မေဃဝတီဆရာတော်ဘုရားကြီးရဲ့ အရဟံအပတ်တစ်သိန်း ဆင်းရဲငြိမ်း ကျင့်စဉ်တော်

လင်းရောင်တင် အသက်သုံးဆယ်လောက် တုန်းက သင်္ဃန်းကျွန်းမြို့နယ်၊ ကံကြီးရပ်ကွက်မှာ နေခဲ့ဖူးတယ်။ ကံကြီးရပ်ကွက်နဲ့ မလှမ်းမကမ်းမှာ သမာဓိရပ်ကွက်ဆိုတာ ရှိတယ်။ သမာဓိရပ်ကွက်မှာ  က စာရေးဆရာ နောင်ဝင်းထွန်း (မုံရွာ)နေတယ်။ ကိုယ်နဲ့ သူနဲ့က ညီအစ်ကိုတွေလို ခင်ကြတယ်။ သံယောဇဉ်လဲ ရှိကြတယ်။ တစ်နေ့ စကားစပ်မိပြီး သူက ပြောလာတယ်။

“အစ်ကိုတို့နားမှာ မေဃဝတီကျောင်းတိုက် ရှိတယ်။ အဲဒီမှာ မေဃဝတီ ဆရာတော်ဘုရားကြီး က သတ်သတ်လွတ်ဘုန်းပေးတဲ့ ကိုယ်တော်ကြီး ဗျ အစ်ကိုကလဲ အမဲသားတွေ ဝက်သားတွေ မစား ဘူးဆိုတော့ ဖူးရရင် ကြည်ညိုမှာ ကျွန်တော်နဲ့ တစ် ရက်လိုက်ခဲ့ပါလား။ ကျွန်တော်က အဲဒီ မေဃဝတီ ကျောင်းတိုက်ကို ခဏခဏရောက်တယ်”

သူ အဆွယ်ကောင်းလို့ မေဃဝတီကျောင်း ကို ရောက်သွားခဲ့ရတယ်။ ခုအချိန်က ပြန်ပြောရင် လွန်ခဲ့တဲ့ သုံးဆယ့်ငါးနှစ်လောက်တုန်းကပေါ့။ ကိုယ် အိမ်ကနေ လမ်းလျှောက်ရန် မေဃဝတီကျောင်း တိုက်ကို ဆယ်မိနစ်အတွင်း ရောက်ပါတယ်။ ဟိုကို ရောက်တော့ ဆရာတော်ကြီးကို အခန့်သင့်ပဲ ဖူးတွေ့ ရပါတယ်။ ကျန်းကျန်းမာမာနဲ့ စကားကောင်းကောင်း  ပြောနိုင်ပါတယ်။

နောင်ဝင်းထွန်းက မိတ်ဆက်လျှောက်ထား ပေးတဲ့အတွက်၊ ဆရာတော်ဘုရားကြီးက ပြုံးပြုံးရွှင် ရွှင်နဲ့ လက်ခံမိန့်ကြား စကားပြောပါတယ်။

“စာရေးဆရာ ဘယ်နှယ့်လဲ နေရေးစားရေး   အဆင်ပြေရဲ့လား …”

ဆရာတော်ကြီးက မေတ္တာရှေ့ထားပြီး မေး မြန်းခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အဲဒီတုန်းက က လေးသုံးယောက်နဲ့ စားဝတ်နေရေး အတော် ကသီ လင်တရောက်နေတဲ့ အချိန်ပါ။

“မှန်ပါဘုရား စားဖို့သောက်ဖို့ အနိုင်နိုင် ကြိုး  စားနေရပါတယ်ဘုရား”

“ဒါဖြင့် စာရေးဆရာ မင်းမိန်းမကို ဆွဲကြိုး တွေ လက်ကောက်တွေ မဆင်ချင်ဘူးလား”

လို့ မေးတော်မူလိုက်ပြန်တယ်။

“ဘယ့်နှယ်ပြောပါလိမ့် …၊ ဆင်ချင်တာ ပေါ့ဆရာတော်ကြီးရယ်၊ ခုဟာက စားဖို့တောင်မှ”

“ဘာပဲဖြစ်ဖြစ် ကံဇာတာတက်လာအောင် လုပ်ပြီး ဆင်းရဲတဲ့ ကိစ္စတွေ ငြိမ်းအောင်လုပ်နိုင်တဲ့ ကျင့်စဉ်ရှိတယ်ကွယ့် အဲဒီကျင့်စဉ်က အရဟံ အပတ် တစ်သိန်းဆင်းရဲငြိမ်း ကျင့်စဉ်လို့ ခေါ်တယ်။ အဲဒီ ကျင့်စဉ်ကို အောင်မြင်အောင် ကျင့်နိုင်ရင် မိန်းမကို ရွှေနဲ့ ငွေနဲ့ ထားနိုင်မှာပေါ့ကွာ”

