လောကဟိတဂမ္ဘီရပညာလက်ဆင့်ကမ်းပွဲ

လင်းရောင်တင်ဆိုတဲ့ ကလောင်နာမည်နဲ့ စာပေလောကထဲကို ၁၉၇၄ ခုနှစ်က စတင်ဝင် ရောက်ခဲ့တယ်။ ၁၉၉၂ ခုနှစ်ကျတော့ နက္ခတ္တရောင် ခြည်မဂ္ဂဇင်းကနေစပြီး ဂမ္ဘီရဝတ္ထုဆောင်းပါးတွေ ရေး ခဲ့တယ်။ အဲဒီနောက် ဂမ္ဘီရမဂ္ဂဇင်း၊ ရောင်ပြန်မဂ္ဂဇင်း စတဲ့ မဂ္ဂဇင်းတွေထဲမှာ ဝတ္ထုဆောင်းပါးတွေ ရာ ထောင်ချီပြီး ရေးခဲ့ဖူးတယ်။ ဂျာနယ်ခေတ်တွေစလာ တော့ ပါဝါဂျာနယ်(ကိုယ်တိုင်အယ်ဒီတာချုပ် လုပ်ခဲ့)၊ နေလဂျာနယ်တွေမှာ ပင်တိုင် ရေးလာခဲ့တယ်။

အခုဂမ္ဘီရဆောင်းပါးတွေကို နောင်တော် ဆရာကြီး မင်းသိင်္ခ ကြီးကြပ်တည်းဖြတ်ခဲ့တဲ့ မနော မယဂမ္ဘီရဂျာနယ်မှာ စဉ်ဆက်မပြတ်ပင်ထိုင်ရေးသား ခဲ့ရေးသားဆဲဖြစ်ပါတယ်။ ဂမ္ဘီရဝတ္ထုဆောင်းပါးတွေ ရာထောင်ချီ ရေးပြီးတဲ့အခါ ဂမ္ဘီရဗဟုသုတတွေ စာတွေ့လက်တွေ့ အတော်များများ စုမိဆောင်းမိလာ ခဲ့တယ်။

လောကကြီးရဲ့ ဆောင်ရန် ရှောင်ရန်တွေကို လည်း တော်တော်များများ နားလည်ခဲ့ရတယ်။ အဲဒီ အခါမှာ လောကဟိတဂမ္ဘီရ လို့ဆိုရမယ့် လောက အကျိုးကို ဆောင်ရွက်နိုင်တဲ့ ဂမ္ဘီရပညာရပ်တွေကို အများအတွက် ဖြန့်ချိပေးချင်လာတယ်။ စာတွေ့ရော ငါတွေ့ရော အတွေ့အကြုံတွေ အထိုက်အလျောက် ရလာတဲ့ ပညာရပ်တွေကို လက်ဆင့်ကမ်းပေးချင်လာ  တယ်။

ဝိဇ္ဇာလမ်းမှာ အဓိကအတတ်ပညာနှစ်မျိုးရှိ တာ သိပြီးကြသူ များပါလိမ့်မယ်။ စူဠဂန္ဓာရီနဲ့ မဟာ ဂန္ဓာရီပညာတွေပါပဲ။ စူဠဂန္ဓာရီဆိုတာကတော့   အနိမ့်စားပညာတချို့ အောက်လမ်းပညာလို့လည်း ဆိုကြပါတယ်။ မဟာဂန္ဓာရီကတော့ အမြင့်စားပညာ၊ အထက်လမ်းပညာလို့ နားလည်ထားကြပါတယ်။ အထက်လမ်းပညာရှင်များကတော့ အရိယာလမ်းစဉ် အထိ အဆင့်ဆင့် မြင့်တက်ကျင့်ကြံသွားကြတာပါ။

ကိုယ်ပို့ချပေးချင်တဲ့ လမ်းစဉ်ကတော့ မဟာ ဂန္ဓာရီ အထက်လမ်းပညာရပ်တွေပါပဲ။ အရိယာ  လမ်းစဉ်ထိ မရောက်သည့်တိုင် လောကီမှာ ချမ်း သာစွာ အဆင့်အတန်းမြင့်စွာနေထိုင်ရေး ကျန်းမာ ရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးစတဲ့ လောကီ အရေးအခင်းပေါင်းများစွာကို အောင်မြင်စွာ ဖြတ် သန်းနိုင်ရေးကိစ္စတွေမှာ အထောက်အကူပြုနိုင်တဲ့ ပညာရပ်တွေပါပဲ။

