သေကံမရောက် သက်မပျောက်

တစ်နေကွယ်

သေနယ်သို့၊ တစ်ခါကူး။

မေ့ပျောက်ကာ

မသေဘူးရယ်လို့ မထင်လိုက်ပါနှင့်။

နေကွယ်တာ ကြိမ်ဖန်များလျှင်ဖြင့်

သေနယ်ရွာ၊ အချိန်တန်သွားရလိမ့်မယ်။

တားလို့မရဘူး။

(ဈာပနယပ်တောင်မှ သံဝေဂကဗျာတစ်ပုဒ်)

သေနေ့သို့ ကျရောက်လာပြီဆို လျှင် တား၍ မရနိုင်တော့ပေ။ မအိုချင်ဘဲ လည်း အိုကြရ။ မနာချင်ဘဲလည်း နာကြ ရ၊ မသေချင်ဘဲလည်း သေကြရ သည် သာဖြစ်သည်။ အလွန်ချစ်ခင် နှစ်သက် သော သူများနှင့် ခွဲခွာရခြင်း၊ ကွေကွင်း ရခြင်းတည်းဟူသော ဆင်းရဲဒုက္ခကို ခံစား ကြရတော့သည်။ ကံစီမံရာကို ခံကြရ တော့သည်။

သို့ရာတွင် သတ္တဝါတစ်ခု၊ ကံတစ် ခုဟူသော စကားအတိုင်းသေကံမရောက် သေး၍သက်မပျောက်သောအဖြစ်အပျက် များလည်း အများအပြား ရှိနေပေသည်။ နေ့စဉ် သတင်းစာများကို ဖတ်ရှုလျှင်  လေယာဉ်ပျက်ကျသောသတင်း၊ ရထား ပျက်သော၊ ရထားတွဲလမ်းချော်သော၊ ရထားတွဲတိမ်းမှောက်သော သတင်း၊ ကားမှောက်သော၊ ကားမီးလောင်သော သတင်း စသည်တို့မှာ မဖတ်ချင်သည့် အဆုံး ဖတ်နေရသည်။ အနိဋ္ဌာရုံများကို မြင်နေတွေ့နေရသည်။

ဤသတင်းများတွင် လူအများအ ပြား အစုအပြုံလိုက် သေကြရသည့်အ ကြားမှ သေကံမ ရောက်သက်မပျောက် သော တစ်ယောက်တလေကို တွေ့နေရ သည်။ ထူးတွေတည့် အံ့ရာသော်ဟုဆို ကြရန်သာ ရှိပေသည်။ အများကြားကြရ သည့် အကြားမှ ထူးထူးခြားခြားမသေဘဲ ကျန်နေရခြင်းမှာ အဘယ်ကြောင့်နည်း။ မကောင်းသော အတိတ် ကံမရှိခဲ့၍သာဟု ဆိုရချေမည်။ အတိတ်ကံကောင်း သော ကြောင့်သာဟု ဆိုရချေမည်။ ဤနေရာ တွင် ဃောသက သူဌေးကြီးအကြောင်း ကို တင်ပြလိုပေသည်။

ကောသမ္ဗီပြည်၌ ပြည့်တန်ဆာမ တစ်ဦးတွင် သားတစ်ယောက် ဖွားမြင်ခဲ့ သည်။ မွေးဖွားသည်နှင့် အမှိုက်ပုံများအ ကြား စွန့်ပစ်ထားခြင်းကို ခံရသည်။ လူ တစ်ယောက်ကတွေ့ရှိ၍ ကောက်ယူမွေး စားထားလိုက်လေသည်။

အမှန်စင်စစ် ယင်းကလေးအား မွေးဖွားချိန်မှာ နက္ခတ်ကောင်းချိန် ဖြစ် သည်။ ဤသည်ကို ကောသမ္ဗီသူဌေးကြီး သည်သိသည်။ ၄င်း၏ဇနီးတွင်လည်း ကိုယ်ဝန်အရင့်အမာရှိနေချိန်ဖြစ်သည်။ သို့ရာတွင် ယင်းနေ့၊ ယင်းအချိန်တွင် မမွေးဖွားခဲ့ချေ။ ကောသမ္ဗီသူဌေးကြီး သည် မိမိ၏ဇနီး၌ သမီးမိန်းက လေးမွေး ဖွားလျှင် ဤသူငယ်နှင့် ပေးစားမည်။ သားယောကျာ်းလေးမွေးဖွားလျှင် ယင်းသူ ငယ်ကို သတ်ပစ်ဟုစိတ်ကူးပြီး ယင်းက လေးငယ်အား အသပြာ တစ်ထောင်ပေး ၍ ဝယ်ယူခဲ့လေသည်။ သူငယ်၏ အမည် ကိုလည်း ဃောသကဟု ပေးထားလိုက် လေသည်။ ယင်းသူငယ်အား မွေးစားပြီး လေးငါးရက်အရောက်တွင်သူဌေးကတော် ၌ သားယောကျာ်းတစ်ယောက်ကို ဖွား မြင်ခဲ့လေတော့သည်။