မေဃဝတီ ဆရာတော်ဘုရားကြီးရဲ့ မိန့်ကြား ချက်ကို ချက်ချင်းပဲ စိတ်ဝင်စားခဲ့မိတယ်။ အားတက် သရောပဲ တုန့်ပြန်လျှောက်ထားဖြစ်ခဲ့ပါတယ်။

“အရဟံ အပတ်တစ်သိန်း ဆင်းရဲငြိမ်းကျင့် စဉ်က ဘယ်လို ကျင့်ရမှာလဲ ဘုရား”

“လွယ်လွယ်လေးပါကွယ်။ အရဟံ အရဟံ ဆိုပြီး ပုတီးလုံးလေးတွေကို ချသွား တစ်နေ့ ဘယ်နှ ပတ်စိပ်ပါမယ်ဆိုပြီး သစ္စာကတိ စကားဘုရားကို လျှောက်ထားပြီး စိပ်ရမှာ ဘယ်နှပတ်ရယ်လို့ သတ် မှတ်မထားဘူး။ တစ်နေ့ကို ဆယ်ပတ်ပဲ စိပ်စိပ် အပတ်ငါးဆယ်ပဲ စိပ်စိပ်၊ အပတ်တစ်ရာပဲ စိပ်စိပ် ကိုယ့်ဘာသာ ဆုံးဖြတ်ပြီး စိပ်နိုင်တယ်။ အရေး ကြီးတာက နေ့စဉ်စိပ်နေတဲ့ အပတ်ရေအတိုင်း တိတိ ကျကျ စိပ်ရမှာ ပိုစိတ်လို့လည်း မရဘူး လိုစိပ်လို့ လည်း မရဘူး”

“အပတ်တစ်သိန်းပြည့်အောင် စိပ်ရမှာပေါ့ ဘုရား …”

“ဟုတ်တယ် …၊ တစ်ရက်မှမပြတ်အောင် စိပ်ရမှာ။ တစ်ရက်ပျက်သွားတာနဲ့ ရပြီးသား ပုတီး ပတ်တွေ အကုန်လျှော်ပစ်လိုက်ရမှာ။ နောက်နေ့ တစ်ကနေပြန်စ ရမှာ”

“လွယ်သလိုလိုနဲ့ မလွယ်ဘူးပဲ ဘုရား”

“လွယ်လွယ်နဲ့တော့ ဘယ်အရာမှ မရနိုင်ဘူး ကွယ့် ဟောဒီမှာ အရဟံအပတ်တစ်သိန်း ဆင်းရဲ ငြိမ်းအဓိဌာန်ကျင့်စဉ် ဝင်ပြီး အဆင်ပြေသွားတဲ့သူပဲ ဗျာ။ သူ့အိမ်ကို လိုက်သွား။ သူ့အခြေအနေ ဘယ် လောက်တိုးတက်သွားသလဲဆိုတာ လေ့လာ မင်း ဘယ်လိုစိပ်မယ်။ ဘယ်လောက်စိပ်မယ်ဆိုတာ ကိုယ့် ဘာသာ ဆုံးဖြတ်ပြီးမှ အဓိဌာန်ဝင်ပေတော့ စာရေး ဆရာရေ”

ဆရာတော်ကြီးက မိန့်ကြားရင်း လက်ညှိုး ထိုးပြသူကို ကြည့်လိုက်ရာ (ထိုအချိန်က) အသက် ငါးဆယ်ကျော် အရွယ်ခန့် အသားညိုညို အရပ်အ မောင်းကောင်းကောင်းနှင့် လူကြီးတစ်ဦး။ ကိုယ့်ကို လှမ်းပြုံးပြလျက် ဆရာတော်ကြီးရဲ့ အမိန့်တော်အ တိုင်း လိုလိုချင်ချင်နဲ့ပဲ သူ့အိမ်ကို ခေါ်သွားခဲ့ပါတယ်။

သူ့အိမ်ခြံဝင်းက အကျယ်ကြီးပါ။ အိမ်ကို ရောက်ဖို့၊ နှင်းဆီခြံကို ဖြတ်သွားရတယ်။ နှင်းဆီ ခင်းက အဖူးတွေအပွင့်တွေနဲ့ ဝေဆာနေတယ်။ တော် တော်ကျယ်တဲ့ နှင်းဆီခြံကြီးပါ။ နေ့စဉ်ဝင်ငွေ အ တော်ရမယ့် ခြံလို့ ထင်မိပါတယ်။

