တရားအားထုတ်နေဆဲ ဓမ္မမိတ်ဆွေများ သာမက၊ တရားအားမထုတ်ဖြစ်သေးသော ဗုဒ္ဓဘာသာဝင် များပါ သိသင့်သော မေးခွန်းလေး ဖြစ်သည့်အတွက် ဓမ္မာနန္ဒဝိဟာရကျောင်း တရားစခန်းတစ်ခု မှ ယောကီ(ဒေါ်ခိုင်ခိုင်)က သူသိချင်သော မေးခွန်းကို တရားပြသူအား မေးမြန်းခြင်းဖြင့် –
(ခိဓမ္မာနန္ဒဝိဟာရကျောင်းဘိညာ
(မေးခွန်း)
“ဆရာတော်ဘုရား… သေခါနီး ဝေဒနာတွေ အပြင်းအထန် ခံစားရတဲ့အခါ ဝေဒနာကို “တိုက်ရိုက်ရှုရမလား” / “ခွာပြီးရှု ရမလားဘုရား ” ။
တပည့်တော်ဆိုလိုတဲ့ ဝေဒနာ ကို ခွာပြီးရှုတယ်ဆိုတာ ဝေဒနာပေါ်မှာ တိုက်ရိုက်မရှု့ဘဲ ဝင်လေ ထွက်လေမှာဖြစ်ဖြစ်၊ အရင်က ပြုခဲ့ဖူးတဲ့ ဒါန, သီလ အစရှိတဲ့ ကုသိုလ်ကောင်းမှု အာရုံတစ်ခုခုမှာဖြစ်ဖြစ် အာရုံကို ထားထားတာ ကို ဆိုလိုတာပါ။
တပည့်တော် ဆိုလိုတဲ့ ဝေဒနာ ကို တိုက်ရိုက်ရှုတယ် ဆိုတာ တပည့်တော်တို့ အခု တရားစခန်းမှာ ရှုနေရသလို ဝေဒနာရဲ့သဘောတွေ၊ ဖြစ်ပျက်နေတာတွေကို တိုက်ရိုက်ရှုတာကို ဆိုလိုတာပါဘုရား။
(အဖြေ)
“ဝိပဿ နာ ဖြစ်စေမည့်တစ်ခုခုကို ထားနိုင်မယ်ဆိုရင်တော့ ကောင်းပါတယ်။
ဝေဒနာကို ခွာပြီး တခြား ကုသိုလ်အာရုံတွေမှာ စိတ်ကိုထားတာကတော့ နည်းနည်းသက်သာတာပေါ့လေ။
ဒါပေမယ့် ဝေဒနာ ကို ခွာထားရုံနဲ့ မရသေးဘူး၊ကိုယ့်ဘေးမှာ ငိုနေ၊ ပူလောင်နေကြမယ့် သူတွေရဲ့အာရုံတွေ၊ တခြားအာရုံတွေကလဲ ရှိသေးတယ်။ ပြီးတော့ ဒါနအာရုံနဲ့သေရင်
နတ်ပြည် ရောက်နိုင်တယ်။ သီလ နဲ့သေလဲ အတူတူပဲ။ ဒီ့ထက် မပိုဘူး။
ဝေဒနာတွေရဲ့ ဖြစ်မှုပျက်မှု၊သဘောတွေကို တိုက်ရိုက်ရှုနေမယ်ဆိုရင်တော
ကပ်ပြီး တစ်မဂ်, တစ်ဖိုလ် လည်း ဆိုက်သွားနိုင်တယ်။
အဲဒီလိုမှ… တစ်မဂ်, တစ်ဖိုလ်လည်း မဆိုက်ဘူး, ဈာန်လဲ မရဘူးဆိုရင် – “လူ့ပြည်, နတ်ပြည်” ရောက်နိုင်တယ်။
ခုနက ကုသိုလ်အာရုံတစ်ခုခုနဲ့ သေရင်လဲ ” လူ့ ပြည်, နတ်ပြည်”ရောက်နိုင်တာပဲ။
ဒါပေမယ့် ဘာကွာသွားလဲဆိုတော့ “ကုသိုလ်အာရုံလောက်” နဲ့ နတ်ပြည်ရောက်သွားတဲ့ သူက နတ်ပြည်မှာ ပျော်စရာနဲ့တွေ့ရင် ပျော်စရာတွေဘက် ပါသွားပြီး တရားအားမထုတ်
ဖြစ်တော့ဘူး။
