ရွှေလမှာ ယုန်ဝပ်လို့

လွန်လေပြီးသောအခါက ဗာရာဏသီပြည်ရှိ တောကြီးတစ်ခုတွင် ဘုရားလောင်းသည် ယုန်မျိုး၌ ဖြစ်၍ ထိုတောကြီးတွင် နေထိုင်ကျက်စား၏။ ဘုရား လောင်းယုန်မင်းတွင် မျောက်၊ မြေခွေး၊ ဖျံဟူသော မိတ်ဆွေသုံးဦးရှိ၏။ ထိုပညာရှိလေးဦးတို့မှာ အတူတ ကွနေထိုင်ကြပြီး မိမိတို့ကျက်စားရာအရပ်၌ အစာကို ရှာဖွေစား၍ ညချမ်းအခါတွင် စုဝေးနေခဲ့ကြသည်။
တစ်နေ့ညချမ်းအခါတွင် ယုန်ပညာရှိက ဒါန၊ သီလ၊ ဥပုသ်စသည့် ကုလိုလ်ကောင်းမှုတို့ကို ပြုကျင့် သင့်ကြောင်း ဟောပြောဆုံးမ၏။ ပညာရှိ မိတ်ဆွေ သုံးဦးကလည်း သဘောတူနှစ်သက်ကြ၏။ တစ်နေ့ တွင်အလောင်းတော်ယုန်မင်းသည် လကိုကြည့်၍မ နက်ဖြန်ဥပုသ်နေ့ဖြစ်ကြောင်းသိ၏။ ထို့ကြောင့် မိတ် ဆွေပညာရှိ ဖျံ၊ မြေခွေးနှင့်မျောက်တို့အား ဥပုသ်သီ လစောင့်ထိန်းရန်နှင့် မိမိတို့ရှာဖွေရရှိသော အစားအ စာထဲမှ အလှူခံပုဂ္ဂိုလ်ကိုလည်း ပေးလှူရန်အ လောင်းတော်ယုန်မင်းက ပြောဆိုဆုံးမပါသည်။ မိတ် ဆွေသုံးဦးကလည်း နှစ်သက်ဝန်ခံ၍ မိမိတို့အိပ်ယာ နေရာ၌ အိပ်စက်နားနေခဲ့ကြပါသည်။
နောက်တစ်နေ့နံနက်စောစောတွင် ဖျံသည် ဂင်္ဂါမြစ်အနီးသို့သွား၍ အစာရှာထွက်၏။ ထိုအချိန် တွင် တံငါသည်တစ်ဦးသည် ငါးကြင်းခုနစ်ကောင်ကို ဖမ်းဆီးရမိ၍ နွယ်ကြိုးဖြင့်သီကာ ဂင်္ဂါမြစ်အနီးသဲ တွင်းထဲတွင် ဖုံးအုပ်ထားပြီးနောက်၊ ငါးများဆက်ဖမ်း မြစ်ကြောင်းအတိုင်းစုန်သွားခဲ့သည်။ အစာရှာထွက် သောဖျံသည် ဂင်္ဂါမြစ်အနီးရောက်သောအခါ ငါးစိမ်းနံ့ ရ၍ သဲများကိုယက်ပြီးရှာဖွေရာ ငါးကြင်း ခုနစ်ကောင် ကိုတွေ့၏။ ထိုငါးကြင်း ခုနစ်ကောင်ကိုထုတ်ယူ၍ ပတ်ဝန်းကျင်ကိုကြည့်ကာ ထိုငါးတို့၏ပိုင်ရှင်သည် မည်သူနည်းဟု သုံးကြိမ်အသံပြုပြီးဆို၏။ မည်သူ တစ်ဦးတစ်ယောက်ကိုမှ မမြင်မတွေ့ရ၍ ဖျံသည် ငါးများသီထားသော နွယ်ကြိုးကိုကိုက်ချီပြီး မိမိ နေထိုင်ရာချုံသို့ သယ်ယူခဲ့သည်။ ထို့နောက် ဖျံပညာ ရှိသည် ရရှိခဲ့သော ငါးများကို အလှူခံသူရှိက လှူ မည်။ မိမိကိုယ်တိုင်လည်း နေမွန်းမတည့်မီ စားသုံး မည်ဟုရည်မှန်းကာ ဥပုသ်သီလကို ဆင်ခြင်လျက် ဝပ်စင်းနေခဲ့ပါသည်။
