တစ်ခါကုရုံနဲ့ ပျောက်သတဲ့လား

လင်းရောင်တင် လမ်းသစ်ရိပ်သာ (လမ်းမတော်မြို့နယ်)မှာ နေတုန်းက လမ်းသူလမ်းသား၊ ရပ်ကွက်သူရပ်ကွက်သားတွေကို ကိုယ်တတ်နိုင်သ လောက် ဂမ္ဘီရပညာနဲ့ လောကဟိတ အကျိုးတွေ ဆောင်ရွက်ခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ ရောဂါ ဝေဒနာထူးထူးခြားခြား ပျောက်ကင်းချမ်းသာကြတဲ့သူ တွေထဲက သမီးလေးတစ်ယောက်ကတော့ဖြင့် ပိုပြီး   အံ့ဩစရာကောင်းတာကို မှတ်တမ်းတင်ချင်ပါတယ်။

ကိုယ့်ကို အစ်ကိုကြီးတစ်ယောက်လို ချစ် ခင်ကြတဲ့ လင်မယားနှစ်ယောက်၊ လမ်းသစ်ရိပ်သာ မှာရှိကြတယ်။ သူတို့မှာ သမီးလေးနှစ်ယောက် ရှိတယ်။ နှစ်ယောက်ဆိုပေမယ့် သာမန်ညီအစ်မ မဟုတ်ဘူး။ အမြွှာညီအစ်မပါ။ လင်မယားနာမည် က ဦးမြင့်စိုးနဲ့ ဒေါ်စီစီအေးပါ။ အမြွှာညီအစ်မက မအေးဇာနည်ကျော်နဲ့ ညီမက အေးဇာနည်ဇော်ပါ။ ဦးမြင့်စိုးက ရပ်ကွက်လူကြီးပါ။ စိတ်ကောင်းစေတနာ ကောင်းတဲ့သူ တစ်ယောက်ဖြစ်လို့ ခြားနားတဲ့လူကြီး တစ်ဦးပါ။

တစ်နေ့တော့ ကိုယ်နေတဲ့ တိုက်နံပါတ် ၁၀၁ ဘီ အခန်း ၃၀၆ ကို ဦးမြင့်စိုးရယ်၊ ဒေါ်စီစီအေးရယ်   အမြွှာသမီးကြီးဖြစ်တဲ့ မအေးဇာနည်ကျော်ရယ် ရောက်လာခဲ့ကြတယ်။ သူတို့တွေရဲ့ မျက်နှာမှာ စိုးရိမ် စိတ်တွေ ပြည့်နေကြတယ်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘယ်ကစပြီး ပြောရမှန်း မသိ သလို ငြိမ်သက်နေကြတယ်။

ဒီတော့မှ ကိုယ်က သူတို့ကို ဘုရားရှင် ကိုယ် တော်မြတ်ကြီးကို ဦးတိုက်ခိုင်းလိုက်ရတယ်။ သူတို့ တွေ ဘုရားရှိခိုးတာကို ကြည့်ပြီး ထိခြင်းငါးပါးနဲ့ ပျပ် ပျပ်ဝပ်ဝပ် ညွှတ်ညွှတ်နူးနူး ကန်တော့ကြဖို့လည်း သတိ ပေးရတယ်။ တံတောင်နှစ်ဖက်နဲ့ ဒူးနှစ်ဖက်ကို ထိရမယ်။ နဖူးနဲ့လက်ကို ကြမ်းနဲ့ထိရမယ်။ ငါးနေရာ ထိတွေ့ပြီး ဖူးရတာကို ထိခြင်းငါးပါးလို့ခေါ်ကြောင်း လည်း ပြောပြရတယ်။ ဂမ္ဘီရဆရာလုပ်ရတာ မလွယ် ဘူး။ သာမန် တွက်ချက်ဟောပြောပေးရုံသာမက အမှန်တကယ် ကံဇာတာ မြင့်တက်လာအောင် နေပုံထိုင်ပုံ  ဂါရဝပြုပုံတွေကိုပါ အကြံပေးညွှန်ကြား ရတယ်။ စေတနာ ရှေ့ထားရတယ်။

“ကဲ ပြော ကိုစိုးတို့ မစီတို့ …ကိုယ်ဘာ ကူညီပေးရမလဲ”

