စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကို ပယ် နှစ်ခွန်းတည်ဟူသော ဆိုရိုးစကားရှိလေသည်။ မင်္ဂလာတရား ၃၈ ပါးတွင် ပါရှိသည့် သုဘာသိတဝါ စာမင်္ဂလာကို အခြေခံ၍ ပေါ်ပေါက်လာသောစကား ဖြစ်ပေသည်။
စကားခြောက်ခွန်းကို အောက်ပါအတိုင်း ရှေး ဦးစွာ မှတ်ထားသင့်ပေသည်။
၁။ မဟုတ်မမှန် အကျိုးစီးပွားနှင့် မစပ်၊ သူတစ်ပါး မနှစ်သက်သောစကား၊
၂။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်မစပ်၊ သူ တစ်ပါး မနှစ်သက်ကြသောစကား
၃။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်စပ်၏။ သူ တစ်ပါး မနှစ်သက်သောစကား
၎။ မဟုတ်မမှန်၏။ အကျိုးစီးပွားနှင့်မစပ်။ သူတစ်ပါး နှစ်သက်သောစကား
၅။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်မစပ်။ သူ တစ်ပါး နှစ်သက်သောစကား
၆။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်စပ်၏။ သူ တစ်ပါး နှစ်သက်သောစကား
ယင်းစကား ခြောက်မျိုးအနက် အမှတ် ၃ နှင့် အမှတ် ၆ စကားနှစ်မျိုးကိုသာ ဘုရားအစရှိသော သူတော်ကောင်းတို့ ပြောဆိုလေ့ရှိကြသည်။ ထို့ ကြောင့် ပုထုဇဉ်လူသားတို့အနေဖြင့် ဘုရားရဟန္တာတို့ ထုံး၊ သူတော်ကောင်းတို့ထုံးကို နှလုံးမူပြီး အမှတ်စဉ် ၃ နှင့် ၆ ပါ စကားမျိုးတို့ကိုသာ ပြောသင့်ကြပေ သည်။ ဆိုလိုသည်မှာ သူတစ်ပါးနှစ်သက်သည်ဖြစ် စေ၊ မနှစ်သက်သည်ဖြစ်စေ ဟုတ်မှန်သောစကား၊ အကျိုးရှိသော စကားနှစ်မျိုးတို့ကိုသာ လိုက်နာ၍ ပြောဆိုသင့်ကြပေသည်။
သဂါထာဝဂ္ဂသံယုတ်၌ သုဘာသိတဝါစာ (ကောင်းသောစကား)တို့သည်မှာ မိမိ၊ သူတစ်ပါး အကျိုးစီးပွားကို ဆောင်သောစကား၊ တရားစကား ချစ်နှစ်သက်ဖွယ်စကား၊ မှန်သောစကားကို ဆိုလို ခြင်းဖြစ်ကြောင်း ဟောကြားထားပေသည်။
အင်္ဂုတ္ထိုရ်ပါဠိတော်၊ ပဉ္စကနိပါတ်၊ ဝါစာသုတ် ၌လည်း ပြောသင့်သောအချိန်၌ ပြောသောစကား၊ မှန်သောစကား၊ နူးညံ့သိမ်မွေ့သောစကား၊ အကျိုး စီးပွားနှင့်စပ်သောစကား၊ မေတ္တာစိတ်ဖြင့်ပြောသော စကားတို့သည် သုဘာသိတဝါစာ(ကောင်းသော စကား)ဖြစ်ကြောင်း ဟောကြားထားပေသည်။
တစ်နည်းအားဖြင့် မှတ်ထားနိုင်ပေသေး သည်။ သုဘာသိတဝါစာ(ကောင်းသောစကား)ဆို သည်မှာ မုသာဝါဒ၊ ပိထုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖ ပ္ပလာပဝါစာတည်းဟူသော ဝစီဒုစရိုက် လေးပါးမှ ကင်းလွတ်သော စကားတို့ကို ဆိုလိုခြင်းဖြစ်ကြပေ သည်။