ထို့အတူ မြေခွေးကလည်း အစာရှာထွက်ရာ လယ်စောင့်တဲငယ်တစ်ခုအတွင်း၌ တံစို့ဖြင့်သီထား သော အမဲတံစို့နှစ်ခု၊ ဖွတ်ကင်တစ်ခုနှင့် နို့ဓမ်း(နို့ချဉ်၊ နို့ခဲ)အိုးတစ်လုံးတို့ကိုတွေ့၏။ ထိုအရာဝတ္ထုတို့၏ ပိုင် ရှင်သည်မည်သူနည်းဟု သုံးကြိမ်သုံးခါအသံပြု၍ အော်၏။ ပစ္စည်းပိုင်ရှင်ကို မတွေ့မမြင်၍မြေခွေးသည် နို့ဓမ်းအိုး၌ ချည်ထားသောကြိုးကို လည်တွင်ဆွဲကာ အမဲတံစို့နှင့် ဖွတ်ကင်တို့ကို ကိုက်ချီပြီး မိမိနေရာသို့ ပြန်လာခဲ့သည်။ မိမိနေရာချုံအရောက်တွင် ယူ ဆောင်လာသော စားဖွယ်များကို လှူလည်းလှူမည် မွန်းမတည့်မီတွင်လည်း စားသုံးမည်ဟုတွေးကာ သီလကို ဆင်ခြင်လျက်ဝပ်နေပါသည်။ မျောက်သည် လည်း တောတွင်းရှိ သရက်သီးခိုင်ကိုယူဆောင်၍ မိတ်ဆွေဖြစ်သူ ဖျံ၊ မြေခွေးတို့နည်းတူ မိမိနေရာအ ရပ်၌ သီလကိုဆင်ခြင်လျက် ဝပ်နေခဲ့ပါသည်။
အလောင်းတော်ယုန်မင်းသည် အချိန်ကျ ရောက်မှသာ နေဇာမြက်ကိုစားမည်ဟုကြံရွယ်ပြီး မိမိ နေရာချုံ၌ဝပ်၍ ဥပုသ်သီလကို ဆင်ခြင်နေပါသည်။ ထိုစဉ် အလောင်းတော်ယုန်မင်းက “ငါ့ထံရောက်လာ သော အလှူခံပုဂ္ဂိုလ်အား ငါစားသုံးသည့်မြက်ကို လှူခြင်းငှာမသင့်၊ ငါ့မှာလည်း လှူစရာ ပြောင်း၊ နှမ်း၊ ဆန်မရှိ ငါ့ထံအကယ်၍ အလှူခံလာခဲ့သည် ရှိသော် ငါ၏ကိုယ်အသွေးအသားတို့ကို အလှူပေး အံ့” ဟု ကြံစဉ်ခဲ့ပါသည်။
အလောင်းတော်ယုန်မင်း၏ ကြံစည်မှုသီလ တန်ခိုးကြောင့် သီကြားမင်း၏ ပဏ္ဍုကမ္ဗလာကျောက် နေရာသည် ပူသောအခြင်းအရာကို ဖြစ်စေခဲ့ပါသည်။ သိကြားမင်းသည် ဆင်ခြင်လတ်သည်ရှိသော် ထိုအ ကြောင်းကို သိမြင်၍ “ယုန်မင်းကိုစုံစမ်းအံ့”ဟု ကြံ ရွယ်ကာ ဦးစွာ ပထမဖျံ၏နေရာသို့ ပုဏ္ဏားအသွင်ဖြင့် သွားကာရပ်၏။ ပုဏ္ဏားကိုမြင်တွေ့သောဖျံက ရပ် တည်ရခြင်းအကြောင်းကို မေး၏။ ထိုအခါ ပုဏ္ဏားမှ ဥပုသ်သီလဆောက်တည်လို၍ တစ်စုံတစ်ခုသော အာဟာရကိုရလိုသဖြင့် ရပ်ကြောင်းဆိုသည်။ ထို့ ကြောင့် ဖျံက မိမိတွင်ငါးကြင်း ခုနစ်ကောင်ရှိကြောင်း၊ ထိုငါးကို ချက်ပြုတ်မှီဝဲ၍ နေထိုင်ရန်ပြောပါသည်။ ထိုအခါ ပုဏ္ဏားက သဘောတူလက်ခံပြီး အချိန်ကျ မှသာ စားသုံးမည်ဟုပြောဆိုပြီး မြေခွေးထံသို့သွား ခဲ့ပါသည်။