ဆောင်ရန် ရှောင်ရန် လောကီသုတရပ်တွေ နဲ့ ကျင့်စဉ်တွေပါဝင်ပါမယ်။ လောကီသမထကျင့်စဉ် တွေကို ဦးစားပေးပို့ချသွားမှာပါ။ ဝိပဿနာပညာရပ် တွေကို ပို့ချသင်ကြားကြတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီကနေ့ခေတ်မှာ အတော်အတန် များပြားခရီး ရောက်နေကြပါပြီ။ ဝိပဿနာတရားစခန်းတွေမှာ တက်ရောက်ပြီး လောကုတ္တရာကောင်းစားရေး အတွက် သင်တန်းတွေ၊ တရားစခန်းတွေ အများ အပြား တက်ရောက်ကျင့်ကြံနိုင်နေကြပါပြီ။ လောကီ လွတ်လမ်း တရားစခန်းတွေ အမြောက်အမြား  ရှိနေ ကြပါပြီ။

မရှိသလောက် ရှားနေခဲ့တာကတော့ လောကီ ကြီးပွား အောင်မြင်ချမ်းသာရေး ပို့ချမှုတွေ၊ သင် တန်းတွေပါပဲ။ လောကမှာ ကြီးပွားချမ်းသာချင်သူ တွေဟာ အဆောင်၊ ပစ္စည်း၊ ယတြာတွေ အပြင် ကိုယ်ကိုယ်တိုင်က ချွန်ထက် မွန်မြတ်အောင် ကြိုး ပမ်း ကျင့်ဆောင်ဖို့လိုပါတယ်။ အဓိဋ္ဌာန်တွေ ဝင်ဖို့ လည်း လိုအပ်ပါတယ်။ ဒီအတွက် ဆရာ့အနေနဲ့ –

စိပ်ပုတီးဖြင့်ကြီးပွားချမ်းသာနည်း။ မေတ္တာ အကျိုးတန်ခိုးအာနိသင်၊ အကျိုးကြီးမား ဂုဏ်တော် များ။

အတိတ်နိမိတ်များ ကောက်ယူပုံ၊ လောကီ ကြီးပွားအောင်မြင်ရေး ယတြာများ။ အဆောင်များ၊  ကျန်းမာရေး အဆောင်ယတြာများ၊ အိပ်မွေ့ချကုထုံး များ၊ အမှောင့်ပယောဂ စစ်ဆေးနည်း။ အမှောင့် ပယောဂကုသနည်း စသည်ဖြင့် လောကီအကျိုးပြု ပညာရပ်တွေကို အဆင့်ဆင့်၊ လက်ဆင့်ကမ်းသင် ကြားပေးချင်တဲ့ ဆန္ဒတွေ ဒီနှစ်ပိုင်းမှာ တိုးပွားလာ တဲ့အတွက် ဒီဆောင်းပါးနဲ့ လက်ဆောင်ပါးလိုက်ရ ခြင်းဖြစ်ပါတယ်။

လောကဟိတ ဂမ္ဘီရပညာကို လက်ဆင့်ကမ်း ချင်တဲ့ အချိန်မှာ ဆရာဟာ နှစ်ပေါင်းလေးဆယ် ရှာဖွေဆည်းပူးခဲ့ပြီး ဖြစ်ပါတယ်။ အဓိဋ္ဌာန်ပေါင်း မြောက်မြားစွာကို မြန်မာပြည်အနှံ့အပြား စေတီပုထိုး   ပေါင်းများစွာ၊ အထင်ကရ နေရာပေါင်းများစွာတို့ကို သွားရောက်လေ့လာဆည်းပူးခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း တို့ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အခက်အခဲပေါင်းများ စွာကို ကျော်ဖြတ်ခဲ့ရပြီး အဓိဋ္ဌာန်များစွာကိုလည်း အောင်မြင်ခဲ့ပါတယ်။

