ဗုဒ္ဓဘာသာနှင့် ရုပ်ပွားဆင်းတုကိုးကွယ်မှု

[Unicode]
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀ဝ၈ ၏ ပုဒ်မ ၃၆၁ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။
“နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာ တော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ် ဆုံးဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိ အမှတ်ပြုသည်”

ပုဒ်မ ၃၆၂ တွင်လည်း အောက်ပါအတိုင်း ဆက်၍ ပြဋ္ဌာန်းထားသည်။
“နိုင်ငံတော်သည် ခရိယာန်ဘာသာ သာ သနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာ ဘာသာ များဟူ၍ အသိအမှတ်ပြုသည်”
အထက်ဖော်ပြပါ ပုဒ်မ ၃၆၁ နှင့် ၃၆၂ တို့ တွင် ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ဘာသာပေါင်းစုံ ကိုးကွယ်ခွင့် ရှိကြကြောင်း ထင်သာမြင်သာရှိလှပေသည်။ ယင်း ဘာသာများတွင် အပါအဝင်ဖြစ်သည့် ဗုဒ္ဓဘာသာဝင် တို့၏ ရုပ်ပွားဆင်းတုကိုးကွယ်မှုအကြောင်းကို ဤ ဆောင်းပါးတွင် နိဒါန်းသဘောမျှ ဖော်ပြလိုပေသည်။

ဗုဒ္ဓဘာသာအိမ်တိုင်းတွင် ဗုဒ္ဓ၏ ရုပ်ပွား ဆင်းတုတော်များကို ကိုးကွယ်ပူဇော်ကြပါသည်။ ဘုရားစင်ကို အိမ်ဦးခန်းမှာသာ အမြင့်အမြတ်ထားရပါသည်။ လှေကားအောက် စသည်တွင်လည်းကောင်း အနိမ့်မှာလည်းကောင်း၊ မြေညီမှာလည်းကောင်း မထားရပေ။ အမြင့်အမြတ်နေရာတွင် မထားနိုင်လျှင် မထားသည်က ကောင်းပေသေးသည်။ ယုတ်နိမ့် သောနေရာ၌ ဘုရားရုပ်တုကိုထားလျှင် နေ့စဉ် ငရဲ ကြီးနေပေမည်။ ဘေးဥပဒ်ကျရောက်တတ်ပေသည်။ ဗုဒ္ဓ၏ ရုပ်ပွားဆင်းတုများကို ထားရှိပြီး ပူဇော်နည်း၊ ရှိခိုးနည်းများကိုလည်း သိရှိထားရန်လိုအပ်ပေသည်။

အိမ်တစ်အိမ်တွင် မြတ်ဗုဒ္ဓ၏ ရုပ်တုကို ပင့်ယူ ပူဇော်ပြီးသည်နှင့် ရှေးဦးစွာ ရုပ်တုတော်ကို အနေကဇာတင်ရမည်ဖြစ်ပေသည်။ အနေကဇာတင်ခြင်း ဟူသည်မှာ “အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ၊ အနိဗ္ဗိသံ” အစချီသော ဂါထာတော်ကို ရွတ်ဆိုခြင်း ပင်ဖြစ်သည်။ ယင်းဂါထာတော်မှာ မြတ်စွာဘုရား သည် ဘုရားဖြစ်ဖြစ်ချင်း၊ ကျူးရင့်တော်မူသည့် စကားတော်ပင်ဖြစ်သည်။ အနေကဇာတင်ပြီးသည် နှင့် အသက်ရှိသော မြတ်စွာဘုရားကဲ့သို့ သဘော ထားကာ ပူဇော်ကန်တော့ကြရပေမည်။ ဂုဏ်တော် ကို လေးစားသည့်စိတ်နှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ကပ်လှူပူဇော်ကြရပေမည်။
ဗုဒ္ဓ၏ ရုပ်ပွားတော်ကို ယုံကြည်ကိုးကွယ်မှု နှင့် စပ်လျဉ်းပြီး ထင်ရှားသော အာရှခေါင်းဆောင် ကြီး နှစ်ယောက်အကြောင်းကို ဤနေရာ၌ စံနမူနာ ယူနိုင်ကြရန်အတွက် ဖော်ပြအပ်ပေသည်။