မြေခွေးကလည်း ရှေ့တွင်လာရပ်သော ပုဏ္ဏားကိုမြင်၍ အကျိုးအကြောင်းမေးရာ၊ ပုဏ္ဏားက မြေခွေးအား ရှေ့နည်းအတိုင်းပြောပါသည်။ ထိုအခါ မြေခွေးမှမိမိထံတွင် အမဲ၊ ဖွတ်ကင်နှင့်နို့ဓမ်းတို့ရှိ ကြောင်း၊ အဆိုပါစားဖွယ်များကိုသုံးဆောင်၍ နေထိုင် ရန်ပြောပါသည်။ ပုဏ္ဏားက လက်ခံသဘောတူပြီး အချိန်ကျမှသုံးဆောင်မည်ဟုဆိုကာ မျောက်ရှိရာသို့ သွားခဲ့ပါသည်။ မျောက်၏အမေးကိုပုဏ္ဏားမှ ရှေ့နည်း အတိုင်းဖြေရာ မျောက်က မိမိထံတွင်ရှိနေသော သ ရက်သီးမှည့်ကိုသုံးဆောင်၍ နှလုံးမွေ့လျော်ဖွယ်ရှိ သော အရိပ်အာဝသ၌ နေထိုင်ရန် ပြောဆိုပါသည်။ ပုဏ္ဏားကလည်း အချိန်မကျသေး၍ ခေတ္တစောင့်ရန် နှင့်အချိန်ကျမှ စားသုံးမည်ဟုပြောဆိုကာ အလောင်း တော်ယုန်မင်းရှိရာသို့ ထွက်သွားခဲ့ပါသည်။
အလောင်းတော်ယုန်မင်းသည် မိမိရှေ့တစ် ရပ်နေသော ပုဏ္ဏားကိုမြင်တွေ့၏။ ထို့ကြောင့် ယုန် မင်းက ပုဏ္ဏားအား “အဘယ်အကျိုးကြောင့် ရပ်သနည်း” ဟုမေး၏။ ထိုအခါ ပုဏ္ဏားက “ပညာရှိ … တစ်စုံတစ်ခုသော အာဟာရကိုရသော် ဥပုသ် ဆောက်တည်၍ နေအံ့” ဟုရပ်၏ဟူ၍ဆို၏။ ထိုစကား ကိုကြားသိရသော ယုန်မင်းသည် လွန်စွာဝမ်းမြောက် ခြင်းအတိသို့ ရောက်၏။ ထို့ကြောင့် အလောင်းတော် ယုန်မင်းက –
“ပုဏ္ဏား …အဟာရအကျိုးငှာ ငါ့ထံသို့လာ သော သင်သည် ကောင်းသည်ကို ပြုအပ်၏။ ယနေ့ ငါသည် မလှူဖူးသောအလှူကို လှူအံ့၊ သင်သည် ကား သီလရှိ၏။ ပကတိပါတကို မပြုလတ္တံ့။ ပုဏ္ဏား အထူးထူးသော ထင်းတို့ကိုစု၍ မီးကျီးပြုပြီးငါ့အား ပြောကြားလော့၊ ငါသည်ကိုယ်ကိုစွန့်၍ မီးကျီးစု၌ ဆင်းအံ့၊ ငါ၏ကိုယ်သည် ကျက်လတ်သည်ရှိသော် သင်သည် ငါ့အသားကိုစား၍ ရဟန်းတရားကိုကျင့် လော့”ဟု ပြောဆိုပါသည်။ ဤသည်မှာ ပါရမီဆယ် ပါး၊ အပြားသုံးဆယ်အနက်မှ ဘုရားလောင်းများပြု ကျင့်သော အမြင့်အမြတ်ဆုံး “ဒါနပရမတ္ထပါရမီ” ပင်ဖြစ်ပါပေသည်။
ပုဏ္ဏားအသွင်ဆောင်ထားသော သိကြားမင်း သည် ယုန်မင်း၏စကားကြောင့် မိမိ၏အာနုဘော်ဖြင့် မီးကျီးစုကိုဖန်ဆင်းကာ အလောင်းတော်အား ပြော ကြား၏။ အလောင်းတော်ယုန်မင်းသည် နေဇာမြက် အိပ်ရာမှထ၍ မီးကျီးစုဆီသို့သွား၏။ မီးကျီးစုအနီးယုန် မင်းမှ “အမွေးကြားတို့၌ပိုးငယ်တို့ရှိကုန်ပြားအံ့၊ ထိုပိုး ငယ်တို့သည် ငါ့ကြောင့် မသေစေကုန်သတည်း” ဟု ဆင်ခြင်သုံးသပ်၍ ကိုယ်ကို သုံးကြိမ်ခါ၏။ ထို့ နောက် အလုံးစုံသောကိုယ်ကိုအလှူ၌ ဦးတည်ထား၍ ဝမ်းမြောက်သောစိတ်ဖြင့် မီးကျီးစုအတွင်းသို့ ခုန်ဆင်း ခဲ့ပါသည်။ ထိုမီးကျီးစုသည် အလောင်းတော်ယုန်မင်း ၏ ကိုယ်နှင့် အမွေးတို့အား ပူလောင်ခြင်းမရှိ၊ အ လောင်းတော် ယုန်မင်းမှာ ဆီးနှင်းတိုက်ထဲသို့ဝင်သလို အေးမြနေခဲ့ပါသည်။
