ပစ္စည်းမဆုံးပေ သုံးတတ်စေ

အချို့သောလူများသည် အခက်အခဲတွေ့ သောအခါ၌ မိမိနေသောအိမ်ကို ပေါင်နှံထားရ၏။ ထိုသို့ပေါင်နှံထားပြီး ဖြစ်သော်လည်း အတိုးလည်း မသွင်းနိုင်၊ အရင်းလည်း မသွင်းနိုင်ဖြစ်၍နေ၏။
မကြာမီ အိမ်ပေါ်မှ ဆင်းပေးရမည့်အခြေအနေ ဆိုက်နေ၏။ အိမ်ဆုံးရမည့်ကိန်း ကြုံနေ၏။ ဤကား အကြောင်းအရာတစ်ခုကို ထုတ်၍ ဥပမာပေးခြင်း ဖြစ်၏။ အခြားသော ဆုံးရှုံးဖွယ်ရာ ပစ္စည်းများလည်း ရှိနိုင်၏။ ထိုအခါမျိုး၌ အောက်ဖော်ပြပါ ရတနာသုံးပါးနှင့် လက္ခဏာရေးသုံးပါးကို စပ်၍ရေးထားသော အင်းကွက်ကို ကြွေပန်းကန်တွင်ကပ်၍ အလယ်တည့်တည့်တွင် ရိုးရိုးဖယောင်း တိုင်တစ်တိုင်ထွန်း၍ ငါးရက်ဆုတောင်းရ၏။ ထိုသို့ ဆုတောင်းလိုက်လျှင် အကြံကောင်း၊ ဉာဏ်ကောင်း၊ အတိတ်ကောင်း၊ နိမိတ်ကောင်းပေါ်လာတတ်၏။ ကူညီမစမည့် မိတ်ကောင်းဆွေကောင်းလည်း ရောက်လာတတ်၏။

သဗ္ဗေသတ္တာ ကမ္မဿကာ

မင်းသိင်္ခ