မာနတံခွန် ဂုဏ်မကြွနဲ့ ကိုယ့်ကိုနှိမ့်ချအမြဲနေ

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်မရှားသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဤဇာတ်တော်ကို ဟောကြားတော်မူခဲ့ပါသည်။

ထိုစဉ်က ဇေတဝန်ကျောင်းတော်နှင့် ၁၀ မိုင် ခန့်ဝေးသောအရပ်တွင် ရွာကြီးတစ်ရွာရှိသည်။ ထိုရွာ တွင် စာရေးတံဆွမ်း လပြည့်နှင့် လကွယ်ဆွမ်းဟူ သော အလှူအတန်းများလည်းရှိသည်။ ထိုရွာတွင် ပေါက်ပေါက်ရှာရှာ ပြဿနာကိုမေးတတ်သော ငတုံး အမည်ရှိသော လူတစ်ယောက်ရှိသည်။ ငတုံးသည် ဆွမ်းအလှူခြွံကလာကြသော ကိုရင်ငယ်၊ ဦးပဉ္စင်း ငယ်များ ဆွမ်းဘုဉ်းပေးစဉ်နှင့် အဖျော်ယမကာ သောက်သုံးနေစဉ်တွင် ပြဿနာတစ်ခုခုကို မေးလေ့ ရှိသည်။ သူစိတ်တိုင်းကျ မဖြေနိုင်လျှင် ရှက်လောက် အောင် ပြုလုပ်ပြောဆိုလေ့ရှိသည်။ ကိုရင်ငယ်၊ ဦး ပဉ္စင်းငယ်များမှာ ငတုံးရန်ကိုကြောက်သဖြင့် စာရေး တံဆွမ်း၊ လပြည့်နှင့် လကွယ်ဆွမ်း အလှူခံရန် ထိုရွာ သို့ မြွကဝံ့ကြတော့ပေ။

တစ်နေ့တွင် ရဟန်းတစ်ပါးသည် စာရေးတံ မဲချသောနေရာသို့သွား၍ “အရှင်ဘုရား အဲဒီရွာမှာ စာရေးတံဆွမ်း၊ လပြည့်လကွယ်ဆွမ်း ရှိပါသလား” ဟု မေး၏။ ထိုအခါ မဲချသော ရဟန်းက “ထိုရွာတွင် စာရေးတံဆွမ်း၊ လပြည့်နှင့် လကွယ်ဆွမ်းများ ရှိကြောင်း။ သို့သော်လည်း ထိုရွာမှ ငတုံးသည် မဟုတ်မဟတ် ပြဿနာများကို မေးလေ့ရှိကြောင်း။ သူ့စိတ်ကြိုက်မဖြေနိုင်ပါက ဆဲရေးတိုင်းထွာကြောင်း။ ငတုံး ရန်ကိုကြောက်သဖြင့်ဘယ်ကိုယ်တော်မှ မသွား ကြကြောင်း” ပြောပြပါသည်။ ထိုကိုယ်တော်က “အရှင်ဘုရား အဲဒီရွာကို တပည့်တော် ဆွမ်းခံသွား ပါရစေ။ ဒီငတုံးကို တပည့်တော်ဆုံးမပြီး သူ့ရဲ့ မာန်မာနတွေကို ချိုးပစ်လိုက်မယ်။ အဲဒီအခါကျရင် အရှင်ဘုရားတို့ကို မြင်တာနှင့် သူပြေးမှာ သေချာ တယ်” ဟု ပြောဆိုပါသည်။ ထိုအခါ မဲချသော ရဟန်းက ထိုကိုယ်တော်အား ထိုရွာသို့ ဆွမ်းခံရန် စေလွှတ်လိုက်ပါသည်။

ထိုကိုယ်တော်သည် နံနက်စောစောထ၍ ထိုရွာသို့သွားကာ ရွာတံခါးဝအရောက်တွင် သင်္ကန်း ကို သေသေသပ်သပ် ဝတ်ရုံနေသည်။ ငတုံးသည် ထို ရဟန်းကိုမြင်သဖြင့် ဆိတ်ကြမ်းကြီး တစ်ကောင် ပမာ ချဉ်းကပ်လာပြီး –