“ဝိပဿနာအာရုံ” နဲ့ ရှုမှတ်ပြီး သေခဲ့တဲ့သူက လူ့ဘုံ, နတ်ဘုံတွေရောက်တဲ့အခါမှာလဲ မေ့မေ့လျော့လျော့မဖြစ်ဘဲ “ဝိပဿနာတရား” ကို ဆက်ပြီးပွားများအားထုတ်လိုက
အခါ “တရားထူး, တရားမြတ်” တွေ “မဂ်ဥာဏ်, ဖိုလ်ဥာဏ်” တွေ ရသွားနိုင်တယ်။
အဲဒီလို ကွာခြားမှုရှိတယ်။
ငါတို့တွေ အခု တရားစခန်းမှာ ဝေဒနာတွေ ရှု့နေတာလဲ အသေကျင့်နေတာနဲ့ အတူတူပဲပေါ့။
ဒါပေမယ့် သတိထားရမယ့်အချက်က အရင်က ဝေဒနာတွေ ရှုမှတ်ပွားများပြီး ဝေဒနာတွေကို လွှမ်းမိုးအောင်
ရှုတတ်, မှတ်တတ်ဖူးပေမယ့် ပုံမှန်အမြဲတမ်း ဆက်တိုက်လေ့ကျင့်မှုမရှိဘူး။
ကြားမှာ အားထုတ်ဖြစ်မထားဘူးဆိုရင်တေ
ဒါကြောင့် အမြဲတမ်းလိုလို အလေ့အကျင့်ဖြစ်နေအောင် နေ့စဉ်နဲ့အမျှ ရှုမှတ်ပွားများပေးနေသင့်ပါတ
ဒါဆိုရင်တော့ အသေလေ့ကျင့်ရာလဲရောက်သလို သေပြီးတဲ့ နောက်ဘဝမှာလည်း မမေ့မလျော့နဲ့
ဝိပဿနာတရားတွေ ဆက်လက်ပွားများအားထုတ်ရင်း “မဂ်ဥာဏ်ဖိုလ်ဥာဏ်” တွေ ရရှိသွားနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိသွားမှာပါ။
သေခါနီးဖြစ်တဲ့ စိတ်
သေခါနီးဖြစ်တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။
လားရာသုဂတိကို ချက်ချင်းအကျိုးပေးနိုင်ပါတ
ဒီအကြောင်းတရားကိုမြတ်စွာဘု
နွားကျောင်းသားဟာ နေ၀င်လို့ နွားတွေကို ခြံထဲသွင်းတဲ့အခါမှာ
နွားပျို နွားပေါက်စလေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။
ဒါပေမယ့် မသန်မစွမ်းတော့တဲ့ နွားအိုကြီးတွေကတော့ ဘယ်လောက်ပဲ
ရိုက်နှက်ခြောက်လှန့်သည်ဖြစ
နောက်ဆုံး နွားခြံကို ပိတ်လိုက်တဲ့ အချိန်မှာတော့ နွားအိုကြီးတွေကခြံပေါက်ဝမှ
အိပ်ကြရတယ် ။
ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲက ပြန်ထုတ်တဲ့အခါမှာတော့ ခြံဝမှာ
အိပ်နေတဲ့ နွားအိုကြီးတွေကပဲအရင်ထွက်ခ
နွားပျိုနွားငယ် တွေကတော့ နောက်ဆုံးမှပဲထွက်ကြရပါတယ် ။
အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာမဲ့နေတဲ့ အချိန်မှာ ဖြစ်တဲ့စိတ်ဟာအရင်ဆုံးအကျို
လို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ် ။
ဝိပဿနာအသိ မရှိတဲ့ လူ့ပတ်ဝန်းကျင်မှာ သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့ကောင်းပါတယ် ။ ကြည့်လေရာ မြင်လေရာက ကိုယ်တစ်ဘ၀လုံး စွဲခဲ့တဲ့အရာတွေချည်းပါပဲ ။