တစ်ဦးမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဝန်ကြီးချုပ်ဟောင်းဦးနုဖြစ်သည်။ ဝန်ကြီးချုပ် ဟောင်းဦးနု၏ ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုနှင့် စပ်လျဉ်းပြီးမည်သူမျှ အငြင်းမပွားကြပေ။ ဗုဒ္ဓဘာသာ အပေါ် ယုံကြည်ကိုးကွယ်မှုသည်။ ၄င်း၏ ထင်ရှား သော ပုံရိပ်ပင်ဖြစ်သည်။ နိုင်ငံခြားသို့ လနှင့်ချီ၍ ခရီးသွားသော်လည်း ဝတ်ပြုကိုးကွယ်ခြင်းကို မပျက်ကွက်ခဲ့ပေ။ ထို့ကြောင့် သက်ဆိုင်ရာ အိမ်ရှင်တိုင်းပြည်များက ၄င်းတည်းခိုမည့် အဆောက်အအုံ အိပ်ခန်း စသည်၌ ဝတ်ပြုကိုးကွယ်ရန် ယာယီဘုရား ကျောင်းဆောင်၊ ယာယီဘုရားစင်တို့ကိုပင် စီစဉ်ပေးခဲ့ရသည်ဟု ကြားဖူး၊ ဖတ်ဖူးသည်။

အခြားအာရှခေါင်းဆောင်တစ်ဦးမှာ အိန္ဒိယနိုင်ငံ၏ ထင်ရှားသော ခေါင်းဆောင်ကြီး ပန်ဒစ်ဂျဝါ ဟလာနေရူးဖြစ်သည်။ ၄င်းသည် ငယ်ရွယ်စဉ်က ကျန်းမာရေးအတွက် အနားယူရင်း သူ၏ဇနီးနှင့် အတူ သီရိလင်္ကာနိုင်ငံသို့သွားရောက်ခဲ့သည်။ ရှေးဟောင်း အဆောက်အအုံများကို လှည့်လည်ကြည့်ရှုရင်း တစ်နေရာ၌ ဗုဒ္ဓရုပ်ပွားတော်ကို အထူးစိတ်ဝင်စားစွာ ကြည့်ရှုနေမိသည်။ မိမိတည်းခိုသည့် အဆောင်သို့ ပြန်ရောက်သော်လည်း ထိုဗုဒ္ဓပုံတော်ကို မျက်စိထဲမှ မပျောက်နိုင်အောင် စွဲနေမိခဲ့သည်။ မိမိတိုင်းပြည်သို့ ပြန်ရောက်ပြီး နိုင်ငံရေးလုပ်ရင်း ထောင်ကျခဲ့သည်။ မိမိလုပ်လိုရာ မလုပ်နိုင်သဖြင့် စိတ်ညစ်ခိုက်တွင် ထိုရုပ်ပုံတော်ကို ပြန်၍ သတိရလာသည်။ ထို့ကြောင့် သီရိလင်္ကာရှိ မိတ်ဆွေတစ်ဦးထံသို့ အကူအညီ တောင်းခဲ့ရာ ယင်းမိတ်ဆွေက ယင်းဗုဒ္ဓပုံတော်ကို ဓာတ်ပုံရိုက်၍ပို့လိုက်ရသည်။ ထိုပုံတော်ကို စားပွဲ ပေါ်တင်၍ ဖူးမြော်နေရခြင်းဖြင့် ညစ်ညူးနေသော စိတ်တို့သည် ကြည်နူးလာခဲ့ရသည်ဟု ၄င်း၏ အတ္ထုပ္ပတ္တိတွင် ဖော်ပြထားပေသည်။ ဝန်ကြီးချုပ်ဟောင်း ပန်ဒစ်ဂျဝါဟလာနေရူး ဆိုသည်မှာ Discovery of India, Glipsas of World History ကဲ့သို့သော ကမ္ဘာကျော်စာအုပ်များကို ရေးသားခဲ့သည့် ပညာရှင် ပဏ္ဍိတ်ကြီးလည်း ဖြစ်ပေသည်။ မျက်မှောက်ခေတ်တွင် အယူဝါဒနှင့် စပ်လျဉ်းပြိး တွေဝေနေကြသော လူငယ်များအဖို့ နည်းယူသတိ ပြုကြရန်ဖြစ်ပေသည်။

