ဆရာဇင်ယော်နီပြောပြတဲ့ရွှေခွက်များ

ကျွန်မက မှော်ဘီတွင် အဘမင်းသိင်္ခရှိစဉ်က အဘ၏ခြံကြီးသို့ ယတြာယူရင်း ခဏခဏ ရောက် လေ့ရှိသူဖြစ်ပါတယ်။

ဝန်ထမ်းအလုပ်တစ်ဖက်နဲ့ပေမယ့် အဘရဲ့ခြံ ကို အနည်းဆုံး တစ်ပတ်ကိုတစ်ခေါက်လောက်တော့  ရောက်ဖြစ်ခဲ့ပါတယ်။ အင်္ဂါညတွေမှာဆိုရင် ဓာတ်ကြီး လေးပါးယတြာ ရှိတယ်လေ။

ညပိုင်းတွေမှာ ဘုရားရှိခိုး၊ ဝိဇ္ဇာကြီးတွေကို ပင့်လျှောက်၊ အဓိဋ္ဌာန်ပုတီးစိပ်၊ အဘနဲ့ဆရာဇင် ယော်နီတို့ပြောပြတဲ့ ယတြာနည်းလွယ်လွယ်လေး တွေကို မှတ်သား၊ မနက်စောစောကျတော့ ဆွမ်း တော်ကပ်ကြ၊ ကြည်နူးစရာလည်းကောင်း၊ ပျော်စရာ လည်း အလွန်ကောင်းခဲ့သော ဓာတ်ကြီးလေးပါး ည တွေပါပဲ …၊

အဲဒီလိုနဲ့ တစ်ခါမှာတော့ အဘခြံမှာ တစ်လ ကိုတစ်ကြိမ်၊ တစ်ကြိမ်ကိုရှစ်ရက်သင်ပေးတဲ့၊ ထမင်း ကျွေးလက်ဖက်ရည်တိုက်ပြီး မေတ္တာနဲ့သင်ပေးတဲ့ ဗေဒင်သင်တန်းကို အချိန်လုပြီး၊ ရုံးကလူကြီးတွေ အငြိုငြင်ခံပြီး သွားတက်ခဲ့ပါတယ်။

ကျွန်မရဲ့ကံက မပါလာဘူးရှင့် …။ သင် တန်းငါးရက်မြောက်တဲ့နေ့မှာပဲ အပျင်းဖျားပြီး အိမ် ကို ပြန်လာခဲ့ရတယ်။ အဘချီးမြှင့်တဲ့ ဗေဒင်အောင် လက်မှတ်လေး ရခွင့်မကြုံခဲ့ဖူးပေါ့ရှင် …။

အဘခြံမှာကလည်း တော်ရုံတန်ရုံလူဆိုရင် နှစ်ရက်သုံးရက်မပြောနဲ့ တစ်ရက်ဆိုရင်တောင် ထွက် ပြေးချင်စိတ် ပေါက်သွားမယ် …။ ထရိန်နင်က အရမ်းကြမ်းတာ …။ သန္ဓေနေတဲ့သူတွေဆိုရင် ကြည့်လိုက်ရင် အမြဲတက်ြွက ဖျတ်လတ်နေကြတာ။ အဘက နှေးကွေးထိုင်းမှိုင်းတာတွေကို

လုံးဝမကြိုက်ဘူး။

“ကြာနေပြီ …ကြာနေပြီ …၊ အမြန် လျှောက်ဆိုတာတောင် နှေးနေသေးတယ် …၊ အပြေးတက်ပဲ လိုချင်တယ် …” လို့ တစ်ခုခုခိုင်း ပြီဆိုရင် အဘ အော်နေလေ့ရှိတဲ့ အသံကို အခုထိ ရင်ထဲမှာ ကြားနေတုန်းပါပဲ။

အဲဒီမှာ သန္ဓေနေခဲ့ကြတဲ့ ဆရာ၊ ဆရာမ လေးတွေအားလုံးဟာ နေပူမိုးရွာမရှောင် အဲဒီလို အမြဲတမ်း တက်ြွကဖျတ်လတ်နေတဲ့ အဘကြီးရဲ့ လေ့ကျင့်မှုအောက်မှာ နေခဲ့ကြရသူတွေပါ။

အဲဒီထဲမှာမှ ကျွန်မတို့လို အဘရဲ့ခြံကြီးကို မကြာမကြာ ရောက်လေ့ရှိတဲ့ ဧည့်သည်တွေ၊ သင် တန်းသူ သင်တန်းသားတွေ ထူးထူးခြားခြား သတိ ထားမိတဲ့ သန္ဓေဆရာလေး တစ်ယောက်ကတော့ ဆရာဇင်ယော်နီပါပဲ။