ကောသမ္ဗီသူဌေးကြီးသည် နွားခြံ အဝ၌ မွေးစားကလေးငယ်ကို ပစ်ထား ခိုင်းလိုက်သည်။ သေ၊ မသေကိုလည်း အထိန်းမိန်းမတစ်ယောက်ကို စောင့်ကြည့် စေသည်။ နွားများခြံမှ ထွက်လာချိန်တွင် နွားလားဥဿဘကြီးသည် ယင်းသူငယ်မသေစေရန်အတွက် သူငယ်အပေါ်မှ ခွ၍ နေသည်ကိုတွေ့ရသည်။ ထိုအခြင်းအရာ ကိုနွားကျောင်း သားကမြင်၍ သူငယ်အား သားအဖြစ် ကောက်ယူမွေးစားလိုက် လေသည်။ ကောသမ္ဗီသူဌေး ကြီးက ငွေတစ်ထောင်ပေး၍ ပြန်ပြီးဝယ်ယူလိုက်ပြန်သည်။

ဒုတိယအကြိမ်တွင်မူ သုသာန်၌ သွား၍ထားခဲ့သည်။ ဆိတ်မကြီး တစ် ကောင်က နွားနို့တိုက်၍ စောင့်ရှောက် ထားပြန်သည်။ ဆိတ်ကျောင်းသားက မြင်သောအခါ ကောက်ယူမွေးစားလိုက် ပြန်သည်။ ကောသမ္ဗီသူသူဌေးကြီးက ဝယ်ယူလိုက်ရပြန်သည်။

တတိယအကြိမ်တွင်မူ လှည်း ပေါင်းငါးရာ သွားရာလမ်းမ၌ ပစ်ထားပြန် သည်။ သူငယ်အား ပထမဆုံးတွေ့သော လှည်းမှ နွားတို့လန့်ကုန်ကြသည်။ လှည်း သမားမြင်သောအခါ ကောက်ယူမွေး စား လိုက်ပြန်သည်။ ကောသမ္ဗီသူသူဌေးကြီး ကြားသောအခါ ငွေတစ်ထောင်ပေး၍ ဝယ်ယူလိုက်ပြန်သည်။

သူဌေးကြီးသည် စတုတ္ထအကြိမ် သူငယ်အား သတ်ရန် ကြံပြန်သည်။ တောင်ပေါ်တက်စေပြီး တောင်ကမ်းပါး ယံမှနေ၍ သူငယ်ကို ပစ်ချလိုက်လေ သည်။ သို့ရာတွင် ဝါးချုံကြီးတစ်ခုအပေါ် သို့ ကျရောက်၍ ကျူထရံကာ သားအဖ က မြင်ကာ ကောက်ယူမွေးစားလိုက် ပြန်သည်။ သူဌေးကြီးက ငွေတစ် ထောင်ပေး၍ ဝယ်ယူလိုက်ရပြန်သည်။

လေးကြိမ်တိုင်တိုင် သတ်ဖြတ် သော်လည်း မသေသဖြင့် ဃောသက သူငယ်အား ကောသမ္ဗီ သူဌေးကြီးသည် မိမိသားငယ်နှင့်အတူ မွေးစားထား လိုက် လေသည်။ ပညာကိုကား သင်မပေးချေ။ ဃောသက သူငယ်သည် သူဌေးကြီး၏ သားအရင်းနှင့် ကစားဖော်ကစား ဖက် ဖြစ်သော်လည်း စာပေကို သင်ကြားခွင့် မရခဲ့ပေ။

ပဉ္စမအကြိမ်တွင်ကာ ကောသမ္ဗီ သူဌေးကြီးသည် သူငယ်အား အိုးဖုတ် သောအထဲ၌ ထည့်၍ သတ်ရန် အကြံဖြင့် အိုးလုပ်သူထံ စေလွှတ်လိုက်သည်။ ငွေ အသပြာတစ်ထောင်ကိုလည်း ကြိုတင်၍ ပေးထားလိုက်သည်။ သူငယ်သည် သူ ဌေးကြီး၏ အမိန့်အရ အိုးလုပ်သူထံလာ ခဲ့ရာလမ်းတွင် သူဌေးကြီး၏ သားအရင်း နှင့်ကြုံတွေ့ရသည်။ သားအရင်းမှ ခုံညင်း ဒိုး ထိုးတမ်းကစားနေရာ ရှုံးနေလေ သည်။ ထို့ကြောင့် မိမိကိုယ်စားထိုးပေး ရန်နှင့် သူငယ်ကိုယ်စား မိမိက သွားပေး မည်ဟု ပြောပြီး ထွက်သွားလေသည်။ အိုးထိန်းသည်ထံ ရောက်သောအခါ သူ ဌေးကြီးမှာကြားချက်အရ ဃောသကအား မသတ်မိဘဲ သူသူဌေးကြီး၏ သားအရင်း အား သတ်မိလိုက်တော့သည်။ ညနေကျ ရောက်၍ ဃောသကက အိမ်သို့ ပြန် ရောက်သောအခါ သူဌေးကြီးမှာ ယူကျုံး မရဖြစ် ရတော့သည်။