“ရဟန်း ငါမေးတာကိုဖြေပါ”ဟုခက်ထန်စွာ နှုတ်ခွန်းဆက်လေသည်။ ထိုအခါ ရဟန်းက –

“ဒါယကာ ရွာထဲကို ယာဂုဆွမ်းခံဖို့ သွားပါရစေဦး”ဟုပြောကာ ဆွမ်းခြွံကသွားပါသည်။ ထိုရဟန်း ယာဂုဆွမ်းခံပြီး၍ ဆွမ်းစားဇရပ်သို့ ပြန်ြွကလာသော အခါတွင်လည်း ငတုံးက သူ့ပြဿနာကို ဖြေဆိုရန် ပြောနေပြန်သည်။ ထိုအခါ ရဟန်းက “ဒယကာ ယာဂုလေးတော့ သောက်လိုက်ပါရစေဦး”

“ဆွမ်းစား ဇရပ်ကို တံမြက်စည်းလေး ခေတ္တ လှည်းပါရစေဦး”

“စာရေးတံဆွမ်းလေး သွားခံပါရစေဦး” စသည်ဖြင့် ပြောဆိုကာ စာရေးတံဆွမ်းခံယူရန် ကြွသွားလေသည်။ ဆွမ်းခံအပြန်တွင် ငတုံးကိုသပိတ် အကိုင်ခိုင်းပြီး “ကဲ လာ မင်းမေးချင်တဲ့ပြဿနာကို ငါ အကုန်ဖြေမယ်”ဟုပြောဆိုကာ ရွာအပြင်သို့ ခေါ် ဆောင်သွားခဲ့ပါသည်။ ရွာပြင်အရောက်တွင် သင်္ကန်း ခေါက်ကို ပခုံးပေါ်တွင်တင်လျက် ငတုံးလက်မှ သပိတ် ကိုလှမ်းယူလိုက်ပြီးငြိမ်သက်စွာ ရပ်နေလိုက်ပါသည်။ ထိုနေရာတွင် ငတုံးက –

“ရဟန်း ငါမေးတာကို ဖြေပါ”ဟုဆိုရာ ရဟန်းက –

“သင်မေးတာကိုငါဖြေမယ်”ဟုပြောပြောဆို ဆိုဖြင့် ငတုံးအား တစ်ချက်တည်း ထိုးလှဲလိုက်သည်။ ထို့နောက် အရိုးကွဲအောင် ရိုက်ပုတ်ထုထောင်းကာ ပါးစပ်ထဲသို့မစင်(ချေး)များဖြင့် သိပ်လေ၏။ ထိုသို့ရှိ စဉ် ရဟန်းက –

“ဒီကနေ့ကစလို့ ဒီရွာကိုဆွမ်းခံလာတဲ့ ကိုယ်တော်တွေကို ဘာပြဿနာတစ်ခုမှ မမေးရ ဘူး။ မေးရင် သိလိမ့်မယ်”ဟု ခြိမ်းခြောက် မောင်းမဲ ကာ ပြန်သွားခဲ့ပါသည်။ ထိုနေ့မှစ၍ ငတုံးလည်း ရဟန်းတွေကိုမြင်လျှင် ဖနောင့်နှင့်တင်ပါး တစ်သား တည်းကျအောင်ပြေးလေတော့သည်။

များမကြာမီတွင် ထိုရဟန်း၏ အပြုအမူများ မှာ တစ်ယောက်စကားတစ်ယောက်နားဖြင့် ရဟန်း လောကတစ်ခုလုံး ထင်ရှားကျော်ကြားလာခဲ့ပါသည်။ တစ်နေ့သော တရားသဘင်တွင် ရဟန်းတော်များ က ထိုအကြောင်းကို ပြောဆိုနေကြစဉ် မြတ်စွာဘု ရာြးွကချီလာ၍ ရဟန်းတော်များ စုဝေးပြောဆိုနေ ကြခြင်းကို မေးမြန်းတော်မူပါသည်။ ရဟန်းတော် များမှ ထိုရဟန်းနှင့် ငတုံးတို့၏ အကြောင်းစုံကို မြတ်စွာဘုရားရှင်အား လျှောက်တင်ပါသည်။ ထိုအခါ မြတ်စွာဘုရားရှင်က –