ဝန်ကြီးချုပ်ဟောင်း ဦးနုသည် ဝန်ကြီးချုပ် ဖြစ်စဉ်က အိန္ဒိယသို့ အကြိမ်ကြိမ်သွားခဲ့သည်။ မဏ္ဍစ်ဂျဝါဟလာနေရူးနှင့် အလွန်ရင်းနှီးသဖြင့် ၄င်း၏ အိမ်တွင်ပင် တည်းခိုခဲ့ဖူးသည်။ အိန္ဒိယပြည်တွင် ဝန်ချီဒေသ၌ ဓာတ်တော်များ ဌာပနာပွဲကို ကျင်းပရာ ဝန်ကြီးချုပ်ဟောင်းဦးနုနှင့် ပဏ္ဍစ်ကြီး ဂျဝါဟလာနေရူးတို့သည် အတူတက်ရောက်ခဲ့ကြသည်။ ပူဇော်ပွဲမှအပြန်တွင် ဝန်ကြီးချုပ်ဟောင်း ဦးနုက ပဏ္ဍစ်ကြီး ဂျဝါဟလာနေရူးအား “ဘယ်ဘာသာမှ မရှိဘူးလို့ ကြားဖူးတယ်။ အဲဒါမှန်ရဲ့လား”ဟု ပွင့်ပွင့် လင်းလင်းမေးခဲ့သည်။ နေရူးကလည်း သူဟာ ဗုဒ္ဓဘာသာဘက်ကိုတော့ ကိုင်းညွှတ်နေတယ်။ I am Inclined towards Buddhism ဟု ဖြေ ကြားခဲ့သည်ဟုဆိုသည်။ ယခုခေတ် ဗုဒ္ဓဘာသာဝင် မြန်မာလူငယ်၊ လူရွယ်များအနေဖြင့် ရွာဘုရားကို ရွာသားများ ရိုသေကြရန် သတိချပ်ဖွယ်ပင်ဖြစ်တော့သည်။

ဤနေရာတွင် အချို့သော ဗုဒ္ဓဘာသာဝင်များအနေဖြင့် မေးခွန်းတစ်ခုကို မေးလေ့ရှိကြသည်။ “ဘုရားဆင်းတုတော်တွေကို အနေကဇာတင်မှ အသက်ဝင်တယ်။ အနေကဇာမတင်ရင် အသက်မဝင်ဘူး။ အနေကဇာတင်မှ ဘုရားဖြစ်တာ အနေကဇာ မတင်ဘဲ မကိုးကွယ်ကောင်းဘူး။ ကိုးကွယ်ရင် ကုသိုလ်မရဘူး ဟုတ်သလား”ဟူသော မေးခွန်း ဖြစ်သည်။

အနေကဇာတင်ခြင်းဟူသည်မှာ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တွေ ကျေးဇူးတော်တွေကို အောက်မေ့ဖွယ် ရွတ်ဖတ်ပူဇော်ခြင်းပင် ဖြစ်သည်။ အနေကဇာတင်ခြင်းဖြင့် “အနေကဇာတိသံသာရံ”စသည့် ဗုဒ္ဓ ရွတ်ဆိုခဲ့သည့် ဂါထာတော်ကို ကြားနာခွင့်ရနိုင်ပေမည်။ ဗုဒ္ဓဆင်ခြင်သုံးသပ်ခဲ့သည့် ပဋိစ္စသမုပ္ပာဒ်ကို နာခွင့် ရပေမည်။ ရဟန်းသံဃာတော်များကို ကုသိုလ်ပြုခွင့် လှူဒါန်းခွင့်ရပေမည်။

