လောကဟိတ ဂမ္ဘီရအဖွဲ့ ချေခဲ့ကြတဲ့ ငလျင်ဒဏ်ခံနိုင်တဲ့ယတြာ

“ငါတို့၌ ကြုံလာဆုံလာ လတ္တံ့ကုန်သော ဘေးဆိုးဘေးဒဏ် ရန်မာန်အန္တရာယ်တို့ကို ငါတို့ ကိုယ်စား နင် သံပုရာသီးစိပ်များခံစေ”

ယောမင်းကြီး ဦးဖိုးလှိုင်ရဲ့ စာပေကျမ်းဂန်တွေ အမြောက်အမြားရှိတဲ့အနက် ဓာတုသင်္ဂဟ ဝိနိစ္ဆယ(ခေါ်)နာမရူပ ဓာတ်ယတြာအစီအရင်ပြု ကျမ်းတစ်စောင်ဟာ လင်းရောင်တင်အနေနဲ့ ပုံနှိပ် စာလုံးမဟုတ်ဘဲ လက်ရေးစာမူကိုသာ ဖတ်ရှုကူး ယူခဲ့ရတာ ဖြစ်ပါတယ်။ မူရင်းပေစာကျမ်းကို ကူးခဲ့ သူက နာမည်ကျော်စာရေးဆရာကြီး ငြိမ်းကျော်ဖြစ် ပြီး ကိုယ်ကသူ့လက်ရေးမူကို ထပ်ဆင့်ကူးခဲ့ရတာပါ။

အဲဒီထဲမှာပါတဲ့ ငလျင်ဒဏ်ကိုကာကွယ်နိုင် တဲ့ယတြာကို ဖတ်ရှုရပြီးတဲ့နောက် လွန်ခဲ့တဲ့ ဆယ် နှစ်ကျော်က ငလျင်တွေ ဟိုလှုပ်သည်လှုပ်ဖြစ်နေတဲ့ အခါ ငယ်သူငယ်ချင်းဋ္ဌေးမြင့်(စာရေးဆရာဒီပံလင်း) နဲ့အတူ မိုးကောင်းဘုရားကိုသွားပြီး နှစ်ယောက် တည်း ငလျင်ဒဏ်ကာကွယ်တဲ့ယတြာလုပ်ခဲ့ဖူးပါ တယ်။ ယတြာစွမ်းတာပဲလား ကံဇာတာတွေကောင်း နေကြလို့ပဲလားတော့ မပြောတတ်ဘူး မြန်မာပြည် မှာ ငလျင်ကြီးကြီးမားမား(အိုးအိမ်ပြိုပျက်လူတွေ သေ ကြေ)မဖြစ်ခဲ့တာ ခုချိန်ထိပဲ။

ခုလဲ ထပ်ဖြစ်နေပြန်ပြီ ငလျင်အသေးစား တွေဟိုလှုပ်သည်လှုပ်ဖြစ်နေပြန်ပြီဆိုတော့ ယော မင်းကြီးရဲ့ ယတြာကို စံတော်ချိန်သတင်းစာနဲ့ မနော မယမှာပါ ပြန်ပြီး ထည့်ဖြစ်တယ်။ စိတ်ဝင်စားကြ သူတွေ သွားရောက် ယတြာချေနိုင်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ကိုယ့်ရဲ့ လောကဟိတဂမ္ဘီရ သင်တန်းသူသင် တန်းသားများကလဲ အစုလိုက်အဖွဲ့လိုက် ယတြာသွား လုပ်ချင်ပါတယ်လို့ ဆန္ဒပြုကြပြန်တယ်။ ထုံးစံအ တိုင်း မြန်မာစာအဓိက နှမကြီးဖြစ်တဲ့ ဒေါ်ကြူကြူ မော်ကပဲ ဆန္ဒပြုတာဖြစ်ပါတယ်။ ဂဗ္ဗေဓာတ်ဖြစ်တဲ့ ပထဝီဓာတ်ရှိတဲ့ အမည်ရတဲ့ စေတီပုထိုးမှာ သွားပြီး ယတြာချေရမှာဆိုတော့ တနင်္လာနံနဲ့ ကြာသပတေး နံတွဲတဲ့ (၂/၅)၊ (၅/၂)တွဲတဲ့ ဘုရားကို သွားရမှာ ဖြစ်တယ်။ ဒီတော့ မိုးကောင်းဘုရားပဲ ရွေးချယ် ရတာပေါ့။ ဒီပံလင်းနဲ့တုန်းကလည်း မိုးကောင်း စေတီတော်ကြီးမှာပဲ သွားချေခဲ့ကြရတာပါ။

