အသက်တစ်ရာ မနေရ၊ အမှုတစ်ရာပွေရဆိုသလို မာယာများတဲ့ လောကဓံတရားဟာ ရှုပ်ထွေးလှပါတယ်။
အရှုပ်အထွေးတွေ များသလို အခန့်မသင့်ရင် အချုပ်ကလေးတွေထဲလည်း ရောက်တတ်ပါတယ်။
ကိုယ့်မှာကျူးလွန်ထားတဲ့ အပြစ်ကြီးကြီးမားမားမရှိဘူး။ ကိုယ့်ဘက်ကလည်း မှန်နေပါတယ်ဆိုရင် ဒီလိုလုပ်လိုက်ပါ။
၁။ စာရွက်တစ်ရွက်မှာ ကာယကံရှင် (အချုပ်ထဲရောက်နေသူ)ရဲ့ အမည်၊ အသက်၊ မွေးနေ့နဲ့ အချုပ်၊ အမှုမှ အမြန်လွတ်ပါစေဆိုတဲ့ ဆုတောင်းစာကို ရေးပါ။ အပြင်ကသူက လုပ်ပေးလို့လည်းရပါတယ်။
၂။ လှောင်အိမ်ထဲက ငှက်တစ်ကောင်ကိုဝယ်ပါ။ အဲဒီစာရွက်ကို အပ်ချည်ကြိုးနဲ့ ဖောက်ပြီး ငှက်ခြေ ထောက်မှာ ချည်ပါ။ (ပျံသွားရင် ပြေကျနိုင်စေရန် ခပ်ဖွဖွလေးချည်ပေးဖို့လည်း လိုပါတယ်)
၃။ ဘုရားတစ်ခုတွင် မွေးနံထောင့်ကိုသွားပြီး ဆုတောင်းမေတ္တာပို့ကာ လွှတ်ပေးလိုက်ပါ။
၄။ ပြီးရင် အောက်ပါ နမောတေ ဂါထာကို အမှုမပြီးမချင်း ရွတ်ဖတ်ဆုတောင်းပေးဖို့လည်းလို ပါတယ်။
နမောတေ ဂါထာတော်ကြီး
နမောတေ ဗုဒ္ဓဝီရတ္ထု၊ ဝိပ္ပမုတ္ထော သိ သဗ္ဗဓိ၊
သမ္ဗာဓ ပဋိပန္ဓောသ္မိ၊ တဿ မေသရဏံ ဘဝ။ ။
မြတ်ဟိန်းခိုင်(ဓနုဖြူ)
