ကမၻာ့ ဒုတိယအျမင့္ဆံုးေသာ ေလးကၽြန္းစၾကာ ဗုဒၶ႐ုပ္ပြားေတာ္

မံုရြာနယ္မွာရွိတဲ့ ေဗာဓိတေထာင္ သာသနာ့ နယ္ေျမဆီကို ေလးႀကိမ္မွ် ေရာက္ခဲ့ဖူးပါတယ္။ ေရာက္ခဲ့ဖူးတဲ့ အႀကိမ္တိုင္းမွာလည္း အံ့မခန္းႀကီး က်ယ္လြန္းလွတဲ့ ရပ္ေတာ္မူ ႐ုပ္ပြားေတာ္ႀကီးကို ဖူးမဝ ျဖစ္ခဲ့တာခ်ည္းပါပဲ။

ေဗာဓိတစ္ေထာင္ သာသနာ့နယ္ေျမမွာရွိတဲ့ ဘုရားေစတီသာသနိက အေဆာက္အအံုေတြဟာ ေက်းဇူးရွင္ ေဗာဓိတစ္ေထာင္ဆရာေတာ္ ဘုရားရဲ႕ အစီအမံနဲ႔ တည္ထားခဲ့ျခင္းပဲျဖစ္ပါတယ္။ ေဗာဓိ တစ္ေထာင္သို႔ ေရာက္ေလတိုင္းမွာ ဆရာေတာ္ႀကီးရဲ႕ ေက်းဇူးတရားႀကီးျမတ္မႈေတြကို အစဥ္ေအာက္ေမ့ မိရပါတယ္။ ေဗာဓိတစ္ေထာင္ သာသနာ့နယ္ေျမ ထဲက မိုးထိေအာင္ ျမင့္မား ၾကည္ညိဳစရာေကာင္း လွတဲ့ ရပ္ေတာ္မူ ႐ုပ္ပြားေတာ္ျမတ္ႀကီးကို ဆရာေတာ္ ဘုရားႀကီးက ေလးကြ်န္းစၾကာ ႐ုပ္ပြားေတာ္လို႔ အမည္ပညတ္ခဲ့ပါတယ္။ ႐ုပ္ပြားေတာ္ျမတ္ႀကီးကို ႏွစ္ရွည္လမ်ားၾကာတိုင္ အပင္ပန္းခံၿပီး ဆရာေတာ္ ဘုရားႀကီး တည္ေဆာက္ခဲ့ပါတယ္။ ဗုဒၶ႐ုပ္ပြားေတာ္ ႀကီးရဲ႕ ဦးေခါင္းေတာ္ကို ၂၀ဝ၈ ခုႏွစ္ေရာက္မွ အၿပီး သတ္ႏိုင္ခဲ့ပါတယ္။ ႐ုပ္ပြားေတာ္ႀကီးရဲ႕ ၿပီးဆံုး သပၸာယ္မႈကိုေတာ့ ဆရာေတာ္ဘုရားႀကီး မဖူးေတြ႕ ႏိုင္ခဲ့ပါဘူး။ ႐ုပ္ပြားေတာ္ျမတ္ႀကီးကို အေခ်ာသတ္ တည္ေဆာက္ေနဆဲမွာပဲ ေဗာဓိတစ္ေထာင္ဆရာ ေတာ္ဘုရားႀကီးဟာ ၂၀ဝ၆ ခုႏွစ္မွာ ပ်ံလြန္ေတာ္ မူခဲ့ပါတယ္။

ေလးကြ်န္းစၾကာ ႐ုပ္ပြားေတာ္ႀကီးဟာ ေျခ ေတာ္မွ ဦးေခါင္းေတာ္အထိ ေပေပါင္း ၃၈၀ ေပ ျမင့္မားပါတယ္။ အထပ္ေပါင္း ၃၁ ထပ္ ထည့္သြင္း တည္ေဆာက္ထားတဲ့ အံ့မခန္းဖြယ္ရာ ႐ုပ္ပြားေတာ္ ျမတ္ႀကီးလည္း ျဖစ္ပါတယ္။

ေဗာဓိတစ္ေထာင္ဆီ ေလးေခါက္ေရာက္ခဲ့ တယ္။ ႀကီးက်ယ္အံ့မခန္းမႈေတြကို ဖူးေတြ႕ရၿပီး သဒၶါပီတိမ်ားစြာနဲ႔ ၾကည္ႏူးမိပါတယ္။ ဒီေလာက္ ေလးပဲ သိခဲ့ပါတယ္။ တကယ္ေတာ့ ေလးကြ်န္း စႀကၤာ႐ုပ္ပြားေတာ္ျမတ္ႀကီးဟာ ကြ်န္ေတာ္တို႔ ထင္ ထား သိထားတာနဲ႔ ပိုၿပီး ႀကီးက်ယ္ျမင့္ျမတ္ေန တာကို ဇြန္လ ၅ ရက္ ဒီဗီဘီသတင္းအရ ထပ္ဆင့္ သိလိုက္ရတာကို ေဝမွ်ေပးလိုက္ရပါတယ္။

