လာဘ်ခေါ်တဲ့ကြောင်ကလေး

ဒီလာဘ်ခေါ်ကြောင်ရုပ်လေးကို အိမ်မှာဆောင်ထားတာမျိုးကိုတော့ သိပ်မတွေ့ရပါဘူး။ အိမ်မှာဆောင် တဲ့သူဦးရေတော့ နည်းပါးတတ်ပါတယ်။

လက်လေးတစ်ဖက်လှုပ်ကာ လက်ယပ်ခေါ်နေတဲ့ ဒီဖုန်းရွှေလာဘ်ခေါ် ကြောင်ရုပ်လေးတွေကိုတော့ လူအတော်များများ တွေ့ဖူးကြပါလိမ့်မယ်။ ရန်ကုန်မှာတော့ စီးပွားရေးလုပ်သူတွေ၊ ဆိုင်ဖွင့်သူတွေက လာဘ် ခေါ်ကြောင်ကို အဆောင်အဖြစ် အတော်သုံးစွဲကြတာကို တွေ့ရပါတယ်။

ဒီလာဘ်ခေါ်ကြောင်ကို ကံကောင်းစေတဲ့ကြောင်လို့လည်း ခေါ်ပါတယ်။ ဒီလာဘ်ခေါ်ကြောင်ရုပ်လေးက တရုတ်ပြည်ဘက်က တရုတ်လူမျိုးတွေ ယုံကြည်စွာနဲ့ဆောင်တဲ့ အဆောင်တစ်ခုပါ။ နောက်ပိုင်း ဂျပန်နိုင်ငံကလည်း ကြောင်ရုပ်လှလှလေးတွေလုပ်ပြီး လိုက်ဆောင်လာကြ တယ်လို့သိရပါတယ်။

လာဘ်ခေါ်ကြောင်ရုပ်လေးဟာ ရွှေရောင်၊ အမည်းရောင်၊ အဖြူရောင်၊ အနက်ရောင်… စသဖြင့် အရောင်အမျိုးမျိုးနဲ့ ပြုလုပ်ထားပါတယ်။ တချို့သူတွေက ဒီလာဘ်ခေါ်ကြောင်ရုပ်လေးကို တီရှပ်ပေါ်မှာ ရိုက်နှိပ်ပြီးဆောင်ကြပါတယ်။ တချို့ ကလည်း သော့တွဲကီးချိန်းမှာ ချိတ်ဆွဲတတ်ကြပါတယ်။

ဒီလာဘ်ခေါ်ကြောင်ရုပ်လေးကို ဆောင်ထားမယ်ဆိုရင်တော့ မိမိတို့ထံသို့ ကံကောင်းခြင်းတွေ ရောက်ရှိ လာအောင် ခေါ်ဆောင်ပေးနိုင်ခြင်း၊ လာဘ်များရောက်ရှိလာအောင် ခေါ်ဆောင်ပေးနိုင်ခြင်း၊ ချမ်းသာကြွယ်ဝမှုတွေ ရောက်ရှိလာအောင် ခေါ်ဆောင်ပေးနိုင်ခြင်း၊ အလုပ်အောင်မြင်စေနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်း များ အောင်မြင်စေနိုင်ခြင်း အကျိုးထူးတို့ ရရှိစေမှာဖြစ်ပါတယ်။

ဒီလာဘ်ခေါ်ကြောင်ရုပ်လေးကို အိမ်မှာဆောင်ထားတာမျိုးကိုတော့ သိပ်မတွေ့ရပါဘူး။ အိမ်မှာဆောင် တဲ့သူဦးရေတော့ နည်းပါးတတ်ပါတယ်။

လာဘ်ခေါ်ကြောင်ရုပ်လေးကို အဆောင်အဖြစ်ထားမယ်ဆိုရင်တော့ စတိုးဆိုင်၊ စားသောက်ဆိုင်၊ ရုံးခန်းတွေမှာ ထားရင် ပိုပြီးသင့်တော်ပါတယ်။ စတိုးဆိုင်၊ စားသောက်ဆိုင်၊ ရုံးခန်းတို့ရဲ့ ငွေသိမ်းကောင်တာ၊ အလုပ်စားပွဲတို့မှာ ထားရှိသင့်ပါတယ်။ ထားရှိသင့်တဲ့ အသင့်လျော်ဆုံး အရပ်မျက်နှာအနေနဲ့ကတော့ အရှေ့တောင်ဘက်မှာ ထားပေးတာ အကောင်းဆုံးပါ။

ယမုံအေး(စမ်းချောင်း)