လာဘ်များဝင်စေတဲ့ ဆည်းလည်းကလေးသုံးလုံး

လင်းရောင်တင် ငယ်ငယ်တုန်းက တွေးခဲ့ဖူး တဲ့အကြောင်းအရာတစ်ခု ရှိတယ်။ အဲဒါက ဘာလဲ ဆိုတော့ ဘာသာရေးဆိုင်ရာ ထောက်ကူပစ္စည်းအနေ နဲ့ အသံမြည်တဲ့အရာတွေကို စိတ်ဝင်စားတာပါ။

ကြေးစည်၊ ခေါင်းလောင်း၊ မောင်း၊ ဆည်းလည်း၊ တုံးမောင်း စတဲ့ အသံမြည်တဲ့ပစ္စည်းမျိုးစုံ ဘာ ကြောင့်ရှိနေသလဲ၊ ဘာကြောင့် မျိုးကွဲအသံတွေ ရှိနေရတာလဲ။

သတိပြုမိကြမယ် ထင်ပါတယ်။ မနက် မနက် အရုဏ်တက်ကာလမှာ ဘုန်းတော်ကြီး ကျောင်းတွေက တုံးမောင်းခေါက်ကြတဲ့အသံတွေ။ “တုံ …တုံ …တုံ …တုံ …”ဆိုတဲ့ အသံတွေ ပထမဆုံး စကြားရတဲ့အခါမှာ တုံ တုံ တုံ ဆိုတဲ့ အသံလေးတွေက ခပ်ကျဲကျဲ၊ ခပ်ဖြည်းဖြည်းခေါက် သံ ကြားရတယ်။ ဖြည်းဖြည်းချင်း အသံတွေစိပ်လာ တယ်။ ပိုပြီးတော့လည်း မြည်သံတွေ ကျယ်လာ တယ်။ ပြီးတော့ အသံတွေ စိပ်ရာက ပြန်ပြီးကျဲသွား တယ်။ မြည်သံလေးတွေ တဖြည်းဖြည်း တိုးသွားကြ ပြန်တယ်။ ပြီးတော့ လုံးဝပျောက်သွားတယ် …။

တုံးမောင်းခေါက်သံကြောင့် နိုးသွားတဲ့အခါ အဲဒီတုံးမောင်းခေါက်သံလေးတွေကို နားထောင်ရင်း မှိန်းနေရတာ သိပ်ပြီး အရသာရှိတယ်။ ဒီအသံဟာ သုတိ သာယာမှုရှိတယ်။ မနက်ခင်းစောစောနိုးထ လာချိန်မှာ မင်္ဂ္လာရှိတဲ့အသံ ဖြစ်ပါတယ်။ နေ့သစ် တစ်ခုရဲ့ အားမာန်သစ်ဖြစ်စေတဲ့ အသံလည်းဖြစ်ပါ တယ်။ လင်းရောင်တင် အသက်သုံးဆယ်ကျော် အရွယ် (အကြားဓာတ် စçရတဲ့အခါ) မနက်အရုဏ် တက်တစ်ခုမှာ –

“တုန်းမခေါက်မီ ဘုန်းတောက်ပြီဟေ့”

ဆိုတဲ့အသံတစ်သံကို အာရုံနားနဲ့ ကြားလိုက် ရခဲ့ဖူးတယ်။ ကြားရတဲ့အချိန်က အိပ်ရာကနေ နိုးနေ ရုံပဲ ရှိသေးတယ်။ လုံးဝမထရသေးဘူး။ အဲ့ဒီအချိန်ကို စာတွေထဲမှာ “စပ်မျဉ်းသိ” အချိန်လို့ ခေါ်တယ။ ဒီအချိန်ဟာ တစ်နေ့လုံးမှာ တန်ဖိုးအရှိဆုံးအချိန်ပဲ။ ဒီအချိန်မှာ ကြားရတဲ့အသံတွေဟာ အဓိပ္ပာယ်ရှိ တယ်။ ဒီအချိန်ဟာ ကိုယ့်ရဲ့ဆရာအရှင်တွေ၊ ဘဝ ပဋ္ဌဌာန်းဆက်က ကမ္မဇဒ္ဓိတန်ခိုးရှိတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်ကို ဆက်သွယ်လာတဲ့အချိန်ပဲ။

“တုံးမခေါက်မီ ဘုန်းတောက်ပြီဟေ့”