အမှန်စင်စစ် အနေကဇာတင်ခြင်းဖြင့် ရုပ်တုတော်များသည် အသက်ဝင်လာသည် မဟုတ်ပေ။ အနှစ်သာရအားဖြင့် ရုပ်တုတော်ကို ကိုးကွယ်ခြင်း ထက် ဗုဒ္ဓ၏ ဂုဏ်တော်ကို ကိုးကွယ်နေခြင်း ဖြစ်ပေသည်။

အာရုံပြု ပူဇော်နေခြင်းဖြစ်ပေသည်။ ပရိ နိဗ္ဗာန်စံပြီးဖြစ်သည့် မြတ်စွာဘုရား၏ ကျေးဇူးတော် အနန္တ၊ ဂုဏ်တော်အနန္တတို့ကို ပူဇော်နေခြင်း ဖြစ်ပေသည်။

မိမိ၏စိတ်က ဗုဒ္ဓ၏ ဂုဏ်တော်တို့ကို ရည်မှန်းနေဖို့က အဓိကဖြစ်ပေသည်။ ဗုဒ္ဓ၏ ကျေးဇူးတော် အနန္တ၊ ဂုဏ်တော်အနန္တတို့ကို ထက်သန်သော သဒ္ဓါတရားနှင့် ကိုးကွယ်နိုင်ကြရန်အတွက် တိုက်တွန်းရေးသားအပ်ပေသည်။

မောင်ဉာဏ်စိန်

ရည်ညွှန်းစာအုပ်များ –
၁။ အနာဂတ်သာသနာရေး
(အရှင်ဇနကာ ဘိဝံသ)
၂။ ဘုရားအနေကဇာမတင်ဘဲ
ကိုးကွယ်လို့ မရ၊ မရ
(အရှင်နန္ဒောအာသ၊ ဓမ္မရောင်စဉ်)
၃။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်
(သာသနာတော်
ထွန်းကားပြန့်ပွားရေးဦးစီးဌာန)
၄။ တာတေစနေသား
(ဝန်ကြီးချုပ်ဟောင်းဦးနု)

[Zawgyi]
ဗုဒၶဘာသာႏွင့္ ႐ုပ္ပြားဆင္းတုကိုးကြယ္မႈ *ေမာင္ဉာဏ္စိန္*

ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္၏ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ၂၀ဝ၈ ၏ ပုဒ္မ ၃၆၁ တြင္ ေအာက္ပါအတိုင္း ျပ႒ာန္းထားသည္။
“နိုင္ငံေတာ္သည္ ဗုဒၶဘာသာ သာသနာ ေတာ္ကို နိုင္ငံေတာ္၏ နိုင္ငံသားအမ်ားဆုံး ကိုးကြယ္ ဆုံးျဖစ္ေသာ ဂုဏ္ထူးဝိေသသႏွင့္ ျပည့္စုံသည့္ ဘာသာသာသနာျဖစ္သည္ဟု နိုင္ငံေတာ္က အသိ အမွတ္ျပဳသည္”

