ပုတီးလမ်းဖြင့် ထီပေါက် ကံပွင့် ကျင့်စဉ်

ကျွန်ုပ်သည် – ဤပုတီးအဓိဋ္ဌာန် (—-) ရက်၊ ပြီးမြောက် အောင်မြင်ခဲ့ပြီ၊ ဤ အောင်မြင်မှုသည် – ထီပေါက် ကံပွင့်ခြင်းအကြောင်း – အထောက်အပံ့ ဖြစ်ရပါစေသတည်း။

(၁) ဘုရားရှိခိုးပါ။ (၂) သီလခံယူ ဆောက်တည်ပါ။ (၃) နတ်ပင့်ပါ။ (သမန္တာနှင့် ပင့်ပါ)

သမန္တာ မရက – ဤသို့ ပင့်ပါ။ (နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့ – ကျွန်ုပ်၏ မြတ်ဗုဒ္ဓအား – ဓမ္မဖြင့်ပူဇော်ခြင်းကို – နာကြားရန်နှင့် ကုသိုလ်အမျှယူရန် – ဤဂေဟာဋ္ဌာနသို့ – လေးစားစွာ – ပင့်ဖိတ်အပ်ပါ၏)   (၃) ကြိမ် ဆိုပါ။

(၄) မေတ္တာပို့ပါ။ (မေတ္တသုတ်ရွတ်ပါလေ) မေတ္တသုတ် မရပါက – လုံးစုံများစွာနှင့် – ပို့ပါလေ။

(၅) ပုတီးအဓိဋ္ဌာန်ယူရန်။ (ကျွန်ုပ်သည်  ဤပုတီးလမ်း ကျင့်စဉ်ကို (၉) ရက် မပျက်မကွက်  ကျင့်ဆောင်ရန် အဓိဋ္ဌာန်ပြုပါ၏။) (၃) ကြိမ် ဆိုပါ။

(၆) ရတနာ သုံးပါးအား – ခန္ဓာအပ်နှင်းရန်။

အဇ္ဇအာဒိ  ကံတွာ – အဟံအတ္တာနံ – ဗုဒ္ဓဿ

နိယျာဒေမိ ။

အဇ္ဇအာဒိ  ကံတွာ – အဟံအတ္တာနံ – ဓမ္မဿ

နိယျာဒေမိ ။

အဇ္ဇအာဒိ  ကံတွာ – အဟံအတ္တာနံ – သံဃဿ

နိယျာဒေမိ ။

(အဇ္ဇအာဒိ  ကံတွာ – ယနေ့ကိုအစပြု၍ ၊ အဟံ – အကျွန်ုပ်သည် ၊ အတ္တာနံ – မိမိကိုယ်ကို ၊ဗုဒ္ဓဿ – မြတ်စွာဘုရားအား ၊ နိယျာဒေမိ – အပ်နှင်းလှူဒါန်းပါ၏။)

(အဇ္ဇအာဒိ  ကံတွာ – ယနေ့ကိုအစပြု၍ ၊ အဟံ – အကျွန်ုပ်သည် ၊ အတ္တာနံ – မိမိကိုယ်ကို ၊ဓမ္မဿ – တရားတော်မြတ်အား ၊နိယျာဒေမိ – အပ်နှင်းလှူဒါန်းပါ၏။)

(အဇ္ဇအာဒိ  ကံတွာ – ယနေ့ကို အစပြု၍ ၊ အဟံ – အကျွန်ုပ်သည် ၊ အတ္တာနံ – မိမိကိုယ်ကို ၊သံဃဿ- သံဃာတော်မြတ်အား။ နိယျာဒေမိ – အပ်နှင်း လှူဒါန်းပါ၏။)

(ဒုတိယံပိ / တတိယံပိ – ဆိုပါလေ) (၁) ခေါက်သာ ဆိုပါ။

(၇) အဓိဋ္ဌာန်ပုတီး စိပ်ရန်။

အညမညပစ္စယော

ဗုဒ္ဓေါ ဘဂဝါ ဗုဒ္ဓေါ

သောဘဂဝါဣတိပိ

အညမညပစ္စယော။ (ပုတီး တလုံးချ) ပုတီး (၃) ပတ် စိပ်ရမည်။

(၈) ဆုတောင်းရန်။

ကျွန်ုပ်သည် – ဤပုတီးအဓိဋ္ဌာန် (—-) ရက်၊ ပြီးမြောက် အောင်မြင်ခဲ့ပြီ၊ ဤ အောင်မြင်မှုသည် – ထီပေါက် ကံပွင့်ခြင်းအကြောင်း – အထောက်အပံ့ ဖြစ်ရပါစေသတည်း။ (၃) ကြိမ် ဆိုပါလေ။

(၉) လောကကို – အမျှ ပေးဝေပါ။

(၁၀) နတ်များပြန်ပို့ရန်။ (ဧတာဝတာစ – ပါဠိနှင့်ပို့ရန်)

မပို့တတ်ပါက ဤအိမ်ဂေဟာသို့ – ပင့်ဖိတ်သဖြင့် မြတ်ဓမ္မနာကြားရန် – ရောက်ရှိလာကြပါကုန်သော – အို – နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့၊ ကျွန်ုပ်၏ ဓမ္မဒါန ကုသိုလ်အမျှ – ပေးဝေခြင်းမှ – ရရှိကြပြီး ဖြစ်ပါ၍ – မိမိနေရာ – ဘုံဗိမာန်ဋ္ဌာနသို့ – ဧချမ်းစွာ ပြန်ကြွကြပါကုန်လော့။ (၁) ကြိမ် ဆိုပါလေ။

(မှတ်ချက်) ပိတောက်သားပုတီးဖြင့် စိပ်ရပါမည်။

ပိတောက်သားပုတီးလိုအပ်ပါက 09255855546 ကို ဖုန်းဆက် မှာယူနိုင်ပါသည်။