“ဦးလည်း ငယ်ငယ်က တော်တော်ဆင်းရဲခဲ့ တယ်။ ဆရာတော်ကြီး ညွှန်ကြားတဲ့ အရဟံ အ ပတ်တစ်သိန်း ဆင်းရဲ ငြိမ်းကျင့်စဉ်ကို ကျင့်ပြီး အောင်မြင်တော့မှပဲ ခုလို တိုးတက်အောင်မြင်လာခဲ့ တာ”

“ဦးက အရဟံတစ်သိန်းပြည့်အောင် တစ်နေ့  ဘယ်နှစ်ပတ် အဓိဌာန်နဲ့ စိပ်ခဲ့တာလဲ ခင်ဗျ”

“တစ်နေ့ အပတ်အစိပ်နဲ့”

“တော်တော်ကြာမှာပေါ့”

“ဟုတ်တယ် ရှစ်နှစ်ကြာတယ်”

သူ့စကားကို ကြားရပြီး အတော်စိတ်ညစ်သွား တယ်။ အကြာကြီးပါလား။

“ကျွန်တော်က ရှစ်နှစ်တောင် မစောင့်နိုင် ဘူးဦးလေး ဖြစ်နိုင်ရင် မြန်မြန်ဆင်းရဲငြိမ်းချင်တာ”

အဲသလို ပြောခဲ့ပြီး အိမ်ပြန်လာတော့ ကိုယ့် ဘာသာ အစမ်းတွက်ကြည့်တယ်။ တစ်နေ့ ပုတီးပတ် တစ်ရာ စိပ်ရင် သုံးနှစ်ကျော်ကြာမယ်။ တစ်နေ့ ပုတီး အပတ်နှစ်ရာ စိပ်ရင် တစ်နှစ်ခွဲ နှစ်နှစ်နီးပါး မှာ တစ်သိန်းပြည့်မယ်။ ဒါပေမယ့် နှစ်ရာပြည့်ဖို့ တစ်နေ့ကို လေးနာရီကြာအောင် စိပ်ရတယ်။

ဒါနဲ့ပဲ ဆရာတော်ကြီးဆီ တစ်ခေါက်ထပ် သွားတယ်။ အကျိုးအကြောင်း လျှောက်တင်တယ်။

“ဟို ဦးလေးကြီးက တစ်နေ့အပတ် အစိပ် နဲ့ ရှစ်နှစ်စိပ်ရတယ်တဲ့ဘုရား။ တပည့်တော်ရှစ်နှစ် လောက်ထိ မစောင့်နိုင်ပါဘူး ဘုရား။ မြန်မြန်ပြီးချင် ပါတယ်ဘုရား”

ကိုယ့်စကားကြောင့် ဆရာတော်ကြီးက ပြုံး တော်မူတယ်။

“အေး မြန်မြန်ပြည့်ချင်ရင် များများစိပ်”

လို့ မိန့်တယ်။ ဒါနဲ့ပဲ တစ်နေ့ အပတ်နှစ်ရာ စိပ်ချင်တဲ့အကြောင်း လျှောက်တင်မိတယ်။ ဆရာ တော်ကြီးက ရပါတယ် စိပ်လို့ ခွင့်ပြုတယ်။ လေးနာရီ လုံး ဘုရားကျောင်းဆောင်ရှေ့မှာပဲ မစိပ်နိုင်တဲ့အ ကြောင်း လမ်းလျှောက်ရင်း စိပ်လို့ရပါသလားဘုရား လို့ မေးမြန်းလျှောက်တင်တော့ ဆရာတော်ကြီးက အိပ်၊ ထိုင်၊ ထ၊ လျောင်း၊ ဣရိယာပုဒ်လေးပါးနဲ့ စိပ်လို့ရတဲ့ အကြောင်း မိန့်တယ်။

တစ်ခုရှိတာက ည ဆယ့်နှစ်နာရီမကျော်ခင် ပုတီးပတ်ပြည့်ရမှာ ဖြစ်တယ်။ ဆယ့်နှစ်နာရီ ကျော် သွားပြီး ပုတီးပတ်ရေမပြည့်သေးဘူးဆိုရင် စိပ်ပြီး သမျှတွေ ဆုံးရှုံးပြီး တစ်က ပြန်စရမှာဆိုတဲ့ စိန် ခေါ်မှုကတော့ စိုးရိမ်စရာပဲ ဇွဲနဲ့ ဝီရိယ သိပ်လိုပါ တယ်။ မိတ်ဆွေတစ်ယောက်ကတော့ သူက လော ဘမကြီးပါဘူး။ ပြီးချင်တဲ့အချိန်မှပြီး လေးငါးနှစ်စိပ် မယ်ဆိုလည်း ဖြစ်တယ်ဆိုပြီး တစ်နေ့ ပုတီးပတ် ငါးဆယ် စိပ်ခဲ့တယ်။

