ရှေးဆရာတို့၏ တွက်ကိန်းလေးတစ်ခု ရှိပေသည်။ မိမိသည် မည်သည့်အရွယ်၌ ကောင်းစား ချမ်းသာမည်ကို တွက်သောနည်းဖြစ်ပါသည်။
ရှေးကျမ်းများတွင် လူတစ်ဦး၏ဘဝကို အရွယ်သုံးပါး ပိုင်းပါသည်။
မွေးစမှ အသက် ၁၆ နှစ်အထိကို ပထမ အရွယ်၊
အသက် ၁၇ မှ အသက် ၄၅ နှစ်ထိကို ဒုတိယအရွယ်၊
အသက် ၄၆ မှ နောက်ပိုင်းကို တတိယ အရွယ်ဟု ဖြစ်ပါသည်။
အချို့လည်း ပထမအရွယ်၌ ကောင်းစားကြသလို အချို့လည်း တတိယအရွယ်ကျမှ ကောင်းစား တတ်ကြပါ သည်။ အချို့ မှာမူ အရွယ် သုံးပါးလုံးပင် ကောင်းစား ချမ်းသာကြ သည်များလည်း ရှိပါသည်။
တွက်နည်းမှာ
—————-
မိမိ၏မြန်မာမွေးသက္က ရာဇ်ကို တည်၍ ၇ ဖြင့် စားပါ။ ၁၊ ၃၊ ဝ ကြွင်းလျှင် ပထမအရွယ်၌ ကောင်းစားတတ်ပါသည်။ အခြား ဂဏန်းကြွင်းသော် ကောင်းစွာမချမ်းသာနိုင်ဟု အဖြေ ထွက်ပါသည်။
မိမိ၏မြန်မာမွေးသက္ကရာဇ်ကို တည်၍ ၈ ဖြင့် စားပါ။ ၁၊ ၃၊ ၇၊ ဝ ကြွင်းလျှင် ဒုတိယအရွယ်၌ ကောင်းစားတတ်ပါသည်။ အခြားဂဏန်း ကြွင်းသော် ကောင်းစွာ မချမ်းသာနိုင်ဟု အဖြေထွက်ပါသည်။
မိမိ၏မြန်မာမွေးသက္ကရာဇ်ကို တည်၍ ၉ ဖြင့် စားပါ။ ၁၊ ၃၊ ၇၊ ၈၊ ဝ ကြွင်းလျှင် တတိယအရွယ်၌ ကောင်းစားတတ်ပါသည်။ အခြားဂဏန်းကြွင်းသော် ကောင်းစွာမချမ်းသာနိုင်ဟု အဖြေ ထွက်ပါသည်။
မင်းသာကီ