ပုဒ္မ ၃၆၂ တြင္လည္း ေအာက္ပါအတိုင္း ဆက္၍ ျပ႒ာန္းထားသည္။
“နိုင္ငံေတာ္သည္ ခရိယာန္ဘာသာ သာ သနာ၊ အစၥလာမ္ဘာသာ သာသနာ၊ ဟိႏၵဴဘာသာ သာသနာႏွင့္ နတ္ကိုးကြယ္ေသာ ဘာသာတို႔ကို ဤ ဖြဲ႕စည္းပုံအေျခခံဥပေဒ အာဏာတည္ေသာေန႕၌ နိုင္ငံေတာ္တြင္ ရွိေနၾကေသာ ကိုးကြယ္ရာ ဘာသာ မ်ားဟူ၍ အသိအမွတ္ျပဳသည္”
အထက္ေဖာ္ျပပါ ပုဒ္မ ၃၆၁ ႏွင့္ ၃၆၂ တို႔ တြင္ ျပ႒ာန္းခ်က္မ်ားအရ ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံေတာ္တြင္ ဘာသာေပါင္းစုံ ကိုးကြယ္ခြင့္ ရွိၾကေၾကာင္း ထင္သာျမင္သာရွိလွေပသည္။ ယင္း ဘာသာမ်ားတြင္ အပါအဝင္ျဖစ္သည့္ ဗုဒၶဘာသာဝင္ တို႔၏ ႐ုပ္ပြားဆင္းတုကိုးကြယ္မႈအေၾကာင္းကို ဤ ေဆာင္းပါးတြင္ နိဒါန္းသေဘာမွ် ေဖာ္ျပလိုေပသည္။

ဗုဒၶဘာသာအိမ္တိုင္းတြင္ ဗုဒၶ၏ ႐ုပ္ပြား ဆင္းတုေတာ္မ်ားကို ကိုးကြယ္ပူေဇာ္ၾကပါသည္။ ဘုရားစင္ကို အိမ္ဦးခန္းမွာသာ အျမင့္အျမတ္ထားရပါသည္။ ေလွကားေအာက္ စသည္တြင္လည္းေကာင္း အနိမ့္မွာလည္းေကာင္း၊ ေျမညီမွာလည္းေကာင္း မထားရေပ။ အျမင့္အျမတ္ေနရာတြင္ မထားနိုင္လွ်င္ မထားသည္က ေကာင္းေပေသးသည္။ ယုတ္နိမ့္ ေသာေနရာ၌ ဘုရား႐ုပ္တုကိုထားလွ်င္ ေန႕စဥ္ ငရဲ ႀကီးေနေပမည္။ ေဘးဥပဒ္က်ေရာက္တတ္ေပသည္။ ဗုဒၶ၏ ႐ုပ္ပြားဆင္းတုမ်ားကို ထားရွိၿပီး ပူေဇာ္နည္း၊ ရွိခိုးနည္းမ်ားကိုလည္း သိရွိထားရန္လိုအပ္ေပသည္။

အိမ္တစ္အိမ္တြင္ ျမတ္ဗုဒၶ၏ ႐ုပ္တုကို ပင့္ယူ ပူေဇာ္ၿပီးသည္ႏွင့္ ေရွးဦးစြာ ႐ုပ္တုေတာ္ကို အေနကဇာတင္ရမည္ျဖစ္ေပသည္။ အေနကဇာတင္ျခင္း ဟူသည္မွာ “အေနကဇာတိသံသာရံ၊ သႏၶာဝိႆံ၊ အနိဗၺိသံ” အစခ်ီေသာ ဂါထာေတာ္ကို ႐ြတ္ဆိုျခင္း ပင္ျဖစ္သည္။ ယင္းဂါထာေတာ္မွာ ျမတ္စြာဘုရား သည္ ဘုရားျဖစ္ျဖစ္ခ်င္း၊ က်ဴးရင့္ေတာ္မူသည့္ စကားေတာ္ပင္ျဖစ္သည္။ အေနကဇာတင္ၿပီးသည္ ႏွင့္ အသက္ရွိေသာ ျမတ္စြာဘုရားကဲ့သို႔ သေဘာ ထားကာ ပူေဇာ္ကန္ေတာ့ၾကရေပမည္။ ဂုဏ္ေတာ္ ကို ေလးစားသည့္စိတ္ႏွင့္ ဆြမ္း၊ ပန္း၊ ေရခ်မ္း၊ ဆီမီးတို႔ကို ကပ္လႉပူေဇာ္ၾကရေပမည္။
ဗုဒၶ၏ ႐ုပ္ပြားေတာ္ကို ယုံၾကည္ကိုးကြယ္မႈ ႏွင့္ စပ္လ်ဥ္းၿပီး ထင္ရွားေသာ အာရွေခါင္းေဆာင္ ႀကီး ႏွစ္ေယာက္အေၾကာင္းကို ဤေနရာ၌ စံနမူနာ ယူနိုင္ၾကရန္အတြက္ ေဖာ္ျပအပ္ေပသည္။