“ရဟန်းတို့ ဒီရဟန်းဟာ ယခုအခါ၌သာ  ငတုံးကို မစင်စားစေတာ မဟုတ်ဘူး ရှေးယခင် ဘဝတစ်ခုကလည်း မစင်စားစေခဲ့ဖူးသည်” ဟု မိန့် တော်မူရာ ရဟန်းတော်များက ထိုရဟန်းနှင့် ငတုံး တို့၏ အတိတ်ဘဝဖြစ်စဉ်ကို ဟောကြားတော်မူရန် လျှောက်တင်ကြသဖြင့် မြတ်စွာဘုရားရှင်က အတိတ်ဘဝဖြစ်စဉ်ကို အောက်ပါအတိုင်း ဟော ပြတော်မူခဲ့ပါသည်။

ရှေးအခါက အင်္ဂတိုင်းသားနှင့် မဂဓတိုင်း သားတို့သည် တစ်တိုင်းနှင့်တစ်တိုင်း ကူးလူးဆက် ဆံမှုပြုခဲ့ကြသည်။ တစ်နေ့တွင် အင်္ဂတိုင်းသား အချို့နှင့် မဂဓတိုင်းသားအချို့တို့သည် တိုင်းနှစ် တိုင်း၏ နယ်စပ်ဒေသတစ်ခုရှိ ရေအိုင်ကြီးတစ် အိုင်အနီးအပါး အရက်သေစာနှင့် အမဲ၊ သားငါးတို့ ကိုစားသောက်ပြီး နားနေခဲ့ကြသည်။ နံနက်စော စောထ၍ လှည်းနွားများကို တပ်ဆင်ကာ ခရီးဆက် ခဲ့ကြပါသည်။ ထိုသူတို့ ခရီးဆက်နေစဉ် ချေးပိုးထိုး ကောင်(မစင်စားပိုး)တစ်ကောင်သည် မစင်နံ့ရသဖြင့် ထိုနေရာသို့ ရောက်လာခဲ့သည်။ ထိုချေးပိုးထိုး ကောင်သည် လူများသောက်သုံးပြီး၍ စွန့်ပစ်ခဲ့သော အရက်ကျန်များကို သောက်၍အရက်မူးကာ မစင်ပုံ ပေါ်သို့တက်လေသည်။ မစင်ပုံသည် စိုနေသဖြင့် ချေးပိုးထိုးကောင် တက်လိုက်သောအခါ အနည်း ငယ်ချိုင့်ဝင်သွားပါသည်။ ဒါကိုချေးပိုးထိုးကောင်က-

“ဒီမြေကြီးကလည်း ငါ့ခန္ဓာကိုတောင် ထမ်းမထားနိုင်ပါလား” ဟု ကြိမ်းဝါးလေသည်။

ခဏအကြာတွင် မုန်ယိုနေသော ဆင်ပြောင် တစ်စီးသည် ထိုနေရာသို့ ရောက်လာရာ မစင်နံ့ နံသဖြင့် စက်ဆုပ်ရွံရှာ၍ ထိုနေရာမှ ထွက်ခွာသွား ပါသည်။ ဒါကိုမြင်တွေ့နေသော မစင်စားပိုး(ချေး ပိုးထိုး)က –

“ဒီဆင်ပြောင်ကြီးဟာ ငါ့ကိုကြောက်လို့ ပြေးသွားတာပဲ။ ဒီဆင်ပြောင်ကြီးနဲ့ နပမ်းလုံးရရင် ကောင်းမှာဘဲ”ဟု စဉ်းစားတွေးတောနေသည်။ ထိုသို့ စဉ်းစားမိသည့်အတိုင်း ချေးပိုးထိုးကောင်က-

