ဘဝကို အကောင်းဆုံးဖြစ်အောင် ရှင်သန်နေထိုင်ခြင်း

လူတိုင်းဟာ ဘဝကို အကောင်းဆုံးဖြစ်ချင် ကြတယ်။ ကိုယ်လက်ခံယုံကြည်ထားတဲ့ တရား တော်ကိုလည်း အကောင်းဆုံးတရားပဲ ဖြစ်ချင်ကြပါ တယ်။ ဒါပေမဲ့ ဖြစ်ချင်တိုင်းတော့ မဖြစ်ကြပါဘူး။ များစွာသော လူသားတွေဟာ မျိုးနွယ်စုတွေ မတူ ကြသလို ကိုးကွယ်ယုံကြည်ရာ ဘာသာတရားတွေ လည်း မတူကြပါဘူး။

လူသားတိုင်းမှာ ချမ်းသာခြင်း၊ ဆင်းရဲခြင်းဆို တာကို မကြုံချင်လို့ မရဘဲ ကြုံတွေ့ခံစားနေရပါ တယ်။ ဘာကြောင့်ချမ်းသာခြင်း၊ ဆင်းရဲခြင်းတွေကို ခံစားနေရတာလဲဆိုတာကိုတော့ သတိပြုမတွေး တောမိကြသူ များပါတယ်။ အချို့ကတော့ ထာဝရ ဘုရားရှင်ဆိုတဲ့ ဖန်ဆင်းရှင်ကြီးရဲ့ အလိုကျအတိုင်း ဆင်းရဲကြ၊ ချမ်းသာကြတာပဲလို့ ဆိုကြပါတယ်။ ဗုဒ္ဓဘုရားရှင်ကတော့ ဆင်းရဲခြင်း၊ ချမ်းသာခြင်းဆိုတဲ့ ကိစ္စဟာ လူတွေရဲ့ ကိုယ်တွင်းမှာရှိနေတဲ့ စိတ်အင် အားတွေကို အခြေခံပြီး ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် အရ အကြောင်း အကျိုး ဆက်နွှယ်မှုကို အခြေခံ ဖြစ်လာရတာလို့ ဟောကြားပါတယ်။ အခြား ဘာသာ များကတော့ ထာဝရဘုရားရှင်ဟာ လောကကို ဖန်တီးတယ်လို့ဆိုထားတော့ ချမ်းသာဆင်းရဲဆိုတာ ဘုရားသခင်ရဲ့ အလိုကျအတိုင်းပဲလို့ယူဆကြတာပါ။ ဖန်တီးရှင်ဆိုတဲ့ ပုဂ္ဂိုလ်ကို ဘယ်သူက ဖန်တီးပါသလဲ လို့မေးတော့ ဖြေစရာက မရှိတော့ဘဲ လမ်းဆုံးနေ ပါတယ်။

ဗုဒ္ဓဝါဒအရ အကြောင်းအကျိုးတရားတွေကို   လေ့လာရာမှာ ရှုပ်ထွေးပွေလိမ်နေတာကို တွေ့ရ တယ်။ ဒါပေမဲ့ အဲဒီဖြစ်စဉ်အားလုံးဟာ တစ်ခုနဲ့ တစ်ခု ကြောင်းကျိုးဆက်နွှယ်နေပါတယ်။

ဘဝမှာအကောင်းဆုံးဘဝကို ဖန်တီးတည် ဆောက်ချင်ရင် အကောင်းဆုံး အကြောင်းတရားကို တည်ဆောက်ရပါမယ်။ ကိုယ့်အားကိုယ်ကိုးပြီး ကြိုး စားရင် ထိပ်ဆုံးကို ရောက်နိုင်ပါတယ်။ တစ်ဆင့် စကားနဲ့ လမ်းမဆုံးရပါဘူး။ “အတ္တဟိအတ္တနော နာထော”ဆိုတဲ့ ကိုယ့်အားကိုယ်ကိုးဝါဒဟာ မြတ်ဗုဒ္ဓ ရဲ့ အဆုံးအမပါပဲ။ ကိုယ်ပိုင်အသိနဲ့ ကိုယ်တိုင်အား ကို မွေးရင်းဘဝကို တည်ဆောက်ရပါတယ်။ သူများ ကိုမှီတွယ်ခြင်းက ရုန်းထွက်ရမယ်။ လောင်းရိပ် အောက်က သစ်ပင်ဟာ ဘယ်တော့မှ ရှင်သန်ကြီး ထွားခြင်း မရှိနိုင်ပါဘူး။