အဲဒီကတည်းက ဆရာဇင်ယော်နီက မနော မယဂျာနယ်အလုပ်ကိုလည်း လုပ်နေရတာလို့ သိရ ပါတယ်။ သင်တန်းလည်း ဝင်ပြရပါတယ်။ ဓာတ်ကြီး လေးပါးယတြာညတွေဆိုရင်လည်း တစ်ညလုံးလိုလို ဆရာက ဒိုင်ခံပါပဲ။ နေ့ခင်းပိုင်းတွေမှာ ဧည့်ပရိသတ် တွေကို အဘက လှေကြီးနဲ့ ထမင်းတွေထည့်ပြီး ကျွေးတယ်။ လက်ဖက်ရည်တွေ တိုက်တယ်။ အ ဆောင်တွေ ဝေတယ်။ အဲဒီအခါကျတော့လည်း ဆရာဇင်ယော်နီ ပါနေတာကို ကျွန်မတို့ မြင်နေ ကြားနေကြရပါတယ်။

ဖိနပ်မစီး၊ ဦးထုပ်မဆောင်း၊ အနွေးထည် မဝတ်ဘဲ အမြဲ ဘဝတိုက်ပွဲဆင်နွှဲနေတဲ့ အဘရဲ့ သန္ဓေတွေထဲမှာ ဆရာဇင်ယော်နီကိုတော့ဖြင့် ကျွန်မ တို့ ပိုပြီး သတိထားမိ၊ အမှတ်ပေးမိ၊ အားကျမိခဲ့ ကြရတာ အမှန်ပါပဲ။

သင်တန်းရက်တစ်ရက်မှာ ဆရာဇင်ယော်နီ က သန္ဓေလူငယ်လေးတစ်ဦးကို ဆားနည်းနည်းသွား ယူခိုင်းပါတယ်။ ပြီးတော့ မန်ကျည်းစေ့လောက် ပါး စပ်ထဲပစ်ထည့်ပြီး ငုံထားတာကို တွေ့ရပါတယ်။ သင် တန်းတက်တဲ့အဘိုးကြီးတစ်ဦးက –

“ဆရာ …ဘာလုပ်တာလဲ …”လို့ မေး တော့ ဆရာက လည်ပင်းကို လက်နဲ့ဖိရင်း –

“ကျွန်တော် သင်တန်းရယ်၊ ဧည့်ဆောင်မှာ ယတြာပေးတာရယ်၊ ဓာတ်ကြီးလေးပါးယတြာရယ် တွေဆက်ပြီး မိုက်တစ်လုံးနဲ့ စကားပြောနေတာ .. သုံးရက်နဲ့သုံးည ရှိသွားပြီဗျ …၊ အသံက လုံးဝ မထွက်တော့ဘူး …၊ ပြီးခဲ့တဲ့ နှစ်လလောက်က သင်တန်းတက်သွားတဲ့ သင်တန်းသားဂီတသမားတစ် ဦးက နည်းလေးပေးသွားလို့ဗျို့ …၊

အသံဝင်ရင် သံပုရာသီးနဲ့ လျှက်ဆားနဲ့ စား တာတို့၊ သံပုရာသီးငုံတာတို့၊ ပူရှိန်းငုံတာတို့ ဆိုတာ တွေထက် ဆားမကျည်းစေ့လောက် ငုံထားလိုက်ရင်  အမြန်ဆုံးနဲ့ အသက်သာဆုံးပဲဆိုလို့ အဲဒီနည်းလေး စမ်းကြည့်တာ တော်တော်ဟုတ်တယ်ဗျို့ …၊ ပုံမှန် ကတော့ တစ်ရက်နှစ်ရက်လောက် ကျွန်တော် ဆက် တိုက်အလုပ်လုပ်နေရမြဲပါ …၊ ဒီတစ်ခါတော့ သုံး ရက်ဆက်တိုက် ဖြစ်သွားပြီဗျို့ …” လို့ လည်ပင်း ကိုဖိရင်း ပြန်ပြောခဲ့တာလေးကိုလည်း ကျွန်မတို့ ပညာတစ်ခုအဖြစ် မှတ်သားခွင့် ရခဲ့ပါတယ်။

သင်တန်းတွေမှာ ကန်တော့ပွဲထိုးနည်းတို့၊ တဲရော့သင်ခန်းစာတို့၊ အင်းစမနဲ့ပတ်သက်တာတွေ၊ ယတြာဓာတ်ရိုက်ဓာတ်ဆင်နည်းတွေကို ဆရာဇင် ယော်နီက သူ့ရဲ့အဓိကသင်ခန်းစာတွေအဖြစ် သင် ကြားပေးလေ့ရှိပေမယ့် ဂမ္ဘီရနည်းအဖုံဖုံ၊ ကျင့်ကြံ အားထုတ်နည်းအသီးသီးကို အဘကြီးမင်းသိင်္ခပြီးရင် ကျွန်မတို့ကို အများဆုံး ဖြန့်ဝေပေးခဲ့သူကတော့ ဆရာဇင်ယော်နီပါပဲ။