အိမ်တွေ အသုံးအဆောင်တွေ အ၀တ်အစားတွေ သား သမီး လင်မယားတွေ အိမ်မွေးတိရစ္ဆာန်တွေ ။
ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတာတွေအကုန်လုံးက ကိုယ့်ကို အပါယ်ဆွဲချမယ့် အရာတွေချည်းပဲ ။ ဒါကြောင့် တစ်ချို့ နားလည်သဘောပေါက်တဲ့ လူတွေဟာ သူတော်ကောင်းနေရာ မေတ္တာဓါတ်လွှမ်းခြုံတဲ့နေရာ ဆိတ်ငြိမ်တဲ့ နေရာတွေမှာ ကြိုတင်စီစဉ်ပြီး သေဆုံးလေ့ ရှိကြပါတယ်။
သေမယ့်အချိန်ကိုကြိုမသိနိုင
အကုသိုလ် အစွဲအလန်းတွေ အားကြီးလွန်းလို့ သေခါနီး ၀ိဥာဉ်မချုပ်နိုင်ပဲဆန့်တငင
သိပ်ကြီးကြီးမားမား မရှိ၊ ၀ိပဿနာဥာဏ်ကလည်းမရှိတော့ သူ့ ကံက သူ့ကို ဘယ်ပို့ရမှန်း မသိပဲ ဟိုစိတ်ရောက်လိုက် ဒီစိတ်ရောက်လိုက်နဲ့ ကြာနေတာတွေ ရှိပါတယ်။
ဒါကိုပဲ ဘေးကလူက ဟိုလူ့စောင့်သလိုလို ဒီလူ့ စောင့်သလိုလို သားကိုပဲ မျှော်သလိုလို သမီးကိုပဲမျှော်သလိုလိုထင်ေ
ဒါကြောင့် ငါသေရင် မငိုကြနဲ့ ဆူဆူညံညံလည်း မလုပ်ကြနဲ့… ငါ့ဘေးနားလည်းမနေကြနဲ့ ငါ့တရားနဲ့ငါ နှလုံးသွင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း သေမယ်လို့အဲ့လို ကြိုတင်ပြီး မိသားစုကို မှာထားရမယ်၊အဖေရယ် အမေရယ် နိမိတ်မရှိသေစကားမပြောပါနဲ့
တစ်ချို့က ကုသိုလ်ကောင်းမှုတွေတော့ လုပ်ခဲ့ပါရဲ့ ဒါပေမယ့် သေခါနီးကျတော့လှူတုန်းကဖြစ်
ရိပ်သာမှာ အားထုတ်ခဲ့ပေမယ့် ၀ိပဿနာစိတ် မဖြစ်ပဲ ရိပ်သာစွဲသေတော့ရိပ်သာစောင့
ဒါကြောင့် အပါယ်လွတ်ရာလမ်း တစ်လမ်းပဲ ရှိပါတယ်။ အဲ့ဒါကတော့ အသက်ရှင် နေထိုင်တုန်းမှာ ၀ိပဿနာကို မြင့်မြတ်စွာကျင့်ကြံအားထုတ
သစ္စာတရားကို နှလုံးသားမှာ ယုံမှားသံသယမရှိအောင် ကျင့်ကြံသွားနိုင်တဲ့ အရိယာပုဂ္ဂိုလ်ကတော့ ပတ်ဝန်းကျင်ဘယ်လိုပဲ ဖြစ်ဖြစ် မတုန်လှုပ်တော့ပါဘူး ။အရိယာတို့ရဲ့ လားရာသုဂတိဟာ မြဲသွားပြီ ဖြစ်တဲ့အတွက် သူသွားရမယ့် လမ်းကိုဖြောင့်ဖြောင့်တန်းတ
ဒါပေမယ့် အဲ့လိုမှ မကျင့်ကြံနိုင်တဲ့ သာမာန် ပုဂ္ဂိုလ်များအတွက်ကတော့ သေခါနီးအချိန်နဲ့ပတ်ဝန်းကျင
Author: lu bo
ဗဟုသုတကျေးရွာ