ဆိုတဲ့ အသံကို ကိုယ်စဉ်းစားကြည့်တယ်။ တုံးခေါက်ချိန် ဟာ မနက်ငါးနာရီဝန်းကျင်ပဲ။ အဲဒီအချိန်မတိုင်မီ ဆိုတော့ မနက်လေးနာရီနဲ့ ငါးနာရီကြားအချိန်ကို ဆိုလိုတာ ဖြစ်လိမ့်မယ်။ ကိုယ်ဒီလိုပဲ တွေးဖြစ်ခဲ့ တယ်။ အဲဒီအချိန်မှာထပြီး ပရိတ်ရွတ်မယ်၊ ပဋ္ဌဌာန်း ရွတ်မယ်၊ ပုတီးစိပ်မယ်၊ တရားထိုင်မယ်ဆိုရင် ကိုယ့် အတွက် ဘုန်းတောက်မယ်၊ တိုးတက်မယ်၊ ကြီးပွား ချမ်းသာစေမယ် ဆိုတဲ့ အဓိပ္ပာယ်ကိုပဲ ယူလိုက်တယ်။

မနက်စောစောထပြီး ပုဗ္ဗကိစ္စတွေလုပ်ဖြစ်ခဲ့ တယ်။ တကယ်လည်း တိုးတက်ခဲ့ပါတယ်။ ဟိန္ဒူလူ မျိုးတွေကတော့ မနက်လေးနာရီအချိန်ကို “မင်္ဂ္လာ ဟစ်တိုင်”၊ “မင်္ဂ္လာအချိန်”ရယ်လို့ ယူဆယုံကြည် ကြတယ်။ ဒါကြောင့် နေမြင့်အောင် မအိပ်ဘဲ မင်္ဂ္လာ အချိန်မှာ အိပ်ရာကနိုးထကြပြီး မင်္ဂ္လာအချိန်မှာ မင်္ဂ္လာရှိတဲ့အလုပ်ဖြစ်တဲ့ ဘုရားရှိခိုးတာ၊ ပရိတ်ရွတ် တာ၊ ပုတီးစိပ်တာ၊ တရားထိုင်တာတွေ လုပ်သင့် တယ်။ ကိုယ့်ရဲ့ ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရုံမျှမက လူတွေနတ်တွေကပါ ချစ်ခင်တဲ့ လူမျိုးဖြစ်လာ နိုင်ပါတယ်။

တုံးမောင်းခေါက်သံကို ကြားရတဲ့အခါ ဘုန်း တော်ကြီးကျောင်းမှာရှိနေကြတဲ့ ခွေးတွေ တစ်ပြိုင် တည်း အူကြတာကိုလည်း ကြားဖူးကြပါလိမ့်မယ်။ ဒီတုံးမောင်းခေါက်သံကိုကြားရင် သူတို့ မအူဘဲ မနေ နိုင်ကြတဲ့ဓာတ်တစ်မျိုးရှိတာ သေချာပါတယ်။ ဒီလိုပဲ ကြေးစည်သံကို ကြားရရင် တုံ့ပြန်နိုင်စွမ်းရှိတဲ့ မြင် နိုင်တဲ့သတ္တဝါ၊ မမြင်နိုင်တဲ့သတ္တဝါတွေလည်း ရှိကြ တယ်။ ဒီလိုပဲ ခေါင်းလောင်းသံ၊ ဆည်းလည်းသံကို ကြားရ အသိအမှတ်ပြုကြရတဲ့ ပရလောကသားတွေ လည်း ရှိနေကြတယ်။

အသက်လေး နည်းနည်းရလာတော့ “အသံ” တွေအကြောင်း စဉ်းစားရင် သတ္တဝါတစ်ဦး နှင့်တစ်ဦး ကြားနိုင်တဲ့အသံလှိုင်း “ဖရီကွမ်စီ” “Frequency” နှုန်းထားခြင်း မတူတာတွေ ရှိတယ်။ ခေါင်းလောင်းသံ ကို ကြားနိုင်တဲ့ ပုဂ္ဂိုလ်ရှိသလို၊ ဆည်းလည်းသံကျမှ ကြားနိုင်သိနိုင်တဲ့ ပုဂ္ဂိုလ်၊ သတ္တဝါတွေ ရှိနေကြ ပြန်ရော။ ဒီလိုပဲ ကြေးမောင်းသံကိုကြားမှ ကြေး ဖလားသံကိုကြားမှ သိနိုင်၊ သာဓုခေါ်နိုင်တဲ့ ပုဂ္ဂိုလ်၊ သတ္တဝါတွေလည်း ရှိနေကြပြန်တယ်။

