်ရှယ်ရဲ့ ပြက်လုံး တွေကို သဘောကျသွားပြီး

“မင်းရဲ့ ပြက်လုံးတွေက တော်တော်ရယ် ရတယ်။ စပယ်ရှယ်ပဲကွ။ အဲဒီတော့ မင်းရဲ့ လူရွှင် တော်နာမည်ကို ဒီနေ့ကစပြီး စပယ်ရှယ်လို့ ပြောင်း လိုက်ပေတော့”

လို့ ဗိုလ်ချုပ်က ပြောသွားသတဲ့ အဲဒီကစ ပြီး သူ့နာမည် စပယ်ရှယ်လို့ တွင်လာတာဆိုပြီး ဦးစပယ်ရှယ်ကိုယ်တိုင် ပြောပြသွားခဲ့ဖူးတာ။ အဲဒီ ခြောက်မိုင်ခွဲ(မာလကာခြံ)မှာ နေခဲ့တုန်းက လင်း ရောင်တင် ဘုရားတရား အလုပ် တော်တော်လုပ်နေ ပြီ အဓိဋ္ဌာန် ပုတီးတွေစိပ်၊ ပရိတ်ကြီး ၁၁ သုတ်ရွတ်၊ နေ့စဉ် မနက်ငါးနာရီထိုးရင် ကျူရှင် ဆရာကြီး ဦးမြင့်သိန်း(စာရေးဆရာ မြင့်မြတ်သိန်း)နဲ့အတူ ရွှေတိဂုံစေတီတော်ကြီးဆီကို လမ်းလျှောက်သွား နေကြ။

နောင်တော်ကြီး စေတီရင်ပြင်တော်မှာ ကိုယ် က ပုတီးစိပ်၊ ဦးမြင့်သိန်းက တရားထိုင် နှစ်ပေါက် အောင် အဓိဋ္ဌာန်ထားပြီး တက်ဖြစ်ခဲ့ကြတယ်။ တနင်္ဂ နွေနေ့တိုင်းမှာတော့ မာလကာခြံက သူငယ်ချင်း တွေနဲ့ ဘုရားတက်၊ ပုတီးစိပ်(အရက်သမား ဖဲသမား တွေအပါအဝင်) အဲလို လုပ်ခဲ့ဖူးတယ်။ တစ်နေ့တော့ ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်ပူဇော်အပြီးမှာ အင်္ဂုလိမာလသုတ်တော်အကြောင်း စဉ်းစားမိဖြစ် တယ်။

အင်္ဂုလိမာလမထေရ်ကြီးဟာ ရဟန်းမဖြစ်ခင် လူ့ဘဝတုန်းက စိတ်ထားမကောင်းတဲ့ ဆရာကို ဆည်းကပ်မိလို့သူ့အပေါ်မုန်းတီးတဲ့ ဆရာဟာ လက် ညှိုးပေါင်းတစ်ထောင်ကို ရအောင်ယူလာခဲ့ရမယ်လို့ ခိုင်းစေလိုက်တဲ့အတွက် အင်္ဂုလိမာလက အဟုတ် မှတ်ပြီး လူတွေကို သတ်လက်ညှိုးတွေက စုဆောင်း ခဲ့တယ်။ နောက်ဆုံး လက်ညှိုးတစ်ချောင်းအလိုမှာ မယ်တော်ကို သတ်ပြီး လက်ညှိုးဖြတ်ဖို့ ကြိုးစားနေ တုန်း ဘုရားရှင်နဲ့တွေ့လို့ ကံကောင်းသွားတယ်။