အဲသလိုပြောလိုက်တော့မှ လင်မယားနှစ် ယောက်လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်ကြပြန်တယ်။ သူတို့လင် မယားကိုကြည့်တာနဲ့ သူတို့တစ်စုံတစ်ရာကို စိုးရိမ် သောကဖြစ်နေကြတယ်ဆိုတာ သေချာတယ်။ ခဏ နေတော့မှ ဦးမြင့်စိုးကစပြီး –

“အစ်ကို့တူမ လည်ပင်းမှာ ဆီးစေ့လောက် ရှိတဲ့ အကြိတ်တစ်ခုဖြစ်နေတယ်။ အဲဒါကင်ဆာ ကြိတ်လို့ ပြောကြတယ်။ ခွဲထုတ်ရမယ်လို့လည်း ပြော တယ် အဲဒါ”

“ဟုတ်ပြီလေ ကိုယ့်ရဲ့ ဒါနသီလ ဘာဝနာ အစွမ်း၊ ပုဂ္ဂိုလ်ထူးကြီးများရဲ့ ဆေးတော်အစွမ်းနဲ့ သမီးလေးရဲ့ ရောဂါပျောက်ကင်းချမ်းသာစေမှာပါ ကွာ။ ယုံကြည်မှုကတော့ အရေးအကြီးဆုံးပဲ”

“ယုံကြည်လို့လည်း အစ်ကိုကြီးဆီ လာတာ ပေါ့ဗျာ။ သမီးလဲအဲဒီအတွက် စိတ်ညစ်နေတာ”

“စိတ်ညစ်မနေပါနဲ့ သမီးရယ်။ ဘဘပျောက်   အောင်ကုပေးမှာပေါ့။ သမီးကသာ ဘဘကုတာ ပျောက်လိမ့်မယ်။ ပျောက်ရမယ်ဆိုတဲ့ ယုံကြည်တဲ့ စိတ် ထားရမယ် ဟုတ်ပြီလား”

“ယုံကြည်ပါတယ် ဘဘ”

“ယုံကြည်ရင် ဘဘ ကုပေးမယ်။ သမီးရဲ့ ကင်ဆာကြိတ်ကို ကြည့်ရအောင်”

ပြောပြောဆိုဆိုနဲ့ပဲ မအေးဇာနည်ကျော်ရဲ့ လည်ပင်းအောက်က အကြိတ်လုံးကို စမ်းကြည့်ရ တယ်။ ဟုတ်တယ်။ သူတို့ပြောသလိုပဲ ဆီးစေ့ လောက်ရှိတယ်။ မာမာလုံးလုံးလေးစမ်းမိတယ်။

“သမီးရယ် …သမီးရဲ့အကြိတ်က ဆီးစေ့ လောက်ပဲရှိတာပါ သမီးရယ်။ သမီးအရင်က ဘဘ ကုပေးဖူးတဲ့ အကြိတ်တွေဆိုရင် ကျောက်ဂေါ်လီလုံး လောက်ကြီးတဲ့ အကြိတ်တွေလည်း ရှိဖူးပါတယ်။ မစိုးရိမ်ပါနဲ့။ ဘဘကုရင် ပျောက်မယ်လို့ ယုံကြည်မှု သာထားပါ။ ပျောက်မှာပါ။ပျောက်ကိုပျောက်ရမှာပါ”

အဲသလိုပြောပြီး ကိုယ့်မှာရှိတဲ့ ဇီဝကဘေ သဇ္ဇဆေးတော်တောင့်နဲ့ သူ့ရဲ့ မေးအောက်မှာရှိတဲ့ အကြိတ်လေးကို တို့ထိပြီး ကုသပေးပါတယ်။ ကုသ ပေးနေရင်း ဂုဏ်တော်တွေပူဇော်ပါတယ်။ ကိုယ်အမြဲ ဆိုနေကျ ရာသက်ပန် သက်သတ်လွတ်စားသုံးတဲ့ အကျင့်ကို သစ္စာပြုပါတယ်။ ဆေးတော်တောင့်နဲ့ သူ့လည်ပင်းက အကြိတ်ကို တို့ထိရင်း ဆုတောင်း တိုင်တည်ပေးနေလိုက်တာ သုံးမိနစ်လောက်ပဲ ကြာ မယ် ထင်ပါတယ်။