အသိဥာဏ်ကောင်းတွေရဖို့ အခြေအနေ ကောင်းတွေ လိုပါတယ်။ ပညာတစ်ခုရဖို့ ဆရာ ကောင်းရှိတာဟာ အခြေအနေကောင်းပါပဲ။ ဆရာ ကောင်းထံက ပညာကို သင်ယူရမယ်။ လောကမှာ မသင်ဘဲတတ်မြောက်တဲ့ လူမရှိပါဘူး။ ဘုရားရှင် သာ မသင်ဘဲတတ်သူ ဖြစ်ပါတယ်။ အခုတင်ပြတာ တွေက အတွင်းစွမ်းအားစုဖြစ်တဲ့ စိတ်စွမ်းရည် တိုးတက်ဖို့ ပြင်ပက ထောက်ပံ့ရတဲ့ အပြင် အ ကြောင်းတရားတွေပါပဲ။ ဆင်ခြင်တွေးခေါ်တတ်ဖို့ ပညာလိုပါတယ်။ ကိုယ့်ရဲ့ ခံယူနိုင်စွမ်းရည်ဟာ ယောနိသော မနသီကာရဆိုတဲ့ အသင့်အတင့်နှလုံး သွင်းမှုကြောင့် မြင့်မားတိုးတက်လာရပါတယ်။ ကိုယ်တိုင်ပြုပြင်၊ ကိုယ်တိုင်တည်ဆောက်မှ ဘဝရဲ့ တိုးတက်မှုလမ်းကြောင်းပေါ်ကို ရောက်ပါတယ်။ ပြောချင်တာက အတွင်း၊ အပြင် စွမ်းရည်နှစ်ပါး အချိုးညီညီပေါင်းစပ်မှ အကြောင်းတရားကောင်း ဆိုတာ ဖြစ်လာပြီး လိုရာပန်းတိုင်ကို ရောက်နိုင်ပါ တယ်။

အတွင်းအပြင် အခြေအနေကောင်းတွေ ဆက်သွယ်နေပုံကို အာဟာရ သုံးဆောင်ခြင်းကို နမူနာပြုပြီး လေ့လာကြည့်နိုင်ပါတယ်။ လူတွေဟာ အာဟာရကို စားမှ အင်အားဖြစ်ပြီး အသက်ရှင်နိုင်ပါ တယ်။ အာဟာရဆိုတာက ပြင်ပအခြေအနေ (ပြင်ပ အကြောင်းတရား)ပါ။ အာဟာရကိုစားသောက်လို့ ခန္ဓာကိုယ်အင်အားပြည့်ပြီး ကျန်းမာရေးကောင်းတာ က အတွင်းအခြေအနေ(အတွင်းအကြောင်းအရာ)ပါ။ အတွင်းအပြင် အခြေအနေ နှစ်မျိုးဆိုတဲ့ အကြောင်း တရားတွေ ညီညွတ်ပါမှ ကျန်းမာခြင်းဆိုတဲ့ အကျိုး တရားကို ရနိုင်ပါတယ်။

လူတွေဟာ ဘဝမှာအကောင်းဆုံးကို ဖြစ်ချင် ပြီး အကောင်းဆုံးဘဝဖြစ်ဖို့ ကြိုးစားနေကြပါတယ်။ ကိုယ့်ဆန္ဒနဲ့ ကိုယ်ကြိုက်ရာကို ရွေးချယ်ခွင့်ရှိပါတယ်။   အဲဒီရွေးချယ်မှုကို လေ့လာကြည့်ရင် အကောင်းဆုံး ရဲ့ဆန့်ကျင်ဘက် အဆိုးဆုံးဆိုတာတွေကိုလည်း သိထားဖို့ လိုပါတယ်။

လူ့ဘဝကိုရောက်လာပြီး အဆိုးဆုံးဖြစ်တဲ့ အရာကတော့ ပျင်းတာပါပဲ။ ပျင်းရင် ဖျင်းတယ်ဆိုတဲ့ စကားဟာ နောက်ဆက်တွဲပါလာလေတော့ ပညာ သင်ကြားရာမှာ၊ တာဝန်ထမ်းဆောင်ရာမှာ၊ အသက် မွေးဝမ်းကျောင်းရာမှာ ပျင်းနေရင် ဘာမှ မတိုးတက် တော့ပါဘူး။ အပျင်းဓာတ်က ဘဝကို မှေးမှိန် သိမ်ငယ်စေပါတယ်။