ကောသမ္ဗီသူဌေးကြီးသည် စာ တစ်စောင်ရေး၍ လက်အောက်ငယ်သား တစ်ဦးထံသို့ ယင်းသူငယ်အား စေလွှတ် ပြန်သည်။ စာထဲတွင်မူ သူငယ်ရောက် ရှိလာပါက သတ်ပစ်လိုက်ရန် ရေးသား ထားပြီး ဖြစ်သည်။ လမ်းတွင်နားနေ၊ စားသောက်ရန်အတွက် မိတ်ဆွေတော သူဌေး တစ်ဦးထံတွင် တည်းခိုရန်မှာ ကြားလိုက်သည်။ ဃောသက သူငယ် သည် သူဌေးအိမ်တွင် စားသောက်ပြီး ခေတ္တအိပ်နေစဉ် စာကို တောသူဌေး သမီးက ဖတ်ရှုမိရာမှ စိတ်မကောင်းဖြစ် သွားသည်။ ထို့ကြောင့် သတ်ရန်ဟူသော စာကို တောသူဌေးသမီးနှင့် ပေးစားလိုက် ရန်ဟု ပြင်ဆင်၍ ရေးသားလိုက်သည်။

ဃောသကလည်း အိပ်ရာမှနှိုး၍ စာကိုယူပြီး သူဌေးကြီး၏ တပည့်ထံသို့ ဆက်၍သွားခဲ့သည်။ ဃောသကသည် စာမတတ်သဖြင့်စာထဲ၌ ဘာပါသည်ကို မသိချေ။ မူလစာကိုလည်း နားမလည်၊ တောသူသူဌေးသမီးပြင်ဆင်၍ ရေးသားထားသောစာတွင်လည်း ဘာပါသည်ကို မသိချေ။

ဃောသကသူငယ်သည် သူဌေးကြီးတပည့် အလုပ်သမား ထံသို့ ရောက်သည်နှင့် စာကိုပေး လိုက်ရာ တပည့်လုပ်သားသည် အားရဝမ်းသာဖြစ်သွားသည်။ တောသူဌေး၏ သမီးနှင့် ဃောသ ကသူငယ်အား ထိမ်းမြားပေးစားလိုက် ပြီး မိမိထံတွင် စောင့်ရှောက်ထားလိုက် တော့သည်။ ဃောသကသည် အသတ် မခံရသည့်အပြင်တောသူဌေးသမီးနှင့်ရ ကာသူဌေးသမက်ပင်ဖြစ်သွားတော့သည်။

ကောသမ္ဗီသူဌေးကြီး ကြားသော အခါ စိတ္တဇဝေဒနာကို ခံစားရတော့ သည်။ သေခါနီးတွင် ဃောသကနှင့် ဇနီး တို့အားခေါ်ယူ၍ “ငါသေလျှင် ငါ၏ ဥစ္စာ ပစ္စည်းများအား မင်းကိုမပေး”ဟု ပြောဆို ရာ နှုတ်မှအမှန်တကယ်ထွက်သွားသော အခါ ပေးမည်ဟု ဖြစ်သွားတော့သည်။ သူဌေးကြီး ကွယ်လွန်သွားသောအခါ ဃောသက သူငယ်သည် သူဌေးကြီး ဃောသကဟူ၍ ဘုရင်ကိုယ်တိုင်က အသိအမှတ် ပြုလိုက်လေတော့သည်။

ထို့ကြောင့် အတိတ်ကုသိုလ်ကံ ကောင်းလျှင် သူများသတ်သော်လည်း မသေသည့်အပြင် သူဌေးသမီးနှင့်ရကာ သူဌေးကြီးပင် ဖြစ်လိုက်သေးသည်ကို သာဓကတစ်ရပ်အဖြစ် တင်ပြလိုက်ခြင်း ဖြစ်ပေသည်။ ပုထုဇဉ်လူသားတို့အနေ ဖြင့် ကောင်းမှုမြတ်နိုးကောင်း အောင်ကြိုး စား၍ ပစ္စုပ္ပန်ဘဝ၊ နောက်ဘဝ၊ ဖြစ်လေ ရာ ဘဝတို့တွင် ကောင်းကျိုးကို ခံစား စံစားနိုင်ကြရန် ကြိုးစား အားထုတ်လျက် နေထိုင်သင့်ကြကြောင်း သေကံမရောက် လျှင် သက်မပျောက်ကြောင်း ရေးသား တင်ပြအပ်ပေသည်။

မောင်ဥာဏ်စိန်

ကျမ်းကိုးစာရင်း

၁။ ပြည်ထောင်စုနီတိ

(ဝန်ကြီးချုပ်ဟောင်းဦးနု)