ငွေနံ တစ်သက်တာ မြင့်မားစေရန်

ဒီတစ်ခါတော့ မိမိအတွက်ငွေနံမြင့်နေစေရန် တစ်သက်တာပတ်လုံးအတွက် စီရင်ထားလို့ရတဲ့ ဓါတ်ယတြာအနေနဲ့ တင်ပြပေးလိုက်ပါတယ်၊
ဝင်ငွေတိုးတက်လိုသူများ၊ ငွေကြေးစီးပွားဖြစ်ထွန်းလိုသူများ၊ ငွေကြေးနဲ့ပတ်သက်ပြီး ကံကောင်းလိုသူများအတွက် အဓိက ရည်ရွယ်ပါတယ်၊

တနင်္ဂနွေသားသမီးများ
တစ်သက်တာပတ်လုံး ငွေကြေးကံမြင့်မားစေရန် အင်ကြင်းသားကို အပြားငယ် ပြုလုပ်၍ နေအိမ် ဘုရားစင်မှာ တနင်္ဂနွေနေ့ မနက် ၉ ၃၀ မှာ ဆင်းတုတော် အောက်ခံအဖြစ်ထား၍ ပူဇော်ပါ။ အင်ကြင်းသားကို ပလ္လင်အဖြစ် ပူဇော်နိုင်ပါက ပိုကောင်းပါသည်။

တနင်္လာသားသမီးများ
တစ်သက်တာပတ်လုံး ငွေကြေးကံမြင့်မားစေလိုသော် ကံကော်သားကို အပြားငယ် ပြုလုပ်၍ နေအိမ်ဘုရားစင်၌ ပင် တနင်္လာနေ့မနက် ၉ ၃၀ တွင် ဆင်းတုတော် အောက်ခံအဖြစ်ပူဇော်ပါ။ ကံကော်သားကို ပလ္လင်အဖြစ်ပူဇော်နိုင်ပါက ပို၍ ကောင်းပါသည်။

အင်္ဂါသားသမီးများ
တစ်သက်တာပတ်လုံး ငွေကြေးကံမြင့်မားစေလိုသော် ဇလပ်သားကို စနေနေ့ မနက် ၈ ၃၀ နာရီတွင် နေအိမ် ဘုရားဆင်းတုတော် အောက်ခံအဖြစ် ပူဇော်ပါ။ ဇလပ်သား ပလ္လင်ပြုလုပ်နိုင်ပါက ပို၍ ကောင်းပါသည်။

ဗုဒ္ဓဟူးသားသမီးများ
တစ်သက်တာပတ်လုံး ငွေကြေးကံမြင့်မားစေလိုသော် လိန်သား/လွန်းသားအား အပြားငယ်ပြုလုပ်၍ စနေနေ့ ၈ ၃၀ တွင် နေအိမ် ဘုရားဆင်းတု အောက်ခံအဖြစ် ကပ်လှူပူဇော်ပါ။ လိန်/လင်းလွန်း ပလ္လင်ပြုလုပ်နိုင်ပါက ပို၍ ကောင်းပါသည်။

ကြာသပတေးသားသမီးများ
တစ်သက်တာပတ်လုံး ငွေကြေးကံမြင့်မားစေရန် ပေါက်သား/ပျဉ်းမာသားကို အပြားငယ် ပြုလုပ်၍ ကြာသပတေးနေ့ မနက် ၉ ၁၅ တွင် နေအိမ်ဘုရား ဆင်းတုတော် အောက်ခံအဖြစ်ကပ်လှူပူဇော်ပါ။ ပေါက်သားပလ္လင် လှူတန်းပူဇော်ပါက ပို၍ ကောင်းပါသည်။

သောကြာသားသမီးများ
တစ်သက်တာပတ်လုံး ငွေကြေးကံမြင့်မားစေလိုသော် လင်းလွန်းသား/လိန်သား အား အပြားငယ်ပြုလုပ်၍ ဗုဒ္ဓဟူးနေ့မနက် ၉ ၁၅ တွင် နေအိမ်ဘုရား အောက်ခံအဖြစ်ကပ်လှူပူဇော်ပါ။ လင်းလွန်းသား ပလ္လင်ပူဇော်နိုင်ပါက ပို၍ ကောင်းပါသည်။

စနေသားသမီးများ
တစ်သက်တာပတ်လုံး ငွေကြေးကံမြင့်မားစေလိုသော် ကတတ်သားအား အပြားငယ်ပြုလုပ်၍ စနေနေ့ မနက် ၉ ၁၅ တွင် နေအိမ်ဘုရား အောက်ခံအဖြစ် ကပ်လှူပူဇော်ပါ ။ ကတတ်သား ပလ္လင် ပူဇော်ပါက ပို၍ ကောင်းပါသည်။

ဟိန်းထက်ဇေယျာ(အယူတော်မင်္ဂလာ)
မော်လမြိုင်