မော်တော်ကားနောက်မြီးတွင် အဖျားဖြတ်ဆေးကပ်ရသော ယတြာဆန်းတစ်မျိုး

တစ်နေ့တွင် ကျွန်ုပ်ထံသို့ ကျွန်ုပ်နှင့် ရင်းနှီး သော ကားပွဲစား ကိုသာထူးဆိုသူရောက်လာလေ၏။ ထိုသူသည် ကျွန်ုပ်ကို တွေ့လျှင် တွေ့ချင်း –

“ယတြာလေးလုပ်ပါဦး၊ ဆရာသမားရယ် ကားလေးတစ်စီး အနိမ့်ဆုံးဈေးနဲ့ ဝယ်ထားလိုက် တယ်။ ကားကတော့ လိုင်းအောက်နေတဲ့ကားပါ။ အဲဒီကားက ပြန်ရောင်းတာ ဘယ်လိုမှမထွက်ဘူး။ ငွေက အဲဒီထဲရောက်နေတယ် ဆရာသမားရဲ့။

ကျွန်ုပ်နဲ့ အတူတူဝယ်တဲ့ မိတ်ဆွေတွေ ပြန် ရောင်းတာ ကားလေးစီးလောက်ရှိပြီ။ ကျုပ်ကတော့ အဲဒီကားနဲ့ တစ်နေတာ အခုထက်ထိပဲ။

ဆရာသမားရဲ့ တပည့်ဗေဒင်ဆရာတွေဆီ ဝင်ပြီး ဓာတ်ရိုက်ခိုင်းတာများပါပြီ။ ထွက်ကိုမထွက် ဘူးဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဆရာသမားဆီလာ ခဲ့တာပဲ”ဟု ပြောလေ၏။ ကျွန်ုပ်လည်း ကောင်းကင် ဆီသို့ မျက်နှာကိုမော့ပြီး မျက်လုံးမှိတ်ကာ ကောင်း ကင်မှ အာရုံကိုတောင်းလိုက်လေ၏။ ထိုအခါ မော် တော်ကားနောက်ဖက်တွင် အအေးမိသောခါသောက် ရသည့်(ကိုးတက်ပလက်)ကလေးတစ်လုံး တိပ်နှင့် ကပ်ထားသည်ကို တွေ့ရလေ၏။

“ဒီမှာ ကိုသာထူး …ခင်ဗျားကားနဲ့ နောက် ဘက်မှာ အအေးမိရင်သောက်တဲ့ (ကိုးတက်ပလက်) ဆေးပြားကလေး တိပ်နဲ့ကပ်ထားလိုက်ဗျာ။ ခင်ဗျား ကား ရောင်းထွက်သွားလိမ့်မယ်” ဟုကျွန်ုပ်က ပြော လိုက်ရာ ကိုသာထူးချက် ချင်းဆိုသလိုပင် ပြုလုပ် လိုက်လေ၏။ ညခုနစ်နာရီလောက်တွင် ကိုသာထူး ကျွန်ုပ်ထံသို့ ခေါက်ဆွဲထုပ်များ၊ စီးကရက်ဘူးများဖြင့် ရောက်လာပြီး –

“ထွက်သွားပြီဆရာရေ”ဟု အားရဝမ်းသာ ပြောလေတော့၏။

သူသည် ဤနည်းကို မှတ်ထားပြီး တခြားကား များရောင်းချင်သောအခါ၌လည်း(ကိုးတက်ပလက်) ကို တိပ်ဖြင့် ကပ်ပေးလိုက်လေ၏။ ထို့ကြောင့် ကားပွဲစားတန်းတွင် ကိုသာထူးအား(ကားအမြန်ဆုံး ရောင်းရရန် ဓာတ်ရိုက်တတ်သော ဆရာကြီး)ဟု အမည်တွင်သွားလေတော့သတည်း။

သဗ္ဗေသတ္တာ ကမ္မဿကာ

မင်းသိင်္ခ