“အို ဆင်ပြောင်ကြီး သင်သတ္တိရှိပါက ဇွဲလုံ့ လလည်းရှိ၊ တိုက်ရည်ခိုက်ရည်လည်းရှိ၊ သတ္တိ လည်းရှိပါလျက် ငါနှင့် ရင်ဆိုင်မိကာမှ ဘာကြောင့် နပမ်းမလုံးဘဲ ထွက်သွားဘိသနည်း။ သင့်ကိုငါ တစ်ကြိမ် ထိုးသတ်လိုက်ပြီမဟုတ်လော။ အိုဆင် ပြောင် …နောက်တစ်ခါ ပြန်လာခဲ့ဦး ကြောက်၍ ပြေးသလော။ ငါနှင့်သင်၏ဇွဲလုံ့လ သတ္တိကိုအင်္ဂတိုင်း သား မာဂဓတိုင်းသားတို့ မြင်တွေ့အောင်ပြလိုက်ကြ စို့” ဟုပြောဆိုပါသည်။ ထိုစကားကိုကြားသိခဲ့သော ဆင်ပြောင်ကြီးမှ မစင်စားပိုးအနီးသို့သွားသည်။ ထို့နောက် ဆင်ပြောင်ကြီးက –

“ဟဲ့ ချေးစားပိုး သင့်ကိုငါ့ခြေ၊ ငါ့အစွယ်၊ ငါ့နှာမောင်းတွေနှင့် သတ်ဖို့ရန် မတန်မရာပေ။ သင့်ကို မစင်နှင့်သာ ဖို့သတ်လိုက်မည်။ ချေးစားပိုး ချေးပုံထဲမှာ သေပေတော့”

ဟု ပြောဆိုခြိမ်းခြောက်ကာ ချေးစားပိုးပေါ် သို့ ချေးပါချလိုက်ပြီး ကျင်ငယ်ကိုပါ စွန့်ချလိုက်သ  ဖြင့် ချေးစားပိုးလည်း ချေးပုံထဲတွင် သေရှာလေ တော့သည်။ ထို့နောက် ဆင်ပြောင်ကြီးသည် ကြိုး ကြာသံနှင့်တူအောင် အော်မြည်ဟည်းကာ တောထဲ သို့ ဝင်ရောက်သွားခဲ့သော ဖြစ်စဉ်ကို ဘုရားရှင်က ဟောပြတော်မူခဲ့ပါသည်။

အတိတ်ဘဝဖြစ်စဉ်၏ ပစ္စုပ္ပန်ဇာတ်ပေါင်း ခန်းတွင် မြတ်စွာဘုရားရှင်သည် ထိုစဉ်က ထိုသူ တို့အကြောင်းကို သိမြင်သော ထိုတော၌ တော စောင့်နတ်ဖြစ်ခဲ့ပါသည်။ ယခုငတုံးသည် ထိုစဉ်က ချေးပိုးထိုးကောင်(ချေးစားပိုး)ဖြစ်ခဲ့ပြီး ထိုရဟန်းသည် ရှေးက ဆင်ပြောင်ကြီးဖြစ်ခဲ့ကြောင်း ဇာတ်ပေါင်းပြ ခဲ့ပါသည်။

နိပါတ်တော်လာသင်ခန်းစာအနေဖြင့် “ကိုယ် နှင့်မတန် စိတ်မာန်ရှေ့ထား၊ ပြုမိမှားက၊ ပျက်ပြား ကိုယ်သာ၊ ခံဖို့ရာတည်း”ဟုမှတ်ယူရပါသည်။

 

မေတ္တာစေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး – ငါးရာ့ငါးဆယ်နိပါတ်တော်၊ ကာသာဝ၀ဂ်မှ ဂူထပါကာ(နွားချေးထိုးပိုး) ဇာတ် တော်။