လက်ကိုပြန်လွှတ်ပြီး စောစောက သူ့လည် ပင်းကို ပြန်စမ်းကြည့်မိတယ်။ အံ့ဩစရာကောင်း လောက်အောင် ကင်ဆာအကြိတ်ဆိုတဲ့ ဆီးစေ့ လောက် အလုံးဟာ မရှိတော့ဘူး။ မကျေနပ်သေးတာ နဲ့ ထပ်ပြီး စမ်းကြည့်တယ်။ ဟုတ်တယ်။ လုံးဝရှာ မတွေ့တော့ဘူး။ ဒါနဲ့ပဲ ကာယကံရှင် သမီးလေး  အေးဇာနည်ကျော်ကို စမ်းကြည့်ခိုင်းလိုက်တယ်။

“ဟုတ်တယ် ဘဘ မရှိတော့ဘူး”

“တယ်ဟုတ်ပါလား ဟ”

ဝမ်းမြောက်ဝမ်းသာ အံ့အံ့ဩဖြစ်သွားမိ တယ်။ တစ်ခါကုရုံနဲ့ ပျောက်သတဲ့လား။ ဂမ္ဘီရ လောကမှာ ဒါမျိုးကော ရှိသတဲ့လား။ ပဋ္ဌာန်းဆက် မှန်ကန်မှု၊ စေတနာမှန်ကန်မှု၊ တစ်ဦးကစေတနာ၊ တစ်ဦးက မေတ္တာ၊ ယုံကြည်မှုဟာ တန်ခိုးအချက် အလက်တွေ ပေါင်းစုသွားလေတော့ မထင်မှတ် လောက်အောင်  မြန်ဆန်စွာ ပျောက်ကင်းချမ်းသာ သွားခဲ့ရတဲ့အဖြစ်ပါ။

ဒီလိုမျိုးကုသပေးလို့ ပျောက်ကင်းချမ်းသာ ခဲ့သူတွေ ရှိခဲ့ဖူးပါတယ်။ ဒီတစ်ခါကတော့ မှတ်တမ်း တင်လောက်အောင် ချက်ချင်းလက်ငင်းပျောက်ကင်း ချမ်းသာသွားတာကို တွေ့ရတော့တယ်။ တစ်ခါက ဆယ့်ခြောက်နှစ်လောက် ကောင်လေးတစ်ယောက် ဆိုရင် လည်ပင်းမှာ ကင်ဆာကြိတ်တွေ အများကြီး ပဲ လေးငါးဆယ်လုံးရှိမယ်။ ဆရာဝန်က ခွဲမှရမယ် လို့ပြောတယ်။ မခွဲဘဲနေရင် အသက်အန္တရာယ်ထိ အောင် ဒုက္ခပေးမယ်လို့လည်း ပြောသတဲ့။

ဒါနဲ့ပဲ ဒီကလေးဟာ မစားနိုင်မအိပ်နိုင်၊ တမှိုင်မှိုင်နဲ့ ဖြစ်လာတယ်။ အလုပ်တောင်ကောင်း ကောင်းမလုပ်နိုင်ဘဲဖြစ်လာတယ်၊ သူ့အလုပ်က စားပွဲထိုး၊ မှိုင်မှိုင်ပြီး ထိုင်ထိုင်နေတာတွေ့တော့ အလုပ်ရှင်ကလည်း အပြစ်မြင်မှာပေါ့။ အဲသလိုဖြစ် နေတာကို မလှမ်းမကမ်းမှာ နွားနို့ရောင်းနေတဲ့ နွားနို့ သည် ဒေါ်အိက မြင်တယ်။

“ကောင်လေး နင်ဘာဖြစ်လို့ မှိုင်မှိုင်နေတာလဲ”ဟု စပ်စုကြည့်လိုက်တော့ အဲဒီလိုကိစ္စတွေ သိရ တော့တာပဲ။ ဒါနဲ့ ဒေါ်အိက ကိုယ့်ကိုပြန်ပြောပြ တယ်။

“သူ့ရဲ့ ကင်ဆာကြိတ်တွေက ခွဲထုတ်ပစ် မှရမယ်လို့ပြောတယ် ဆရာ။ ကောင်လေးကလည်း ခွဲဖို့ စိတ်ဖို့ ဘယ်ငွေရှိမလဲ ဆရာ။ ဆင်းရဲလို့စားပွဲထိုး လာလုပ်နေတဲ့ဥစ္စာ။ အဲဒါဆရာကုပေးနိုင်ရင် ကုပေး ကြည့်ပါလား ဆရာ”