ရဟန်းတော်တွေဆိုရင် အရာရာမှာ စောင့် စည်းတတ်ရပါတယ်။ ဒါဟာ ရဟန်းတွေရဲ့ အသက် ပါပဲ။

တိုင်းပြည်အုပ်ချုပ်တဲ့သူဆိုရင် အရာရာမှာ စဉ်းစားချင့်ချိန်နိုင်ဖို့ အရေးကြီးလှပါတယ်။ စိတ် နောက်နှုတ်ပါ ပြောလို့မရနိုင်ပါဘူး။

ပညာရှိဆိုသူများကတော့ ဒေါသတရားကို ချုပ်တည်းရပါတယ်။ ဒီလို အားနည်းချက်တွေမရှိမှ တိုးတက်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ပါတယ်။

ကောင်းတဲ့ဘဝတွေကို ပိုင်ဆိုင်ဖို့ မြတ်ဗုဒ္ဓ အလိုကျ လေ့လာကြည့်ရင် အကျိုးများပါတယ်။ လေ့လာပြီးရင် ကျင့်သုံးဖို့လည်း လိုပါတယ်။

လူတွေဟာ အကောင်းဆုံးကိုတော့ လိုချင် ကြတယ်။ အကောင်းဆုံးဘဝကို ထူထောင်ချင်ကြ တာတွေဟာ ဓမ္မတာပါပဲ။ အကောင်းဆုံးကို ဖြစ် အောင်လုပ်မယ်လို့တော့ လူတွေ ပြောတတ်ကြပါ တယ်။ ပြောတိုင်းတော့ မလုပ်ကြပါဘူး။

လောကအလယ် လူရယ်လို့ဖြစ်လာသူဟာ စီးပွားရှာတတ်ရပါမယ်။ စီးပွားရေး မကောင်းရင် လူ့ ဘဝမှာ အောက်တန်းရောက်ကြရပါတယ်။ လူတွေ အတွက် စီးပွားရေးဟာ အဓိကပဲဆိုတာ ပြောဖို့ မလိုပါဘူး။ စီးပွားရှာရာမှာတော့ သမ္မာအာဇီဝကျတဲ့ အလုပ်မျိုးဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့်မို့ ဘုရားရှင်က  နှစ်ဖက်အမြင် ရှိရမယ်။ စီးပွားရေးမျက်စိနဲ့ ဓမ္မမျက်စိ  ရှိဖို့ ညွှန်ပြပါတယ်။ တစ်မျိုးတည်းမြင်ရင် တစ်ဖက် ကန်းဖြစ်ပြီး နှစ်မျိုးလုံး ချို့တဲ့ရင်တော့ နှစ်လုံးကန်း ဘဝ ရောက်ရပါတယ်။

အခြားသော နိုင်ငံရပ်ခြားတွေ တိုးတက်နေ ကြပြီး မိမိတို့နိုင်ငံသားတွေ ဘာကြောင့် မတိုးတက် ရတာလဲလို့ လေ့လာကြည့်ဖို့လိုပါတယ်။ တိုးတက်တဲ့ နိုင်ငံသားတွေဟာ အလုပ်ကို ကြိုးစားကြတယ်။ လုပ်ငန်းကျွမ်းကျင်တယ်။ နည်းပညာ ပညာကောင်း တယ်။ ဇွဲကောင်းတယ်ဆိုတာ တွေ့ရပါတယ်။

နောက်အချက်တွေကတော့ အလေအလွင့် မရှိရအောင် ထိန်းသိမ်းတတ်ရတယ်။ ဝင်ငွေထွက်ငွေ ကို မျှတစေပြီး စာရင်းဇယား ရှိရပါတယ်။ မိတ် ကောင်းဆွေကောင်း အကြံကောင်းÓာဏ်ကောင်းနဲ့ အမှီကောင်းတွေလည်း လိုပါတယ်။ ဒါမှသာ ဘဝမှာ တိုးတက်မြင့်မားတဲ့ ဓနဥစ္စာပြည့်စုံသူ ဖြစ်လာနိုင်ပါ တယ်။