တစ္ဦးမွာ ျပည္ေထာင္စု ျမန္မာနိုင္ငံေတာ္၏ ဝန္ႀကီးခ်ဳပ္ေဟာင္းဦးႏုျဖစ္သည္။ ဝန္ႀကီးခ်ဳပ္ ေဟာင္းဦးႏု၏ ဗုဒၶဘာသာအေပၚ ယုံၾကည္မႈႏွင့္ စပ္လ်ဥ္းၿပီးမည္သူမွ် အျငင္းမပြားၾကေပ။ ဗုဒၶဘာသာ အေပၚ ယုံၾကည္ကိုးကြယ္မႈသည္။ ၄င္း၏ ထင္ရွား ေသာ ပုံရိပ္ပင္ျဖစ္သည္။ နိုင္ငံျခားသို႔ လႏွင့္ခ်ီ၍ ခရီးသြားေသာ္လည္း ဝတ္ျပဳကိုးကြယ္ျခင္းကို မပ်က္ကြက္ခဲ့ေပ။ ထို႔ေၾကာင့္ သက္ဆိုင္ရာ အိမ္ရွင္တိုင္းျပည္မ်ားက ၄င္းတည္းခိုမည့္ အေဆာက္အအုံ အိပ္ခန္း စသည္၌ ဝတ္ျပဳကိုးကြယ္ရန္ ယာယီဘုရား ေက်ာင္းေဆာင္၊ ယာယီဘုရားစင္တို႔ကိုပင္ စီစဥ္ေပးခဲ့ရသည္ဟု ၾကားဖူး၊ ဖတ္ဖူးသည္။