ကမၻာ႕အျမင့္ဆံုး ဗုဒၶဆင္းတုေတာ္ ခုနစ္ဆူ စာရင္းကို Asia Correspondent သတင္းဝက္ဆိုဒ္ ကေန ေဖာ္ျပေပးလိုက္ပါတယ္။ ကမၻာ့အျမင့္ဆံုး ေသာ ႐ုပ္ပြားေတာ္ခုနစ္ဆူကို အစဥ္လိုက္ ဖတ္ၾကည့္ လိုက္ရင္ ေလးကြ်န္းစၾကာ ႐ုပ္ပြားေတာ္ျမတ္ႀကီး ပါဝင္ေနတာကို ေတြ႕ရမွာပါ။

ပထမအျမင့္ဆံုးေသာ ႐ုပ္ပြားေတာ္ကေတာ့ တ႐ုတ္ႏိုင္ငံ ဟီနန္ျပည္နယ္ထဲမွာ ရွိပါတယ္။ Spring Temple ဗုဒၶ႐ုပ္ပြားေတာ္လို႔ ေခၚဆိုၾကၿပီး အျမင့္ေပကေတာ့ ၅၀၂ ေပရွိပါတယ္။

ဒုတိယ႐ုပ္ပြားေတာ္ကေတာ့ မံုရြာေဗာဓိ တစ္ေထာင္မွာရွိတဲ့ ေလးကြ်န္းစၾကာ ႐ုပ္ပြားေတာ္ပဲ ျဖစ္ပါတယ္။ ဘယ္ေလာက္မ်ား ၾကည္ညိဳဂုဏ္ယူ စရာေကာင္းလိုက္ပါသလဲ။ သာသနာေတာ္အတြက္ ေဗာဓိတစ္ေထာင္ ဆရာေတာ္ဘုရားႀကီး ဝီရိယ ႀကီးခဲ့မႈကို အေလးအျမတ္ျပဳထိုက္ပါတယ္။

တတိယေျမာက္အဆူကေတာ့ ဂ်ပန္ႏိုင္ငံမွာ ရွိတဲ့ ယူရွီကိုဒိုင္ဘူဆူ ဗုဒၶ႐ုပ္ပြားေတာ္ျဖစ္ၿပီး အျမင့္ ေပ ၃၆၇ ေပရွိပါတယ္။ စတုတၴကေတာ့ တ႐ုတ္ႏိုင္ငံ က ဧကရာဇ္ဟန္နဲ႔ ဟန္႐ုပ္တုေတြျဖစ္ၿပီး အျမင့္ ေပ ၃၄၈ ေပရွိပါတယ္။

ပဥၥေျမာက္ကေတာ့ ဂ်ပန္ႏိုင္ငံ ဆင္ဒိုင္ဒိုက္   ကန္ႏိုဘုန္းေတာ္ႀကီးေက်ာင္းထဲက အျမင့္ေပ ၃၃၀ ရွိတဲ့ ဆင္းတုေတာ္ပဲျဖစ္ပါတယ္။ ဆ႒မ ႐ုပ္ပြား ေတာ္ကေတာ့ ကြမ္ရင္မယ္ေတာ္ ႐ုပ္တုပါ။ တ႐ုတ္ ႏိုင္ငံ ေဝ့က်န္းျပည္နယ္ထဲမွာရွိၿပီး ၃၂၅ ေပျမင့္ပါ တယ္။

ေနာက္ဆံုး သတၲမေျမာက္ ႐ုပ္ပြားေတာ္က ထိုင္းႏိုင္ငံကပါ။ အျမင့္ေပ ၃၀၂ ေပရွိၿပီး ထိုင္းႏိုင္ငံ အန္ေထာင္းခ႐ိုင္ထဲမွာ တည္ရွိေနပါတယ္။

အထက္မွာ ေဖာ္ျပခဲ့တာေတြကေတာ့ ကမၻာ့ အျမင့္ဆံုးလို႔ သတ္မွတ္ထားတဲ့ ဆင္းတုေတာ္ ခုနစ္ ဆူပဲ ျဖစ္ပါတယ္။ ကမၻာ႔အျမင့္ဆံုး ဆင္းတုေတာ္ ခုနစ္ဆူစလံုးဟာ အာရွေဒသအတြင္းမွာပဲ တည္ရွိေန တာကို ေတြ႕ျမင္ရမွာပါ။ အထူးသျဖင့္ ဗုဒၶဘာသာ ထြန္းကားရာ ေဒသေတြမွာ ရွိေနၾကပါတယ္။