သူက လူပျိုကြီးပါ။ ပုတီးပတ်ငါးသောင်း လောက်အရမှာ မိန်းမခိုးပြေးတယ်။ အဲဒီနေ့မှာပဲ   ပုတီးပတ်ပျက်သွားတယ်။ ပြီးတော့လည်း ပြန်မစိပ် နိုင်ခဲ့ဘူး။ ခုတော့ သူမရှိတော့ပါဘူး။ ဆုံးသွားရှာ ပြီ။ လင်းရောင်တင်နဲ့ နောက်သူငယ်ချင်းနှစ်ယောက် ကတော့ တစ်နေ့ အပတ်နှစ်ရာစီ အဓိဌာန်တင်ပြီး စိပ်ဖြစ်ကြတယ်။ သူငယ်ချင်း သုံးယောက်လုံး အောင် မြင် အောင်စိပ်နိုင်ခဲ့ကြတယ်။

သုံးယောက်လုံး တိုးတက်ခဲ့ကြတယ်။ ဆင်းရဲ ငြိမ်းခဲ့ကြတယ်။ တဲသာသာအိမ်တွေကနေ တိုက်ခန်း ကိုယ်စီနဲ့ နေနိုင်ခဲ့ကြတယ်။ စားဖို့ မပူရတဲ့အပြင်  အလှူရေစက် လက်နဲ့မကွာ နေနိုင်ခဲ့ကြတယ်။ အဓိ ဌာန်ပျက်သွားတဲ့သူကတော့ တစ်သက်လုံး ဆင်းဆင်း ရဲရဲ နေသွားရပြီး နောက်ဆုံး လူအိုရုံမှာပဲ ဆုံးပါး သွားခဲ့ရတယ်။ မယုံမရှိပါနဲ့ ကိုယ်တွေ့အဓိဌာန်ပါ။

“ကြိမ်ပုတီးဟာ အကောင်းဆုံးပဲ မာလည်း မာတယ်။ စိပ်လေ ပြောင်လေပဲ။ ကြိမ်ပုတီးပဲ ဝယ် စိပ်ကွယ့်”လို့ ဆရာတော်ကြီးမိန့်တာနဲ့ ကြိမ်ပုတီး အသစ်လေးကို ဝယ်စိပ်ခဲ့တယ်။ မေဃဝတီဆရာ တော်ဘုရားကြီးရဲ့ သင်္ကန်းစနဲ့ ချုပ်ထားတဲ့ ပုတီး အိတ်ကလေးထဲမှာ ထည့်ပြီး နေ့စဉ်လွယ်အိတ်ထဲမှာ  ထည့်ရင်းသွားလေရာ ယူသွားခဲ့ရတယ်။

ဗုဒ္ဓါနုဿတိရဲ့ အကျိုးဟာကြီးပါတယ်။ အရဟံအပတ် တစ်သိန်းပြည့်တဲ့နေ့မှာ အဖြူရောင် ကြိမ် ပုတီးလေးဟာ လက်ဆီတွေတက်ပြီး အမည်း ရောင် ပြောင်လက်နေတယ်။ ကြိမ်ပုတီးလေးမြင် တိုင်း ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးကို သတိရ တယ်။

“အရဟံအပတ်တစ်သိန်းဆင်းရဲငြိမ်းကျင့်စဉ်” ကို ကျင့်ဖြစ်အောင်တိုက်တွန်းခဲ့တဲ့ မေဃဝတီ ဆရာ တော်ဘုရားကြီးရဲ့ ကျေးဇူးကို ဒီဆောင်းပါးနဲ့ ကျေးဇူး ဆပ်ပါရစေ။

ဇေယျတု သဗ္ဗမင်္ဂလံ

လင်းရောင်တင်

(အရာရာအောင်မြင်စေတဲ့ ရတနာဒီပံရွှေဖယောင်းတိုင်ကိစ္စ၊ အခြားကိစ္စများအတွက် ဆွေးနွေးလိုပါက တိုက်အမှတ် (၁၀၆၀)၊ ယဿဝတိ (၁၆) လမ်း၊ တောင်ဥက္ကလာ (၁၃) ရပ်ကွက်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၉ ၄၂၀ဝ၁၄၆၁၄)