တကယ်ချမ်းသြွာကယ်ဝလာရင် ဘာလုပ် မလဲ။ တစ်ကိုယ်ကောင်းဆန်ပြီး ငါနဲ့ ငါ့မိသားစု အတွက် မဖြစ်စေရပါဘူး။ မိမိပတ်ဝန်းကျင်မြို့ရွာ အသိုင်းအဝိုင်းနဲ့ အမျိုးဘာသာအတွက် အသုံးချတတ် ရပါမယ်။ ဒါမှ လူ့အသိုင်းအဝိုင်းမှာ တန်ဖိုးရှိတဲ့ လူအဖြစ် အများက လေးစားလာမှာပါ။

လူအချိုဟာ စီးပွားဖြစ်လာရင်ြွကားဝါချင် ကြတယ်။ မာနကြီးလာတတ်တယ်။ ဒါဆိုရင် လူတွေ ရဲ့ ရွံရှာမုန်းတီးမှုကို ခံရတတ်ပါတယ်။ ဖြစ်လာတဲ့ စီးပွားဥစ္စာဟာ မမြဲဘူး။ သင်္ခါရနယ်ပယ်ထဲက ပစ္စည်း တွေပဲ။ မတည်မမြဲ ပျက်စီးတတ်တာကို နှလုံး သွင်းထားဖို့ လိုပါတယ်။ ရာထူးကျတာ၊ စီးပွား ပျက်တာ တွေ့ကြုံရင်လည်း တည်တည်ငြိမ်ငြိမ်ရှိရပါ တယ်။ ဒါဟာ ဖြစ်တတ်ပျက်တတ်တဲ့ သဘာဝပဲလို့ နှလုံးသွင်းတတ်ရပါတယ်။

ဒါတွေဟာ ဘဝကို ချမ်းသာစေတဲ့နည်းတွေ ပါပဲ။ ကိုယ်စိတ်နှစ်ပါးချမ်းသာအောင် လောကဓံ တရား ရှစ်ပါးဖြစ်တဲ့ အဆိုးလေးပါး၊ အကောင်းလေး ပါးနဲ့ ကြုံတွေ့ရင် မတုန်လှုပ်ဖို့ အရေးကြီးပါတယ်။ ဒီလိုနေတတ်တာကို မင်္ဂလာရှိတယ်လို့ ဘုရားရှင်က  မင်္ဂလသုတ်တော်မှာ မိန့်ဆိုခဲ့ပါတယ်။

လူ့ဘဝရောက်လာသူ ဗုဒ္ဓဘာသာဝင်တစ် ယောက်အတွက် ကံကောင်းခြင်းတွေက စောင့်နေပါ တယ်။ ဘုရားရှင်ဟာ ဘဝရဲ့ ကြီးပွားကြောင်းတွေကို သဘာဝ ကျကျ ညွှန်ပြတော်မူသလို နောက်ဆုံးနိဂုံး မှာ မဂ္ဂင်လမ်းကြောင်းပေါ်ကို တင်ပေးတော်မူပါ တယ်။ အဲဒီလမ်းကြောင်းဟာ ဘဝရဲ့ဆင်းရဲခြင်းတွေ က လွတ်မြောက်စေတဲ့ လမ်းကြောင်းပါပဲ။ အပြီးတိုင် ချုပ်ငြိမ်းပြီး အပါယ်ဘေး ကင်းဝေးစေကြောင်းကို ဟောဖော်ညွှန်ပြထားပါတယ်။