အချို့သော မြန်မာလူမျိုးများဟာ လောကီ ဂမ္ဘီရပညာရပ်တွေကို နားမလည်ကြတာတွေရှိကြ တယ်။ မိတ်ဆွေတစ်ယောက်ဆိုရင် သူဟာ လေ့လာ မှုအားနည်းတဲ့အတွက် ခေါင်းရင်းဘက်မှာ တံတွေး ထွေးတာတွေ၊ နှပ်ညှစ်တာတွေလုပ်တယ်။ သူ့ကလေး  အိမ်ရှေ့မှာ သေးတည်တယ်။ ပြီးတော့ အရင်လူ တွေ စိုက်ခဲ့တဲ့ ငွေလာဂမုန်းရွှေလာဂမုန်းပင်တွေကို    ရှုပ်တယ်ဆိုပြီး ခုတ်ပစ်ခဲ့တယ်။

အဲဒီမိတ်ဆွေဟာ မကြာခင်မှာဘဲ စီးပွားတွေ  လျောကျလာတယ်။ မိသားစုထဲမှာ ကျန်းမာရေး တွေလည်း ထိခိုက်လာတယ်။ ဒီလိုမျိုးပဲ အစ်မတစ် ယောက်ဆိုရင် သူ့အိမ်အရောင်းထွက်ချင်လို့ ယတြာ လုပ်လိုက်တာ ယတြာမှားသွားတဲ့အတွက် အိမ် မထွက်ဘဲ လူထွက်သွားတာမျိုးလည်း ရှိခဲ့တယ်။ ဒါကြောင့် လောကီဂမ္ဘီရ ပညာရပ်တွေကို သိမြင် တတ်မြောက်ထားဖို့လိုပါတယ်။

ယတြာတိုင်းမှန်တာမဟုတ်ဘဲ ယတြာအမှား မျိုးတွေ ဆောင်ရွက်ရင်းဘဝမှာ ဒုက္ခရောက်ရတာ မျိုးတွေလည်း ရှိတတ်တယ်။ အဲဒီတော့ အန္တရာယ် မဖြစ်နိုင်တဲ့ယတြာ အန္တရာယ်ကျရောက်နိုင်တဲ့ ယတြာ စတာတွေကို ဆင်ခြင်စဉ်းစားတတ်တဲ့ပညာမျိုးဟာ လည်း လိုအပ်ပါတယ်။ ဒါမျိုးတွေကို ထောက်ပြ အကြံပေးတာမျိုးလည်း လက်ဆင့်ကမ်းပေးမှာပါ။

လောကကြီးမှာ မေတ္တာဓာတ်ဟာ ကြီးမား ကျယ်ပြန့်ပြီး တန်ခိုးအကျိုးအာနိသင်အများကြီးရှိ တာမို့ မေတ္တာခံယူနည်း၊ မေတ္တာပို့သနည်းတွေကို လဲ စနစ်တကျ လက်ဆင့်ကမ်းပေးပါမယ်။ ကံ ကောင်းသူတွေ ပိုကောင်းလာအောင်၊ ကံဆိုးသူတွေ ကံကောင်း အောင်မြင်လာအောင် နည်းလမ်းများ လည်း ပို့ချပေးပါ့မယ်။ ဆရာပို့ချတဲ့ ပညာရပ်တိုင်း ဟာ အကုသိုလ်ကင်းဝေးပြီး ကုသိုလ်အခြေခံတဲ့နည်း တွေသာ ဖြစ်တယ်။ ကိုယ်ကြောင့် အများသတ္တဝါ ချမ်းသာ စေတဲ့နည်းများသာ ဖြစ်ရမယ်။ ကိုယ့် ကြောင့် အများသတ္တဝါ ဆင်းရဲဒုက္ခရောက်စေတဲ့ နည်းမျိုး ဘယ်သောအခါမှ လက်ဆင့်မကမ်းပါ။

“ဆရာကြီး အိမ်ရောက်လာပြီး ဆရာကြီး ရဲ့ စကားတွေ နားထောင်ရတဲ့အခါ ကျွန်မစိတ်ညစ် တာတွေ ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ ကျွန်မ ကြုံနေရတဲ့ ဒုက္ခတွေ မကြာခင်လျော့ပါးပျောက် ကွယ် သွားမယ်ဆိုတာကိုလည်း ယုံတယ်။ ကျွန်မ စိတ်ချမ်းသာသွားပြီ ဆရာကြီး၊ ကျေးဇူးတင်ပါတယ်”