ထိုအခါ ပုဏ္ဏားကိုခေါ်၍ အလောင်းတော် ယုန်မင်းက”ပုဏ္ဏား …သင်ပြုသော မီးသည် အ လွန်အေး၏။ ငါ၏ကိုယ်နှင့် အမွေးတို့၌ ပူလောင်ခြင်း မရှိ။ အဘယ်ကြောင့်နည်း”ဟုပြောဆိုပါသည်။ ထိုအခါ ပုဏ္ဏားမှ မိမိသည် ပုဏ္ဏားအစစ်အမှန်မဟုတ်။ သိကြားမင်းဖြစ်ကြောင်း၊ သင်၏ဒါနပါရမီကို စုံစမ်း လို၍ လာကြောင်းဆိုသည်။ ထိုအခါ အလောင်း တော် ယုန်မင်းက မိမိ၏ ဒါနပါရမီသည် မည်သူကို မဆို မိမိ၏အသွေးအသားနှင့် အသက်ကိုစွန့်၍ ကြည်ဖြူဝမ်းမြောက်စွာ လှူမည်ဖြစ်ကြောင်း သိကြားမင်းအား ရဲဝံ့စွာ ပြောဆိုပါသည်။ ထိုအခါ သိကြားမင်းက –
“ယုန်ပညာရှိ …သင်၏ဂုဏ်ကျေးဇူးသည် ကမ္ဘာပတ်လုံးထင်ရှားသည် ဖြစ်စေအံ့”
ဟု ပြောဆိုကာ တောင်ကိုညှစ်၍ တောင်ဆီ ကိုထုတ်ယူ၏။ ထို့နောက် လပြည့်ဝန်း၌ တောင်ဆီ ဖြင့် ယုန်ရုပ်အမှတ်ကိုရေးသားကာ သိကြားမင်းလည်း မိမိနေရာသို့ ပြန်သွားခဲ့ပါသည်။
လေးဦးသော ပညာရှိတို့လည်း ညီညွတ်ဝမ်း မြောက်စွာရှိလျက် သီလကိုဖြန့်၊ အလှူကိုပေးကာ ဥပုသ်စောင့်သုံး နေထိုင်ခဲ့ကြပါသည်။
အတိတ်က ဇာတ်ကြောင်း၏ ပစ္စုပ္ပန်ဇာတ် ပေါင်းခန်းတွင် မြတ်စွာဘုရားရှင်သည် ထိုစဉ်က ယုန်မင်းဖြစ်ခဲ့ပါသည်။ ဘုရားရှင်၏တပည့်သာဝက အရှင်အာနန္ဒာသည် ထိုစဉ်က ဖျံပညာရှိဖြစ်ခဲ့ပြီး အ ရှင်မဟာမောဂ္ဂလာန်သည် ထိုစဉ်ကမြေခွေးပညာရှိ ဖြစ်ခဲ့ပါသည်။ ထို့အတူ အရှင်သာရိပုတ္တရာသည် ထိုစဉ်က မျောက်ပညာရှိဖြစ်ခဲ့ပြီး အရှင်အနူရုဒ္ဓါသည် ထိုစဉ်က သိကြားမင်း ဖြစ်ခဲ့ကြပါသည်။
နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် ပုထို ဇဉ်လူသားများအနေနှင့် မိမိတို့ရရှိထားသော ရုပ်၊ နာမ် နှစ်ပါးစလုံးကို တဏှာဘက်၌အသုံးမထည့်ရန် နှင့် သဒ္ဓါဘက်၌အသုံးတည့်ရန်ဖြစ်ပါသည်။ ထို့်အတူ ပါရမီဆယ်ပါးကိုလည်း မိမိတို့တတ်စွမ်းသမျှ ဖြည့် ကျင့်ရမှာဖြစ်ကြောင်း မှတ်ယူရပါသည်။
အလောင်းတော်ယုန်မင်း၏ ဒါနပရမတ္ထပါ ရမီကိုလည်း “ရွှေလမှာယုန်ဝပ်လို့”ဟု ပမာပြုအပ်ပါ ကြောင်း။

မေတ္တာစေတနာဖြင့်
မောင်အေးထွန်း
ကျမ်းကိုး – ငါးရာ့ငါးဆယ်နိပါတ်တော်၊ စတုက္ကနိပါတ်၊ ပုစိမန္ဒဝဂ်မှ သသပဏ္ဍိတဇာတ်တော်