ဘဝကို တည်ဆောက်ရာမှာ လေ့ကျင့်ပျိုး ထောင်ယူဖို့ လိုပါတယ်။ အတွင်းအပြင် စွမ်းအားနှစ် ခု မျှတနေတဲ့လူဟာ နှစ်သက်ဖွယ်ဘဝမျိုးကို ရနေပါ တယ်။ နောက်တစ်ဆင့်တတ်ပြီး ကိုယ်၊ နှုတ်၊ စိတ် သုံးပါးကို စောင့်ဆည်းဖို့လိုကြောင်း ညွှန်ပြပါတယ်။ ဒါကို သီလလို့ခေါ်ပါတယ်။ လူတွေဟာ အပြစ်ကင်း အောင် သီလလုံခြုံရပါတယ်။ လူ့စည်းကမ်းတွေကို မဖောက်ဖျက်ရပါဘူး။ သီလလုံခြုံရင် အပြစ်ကင်းပြီး  စိတ်ချမ်းသာပါတယ်။ ချမ်းသာနေတဲ့ စိတ်မှသာ မဂ္ဂင်အကျင့်ကို ကျင့်နိုင်ပါတယ်။ မဂ္ဂင်အကျင့်ဆိုလို့ ပုထုဇဉ်တွေက ကြောက်ရွံ့နေတတ်ပါတယ်။ တရား အားထုတ်တာကို တီဆားနဲ့တွေ့သလိုဖြစ်တတ်တယ်။ တရားအားထုတ်တယ်ဆိုတာ အရှင်းဆုံး ပြောရရင် လိုအင်ဆန္ဒတွေကို တစ်စတစ်စ စွန့်လွှတ်တာကို ခေါ်တာပါ။

ဥပမာပြောရရင် ထွက်လေဝင်လေ(အာနာပါ န)ကို စတင်လေ့ကျင့်ရပါတယ်။ ထွက်လေဝင်လေကို စိတ်နဲ့မြင်အောင် ကြည့်နိုင်ရင် တည်ငြိမ်တဲ့သမာဓိ ကိုရပါတယ်။ ဇွဲနဲ့ လေ့ကျင့်ရင် ထွက်လေဝင်လေ ရဲ့ မမြဲပုံကို သိလာပါတယ်။ ဝင်သွားတဲ့လေဟာ ပျောက်ဆုံးသွားပြီး နောက်လေသစ်ကို ထပ်ရှူရပါ တယ်။ ထွက်တဲ့လေဟာလည်း ပျောက်ဆုံးသွားပြီး နောက် လေသစ်ကို ထပ်ရှူရပါတယ်။ ဒါဟာ မမြဲ မှန်း သိတာပါပဲ။ မမြဲခြင်းကို သိတာဟာ အနိစ္စ တရားကို သိတာပါပဲ။ အနိစ္စသဘောကို ဆင်ခြင်ဖန် များလာတော့ တွယ်တာမှုတွေ လျော့ပါးလာနိုင်ပါ တယ်။ အမှန်တရားကို သိမြင်လာနိုင်ပြီး လောကဓံ တရားကို မတုန်မလှုပ် ခံနိုင်ရည်ရှိပါတယ်။

ဘဝမှာ အကောင်းဆုံး ရှင်သန်နေထိုင်နိုင်ဖို့ ကတော့ ဗုဒ္ဓဘုရားရှင်ရဲ့ ဓမ္မရင်ခွင်မှာ မဂ္ဂင်အကျင့် ကို ကျင့်ဖို့ပါပဲ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ နိဂုံး ဆုတောင်းဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်လွယ်၊ ရ လွယ်ရပါလို၏ ဆိုတာပါပဲ။ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဒီဆုတောင်းနဲ့ နိဂုံးချုပ်နေကြပါ။ တကယ်တော့ နိဗ္ဗာန်ရောက်ဖို့ လမ်းမှန်ကို လျှောက်ရ ပါတယ်။ လမ်းမှန်တာကို သမ္မာဒိဋ္ဌိလို့ခေါ်ပါတယ်။ ဒီနောက်မှာ သောတာပန်ဆိုတဲ့ အရိယာနွယ်ဝင်ဖြစ် အောင် ကြိုးစားရပါတယ်။ သောတာပန်ဆိုတာ စီးဆင်းနေတဲ့ ရေအလျဉ်လို့ဆိုပါတယ်။ အဲဒီ ရေအလျဉ်ဟာ နိဗ္ဗာန်ကို ဦးတည်နေတဲ့ ရေအလျဉ် ပါပဲ။ ဒါဆိုရင် အပါယ် တံခါးပိတ်ပြီး ငြိမ်းအေး ချမ်းသာတဲ့ ဘဝကို တကယ် ပိုင်ဆိုင်ခွင့်ရသွား ပါတော့တယ်။

 

မေတ္တာရည်လျက်

မျိုးတင့်(ညောင်လေးပင်)

စာညွှန်း။   ။ ဒေါက်တာနန္ဒမာလာ၏ ဘဝမှာ အကောင်းဆုံး။