ဆိုပြီးပြောလာတာပါ။ ကိုယ်ကလည်း ဒါမျိုး ဆို သနားတတ်တယ်။ တကယ်တော့လည်း ဒါမျိုး နွမ်းပါးတဲ့ လူတွေမှပဲ ဝိဇ္ဇာနည်းနဲ့ ကုသမှုတွေကို လွယ်လွယ်ကူကူ ခံယူချင်တာပါ။ ချမ်းသာသူတွေ ကျတော့ တတ်နိုင်နေတော့ ချက်ချင်းခွဲစိတ် ကုသ ပစ်လိုက်ကြတာပါပဲ။ ပျောက်တော့လည်း ပျောက် ပေါ့။ မပျောက်တော့လည်း ကံပေါ့။ ဒီလိုပဲ ချီတက် လာခဲ့ကြတဲ့ ကိစ္စတွေပါ။

အဲဒီတုန်းက ကောင်လေးကျတော့ လုံးဝ မတတ်နိုင်ဘူး။ မတတ်နိုင်လို့လည်း ကိုယ့်ဆီရောက် လာတာ။ သူ့ကိုတော့ ဆယ်ရက်လောက်(ဆယ်ကြိမ် လောက်)ကုပေးခဲ့ရတယ်။ ကံအားလျော်စွာ သူလည်း ပျောက်ကင်းချမ်းသာသွားခဲ့တယ်။ အခုတော့ အလုပ် လည်း ကောင်းကောင်းပြန်လုပ်နိုင်ပြီ။ ရယ်ရယ်မော မော ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားပြီ။ သူ့ကိုယ်သူလည်း လှတပတ ပြုပြင်ရှိုးထုတ်နေပြီ။ ကိုရီးယားမင်းသား ကျနေတာပဲ။

အဲဒါကိုသိရတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိ တယ်။ ကိုယ့်ဘဝကိုယ်လည်း ကျေနပ်မိတယ်၊ အသက်နဲ့ ခန္ဓာမြဲနေသရွေ့၊ ကိုယ့်ရဲ့ သစ္စာမေတ္တာ စေတနာတွေနဲ့ တစ်ပါးသူကို ကူညီကယ်တင်ပေး ရတာ ဘဝရဲ့ အနှစ်သာရပါပဲ။ အဖေက ဓာတု သဘာဝ တိုင်းရင်းဆေးဆရာပညာရှင်ကြီး။ အမေက ရေပေးရင်ဆေးဖြစ်တဲ့ ဂမ္ဘီရဆရာမကြီးဖြစ်ခဲ့လေ တော့ သူတို့ရဲ့ သားဖြစ်တဲ့ ကိုယ်ဟာလည်း ကိုယ့် ကြောင့်  အသက်ချမ်းသာရာရကြ၊ ပျောက်ကင်းချမ်း သာကြတယ်ဆိုရင် အလွန်အင်မတန်မှ ပီတိဖြစ်ရ ပါတယ်၊

ကိုယ်ကုသပေးခဲ့ရတဲ့ သူတွေထဲက အခု ဒီကလေး မအေးဇာနည်ကျော်ကျတော့ ပိုပြီး အံ့ဩ မိတယ်။ တစ်ကြိမ်တည်း တစ်ထိုင်တည်းမှာ ကင်ဆာ  ကြိတ်ဟာ ရှာမရအောင် ပျောက်ကင်းချမ်းသာသွား ခဲ့တာကြောင့်ပါပဲ။ ဖြစ်နိုင်ရင် အဲသလို တစ်ကြိမ် တည်းပဲ ပျောက်ကင်းအောင် ကုသပေးချင်ပါတယ်။ ဘယ်လောက် ဝမ်းသာစရာကောင်းသလဲ။ ဘယ် လောက် ကုသိုလ်ရလိုက်သလဲ။

သူတော်ကောင်းတရားနိုးကြားကြပါစေ။

ဇေယျတု သဗ္ဗမင်္ဂလံ

လင်းရောင်တင်

(အရာရာအောင်မြင်စေတဲ့ ရတနာဒီပံရွှေဖယောင်းတိုင်ကိစ္စ၊ အခြားကိစ္စများအတွက် ဆွေးနွေးလိုပါက တိုက်အမှတ် (၁၀၆၀)၊ ယဿဝတိ (၁၆) လမ်း၊ တောင်ဥက္ကလာ (၁၃) ရပ်ကွက်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၉ ၄၂၀ဝ၁၄၆၁၄)