ကြေးဖလားရဲ့နှုတ်ခမ်းကို တစ်ချက်လောက် တုတ်တံလေးနဲ့ထိခတ်ပြီး ကြေးဖလားနှုတ်ခမ်းကို ပတ်ရစ်ပြီး အကြိမ်ကြိမ်မွှေပေးလိုက်ရင် “ဝေ … ဝေ …ဝေ …ဝေ …”ဆိုတဲ့ သာယာတဲ့သံ စဉ်လေးတွေ ထွက်လာတတ်တယ်။ ကြေးဖလားနဲ့ အမျှဝေတတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ တိဘက်နိုင်ငံက လားမားကြီးတွေပါပဲ။ ဒီကြေးဖလားမျိုး လင်းရောင် တင်ရဲ့ဓာတ်နန်းမှာ ရှိတယ်။ ဗုဒ္ဓဂယာသွားတုန်းက “နီပေါ”နိုင်ငံက ဝယ်လာခဲ့တာပါ။ ဂျိုးဖြူအဖေ ကြီး အရှင်အဂ္ဂသာရ (အဖေကြီး ဦးအေးဖေ)ရဲ့ဘုရားခန်းကိုလည်း ဖလားတစ်လုံးလှူခဲ့ဖူးပါတယ်။ ထူးခြားတာက ဖလားရဲ့အတွင်းအောက်ခြေ မျက်နှာ ပြင်မှာ ဘုရားငါးဆူရဲ့ပုံတော်ငါးဆူကို ထုဆစ်ထား တာပါပဲ။

ဆည်းလည်းတို့၊ ခေါင်းလောင်းတို့၊ ကြေး ဖလားတို့၊ ဆည်းလည်းတို့ လှူဒါန်းတဲ့လူဟာ အသံ သြဇာနဲ့ ပြည့်စုံတယ်။ အသံကောင်းတတ်တယ်လို့ ကြားဖူးပါတယ်။ ဒါကြောင့် အဆိုတော်လုပ်စားကြ မယ့်သူတွေ အသံမြည်စေတဲ့ ခေါင်းလောင်းတို့၊ မောင်းတို့၊ ဆည်းလည်းတို့ကို လှူဒါန်းသင့်ပါတယ်။ “မောင်း”တီးတဲ့အသံကိုတော့ ဘုမ္မိယလို့ခေါ်တဲ့ သိုက်က ပုဂ္ဂိုလ်တွေ ကြားသိနိုင်တယ်လို့ ဆိုပါတယ်။

လင်းရောင်တင်မှာ “ဝဏ္ဏသိင်္ဂ࿿ီ မင်းစိန်စီ” လို့ အမည်ရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးနဲ့ ခင်မင်ခဲ့ဖူးပါ တယ်။ ကိုယ်ကတော့ သူ့ကို “အဘချစ်”လို့ပဲ ခေါ် တယ်။ နာမည်ရင်းက ဦးခင်မောင်ချစ်။ ရုပ်ရှင်မင်း သား (ဗိုလ်အောင်ဒင်) ခင်မောင်ရင်ရဲ့ ညီအငယ် ဆုံး။ သူက အသက်(၉၂)နှစ်အထိ ရှည်သွား၊ နေသွား တာ။ ဂမ္ဘီရပညာတွေ အတော်ရှာဖွေသိရှိခဲ့တဲ့ အဘိုး ကြီး။ သူက ကိုယ့်ကို တစ်ခါက ပြောခဲ့ဖူးတယ်။

“လင်းရောင်တင် …ဘုရားကျောင်းဆောင် ရဲ့ နဖူးစီးမှာ အသံသာတဲ့ ဆည်းလည်းကလေး သုံး လုံး ချိတ်ဆွဲထားလိုက်ရင် တချွင်ချွင်မြည်ပြီး ငွေ သိပ်ဝင်တဲ့ ယတြာလေး ဖြစ်လာလိမ့်မယ် …” လို့ ပြောခဲ့ဖူးတယ်။ ကိုယ်လည်း အဘချစ် ပြောတဲ့အတိုင်း ဆောင်ရွက်ခဲ့ဖူးတယ်။ အဘပြော တဲ့အတိုင်း အဆင်တွေပြေလာခဲ့ဖူးပါတယ်။ ချိတ်ဆွဲရမယ့်အချိန်ကတော့ တနင်္လ࿿ာနေ့မနက် ၉ နာရီမှာ ဆိုရင် ပိုပြီးကောင်းပါတယ်။ အပန်းမကြီးတဲ့ကိစ္စပါ။ ဘုရားကျောင်းဆောင်ရဲ့ နဖူးစီးမှာ သုံးလုံး အစိတ် အကျဲ အညီအမျှချိန်ပြီး ချိတ်ဆွဲထားကြည့်လိုက်ရင် ဟုတ် မဟုတ် သိသာလာပါလိမ့်မယ်။