တစ်ပတ်တစ်ခါ သင်ကြားပေးနေတဲ့ လောကဟိတဂမ္ဘီရသင်တန်းကိုတော့ နေ့ခင်း ဆယ့် နှစ်နာရီအထိ စဉ်ဆက်မပြတ် သင်ကြားပေးခဲ့ပြီး နေ့လယ်စာ စားသောက်ကြပြီးမှ မိုးကောင်းဘုရား ဘက်ထွက်ခဲ့ကြတာပါ။ ဦးဘိုးလှိုင်ရဲ့ နာမရူပဓာတ်  ယတြာကျမ်းအလိုအရ စေတီရဲ့ မြောက်ဘက်မုခ်မှာ ပဲ ယတြာချေရမယ်ဆိုလို့ မြောက်ဘက်တန်ဆောင်း မှာ နေရာသွားယူခဲ့ကြရပါတယ်။ ဘုရားရောက်မှ ဟိုလုပ်သည်လုပ်ဆိုရင် မေးမြန်းစပ်စုသူတွေ များ လာနိုင်တာကြောင့် သံပုရာသီးစိပ်တွေကို အိမ်က တည်းက ခွဲခြမ်းစိပ်ဖြာလာခဲ့ကြပါတယ်။ ခပ်ရွယ် ရွယ်သံပုရာသီးတစ်လုံးကို အစိတ်ပေါင်း သုံးဆယ် ရအောင် စိပ်ကြရပါတယ်။

ဘုရားကို သံပုရာသီး(အစိတ်ပေါင်း သုံးရာ ခန့်)စိပ်တွေ ကပ်လှူတဲ့အခါ ပိုပြီး ထိရောက်အောင် ငါးပါးသီလ၊ သစ်သီးကပ်၊ ငလျင်ဒဏ်ခံဂါထာ (ငလျင်လှုပ်သော်လည်း မပျက်စီးနိုင်တဲ့ ဂါထာ)ကို ကိုးကြိမ် ရွတ်ဖတ်ပူဇော်ကြပါသေးတယ်။ မေတ္တာသုတ်လည်း ရွတ်ဆိုပြီး မေတ္တာပို့ခဲ့ကြပါတယ်။ အဲဒီ နောက်တော့ ဘုရားကို ကပ်ထားတဲ့ သံပုရာသီးစိပ် တွေကို (နာရီဝက်ထားပြီးမှ စွန့်ပါတယ်)အစိတ် ပေါင်း ၃၀ဝ တင်ထားတဲ့ အနက်က သံပုရာသီး အစိပ် ၁၅၀ ကို ချန်ထားပြီးကျန်တဲ့ အစိတ် ၁၅၀ ကို စေတီတော်ရဲ့ (တောင်ဘက်)ကို ယူဆောင်သွားကြပါ တယ်။ တောင်ဘက်မြေနေရာလွတ်တစ်ခုမှာ အဲဒီ သံပုရာသီးစိပ် ၁၅၀ ကို မြှုပ်နှံလိုက်ကြပြီး –

“ငါတို့၌ ကြုံလာဆုံလာ လတ္တံ့ကုန်သော ဘေးဆိုးဘေးဒဏ် ရန်မာန်အန္တရာယ်တို့ကို ငါတို့ ကိုယ်စား နင် သံပုရာသီးစိပ်များခံစေ”လို့ ပြောပြီး ဖနောင့်ဆောင့်နင်းပြီး ပြန်လှည့်ထွက်ခဲ့ကြပါတယ်။  ယတြာအောင်မြင်ဖို့အတွက် ဆောင့်နင်းခဲ့တဲ့ နေရာ ကို ပြန်လှည့်မကြည့်ကြပါဘူး။ ကျန်တဲ့သံပုရာသီး  စိပ် ၁၅၀ ကိုတော့ ကိုယ့်အိမ်ရှိတဲ့ လူတွေ စတိစား ကြဖို့ခွဲဝေပေးလိုက်ပါတယ်။ (တစ်ယောက်ကို တစ် စိတ်လောက်စားရင် လုံလောက်ပါပြီ)

တကယ်လို့ ဒီငလျင်ဒဏ်ခံယတြာကို စိတ် ဝင်စားပြီး လုပ်ချင်ကြမယ်ဆိုရင် တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့အစုလိုက်ဖြစ်စေ ယတြာချေလို့ရပါတယ်။ မိမိ တို့ နေထိုင်တဲ့နေရာဒေသက ဘုရားပုထိုး စေတီ တွေမှာ သွားရောက်ပြီး ယတြာချေနိုင်ပါတယ်။ မြောက်ဘက်မှာ ယတြာချေပြီး တောင်ဘက်မှာ မြေမြှုပ်ရမှာပါတယ်။ ပထဝီဓာတ်(ဂဗ္ဗေဓါတ်)မိတဲ့ နာမည်ရှိတဲ့ ဘုရားတွေမှာ ယတြာချေနိုင်ပါတယ်။ တနင်္လာနဲ့ ကြာသပတေး နှစ်နံပါတဲ့ ဘုရားတွေမှာ လုပ်ရမှာပါ။

စဉ်းစားမိသလောက် နာမည်တွေပြောရမယ် ဆိုရင် မိုးကောင်း၊ ဘောဘောကြီး၊ ပုထိုးတော်ကြီး၊ ကျိုက်ပိ၊ ပြည်တော်ချစ်၊ စတဲ့နာမည်မျိုးတွေ ပေါ့ဗျာ။ နီးစပ်ရာ တစ်ဦးချင်းပဲဖြစ်ဖြစ်၊ လူစုပြီးတော့ ဖြစ်ဖြစ် ငလျင်ယတြာကို ချေသင့်ပါတယ်။ ယောမင်းကြီး ဦးဖိုးလှိုင်ဟာ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရား ကြီးရဲ့ လမ်းညွှန်ဆရာတစ်ဦးဖြစ်တာမို့ လေးစားအား ကိုးလောက်တဲ့ ဆရာကြီးတစ်ဆူပါ။

