စပယ်ယာ အမ်းသော ပိုက်ဆံဖြင့် ဓာတ်ပုံကိုရိုက်သော ယတြာဆန်းတစ်မျိုး

တစ်နေ့တွင် ကျွန်ုပ်ထံသို့ အသက်လေး ဆယ်အရွယ်ခန့်ရှိ အရှာဘီဆိုသော မိန်းမတစ်ဦး ရောက်ရှိလာလေ၏။ ထို့ကြောင့် ကျွန်ုပ်က –

“ကဲ အရှာဘီ လာတဲ့ကိစ္စပြောစမ်း”ဟု မေး လိုက်ရာ ၄င်းက –

“ဒီလိုပါဆရာရယ် … ကျွန်မယောကျာ်း ဘေလာဒင်က နွားမွေးချင်တယ်ဆိုလို့ ကျွန်မ နွား တွေ ဝယ်ပေးထားတယ်။ နွားတွေလည်းဝယ်ပြီးရော သူက မမွေးချင်ပြန်ဘူး။ မလေးရှားကို ပြန်သွားချင် တယ်လို့ ပြောပြန်တယ်။ အဲဒါ ကျွန်မလည်း သူများ ဆီက ပိုက်ဆံချေးပြီး မလေးရှားကိုပို့လိုက်တယ်။ မလေးရှားလည်း ရောက်ရော သူရတဲ့ပိုက်ဆံတွေကို သူ့ဘာသာသူ သုံးဖြုန်းနေတယ်။ ကျွန်မဆီကို ငွေ မပို့ဘူး၊ ကျွန်မမှာတော့ ကြွေးတွေနဲ့ နေ့တိုင်း ရင်ဆိုင် နေရတယ်။ အဲဒါ ငွေပို့အောင်လုပ်ပေးစမ်းပါ” ဟု ပြောလေတော့၏။ ကျွန်ုပ်လည်း ကောင်းကင်ကို မော့၍ အာရုံတောင်းရလေတော့၏။ ကျွန်ုပ်၏ အာရုံထဲတွင် အရှာဘီက ဘတ်(စ်)ကားစီးသွား၏။ ဘတ်(စ်)ကားခအဖြစ် ငွေတစ်ထောင်တန်ကို စပယ် ယာသို့ ပေးလိုက်၏။

စပယ်ယာ ငွေတစ်ထောင်ယူပြီးလျှင် ငါးရာ တန်တစ်ရွက်၊ နှစ်ရာတန်တစ်ရွက်၊ တစ်ရာတန်တစ် ရွက်ပြန်အမ်းနေသည်ကိုလည်း တွေ့ရလေ၏။ ထို့ နောက် အရှာဘီသည် ၄င်းပိုက်ဆံများကို ခေါက်၍ ၄င်း၏ယောကျာ်း ဓာတ်ပုံကိုခေါက်ကာ –

“ငါ့ဆီကိုငွေပို့၊ ငါ့ဆီကိုငွေပို့”ဟု အော်ဟစ်နေသည်ကို တွေ့ရလေ၏။

ကျွန်ုပ်လည်း ထိုအတိုင်းပြုလုပ်၍ အရှာဘီ အား ပြောလိုက်လေ၏။

အရှာဘီလည်း ကျွန်ုပ်ပြောသည့်အတိုင်းပင်   စပယ်ယာပြန်အမ်းသော ပိုက်ဆံဖြင့် ၄င်း၏ယောကျာ်း ဓာတ်ပုံကို ရိုက်သည်ဟု ဆို၏။ ထိုသို့ရိုက်ပြီး သုံး ရက်ခန့်အကြာတွင် ၄င်း၏ယောကျာ်း ဘေလာဒင် ထံမှ ゞင်းထံသို့ငွေပို့သည်ဟုဆို၏။ ထို့ကြောင့် ကျွန်ုပ် အား ငါးသုံးလုံး စီးကရက်တစ်ဘူးဝယ်၍ ကန်တော့ လေ၏။ ထို့နောက် အရှာဘီက ကျွန်ုပ်အား –

