တိုက်ခန်းလေး ရောင်းထွက်သွားပါပြီ

“မကြီးရေ …သမီးရဲ့တိုက်ခန်း ရောင်း ထွက်သွားပြီ …”

ဝမ်းသာအားရ အော်ဟစ်ပြောဆိုသံနှင့်အတူ  ဝင်လာသူကိုကြည့်လိုက်တော့ ပြီးခဲ့သော ၁၀ ရက် ခန့်က တိုက်ခန်းရောင်းချင်၍ ကျွန်မထံ လာမေးခဲ့ သော ရပ်ကွက်ထဲက မိတ်ဆွေ မစန်းချို ဖြစ်နေပါ သည်။ ရင်းနှီးခင်မင်ကြသူများ ဖြစ်သော်လည်း ကျွန်မက သူ့ထက် အသက်ကြီးသောကြောင့် မကြီး ဟု ကျွန်မအား ခေါ်ခြင်းဖြစ်ပါသည်။

နယ်မှလာ၍ အလုပ်လုပ်နေသူကလေး တစ် ဦးဖြစ်ပြီး နယ်မှ မိဘမောင်နှမများ ရန်ကုန်တွင် လာ၍ နေနိုင်ကြစေရန် တိုက်ခန်းလေးတစ်ခန်း ဝယ် ထားခဲ့သူဖြစ်ပါသည်။

သို့ရာတွင် မိဘနှင့်မောင်နှမများမှာ စိုက်ပျိုး ရေးအလုပ်ကိုသာ လုပ်ကိုင်ကြမည်ဟု ဆိုသော ကြောင့် ထိုတိုက်ခန်းကလေးကို မစန်းချိုတစ်ယောက် ပြန်ရောင်းလိုခြင်း ဖြစ်ပါသည်။

သူလည်း ကြားဖူးနားဝနည်းများဖြင့် ယတြာ ဓာတ်ရိုက်ဓာတ်ဆင်များ ပြုလုပ်သော်လည်း တေ့လွဲ လွဲနေကြောင်း၊ နောက်ဆုံးတွင် ဆရာဇင်ယော်နီထံ ဗေဒင်သင်တန်း တက်ရောက်အောင်မြင်ထားသော ကျွန်မကို သတိရမိပြီး လာ၍အားကိုးခြင်းဖြစ်ကြောင်း ပြောပြပါသည်။

ဗေဒင်သင်တန်းတွင် အိမ်ခန်းတိုက်ခန်း ရောင်းထွက်စေသော နည်းအမျိုးမျိုးကို ဆရာဇင် ယော်နီက သင်ကြားပေးခဲ့သည့်အနက် တစ်ခုမှာ အဘမင်းသိင်္ခ သင်ပေးခဲ့သောနည်းဟု သိရပါသည်။

“ရောင်းချင်တဲ့ တိုက်ခန်းအိမ်ခန်းရဲ့ နံပါတ် ပြားပေါ်မှာ ခဲတံလေးတစ်ချောင်းနဲ့ ‘အနိစ္စ၊ ဒုက္ခ၊ အနတ္တ’လို့ ရေးပါ …၊ အဲဒါအပြင် စာရွက်တစ် ရွက်ပေါ်မှာလည်း အနိစ္စ၊ ဒုက္ခ အနတ္တလို့ရေး၊ ရောင်း မယ့်အခန်းရဲ့နံပါတ်ကိုလည်းရေး၊ ဖယောင်းတိုင်မှာ ပတ်၊ မီးထွန်းပြီး ဆုတောင်းပါ …၊ အဲဒီလိုမီးထွန်း တာကို ကိုးရက်ဆက်တိုက် လုပ်ပါ …” ဟု ဖြစ်ပါ သည်။

ကျွန်မက မစန်းချိုအား ထိုနည်းလေးကို ပြောပြခဲ့ပါသည်။ မစန်းချိုကလည်း လေးစားစွာဖြင့် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ကိုးရက်မြောက်သော နေ့မှာပင် သူ၏တိုက်ခန်းကလေး ရောင်းထွက်သွား ခဲ့ခြင်း ဖြစ်ပါကြောင်း …။   ။

မိုးသရဝဏ်ခိုင် (အယူတော်မင်္ဂလာ)