မိခင်လက်ကိုလည်း မဖြတ်ဖြစ်တော့ဘူး။ ဘုရားရှင်ရဲ့ အဆုံးအမ ဓမ္မကြောင့် အကျွတ်တရား ရပြီး ရဟန္တာကြီးဖြစ်သွားတယ်။ ရဟန္တာဖြစ်သွားခဲ့ ပေမယ့် ဆွမ်းခြွံကတဲ့အခါ ဆွမ်းမရရှာဘူး။ အဲဒါက  လူတွေကိုသတ်ပြီး လက်ညှိုးတွေ ဖြတ်ခဲ့တဲ့ အကုသိုလ်က ဘဝမဆိုင်းခင် အကျိုးပေးတာပါပဲ။ လူသတ်သမားကြီးဖြစ်ခဲ့တဲ့ ရဟန်းကို ဘယ်သူမှ စေတနာမရှိကြဘူး။ လူသတ်သမားရဟန်းကြီးလာ ပြီဆိုပြီး ရှောင်ပုန်းနေကြတယ်။ ဆွမ်း ဘယ်သူမှ မလောင်းချင်ကြဘူး။ အဲသလို အင်္ဂုလိမာလ ကိုယ် တော်ကြီး ဆွမ်းမရရှာတာကို ဂေါတမမြတ်စွာဘုရား ရှင် ကိုယ်တော်မြတ်ကြီး သိတော်မူတယ်။ သူ့ခမျာ ဆွမ်းခံလို့ ရနိုင်အောင်လို့ ပရိတ်တော်(သုတ်တော်) တစ်ပုဒ်ရွတ်ခိုင်းခဲ့တယ်။ နောင်ကာလတွေမှာ အင်္ဂုလိ မာလကိုယ်တော်ကြီး အမြဲရွတ်ခဲ့တဲ့ ပရိတ်မို့ အင်္ဂုလိ မာလပရိတ်တော်ရယ်လို့ ထင်ရှားခဲ့တယ်။

ဒီပရိတ်ကို ရဟန်းကြီး ရွတ်ဆိုတဲ့အခါ သစ္စာ ဓမ္မဖြစ်လို့ အစွမ်းထက်တယ်။ အထူးသဖြင့် မိန်း ကလေးတွေ မျက်နှာမြင်တဲ့အခါ မီးဖွားလွယ်တယ်။ အဲဒီအကျိုးတရားကို လူတွေ သိမြင်လာတော့ အင်္ဂုလိ မာလကိုယ်တော်ကြီးကို အရင်ကလို မမုန်းကြတော့ ဘူး။ “ဪ … သူ လူတွေ သတ်ခဲ့တယ်ဆိုတာ သေစေ လိုတဲ့ ဆန္ဒနဲ့ ဒေါသနဲ့ သတ်ခဲ့တာ မဟုတ်ရှာဘူး။ သူ့ဆရာကလမ်းမှာ ပြလို့ မှားခဲ့ရရှာတာပဲ” အဲသလို နားလည်သွားကြပြီး ခါတိုင်းလို ဒီရဟန်းကြီး ဆွမ်းခံြွကလာရင် ရှောင်မနေကြတော့ဘူး။ ဆွမ်း ထွက် လောင်းလာကြတယ်။

ဒါကြောင့် ဒီအင်္ဂုလိမာလသုတ်ဟာ အစွမ်း ထက်တယ်။ အထူးသဖြင့် အမျိုးသမီးတွေ မီးဖွားရာ မှာ အထောက်အကူကြီးစွာ ပြုပါတယ်။ မွေးကာနီး ဖွားကာနီးမှာ အင်္ဂုလိမာလသုတ်တော်ရွတ်ဆို ပူဇော် ပေးမယ်ဆိုရင် ကလေးမွေးတဲ့အခါ လွယ်လွယ်ကူ ကူ ချောချောမောမော မွေးဖွားပေးနိုင်တယ်ဆိုတာကို တော့ မြန်မာလူမျိုးတိုင်း(ဗုဒ္ဓဘာသာဝင်တိုင်း)နား လည်လိုက်နာခဲ့ကြတာ ဟိုးရှေးပဝေသနီကတည်းက ပါ။ ဗိုက်ခွဲမွေးတာ ခေတ်မစားခင်(ခွဲဖို့ မလွယ်ကူခင်) ကာလတွေမှာ ဒီပရိတ်(သုတ်တော်)ဟာ အရေးအလွန် ပါပါတယ်။ အိမ်ထောင်သည် အမျိုးသမီးတိုင်း ကျက် မှတ်ထားခဲ့ကြရတာပါ။