ဆိုတဲ့ စကားတွေကြိမ်ဖန်များစွာ ကြားခဲ့ရ ရွှင်လန်းပီတိဖြစ်ခဲ့ရပြီးမှ ဒီလက်ဆင့်ကမ်းပွဲကို စတင်ဖို့ ဆုံးဖြတ်ခဲ့ရတာပါ။

“ဆရာရွတ်ခိုင်းတဲ့ ရောဂါမျိုးစုံပျောက်စေ တဲ့ဂါထာကို တစ်လလောက်အကြိမ်များများရွတ်ပြီး တဲ့အခါ ကျွန်မနှလုံးရောဂါ ပျောက်သွားတယ်ဆရာ”

“ကျွန်မလည်ပင်းက ကင်ဆာကြိတ်ကြီးဟာ  ဆရာ့ဂါထာကိုရွတ်ရင်း တဖြည်းဖြည်းသေးသေးသွား လိုက်တာ အခုအကောင်းပကတိ ဖြစ်သွားပြီဆရာ၊ ဒါကြောင့် ဆရာ့ကို လာကန်တော့တာပါ”

“ကျွန်မယောကျာ်း စစ်ဗိုလ် သေနတ် ပျောက်သွားတာ ဆရာလုပ်ခိုင်းတဲ့ယတြာနဲ့ နာရီ ပိုင်းအတွင်း ပြန်တွေ့ပါတယ်ဆရာ”

အဲဒီလို စကားသံတွေကြားရတဲ့အခါ ပီတိဖြစ် ရပါတယ်။ ဒါဟာ လောကဟိတဂမ္ဘီရပညာရပ်တွေရဲ့ အကျိုးကျေးဇူးပါပဲ။ စိတ်ဝင်စားကြတယ်ဆိုရင်တော့ ဆရာကိုယ်တိုင်သင်ကြားပို့ချပေးမယ့် လောကဟိတ ဂမ္ဘီရပညာလက်ဆင့်ကမ်းပွဲကို ရောက်အောင်လာကြ ဖို့ ဖိတ်ခေါ်ပါတယ်။ ဝင်ကြေး လစဉ်ကြေးမရှိပါ။ နိုဝင်ဘာလ ၁၈ ရက် စနေနေ့(၁၈-၁၁-၂၀၁၇) ကနေစပြီး စနေနေ့တိုင်း  မနက် ကိုးနာရီကနေ ၁၂ နာရီအတွင်း လက်ဆင့်ကမ်းပါမယ်။ စုပေါင်းပြီး မေတ္တာပို့ပါ့မယ် ဂုဏ်တော် ပုတီးလည်းစိပ်ပါ့မယ်။ မေတ္တာသစ္စာများနဲ့အတူ လောကအကျိုးဆောင် ရွက်ပါမယ်။

လောကဟိတဂမ္ဘီရပညာ လက်ဆင့်ကမ်းပွဲ ဆရာကြီး လင်းရောင်တင် နေလလိုတရ ဣစ္ဆာသယ ဓါတ်နန်း

အမှတ်(၁၀၆၀) မြေညီထပ်။ ယဿဝတီ ၁၆ လမ်း၊ တောင်ဥက္ကလာ၊ ၁၃ ရပ်ကွက် ရန်ကုန်မြို့။ ဖုန်း ဝ၉၄၂၀ဝ၁၄၆၁၄

ဇေယျတုသဗ္ဗမင်္ဂလံ

လင်းရောင်တင်

အရာရာအောင်မြင်စေတဲ့ ရတနာဒီပံ ရွှေဖ ယောင်းတိုင်ကိစ္စ အခြားကိစ္စများအတွက် ဆွေးနွေး လိုပါက တိုက်အမှတ်(၁၀၆၀) ယဿဝတီ ၁၆ လမ်း   တောင်ဥက္ကလာ(၁၃)ရပ်ကွက် ရန်ကုန်မြို့။

ဖုန်း ဝ၉ ၄၂၀ဝ ၁၄ ၆၁၄