လူတို့တွင် အခက်အခဲတစ်ခု မဟုတ်၊ တစ်ခု ကြုံတတ်၏။ ထိုသို့ ကြုံသောအခါ၌ ဟိုယတြာ ဒီယတြာစသည်ဖြင့် မျိုးစုံချေတတ်ကြ၏။
အောက်တွင်ဖော်ပြထားသော ကယှက်ယယှက် စမဘုရားပုံတော်ကို ကတ်ပြားတွင် ကပ်ပြီးလျှင် ကြက်လျှာ အနီရဲရဲလေးတစ်ခု လှူဒါန်းပါ။
သောက်တော်ရေချမ်း၊ ပန်း၊ ဆီမီး၊ ဆွမ်း စသည်ဖြင့် ကပ်လှူပါ။
နံနက်အစောကြီး တစ်ကြိမ် နံနက် စာထမင်းစားခါ နီးတစ်ကြိမ်၊ နေ့လယ် ၁၂ နာရီတိတ် တစ်ကြိမ်၊ ညနေ သုံး နာရီ တစ်ကြိမ်၊ ညနေထမင်းစားခါနီး တစ်ကြိမ်၊ ည ရှစ် နာရီ တိတိတစ်ကြိမ်၊ ညအိပ်ရာ ဝင်တစ်ကြိမ် စုစုပေါင်း ခုနစ်ကြိမ် ဆုတောင်းပါလေ။
မည်မျှခက်ခဲသော ပြဿနာဖြစ်စေ ခုနစ်ရက်အတွင်း အောင်မြင်စွာဖြင့် ပြီးသွားသည်ကို အံ့ဩဖွယ်ရာ တွေ့မြင်ရလိမ့်မည်။
သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