“ဆရာရေ ဘေလာဒင်တော့ ငွေပို့ပြီ”ဟု လည်း အားရပါးရ ပြောရှာလေတော့၏။

အထက်ပါအဖြစ်အပျက်များ ဖြစ်ပွားပြီး တစ်ပတ်ခန့်ကြာသောအခါ အရှာဘီရောက်လာပြန် ၏။ ထို့ကြောင့် ကျွန်ုပ်က –

“ကဲ ကုလားမ ဘာဖြစ်လာပြန်ပြီလဲ”ဟု မေးရပြန်လေ၏။ ထိုအခါ အရှာဘီက –

“ဆရာရယ် မလေးမှာ ဘေလာဒင် အလုပ် လုပ်နေတဲ့ အလုပ်က ပြုတ်သွားပြီ။ အခုအလုပ်လက် မဲ့ဖြစ်သွားပြီ၊ အဲဒါအလုပ်ရအောင်လုပ်ပေးပါဦး” ဟု ပြောပြန်လေ၏။ ကျွန်ုပ်လည်း ကောင်းကင်ဆီမှ အာရုံတောင်းရပြန်၏။ ထိုအခါ၌ အရှာဘီ၏ အိမ်သား တစ်ဦး၏ ခြေထောက်တွင် အနာလေး သေးသေး တစ်လုံးပေါက်နေသည်ကို အာရုံတွင် တွေ့ရလေ၏။ အရှာဘီသည် စက္ကူကလေးကို သုံးထောင့်ပုံဖြတ်၍ တံတွေး စွတ်၍ ထိုအနာကလေးတွင် ကပ်ပေးလိုက် သည်ကို တွေ့ရလေ၏။ ထို့ကြောင့် ကျွန်ုပ်က အရှာဘီအား –

“အရှာဘီရေ …နင့်ရဲ့အိမ်သူအိမ်သားတစ် ယောက်ယောက်မှာ ခြေထောက်မှာ အနာကလေး ပေါက်နေလိမ့်မယ်။ အဲဒီအနာကလေးကို စက္ကူအဖြူ ကလေး သုံးထောင့်ညှပ်ပြီးတံတွေးစွတ်ပြီး ကပ်ပေး လိုက်ပေတော့၊ ဟိုမှာ နင့်ယောကျာ်းအလုပ်ရလိမ့် မယ်” ဟု ပြောလိုက်ရာ အရှာဘီက –

“ဘာဆိုင်လို့လဲဆရာ”ဟု မေးလေ၏။

ထိုအခါ ကျွန်ုပ်က –

“ဘာဆိုင်သလဲဆိုတာကိုတော့ ငါလည်း မသိဘူး။ အဲဒီလိုလုပ်လိုက်ရင် နင့်ယောကျာ်းအလုပ် ရမှာတော့သေချာတယ်”ဟု ပြောလိုက်လျှင် အရှာ ဘီက –

“ကောင်းပါပြီဆရာ၊ အဲဒီအတိုင်းလုပ်လိုက်ပါ မယ်” ဟုဆိုကာ ပြန်သွားလေ၏။ ကျွန်ုပ်မှာသည့် အတိုင်းပင် အရှာဘီက လုပ်လေ၏။ သမီးအငယ် ကလေးခြေထောက်တွင် အနာပေါက်နေသည်ဟုဆို ၏။ ကျွန်ုပ်ပြောသည့်အတိုင်း အရှာဘီက လုပ်ရာနှစ် ရက်ခန့်အကြာတွင် မလေးတွင် အလုပ်လက်မဲ့ဖြစ် နေသော ဘေလာဒင်သည် အလုပ်ရသွားကြောင်း သိရလေတော့၏။

ထို့ကြောင့် နံပြားထောပတ်သုတ်တစ်ပွဲနှင့် လက်ဖက်ရည်ဓာတ်ဘူးတစ်လုံး ကျွန်ုပ်အား လာ ရောက်ကန်တော့ပြန်လေတော့၏။

 

မင်းသိင်္ခ