အျခားအာရွေခါင္းေဆာင္တစ္ဦးမွာ အိႏၵိယနိုင္ငံ၏ ထင္ရွားေသာ ေခါင္းေဆာင္ႀကီး ပန္ဒစ္ဂ်ဝါ ဟလာေန႐ူးျဖစ္သည္။ ၄င္းသည္ ငယ္႐ြယ္စဥ္က က်န္းမာေရးအတြက္ အနားယူရင္း သူ၏ဇနီးႏွင့္ အတူ သီရိလကၤာနိုင္ငံသို႔သြားေရာက္ခဲ့သည္။ ေရွးေဟာင္း အေဆာက္အအုံမ်ားကို လွည့္လည္ၾကည့္ရႈရင္း တစ္ေနရာ၌ ဗုဒၶ႐ုပ္ပြားေတာ္ကို အထူးစိတ္ဝင္စားစြာ ၾကည့္ရႈေနမိသည္။ မိမိတည္းခိုသည့္ အေဆာင္သို႔ ျပန္ေရာက္ေသာ္လည္း ထိုဗုဒၶပုံေတာ္ကို မ်က္စိထဲမွ မေပ်ာက္နိုင္ေအာင္ စြဲေနမိခဲ့သည္။ မိမိတိုင္းျပည္သို႔ ျပန္ေရာက္ၿပီး နိုင္ငံေရးလုပ္ရင္း ေထာင္က်ခဲ့သည္။ မိမိလုပ္လိုရာ မလုပ္နိုင္သျဖင့္ စိတ္ညစ္ခိုက္တြင္ ထို႐ုပ္ပုံေတာ္ကို ျပန္၍ သတိရလာသည္။ ထို႔ေၾကာင့္ သီရိလကၤာရွိ မိတ္ေဆြတစ္ဦးထံသို႔ အကူအညီ ေတာင္းခဲ့ရာ ယင္းမိတ္ေဆြက ယင္းဗုဒၶပုံေတာ္ကို ဓာတ္ပုံရိုက္၍ပို႔လိုက္ရသည္။ ထိုပုံေတာ္ကို စားပြဲ ေပၚတင္၍ ဖူးေျမာ္ေနရျခင္းျဖင့္ ညစ္ၫူးေနေသာ စိတ္တို႔သည္ ၾကည္ႏူးလာခဲ့ရသည္ဟု ၄င္း၏ အတၳဳပၸတၱိတြင္ ေဖာ္ျပထားေပသည္။ ဝန္ႀကီးခ်ဳပ္ေဟာင္း ပန္ဒစ္ဂ်ဝါဟလာေန႐ူး ဆိုသည္မွာ Discovery of India, Glipsas of World History ကဲ့သို႔ေသာ ကမာၻေက်ာ္စာအုပ္မ်ားကို ေရးသားခဲ့သည့္ ပညာရွင္ ပ႑ိတ္ႀကီးလည္း ျဖစ္ေပသည္။ မ်က္ေမွာက္ေခတ္တြင္ အယူဝါဒႏွင့္ စပ္လ်ဥ္းၿပိး ေတြေဝေနၾကေသာ လူငယ္မ်ားအဖို႔ နည္းယူသတိ ျပဳၾကရန္ျဖစ္ေပသည္။

ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးႏုသည္ ဝန္ႀကီးခ်ဳပ္ ျဖစ္စဥ္က အိႏၵိယသို႔ အႀကိမ္ႀကိမ္သြားခဲ့သည္။ မ႑စ္ဂ်ဝါဟလာေန႐ူးႏွင့္ အလြန္ရင္းႏွီးသျဖင့္ ၄င္း၏ အိမ္တြင္ပင္ တည္းခိုခဲ့ဖူးသည္။ အိႏၵိယျပည္တြင္ ဝန္ခ်ီေဒသ၌ ဓာတ္ေတာ္မ်ား ဌာပနာပြဲကို က်င္းပရာ ဝန္ႀကီးခ်ဳပ္ေဟာင္းဦးႏုႏွင့္ ပ႑စ္ႀကီး ဂ်ဝါဟလာေန႐ူးတို႔သည္ အတူတက္ေရာက္ခဲ့ၾကသည္။ ပူေဇာ္ပြဲမွအျပန္တြင္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးႏုက ပ႑စ္ႀကီး ဂ်ဝါဟလာေန႐ူးအား “ဘယ္ဘာသာမွ မရွိဘူးလို႔ ၾကားဖူးတယ္။ အဲဒါမွန္ရဲ႕လား”ဟု ပြင့္ပြင့္ လင္းလင္းေမးခဲ့သည္။ ေန႐ူးကလည္း သူဟာ ဗုဒၶဘာသာဘက္ကိုေတာ့ ကိုင္းၫႊတ္ေနတယ္။ I am Inclined towards Buddhism ဟု ေျဖ ၾကားခဲ့သည္ဟုဆိုသည္။ ယခုေခတ္ ဗုဒၶဘာသာဝင္ ျမန္မာလူငယ္၊ လူ႐ြယ္မ်ားအေနျဖင့္ ႐ြာဘုရားကို ႐ြာသားမ်ား ရိုေသၾကရန္ သတိခ်ပ္ဖြယ္ပင္ျဖစ္ေတာ့သည္။