သူညွှန်ကြားခဲ့ဖူးတဲ့ ငလျင်ယတြာကို ဆောင် ရွက်လုပ်ကိုင်ခြင်းအားဖြင့် ကြီးမယ့်ငလျင်ကို ငယ်စေ ငယ်တဲ့ငလျင်ကို ပပျောက်စေတာအမှန်ပါပဲ။ ယတြာ ချေကြတဲ့အခါ ငလျင်လှုပ်ပေမယ့် မပျက်စီးနိုင်တဲ့ ဂါထာကို အနည်းဆုံး ကိုးခေါက်တော့ ရွတ်ဆိုသင့် တယ်ထင်ပါတယ်။ အဲဒီဂါထာကို လူအများသိပြီး ဖြစ်ကြမှာပါ။

“ယော ဒေတိ ဒေဝ ဒေဝေါဂ္ဂံ၊ ဓမ္မ မဂ္ဂဖလံ ဒဒေါ၊နမာမိတံ အရဟံ မဂ္ဂံ၊နောသော ပါလေတု ပါတုရဟော”

အချိန်ရသူတွေအတွက် ငလျင်ဒဏ်ကာ ကွယ်တဲ့ ဂါထာကို အကြိမ်ကြိမ်ရွတ်ပေးဖို့ လိုသလို စိပ်ပုတီးနဲ့ တစ်ပတ်စသည်ဖြင့် စိပ်ပြီး အများအ တွက်ရည်ရွယ် ကာကွယ်ပေးနိုင်ပါတယ်။ တစ်ဦး ဆောင်သော်မရ တစ်သောင်းဆောင်သော်ရ ဆို သလိုပဲ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ ကိုးကွယ်ပူ ဇော်တဲ့ နိုင်ငံဖြစ်တဲ့အတွက်စေတနာရှင်တွေစုပေါင်း ပြီး ငလျင်ဘေးဒဏ်ကို ဝေးအောင်ဆောင်ရွက်နိုင် ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

တစ်ဦးစီ(တစ်အိမ်ထောင်စာအတွက်) ငလျင် ယတြချေရင်းနဲ့ တစ်နိုင်ငံလုံးကို ဆုတောင်းကာကွယ် ပေးနိုင်တဲ့ အစီအရင်ဖြစ်ပါတယ်။ တစ်မိသားစုလုံး ကို သံပုရာသီးတစ်လုံးပဲလိုပါတယ်။ တစ်လုံးကို အစိတ်သုံးဆယ်စိပ်ပြီး မြောက်ဘက်တန်ဆောင်းမှာ ဘုရားကပ်လှူပြီးရင် ၁၅ စိပ်ကို ဘုရားစေတီရဲ့ တောင်ဘက်ကိုယူသွားပြီး မြေကြီးထဲမှာ မြှုပ်ဆောင့် နင်းပြီး ယတြာချေရမှာပါ။ ကျန်တဲ့ ၁၅စိပ်ကို ပြန်ယူ လာပြီး တစ်ယောက်တစ်စိပ်စီ စားရမှာပါ။ အလွန် လွယ်ကူတဲ့ ယတြာပါ။

ဖနောင့်နဲ့ ဆောင့်နင်းနေရင်း “ငါတို့၌ကြုံ  လာဆုံလာလတ္တံ့သော ဘေးဆိုးဘေးဒဏ်ရန်မာန် အန္တရာယ်တို့ကို ငါတို့ကိုယ်စား နင်သံပုရာသီးစိပ်များခံစေ” ဆိုတဲ့ ဆုတောင်းစာပိုဒ်ကိုတော့ ခပ် မာမာလေးပြောဆိုပြီးမှ ပြန်လှည့်ထွက်ရမှာပါ။

မြန်မာပြည်ကြီး ငလျင်ဒဏ်ဘေးကင်းဝေး ကြပါစေ။

ဇေယျတုသဗ္ဗမင်္ဂလံ

လင်းရောင်တင်

အရာရာအောင်မြင်တဲ့ ရတနာဒီပံ ရွှေဖ ယောင်းတိုင်ကိစ္စ အခြားကိစ္စများအတွက် ဆွေးနွေး လိုပါက တိုက်အမှတ် ၁၀၆၀၊ ယဿဝတီ ၁၆လမ်း၊ တောင်ဥက္ကလာ ၁၃ ရပ်ကွက်၊ ရန်ကုန်မြို့။

ဖုန်း ဝ၉၄၂၀ဝ၁၄၆၁၄၊ သင်တန်းကြေး မပေးရတဲ့ လောကဟိတမ္ဘီရ သင်တန်းကိုလည်း စနေနေ့တိုင်း မနက် ကိုးနာရီမှာ လာရောက်နိုင်ပါ တယ်။