ဤလောကတွင် လူအများစုတို့သည် လက္ခဏာပညာရပ်ကို စိတ်ဝင်စားလေ့ရှိကြပါသည်။ လက္ခဏာပညာကို ဝါသနာမပါသူများပင်လျှင် လက္ခဏာအကြောင်းတစ်ခုခုကို ကြားလိုက်ပါက မိမိ၏ လက်ဝါးကိုဖြန့်၍ ကြည့်လေ့ရှိကြပါလိမ့်မည်။ နီးစပ်ရာတစ်ဦးဦး၏ လက်ကိုလည်း ဆွဲယူကြည့်ရှု ပေးတတ်ကြပါလိမ့်မည်။ ကျွန်တော် မှတ်သားထားသော လက္ခဏာဗဟုသုတများတွင် –
ဥာဏ်လမ်းကြောင်းမှ တနင်္ဂနွေဂြိုဟ်ခုံပေါ်သို့တက်နေသော လမ်းကြောင်းအကြောင်း သိစေကြောင်း
ဥာဏ်လမ်းကြောင်းပေါ်မှ လမ်းကြောင်းတစ်ခုသည် တနင်္ဂနွေဂြိုဟ်ခုံပေါ်သို့ တက်သွားပါသော်
မိမိ၏ဘဝတွင် အရည်အချင်းအရည်အသွေးများ၊ ကျွမ်းကျင်တတ်မြောက်မှုများ
လေ့လာအားထုတ် ကြီးပမ်းမှုများကြောင့် ထင်ရှားကျော်ကြားပြီး
ချမ်းသာကြွယ်ဝစေနိုင်မည်ဖြစ်သည်။
မင်းဟန်ငွေ(အယူတော်မင်္ဂလာ)
