အိမ်ထောင်ရေး ယတြာ

ကျွန်တော့်ရဲ့ကြီးတော် အန်တီ အဒေါ် အစ်မ ညီမ အပေါင်းတို့ရေ မိမိတို့ရဲ့ အိမ်ဦးနတ် အမျိုးသား အချစ်တော်ကြီးကို တစ်ယောက်ယောက်က “ဘယ်သူနဲ့ ဘယ်မှာ တွေ့လိုက်တယ်”၊ တစ်ယောက်ယောက်က “ဘာသတင်းကြားတယ်” ဆိုပြီး ပြောလာလို့ပဲဖြစ်ဖြစ်၊ အိမ်ဦးနတ် ကိုယ်တိုင်က အမှန်တကယ်ပဲ ခြေရှုပ်ဖောက်ပြန်နေ တာပဲဖြစ်ဖြစ် ကြုံလာခဲ့ရင် စိတ်မညစ်လိုက် ပါနဲ့။ အဘဆရာကြီးမင်းသိင်္ခ သင်ပေးခဲ့ တဲ့ ယတြာတခုကို ပြောပါရစေ …၊ မခက်ပါဘူး …။

မိမိတို့ရဲ့ အိမ်ဦးနတ်အချစ် တော်ကြီးကို မကြာမကြာအိမ် အပြန်လမ်းကြုံအနေနဲ့ မီးဖို ချောင်သုံး ဟင်းချက်စရာ စားစရာ အသုံးအဆောင် ပစ္စည်းတစ်မျိုးမျိုး လမ်း ကြုံမှာ၍ဝယ်လာခိုင်းပေး လိုက်ပါ။ မကြာမကြာမှာ၍ လမ်းကြုံဝယ်လာ ခိုင်းပေး လိုက်ပါ။ အိမ်ဦးနတ်အချစ် တော်ကြီးအမြန်ဆုံးခြေငြိမ် သွားပါလိမ့်မယ်တဲ့ဗျာ။

တစ်ယောက်စီတိုင်း

အိမ်ထောင်ရေးသာယာကြပါစေ

အဂ္ဂမောင်

(ကံတလူလောကီပညာ)