ဘယ်သူတွေဘာပြောပြော လူဖြစ်လာပြီဆိုလျှင် လူပီသစွာ လူတန်းစေ့ချင်သည်က ဓမ္မတာ၊ ဘဝကို ဟန်ကျပန်ကျဖြတ်သန်းသွားလိုသည်မှာ ကြီးမားလှသည့် ဆန္ဒလိုအင်ပဲဖြစ်၏။ ထိုမှတစ်ဆင့် အောင်မြင်ချင်ကြသည်။ တိုးတက်ချင်ကြသည်။ ကြီးပွားချင်ကြသည်။ သည့်အတွက် ဘဝက ပြဋ္ဌာန်းထားသည့် လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက် လှုပ်ရှားကြတော့သည်။ ထိုအခါတွင် အောင်မြင်သည်လည်း ရှိ၊ ထူးခြားမလာသည်လည်း ရှိ၊ လှော်ရင်းနှင့် နစ်သည်လည်းရှိ၊ ဆန်းကြယ်လှပါဘိ။ လောက၏ ပရိယာယ်။
တချို့က လောဘသက္ကာယကြီးလွန်းကြ၏။ အချို့က အလယ်အလတ်၊ တချို့ကျပြန်တော့ ပြက် သိကာရုံ၊ မည်သို့ဆိုစေ ဘာလုပ်လုပ်၊ ဘာကိုင်ကိုင် မိမိလုပ်ကိုင်သော အလုပ်သည် သမ္မာအာဇီဝကျမည်ဆိုလျှင် လောကအပေါ် အနှောင့်အယှက် ကင်းစင်လျှင် အကြီးအကျယ် မဟုတ်သည့်တိုင် အတန်သင့်မျှလောက်တော့ ပြေလည်စေချင်သည်က အမှန်။
သည့်အတွက် မြန်မာ့လောကီပညာရပ်များကို လက်လှမ်းမှီသရွေ့ လေ့လာဖြစ်ခဲ့သည်။ ထိုမှ မွန်မြတ်သော အလှူဖြင့် ဘဝကံကြမ္မာကို တစ်သက်တာ ဟန်ကျစေသည့် နည်းလမ်းအား ရှာဖွေတွေ့ရှိခဲ့ပေရာ ခုနစ်ရက်သားသမီးတို့၏ ကောင်းကျိုးကို ရည်မျှော်ရှေးရှုလျက် တင်ပြရေးသားလိုက်ရပါ၏။ မှတ်သား၊ လိုက်နာ၊ လုပ်ဆောင်ကြပါကုန်။
(၁) တနင်္ဂနွေသားသမီးများအဖို့
ငှက်ပျောသီးမှည့် ၁၀ လုံးကို အခွံနွှာ၍ ပန်းကန်ပြားထဲသို့ထည့်ပါ။ ငှက်ပျောသီးအားလုံးအပေါ်သို့ သကြားများကိုဖြူးပေးပါ။ တနင်္ဂနွေနံနက် ၉း၄၅ နာရီတိတိတွင် အိမ်ရှိဘုရားအား ဆွမ်းတော်ကပ်လှူပူဇော်ပါ။
(၂) တနင်္လာသားသမီးများအဖို့
ပန်းကန်လုံး ၉ လုံးအတွင်းသို့ ဆီးသီးများကို အပြည့်ထည့်ပါ။ တနင်္လာနံနက် ၉း၄၅ နာရီတိတိတွင် အိမ် ရှိဘုရားအား ဆွမ်းတော်ကပ်လှူပူဇော်ပါ။
(၃) အင်္ဂါသားသမီးများအဖို့
ပန်းကန်ပြားတစ်ချပ်အတွင်းသို့ လက်ဖက် (အသားချည်း)ငါးပုံပုံပါ။ အင်္ဂါနံနက် ၉း၄၅ နာရီတိတိတွင် အိမ်ရှိဘုရားအား ဆွမ်းတော်ကပ်လှူပူဇော်ပါ။
(၄) ဗုဒ္ဓဟူးသားသမီးများအဖို့
ပန်းကန်ပြား ၃ ချပ်အတွင်းသို့ ပဲပြုတ်များ ကိုထည့်ပါ။ ဗုဒ္ဓဟူးနံနက် ၉း၄၅ နာရီတိတိတွင် အိမ် ရှိဘုရားအား ဆွမ်းတော်ကပ်လှူပူဇော်ပါ။
(၅) ကြာသပတေးသားသမီးများအဖို့
သရက်သီးတစ်လုံးကို ခြောက်စိတ်ရအောင် ခွဲပါ။ ထိုသရက်သီးခြောက်စိတ်အား ကြာသပတေး နံနက် ၉း၄၅ နာရီတိတိတွင် အိမ် ရှိဘုရားအား ဆွမ်းတော်ကပ်လှူပူဇော်ပါ။
(၆) သောကြာသားသမီးများအဖို့
ဖန်ခွက်လွတ် ၈ ခွက်အတွင်းသို့ ကျိုချက် ခြင်းမပြုရသေးသည့် နွားနို့စိမ်းများကိုထည့်ပါ။ သောကြာနံနက် ၉း၄၅ နာရီတိတိတွင် အိမ် ရှိဘုရားအား ဆွမ်းတော်ကပ်လှူပူဇော်ပါ။
(၇) စနေသားသမီးများအဖို့
အုန်းသီးကိုခွဲ၍ အသားများကိုခြစ်ပါ။ ခြစ်ပြီးသော အုန်းဆံတို့အား ပန်းကန်ပြား ၈ ချပ်အတွင်း သို့ခွဲထည့်ပါ။ စနေနံနက် ၉း၄၅ နာရီတိတိတွင် အိမ် ရှိဘုရားအား ဆွမ်းတော်ကပ်လှူပူဇော်ပါ။
မင်္ဂလာဦးရွှေအိုး