ဤေနရာတြင္ အခ်ိဳ႕ေသာ ဗုဒၶဘာသာဝင္မ်ားအေနျဖင့္ ေမးခြန္းတစ္ခုကို ေမးေလ့ရွိၾကသည္။ “ဘုရားဆင္းတုေတာ္ေတြကို အေနကဇာတင္မွ အသက္ဝင္တယ္။ အေနကဇာမတင္ရင္ အသက္မဝင္ဘူး။ အေနကဇာတင္မွ ဘုရားျဖစ္တာ အေနကဇာ မတင္ဘဲ မကိုးကြယ္ေကာင္းဘူး။ ကိုးကြယ္ရင္ ကုသိုလ္မရဘူး ဟုတ္သလား”ဟူေသာ ေမးခြန္း ျဖစ္သည္။ \

အေနကဇာတင္ျခင္းဟူသည္မွာ ျမတ္ဗုဒၶ၏ ဂုဏ္ေတာ္ေတြ ေက်းဇူးေတာ္ေတြကို ေအာက္ေမ့ဖြယ္ ႐ြတ္ဖတ္ပူေဇာ္ျခင္းပင္ ျဖစ္သည္။ အေနကဇာတင္ျခင္းျဖင့္ “အေနကဇာတိသံသာရံ”စသည့္ ဗုဒၶ ႐ြတ္ဆိုခဲ့သည့္ ဂါထာေတာ္ကို ၾကားနာခြင့္ရနိုင္ေပမည္။ ဗုဒၶဆင္ျခင္သုံးသပ္ခဲ့သည့္ ပဋိစၥသမုပၸာဒ္ကို နာခြင့္ ရေပမည္။ ရဟန္းသံဃာေတာ္မ်ားကို ကုသိုလ္ျပဳခြင့္ လႉဒါန္းခြင့္ရေပမည္။

အမွန္စင္စစ္ အေနကဇာတင္ျခင္းျဖင့္ ႐ုပ္တုေတာ္မ်ားသည္ အသက္ဝင္လာသည္ မဟုတ္ေပ။ အႏွစ္သာရအားျဖင့္ ႐ုပ္တုေတာ္ကို ကိုးကြယ္ျခင္း ထက္ ဗုဒၶ၏ ဂုဏ္ေတာ္ကို ကိုးကြယ္ေနျခင္း ျဖစ္ေပသည္။

အာ႐ုံျပဳ ပူေဇာ္ေနျခင္းျဖစ္ေပသည္။ ပရိ နိဗၺာန္စံၿပီးျဖစ္သည့္ ျမတ္စြာဘုရား၏ ေက်းဇူးေတာ္ အနႏၲ၊ ဂုဏ္ေတာ္အနႏၲတို႔ကို ပူေဇာ္ေနျခင္း ျဖစ္ေပသည္။

မိမိ၏စိတ္က ဗုဒၶ၏ ဂုဏ္ေတာ္တို႔ကို ရည္မွန္းေနဖို႔က အဓိကျဖစ္ေပသည္။ ဗုဒၶ၏ ေက်းဇူးေတာ္ အနႏၲ၊ ဂုဏ္ေတာ္အနႏၲတို႔ကို ထက္သန္ေသာ သဒၶါတရားႏွင့္ ကိုးကြယ္နိုင္ၾကရန္အတြက္ တိုက္တြန္းေရးသားအပ္ေပသည္။

ေမာင္ဉာဏ္စိန္

ရည္ၫႊန္းစာအုပ္မ်ား –
၁။ အနာဂတ္သာသနာေရး
(အရွင္ဇနကာ ဘိဝံသ)
၂။ ဘုရားအေနကဇာမတင္ဘဲ
ကိုးကြယ္လို႔ မရ၊ မရ
(အရွင္နေႏၵာအာသ၊ ဓမၼေရာင္စဥ္)
၃။ ဗုဒၶဘာသာေကာင္းတစ္ေယာက္
(သာသနာေတာ္
ထြန္းကားျပန႔္ပြားေရးဦးစီးဌာန)
၄။ တာေတစေနသား
(ဝန္ႀကီးခ်ဳပ္ေဟာင္းဦးႏု)