အသံတွေမြည်စေတဲ့ အရာဝတ္ထုတွေဟာ “ဓာတ်ခိုက်”မှုတွေ ရှိပါတယ်။ ကောင်းသောဓာတ် ခိုက်မှု၊ မကောင်းသော ဓာတ်ခိုက်မှု နှစ်မျိုးတော့ ရှိတာပေါ့။ “ဆည်းလည်းသံ”ကတော့ ကောင်းသော ဓာတ်ခိုက်မှုထဲမှာ ပါပါတယ်။ ဆည်းလည်းသုံးလုံးကို အသံသာတာလေးတွေ ရွေးချယ်ပြီး ချိတ်ဆွဲရမှာပါ။ မနက်၊ နေ့ခင်း၊ ညနေ အချိန်တွေမှာ အဲဒီခေါင်း လောင်းလေးတွေကို အသံမြည်အောင် လှုပ်ခတ်ပေး ရပါတယ်။ လှုပ်ခတ်ပေးတဲ့အခါတိုင်းမှာလဲ “လာဘ် များများ ဝင်လာပါစေ”လို့ လေးလေးနက်နက် ဆု တောင်းပေးရပါမယ်။

ဒီအပြင် “ဆည်းလည်း”ဆိုတဲ့ ပညတ်ဟာ အင်္ဂ࿿ါနံနဲ့ ဗုဒ္ဓဟူးနံကို ပေါင်းစပ်ထားတာပါ။ ဒါကြောင့် ၃+၄ = ၇ ဖြစ်ပါတယ်။ ၇ ဂဏန်းရတဲ့အတွက် ဆည်းလည်းမြည်သံဟာ ခုနစ်ရက်သားသမီးတွေရဲ့ စိတ်ချမ်းသာမှုကိုလည်း ဖြစ်စေပါတယ်။ ဒါကြောင့် ကာယကံရှင်ကို ခုနစ်ရက်သားသမီးများက လေးစား၊ ကြည်ညို၊ ချစ်ခင်စေတဲ့ ဓာတ်သဘောကိုလည်း ဆောင်ပါတယ်။ မကြာသေးခင်ကာလကမှ ကိုယ့်ဆီ ကို စာဖတ်ပရိသတ်တစ်ဦး (အမျိုးသမီးကြီးတစ် ယောက်) က –

“ဆရာကြီးရဲ့ဓာတ်နန်းမှာ မောင်းတစ်လုံးလို နေသေးတယ်။ ကျွန်မလာလှူချင်တယ်။ လက်ခံမှာ လား ဆရာကြီး …”

လို့ ပြောလာတဲ့အတွက် လက်ခံခဲ့ရတယ်။ ဝိဇ္ဇာပုဂ္ဂိုလ်များက “မပယ်ရဘူး၊ မတွယ်ရဘူး” လို့ ဆိုဆုံးမခဲ့တဲ့စကား ရှိပါတယ်။

ဆန္ဒကောင်းပြုလာ သူတွေရဲ့ ဆန္ဒကို လုံးဝ ခေါင်းခါငြင်းဆန်မှု မပြုရ သလို၊ ကိုယ်လိုချင်တာကို အတင်းတွယ်တာစွဲလမ်း နေတာမျိုးကိုလည်း ဝိဇ္ဇာပုဂ္ဂိုလ်ကြီးများက မနှစ်သက် ကြပါဘူး။ ဒါကြောင့် တချို့ကလည်း “ပယ်ခြင်း၊ တွယ်ခြင်း၊ ကင်းအောင်နေ” လို့ ဆိုသူကလည်း ဆို ပါတယ်။

ကိုယ်ကတော့ လာလှူသမျှ လက်ခံထားခဲ့ ရင် ဓာတ်နန်းမှာရှိသမျှ ဂမ္ဘီရပစ္စည်းတွေဟာ ဝယ် ယူတာရယ်လို့ သိပ်မရှိသလောက်ပါ။ အင်း … မောင်းလှူလာပြီဆိုလို့ အကြောင်းနီးလာပြီထင်ပါရဲ့။

“အကြောင်းနီးရင် မောင်းတီးပါ” ဆိုတဲ့ ဆိုရိုးစကားကိုလည်း ကြားဖူးကြမှာပေါ့။ မောင်း လည်း တီးကြ။ လာဘ်လာဘရွှင်အောင် လူချစ် လူခင်အောင် ဆည်းလည်းသုံးလုံးလည်း ဘုရားမှာ လှူထားကြ …။

ကောင်းမြတ်သော စိတ်ထားနှင့် သိဒ္ဓိများ ပွါးများနိုင်ကြပါစေ။

 

လင်းရောင်တင်