မာတင်္ဂဂါထာတော်

ဤ မာတင်္ဂဂါထာတော်၏ အကျိူးအာနိသင်မှာ တောင်းတိုင်းရစေတက်သည်။ တောင့်တတိုင်းလည်း ပြည့်စုံစေရ၏။

မနက်အာရုံတက်တိုင်း၂၇ ခေါက်တိတိ ရွတ်ဖတ်ပေးပါက မိမိဘဝတွင် စိန်ရွှေငွေ ကျောက်သံပတ္တမြား၊ အိမ်တိုက်ခြံကား မလိုချင်မှအဆုံးပေါများချမ်းသာလာစေ၏။ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရုက္ခစိုး၊ ဘုမ္မစိုး၊ အာကာသစိုး၊ လူမိန်းမ၊ လူယောက်ကျား၊ တိရစ္ဆာန်များ၊ စုန်းကဝေ၊ အစိမ်းသရဲ၊ နာနာဘာဝများ၊ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်း၊ ဘုတ်၊ ဘီလူး၊ နတ်စိုးနတ်ဝါးများပါ ချစ်ခင်လာ၏။ တောင်းတိုင်းတတိုင်းရ၏။ သတိပြုရန်မှာ၂၇ခေါက်သာရွတ်ရန်နှင့်၊ မနက်အာရုံတက်ချိန်ရွတ်ပါ။ ကာမေသုကံရှောင်ပါ။ အဖြတ်အတောက် မှန်မှန်နှင့် ခပ်လေးလေးဘဲရွတ်ပါ။

မာတင်္ဂဂါထာတော်

  • ယဒိ ပဿန္တိ မံစိတ္တံ တံ ပဿန္တိ မနောရမ္မံ။ ယထာ ဥမ္မတ္တကောဝိယ ဒဿနေန မနောရမ္မံ။
  • ယေ ယေ ပဿန္တိ မံစိတ္တံ စိတ္တံ ဟောတိပိယံ ပိယံ။ ပိ ယေ န စိတ္တေန ဟောန္တိ ဒိသွာမမ ပိယံ ပိယံ။

ဤ မာတင်္ဂဂါထာကြီးသည် လောကီဘက်တွင် အလွန်တရာ အစွမ်းထက်လှသော ဂါထာတော်ဖြစ်ပါ၍ ရှေးရှေးသော သူတော်ကောင်းတို့ လျိူ့ဝှက်စွာ ရွတ်ပွားကြသော ဂါထာတော်ပင်ဖြစ်ပါသည်။ ပုံမှန်အားဖြင့် နေ့စဉ် အရုဏ်တက်ချိန်တွင် (၉) ခေါက် ရွတ်ဖတ်သင့်ပါသည်။ အလယ်အလတ် (၁၈) ခေါက် အများဆုံး (၂၇) ခေါက် နေ့စဉ်မှန်မှန် ရွတ်ဖတ်သင့်ပါသည်။

(၂၇) ခေါက်ထက် ပိုလာပါက အနှောက်အယှက် ဝင်တက်ခြင်း၊ စိတ်လေလွင့်ခြင်း၊ စိတ်ဂယောက်ဂယတ် ဖြစ်တက်ခြင်း၊ ငိုလား ရယ်လား ဖြစ်တက်ခြင်း ဖြစ်နိုင်ပါ၍ သတိထားသင့်ပါသည်။ အခေါက်ရေ များများစားစား မရွတ်ဖတ်သင့်သောဂါထာလဲ ဖြစ်ပါသည်။ ဤ မာတင်္ဂဂါထာတော်သည် (အချစ်တော်ကြီးဂါထာ)ဟူ၍လည်း သက်မှတ်တော်မူခဲ့ကြသည်။ ထို့ ပြင် အချိူ့သော လောကီဆရာကြီးများ ဆရာတော် ကြီးများသည် ဤဂါထာတော်ကိုပင် ဆွဲငင်အားကောင်းသော (၁၅၀၀) အချစ်တော်ဂါထာတော်ကြီးဟု တင်စားခေါ်ဝေါ်ကြသည်။

ဤဂါထာတော်ကြီးကို အခေါက်ရေများများရွတ်မိပါက ဘုမ္မိဣတ္ထိများ ဒေဝီဣတ္ထိများ၊ ဒေဝကုမ္မာရီများ၊ ဒေဝယုဝတီများ၊ ရုက္ခဒေဝီ များ၊ ရုက္ခဣတ္ထိများ၊ ဥစ္စာစောင့်မိန်းမများ၊ သူယောင်မများ အဖျက်ဝိဇ္ဇာမများ ရောက်ရှိလာကြကုန်တက်သည်။ ထိုသို့ အဖျက်အဆီး များ ဝင်လာနိုင်၍ ဂါထာရွတ်ရာတွင် အခေါက်ရေ မများသင့်ဟု ဆိုလိုပါသည်။

ဤ မာတင်္ဂဂါထာတော်၏ အကျိူးအာနိသင်မှာ တောင်းတိုင်းရစေတက်သည်။ တောင့်တတိုင်းလည်း ပြည့်စုံစေရ၏။ လူမိန်းမ၊ လူ ယောက်ျားများ၊ တောစောင့်နတ်၊ တောင်စောင့်နတ်များ၊ ဘုမ္မစိုးရုက္ခစိုးနတ်များ၊ အာကာသစိုးနတ်များ ချစ်ခင် နှစ်သက်လာစေသည်။ စုန်း၊ ကဝေ၊ အစိမ်းသရဲများ၊ နာနာဘာဝများ၊ (၃၇) မင်း၊ အတွင်းနတ်၊ အပြင်နတ်များ၊ မြေဘုတ်၊ ဘီလူးများ၊ နတ်ဆိုး နတ်ဝါးများပင် ချစ်ခင်နှစ် သက်လာစေပါသည်။

ရှေးအခါ သာသနာပြုပုဂ္ဂိုလ် အကျော်အမော်များ၊ ဆရာတော်ကြီးများသည် ဤမာတင်္ဂဂါထာတော်ဖြင့် တဖက်တစ်လမ်းက သာသနာပြုသွားကြခဲ့ဘူးသည်ဟုလည်း သိမှတ်ခဲ့ရသည်။

 

Credit