သမီးမိန်းကလေးမွေးတော့မယ်ဆိုရင် မိခင် ဒါမှမဟုတ် အဘွားလုပ်သူတွေက ဒီသုတ်ကို သင် ကြားပေးစမြဲပါ။ ဒါပေမဲ့ သေသေချာချာ တွေးမြင် ကြည့်မယ်ဆိုရင် အင်္ဂုလိမာလပရိတ်တော်ဟာ ကလေး မီးဖွားရာမှာ လွယ်ကူယုံတင်မကပါဘူး။ လာဘ်လာဘ အရာမှာပါ အဆင်ပြေစေတဲ့ သဘော ရှိပါတယ်။ ဘာလို့လဲဆိုတော့ အင်္ဂုလိမာလ ကိုယ် တော်မြတ်ကြီးဟာ ဒီသုတ်ပရိတ်တော်ရွတ်ဆိုပူဇော်မှ လူတွေက အမှန်တရားကို နားလည်သွားပြီး ဆွမ်း လောင်းလှူကြတယ်မဟုတ်လား။

ကိုယ်ဆိုတဲ့ ကိုယ်ကလည်း ဝိဇ္ဇာပုဂ္ဂိုလ်ကြီး တွေ ပြောခဲ့တဲ့ စကားကိုမြေဝယ်မကျ နားထောင် တယ်။ (မှန်မယ်ထင်တဲ့စကားကို နားထောင်တာနော်။ အဘက ပြောတယ်ဆိုတဲ့ ဘာစီးသလိုလို ညာစီးသ လိုလို လူတွေ ပြောတာကို နားထောင်တာမဟုတ် ဘူး။ ဟိုနတ်၊ ဒီနတ် လာပြောတယ်ဆိုတိုင်း ယုံတာ မျိုးမဟုတ်ဘူး။ ကြောင်းကျိုးဆီလျော်မှ လက်ခံ ယုံ ကြည်တာ။ ရမ်းမယုံနဲ့ဆိုတဲ့ ဗုဒ္ဓရဲ့ ကာလမသုတ္တံ ကို ဦးထက်ထားတဲ့လူပါ။ ဘာစကားလဲဆိုတော့ ကိုယ်တိုင်သိရန် ကိုယ်တိုင်ကြံသည်းခံကြိုးစားကျင့် ဆိုတဲ့ စကားပါပဲ။

ဒါကြောင့် အင်္ဂုလိမာလသုတ်ဘယ်လောက် စွမ်းသလဲဆိုတာ သိရအောင် ကိုယ့်ပတ်ဝန်းကျင်က ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတွေကို အာရုံပြုပြီး  ကလေးလွယ်ကူစွာ မွေးနိုင်အောင် ကလေးလူကြီး ကျန်းမာချမ်းသာအောင် မေတ္တာပို့ အင်္ဂုလိမာလသုတ် အမြဲရွတ်ဆိုပေးလေ့ရှိခဲ့တယ်။ ကိုယ်ရည်ရွယ် အာရုံ ပြုရွတ်ဆိုပေးတဲ့ ကိုယ်ဝန်ဆောင်သည်တိုင်း ချော ချောမောမော ချမ်းချမ်းသာသာ မွေးဖွားခဲ့ကြတာ ချည်းပါပဲ။ (မိုးဇလညွှန်မှူး ဦးချစ်ကျော်ရဲ့ ဇနီး ဒေါ်သီတာတောင်ပါခဲ့လေရဲ့ မျက်နှာချင်းဆိုင် အိမ်မှာ နေခဲ့ကြဖူးတယ်) နောက်ဖေးအိမ်က မတင်အုံးဆိုရင် ဆေးရုံတောင် မရောက်လိုက်ဘဲ အိမ်မှာတင်မွေး သွားတယ်။ သိပ်လွယ်သွားကြတာ။

ဒီကိစ္စကို ကာယကံရှင်တွေနဲ့ ဆုံပြီး မပြော ဖြစ်ခဲ့ပူါဘး ကိုယ့်ဘာသာစမ်းသပ်ကြည့်တာ ကိုယ့် ကလေးသုံးယောက်မှာ ဒီသုတ်တော်ကို မရွတ်သေး တော့ ကိုယ့်ဘာသာ စမ်းမကြည့်ခဲ့ဖူးလေ။