အခု ကျွန်မက နယ်ကိုပြောင်းသွားရတော့ ရန်ကုန်ကို ရှားရှားပါးပါး ရောက်သခိုက်မှာ ဆရာရဲ့ လိပ်စာကို စုံစမ်းပြီး အရောက်သွားခဲ့ပါတယ်။

ဆရာက ရယ်စရာမောစရာတွေ အဘကြီး နီးပါး အပြောကောင်းသူမို့ ကျွန်မတို့ သင်တန်းသူ သင်တန်းသားတွေ အချစ်ခင်ဆုံးဖြစ်ရသလို မထင် ရင်မထင်သလို တုတ်ထိုးအိုးပေါက်တာထက်တောင် ဆိုးဦးမယ် …ပက်ပက်စက်စက် ပြောတတ်တာ ကြောင့် အကြောက်ရဆုံး ဆရာတစ်ဦးထဲမှာလည်း ပါပါတယ်။

ဆရာဆီရောက်သွားတော့ ဆရာက လက် ဖက်ရည် ဆီးတိုက်ပါတယ်။ ပြီးတော့ အခုထိ ယောင် ချာချာဖြစ်နေတဲ့ကျွန်မက ကရုဏာဒေါသနဲ့ပက်ပက် စက်စက်ကို ပြောပါတော့တယ်။ ဆရာ့အကြောင်းကို သိနေတဲ့ ကျွန်မကလည်း ဆိတ်ဆိတ်သာ ငြိမ်နေမိပါ တော့တယ်။ ပြီးတော့မှ ကြောက်ရတဲ့ကြားထဲကပဲ ကျွန်မတို့မိသားစုမှာ အပူသောကတွေ ပေါင်းစုံဝိုင်း နေတဲ့အကြောင်းကိုပြောတော့ ဆရာက –

“နင်တို့ကို အဘက ပေးသွားပြီးသား …၊ ငါလည်း ပြန်ပြီး ပြောပြလေ့ရှိတယ် …၊ နင်တို့ဟာ က ရွှေမန်းတင်မောင်ကြီးရဲ့ ရွဲကုန်သည်ဇာတ်ထုပ် လို ဖြစ်နေကြတာ …၊ ရွှေခွက်တွေကို ရွှေခွက် မှန်းမသိဘဲ လွှင့်ပစ်ထားကြတယ် …၊ တကယ်က တော့ အဘမင်းသိင်္ခက ရွှေခွက်တွေ အများကြီးပေး သွားတာ …၊ ယုံယုံကြည်ကြည်နဲ့ အဲဒီခွက်တွေကို လေးလေးစားစားပြန်ကောက်ပြီး သုံးကြည့်ကြ …၊ နင်တို့တစ်သက်စာမက ရွှေခွက်တွေက ရှိနေပြီးသား ပါ …” ဆိုပြီး ကျွန်မတို့ ကြားဖူးနေတဲ့ နည်းတစ်ခု ကိုပဲ လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆရာပြောလိုက်မှ အဘပေးခဲ့တဲ့ရွှေခွက်တွေ အကြောင်း ကျွန်မ သဘောပေါက်မိပြီး အဲဒီနည်း လေးအတိုင်းဆောင်ရွက်တာ အံ့ဩလောက်အောင် ကိုပဲ ကျွန်မတို့မိသားစု အေးချမ်းငြိမ်းချမ်းမှုတွေ ခံ စားခဲ့ရပါတယ်။ ဆရာပြောပြခဲ့တာက –

“မိသားစုမှာ အပူသောကတွေများနေရင် မနက်စောစောတွေမှာ ကြေးဖလားထဲမှာ ရေထည့်၊ လမ်းဘက်ကိုလှည့်၊ ဖလားထဲကရေ ‘လောကဝိဒူ’ အခေါက် ၄၀ ရွတ်ပြီး မန်း၊ အိမ်ရှေ့မျက်နှာစာ၊ ဆိုင်ရှေ့မျက်နှာစာမှာ ဖျန်းပက်၊ မပြောကောင်း မဆို ကောင်း အရပ်ထဲမှာ မီးတွေဘာတွေလန့်ရင်လည်း အဲဒီလိုလေးရွတ်ပြီး မီးလောင်တဲ့အရပ်ဘက်ကို အဲဒီ ရေနဲ့ ဖျန်းတောက်ရင်း ဆုတောင်းပေးရတယ် …” ဆိုတဲ့ နည်းလေးပါပဲရှင် …။

အဘမင်းသိင်္ခနဲ့တကွ ဆရာအပေါင်းကို ကန် တော့လိုက်ပါတယ်။ အားလုံး ငြိမ်းချမ်းကြပါစေ။

မြလေး(မြေလတ်)