ပုတီးလမ်းဖြင့် ထီပေါက် ကံပွင့် ကျင့်စဉ်

၁။ ဘုရားရှိခိုးပါ ။
၂။ သီလခံယူ ဆောက်တည်ပါ ။
၃။ နတ်ပင့်ပါ ။( သမန္တာ နှင့်ပင့်ပါ )
သမန္တာ မရက ဤသို့ ပင့်ပါ။ ( နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့ ကျွနု်ပ်၏ မြတ်ဗုဒ္ဓအား ဓမ္မဖြင့်ပူဇော်ခြင်းကို နာကြားရန်နှင့် ကုသိုလ်အမျှ ယူရန် ဤဂေဟာဋ္ဌာနသို့ လေးစားစွာ ပင့်ဖိတ်အပ်ပါ၏ ) ဟု ( ၃ )ကြိမ် ဆိုပါ။

၄။ မေတ္တာပို့ပါ ။ ( မေတ္တသုတ်ရွတ်ပါလေ )
မေတ္တသုတ် မရပါက – လုံးစုံများစွာနှင့် – ပို့ပါလေ

၅။ ပုတီးအဓိဋ္ဌာန်ယူရန် ။
( ကျွနု်ပ်သည် ဤပုတီးလမ်း ကျင့်စဉ်ကို ( ၉ ) ရက်
မပျက်မကွက် ကျင့်ဆောင်ရန် အဓိဋ္ဌာန်ပြုပါ၏ ) ဟု ( ၃ ) ကြိမ် ဆိုပါ ။

၆။ ရတနာ သုံးပါးအား ခန္ဓာအပ်နှင်းရန် ။
အဇ္ဇအာဒိ ံကတွာ – အဟံအတ္တာနံ – ဗုဒ္ဓဿ
နိယျာဒေမိ ။
အဇ္ဇအာဒိ ံကတွာ – အဟံအတ္တာနံ – ဓမ္မဿ
နိယျာဒေမိ ။
အဇ္ဇအာဒိ ံကတွာ – အဟံအတ္တာနံ – သံဃဿ
နိယျာဒေမိ ။

အဇ္ဇအာဒိ ံကတွာ – ယနေ့ကိုအစပြု၍ ၊
အဟံ – အကျွနု်ပ်သည် ၊ အတ္တာနံ – မိမိကိုယ်ကို ၊
ဗုဒ္ဓဿ- မြတ်စွာဘုရားအား ၊ နိယျာဒေမိ – အပ်နှင်း
လှူဒါန်းပါ၏ ။ အဇ္ဇအာဒိ ံကတွာ – ယနေ့ကိုအစပြု၍ ၊
အဟံ – အကျွန်ုပ်သည် ၊ အတ္တာနံ – မိမိကိုယ်ကို ၊
ဓမ္မဿ – တရားတော်မြတ်အား ၊နိယျာဒေမိ – အပ်နှင်း
လှူဒါန်းပါ၏ ။ အဇ္ဇအာဒိ ံကတွာ – ယနေ့ကို အစပြု၍ ၊ အဟံ – အကျွန်ုပ်သည် ၊ အတ္တာနံ – မိမိကိုယ်ကို ၊
သံဃဿ- သံဃာတော်မြတ်အား ။နိယျာဒေမိ – အပ်
နှင်း လှူဒါန်းပါ၏ ။ ( ဒုတိယံပိ / တတိယံပိ – ဆိုပါလေ )
( ၁ ) ခေါက်သာ ဆိုပါ ။

၇။ အဓိဋ္ဌာန် ပုတီး စိပ်ရန် ။

အညမညပစ္စယော
ဗုဒ္ဓေါ ဘဂဝါ ဗုဒ္ဓေါ
သောဘဂဝါဣတိပိ
အညမညပစ္စယော ။ ( ပုတီး တလုံးချ )

ပုတီး ( ၃ ) ပတ် စိပ်ရမည် ။

၈။ ဆုတောင်းရန် ။
ကျွနု်ပ်သည် ဤပုတီးအဓိဋ္ဌာန် ( —- ) ရက် ၊
ပြီးမြောက် အောင်မြင်ခဲ့ပြီ ၊ ဤ အောင်မြင်မှုသည် –
ထီပေါက် ကံပွင့်ခြင်း အကြောင်း အထောက်အပံ့
ဖြစ်ရပါစေသတည်း ။ ဟု ( ၃ ) ကြိမ် ဆိုပါလေ ။

၉။ လောကကို အမျှပေးဝေပါ ။

၁၀။ နတ်များပြန်ပို့ရန် ။
( ဧတာဝတာစ — ပါဠိနှင့်ပို့ရန် )
မပို့တတ်ပါက ဤအိမ်ဂေဟာသို့ ပင့်ဖိတ်သဖြင့် မြတ်ဓမ္မနာကြားရန် – ရောက်ရှိလာကြပါကုန်သော အို နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့ ၊ ကျွနု်ပ်၏
ဓမ္မဒါန ကုသိုလ်အမျှ ပေးဝေခြင်းမှ ရရှိကြပြီး ဖြစ်ပါ
၍ မိမိနေရာ ဘုံဗိမာန်ဋ္ဌာနသို့ ဧချမ်းစွာ ပြန်ကြွ
ကြပါကုန်လော့ ။
( ၁ ) ကြိမ် ဆိုပါလေ။

( မှတ်ချက် ) ပိတောက်ပုတီးဖြင့် စိပ်ရပါမည်။