ခုဆိုရင် အဲဒီကိစ္စတွေဟာ အနှစ်သုံးဆယ် လောက်ရှိရော့ပေါ့။ ထူးခြားချက်ကတော့ အခုကာလ မှာလာပြတယ်။ ကိုယ့်ဆီကို မီးဖွားဖို့ ကိစ္စအတွက်  လာရောက်အကူအညီတောင်းသူတွေထဲမှာ “ဆရာရယ် ကျွန်မကို ဘာမှတွက်ချက်ပေးစရာမလိုပါဘူး။ ကျွန်မ ခွဲမွေးမယ့်နေ့မနက်မှာ ဆရာလှမ်းပြီး မေတ္တာပို့ပေး ရင်ကို ကျေနပ်ပါပြီ ဆရာရယ်” လို့ပြောတဲ့ မိန်း ကလေး က အဲဒီနေ့မှာတင် ဒေါ်လာငါးဆယ်နဲ့ ငွေ ငါးသောင်း(စုစုပေါင်းတစ်သိန်းကျော်)ကန်တော့သွား တယ်။ မွေးဖွားပြီးတော့လည်း သူ့အဖေကြီးက ကျေးဇူးတင်စွာ ချောချောမောမောမွေးတဲ့အကြောင်း၊ လူကြီးကော ကလေးပါ ကျန်းမာစွာရှိတဲ့အကြောင်း သတင်းလာပို့ပြီး နောက်ထပ်(တစ်သိန်းကျော်) လာ ကန်တော့သွားတယ်ဗျာ။ အဲဒီတုန်းက ဒီကိစ္စ မစဉ်းစား ခဲ့ပါဘူး။ ဘဝအဆက်ဆက် ကျေးဇူးခံ ကျေးဇူးစား ရှိခဲ့လို့သာပဲလို့ မှတ်ယူခဲ့ပါတယ်။

အဲ မကြာသေးခင်က တစ်ဦးဗျ။ သူတို့က လင်မယားနှစ်ယောက် လာကြတယ်။ သင်္ကြန်လွန်မှ မွေးမှာမို့ ဘယ်နေ့တွေ ရွေးရမလဲ လာမေးတာပါ။ ဘာမှမခက်လှပါဘူး။ အဲဒါလေးပဲမေးပြီး “မွေးရ မယ့်ရက်မှာ ဆရာကြီး မေတ္တာပို့ပေးပါနော်”လို့ပဲ ပြောသွားတယ်။ ဖလားထဲကို ငွေတစ်ထုပ်ထည့်လှူ သွားတယ်။ နောက်မှကြည့်လိုက်တော့ တစ်သိန်း တိတိပါပဲ။ ဒီမှာ စဉ်းစားစရာဖြစ်လာတယ်။ ဟိုတုန်း က ကိုယ့်ဘာသာစေတနာနဲ့ မေတ္တာပို့ ရွတ်ဖတ်ခဲ့ရတဲ့ အင်္ဂုလိမာလသုတ်တော်ရဲ့ အကြောင်းအကျိုးဆက် တစ်ခုခုများလား တွေးမိလာတယ်။ (အဲဒီလိုပြောပြလို့ ကြွားတယ်လို့တော့ မထင်ကြပါနဲ့ဗျာ။ သုတ်ပရိတ် တော်တွေရဲ့ တန်ခိုးနဲ့ အကျိုးဆက်ကို တင်ပြပြီး တွေးမြင်ကြည့်ကြဖို့ ဆန္ဒပြုတာပါ။ ဘယ်လိုလဲ လက်ခံနိုင်ပါသလား။ အင်္ဂုလိမာလသုတ်တော်က လာဘ်ပါပွင့်တယ်ဆိုတာ ကိုလေ။

ဇေယျတု သဗ္ဗမင်္ဂလံ

လင်းရောင်တင်

(အရာရာအောင်မြင်စေတဲ့ ရတနာဒီပံရွှေဖယောင်းတိုင်ကိစ္စ၊ အခြားကိစ္စများအတွက် ဆွေးနွေးလိုပါက တိုက်အမှတ် (၁၀၆၀)၊ ယဿဝတိ (၁၆) လမ်း၊ တောင်ဥက္ကလာ (၁၃) ရပ်ကွက်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၉ ၄၂၀ဝ၁၄၆၁၄)