ဝစီဒုစရိုက်လေးပါးကို ပါဠိဘာသာနှင့် ကင်း ဝေးသူတို့အဖို့ သိရှိရန် အခက်အခဲရှိနိုင်ပေသည်။ မုသာဝါဒဟူသည်မှာ မဟုတ်မမှန်သော စကားအား ပြောဆိုခြင်းကို ဆိုလိုပေသည်။ ပိထုဏဝါစာ ဆို သည်မှာ ချောပစ်ကုန်းတိုက်သော စကားကိုဆိုလို ခြင်းဖြစ်ပေသည်။ ဖရုသဝါစာဆိုသည်မှာ ရုန့်ရင်း ကြမ်းတမ်းသောစကားကို ဆိုလိုခြင်းဖြစ်ပေသည်။
အထက်ဖော်ပြပါ ဝစီဒုစရိုက်လေးမျိုးလုံးမှာ မိမိတို့၏ လူ့အဖွဲ့အစည်းမိမိတို့၏ မြို့ရွာ၊ မိမိတို့၏ ရပ်ကွက်၊ မိမိတို့၏ အိမ်နီးနားချင်း ပတ်ဝန်းကျင်၌ မကြာခဏ နေ့စဉ်နေ့တိုင်းနှင့်အမျှ ကြားနိုင်သိနိုင် သော စကားမျိုးဖြစ်ပေသည်။ မိမိတို့ကိုယ်တိုင်လည်း အတုခိုးမမှားရန် လိုအပ်သကဲ့သို့ မိမိတို့၏ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ မြေးမြစ်တို့သည် အတုခိုးမမှား ရန် လိုအပ်လှပေသည်။
မြန်မာ့သမိုင်း ပုဂံခေတ်တွင် ထီးလိုမင်းလို မင်းဟူသော အမည်ဖြင့် မင်းတစ်ပါးရှိခဲ့သည်။ မိခင် ကိုယ်တိုင်ကလည်းကောင်း မင်းဖြစ်လိုသော ဆန္ဒ ရှိကြသည်။ မင်းသားကလေးအပါအဝင် ညီနောင် ငါးပါးအလယ်တွင် ထီးဖြူကိုထောင်ထားပြီး “မင်း ဖြစ်ထိုက်သူဘက်သို့ ကိုင်းညွှတ်စေသား” ဟူ၍ ပြုကြရာ ထီးတော်သည် မင်းသားကလေးဘက် သို့ ကိုင်းညွှတ်သွားလေသည်။ နောင်တော်များ ကလည်း ထိုသို့ကိုင်းညွှတ်သွားသည်ကို ကျေနပ် ကြသည်။ နောင်တွင် ゞင်းမင်းသားကလေး မင်း ဖြစ်ထိုက်သူအဖြစ် အသိအမှတ်ပြုပြီး ထီးလိုမင်း လိုမင်းဟူ၍ အမည်တွင်ခဲ့သည်။ နောင်တော်မင်း သားများက ゞင်းအား ချစ်ခင်ကြခြင်း၊ လိုလား ခြင်းတွင် ထီးလိုမင်းလိုမင်းသည် မိမိထက်အကြီး ဖြစ်သော နောင်တော်မင်းသားကြီး လေး ဦးကို ချိုသာယဉ်ကျေးသော စကားဖြင့် ချဉ်းကပ်ဆည်းကပ်ခြင်းသည် အဓိကဖြစ်ပေသည်။
ငါးရာ့ငါးဆယ်ဇာတ်တွင်လည်း သံဝရမင်း သားငယ်သည် နောင်တော် ၉၉ ယောက်တို့ကို ချိုသာ ယဉ်ကျေးစွာဆက်ဆံပြီး ရိုသေလေးစားစွာ နေထိုင် တတ်သဖြင့် နောင်တော်ကြီးများက သံဝရမင်းသား အား ထီးနန်းလွှဲအပ်ရန် သဘောတူညီခဲ့ကြကြောင်း တွေ့ရှိရပေသည်။
ထို့ကြောင့် စကားခြောက်ခွန်းတွင် ဟုတ်မှန် ၍ အကျိုးရှိသော စကားကိုပြောဆိုကြပြီး သုဘာ သိတဝါစာ မင်္ဂလာတရားတော်နှင့်အညီ ပြောဆိုနေ ထိုင်ကြရန် တိုက်တွန်းရေးသားအပ်ပေသည်။
မောင်ဥာဏ်စိန်
ရည်ညွှန်းစာအုပ်များ
၁။ ပြည်ထောင်စုနီတိ(ဝန်ကြီးချုပ်ဟောင်း ဦးနု)
၂။ မင်္ဂလာနိဒါန်း(မောင်အံ့၊ မဟာဝိဇ္ဇာ၊ ဘုံ ဘေ)