ေလးကြ်န္းစၾကာ ႐ုပ္ပြားေတာ္ျမတ္ႀကီးရဲ႕ ထင္ရွားေက်ာ္ေဇာမႈေတြကို ထပ္ၿပီး ေျပာျပခ်င္ပါ ေသးတယ္။ CNN သတင္း႒ာနဆိုတာကေတာ့ ကမၻာ႔ အႀကီးဆံုး သတင္း႒ာနႀကီးတစ္ခုျဖစ္ပါတယ္။ CNN သတင္းဌာနရဲ႕ Travel အစီစဥ္ကေန ကမၻာ ေပၚမွာရွိတဲ့ ျမင္ရဖူးသူအေပါင္း ရင္သပ္႐ႈေမာဖြယ္ရာ  အေကာင္းဆံုး ဘာသာေရးဆိုင္ရာ အေဆာက္အအံု ဆယ္ခုကို ထုတ္လႊင့္ျပသသြားပါတယ္။ CNN ရဲ႕ ေလ့လာစုစည္းထားမႈအရ ႐ုပ္ပြားေတာ္ႀကီးရဲ႕ ႀကီး က်ယ္ခမ္းနားမႈကို ထပ္မံသိရျပန္ပါတယ္။

ကမၻာပတ္လမ္းေၾကာင္းေပၚမွာရွိတဲ့ Space Station ကေနၿပီး ၾကည့္မယ္ဆိုရင္ ေလးကြ်န္း စၾကာ ႐ုပ္ပြားေတာ္ႀကီးကို မ်က္စိပကတိ အျမင္နဲ႔ ျမင္ႏိုင္ပါတယ္တဲ့။ မွန္ေျပာင္းေတာင္ မလိုပါဘူး လို႔လည္း ေျပာဆိုထားပါတယ္။

ေလးကြ်န္းစၾကာ ႐ုပ္ပြားေတာ္ျမတ္ႀကီးရဲ႕ ႀကီးက်ယ္ခမ္းနားျမင့္ျမတ္မႈေတြကို သိရွိခဲ့ရပါတယ္။  ေနာက္တစ္ခ်ိန္ ေဗာဓိတစ္ေထာင္ဆီ ေရာက္ျဖစ္ခဲ့ ရင္ေတာ့ လက္စံုမွန္းဆ ေျမဝယ္ခ်ၿပီး ဦးခိုက္ျဖစ္ မွာ ျဖစ္သလို ေဗာဓိတစ္ေထာင္ ဆရာေတာ္ဘုရား ႀကီးကိုလည္း ေအာက္ေမ့သတိရမိမွာ ေသခ်ာပါ ေတာ့တယ္။

ေနလေရာင္

Unicode Version

 

မုံရွာနယ်မှာရှိတဲ့ ဗောဓိတထောင် သာသနာ့ နယ်မြေဆီကို လေးကြိမ်မျှ ရောက်ခဲ့ဖူးပါတယ်။ ရောက်ခဲ့ဖူးတဲ့ အကြိမ်တိုင်းမှာလည်း အံ့မခန်းကြီး ကျယ်လွန်းလှတဲ့ ရပ်တော်မူ ရုပ်ပွားတော်ကြီးကို ဖူးမဝ ဖြစ်ခဲ့တာချည်းပါပဲ။
ဗောဓိတစ်ထောင် သာသနာ့နယ်မြေမှာရှိတဲ့ ဘုရားစေတီသာသနိက အဆောက်အအုံတွေဟာ ကျေးဇူးရှင် ဗောဓိတစ်ထောင်ဆရာတော် ဘုရားရဲ့ အစီအမံနဲ့ တည်ထားခဲ့ခြင်းပဲဖြစ်ပါတယ်။ ဗောဓိ တစ်ထောင်သို့ ရောက်လေတိုင်းမှာ ဆရာတော်ကြီးရဲ့ ကျေးဇူးတရားကြီးမြတ်မှုတွေကို အစဉ်အောက်မေ့ မိရပါတယ်။ ဗောဓိတစ်ထောင် သာသနာ့နယ်မြေ ထဲက မိုးထိအောင် မြင့်မား ကြည်ညိုစရာကောင်း လှတဲ့ ရပ်တော်မူ ရုပ်ပွားတော်မြတ်ကြီးကို ဆရာတော် ဘုရားကြီးက လေးကျွန်းစကြာ ရုပ်ပွားတော်လို့ အမည်ပညတ်ခဲ့ပါတယ်။ ရုပ်ပွားတော်မြတ်ကြီးကို နှစ်ရှည်လများကြာတိုင် အပင်ပန်းခံပြီး ဆရာတော် ဘုရားကြီး တည်ဆောက်ခဲ့ပါတယ်။ ဗုဒ္ဓရုပ်ပွားတော် ကြီးရဲ့ ဦးခေါင်းတော်ကို ၂၀ဝ၈ ခုနှစ်ရောက်မှ အပြီး သတ်နိုင်ခဲ့ပါတယ်။ ရုပ်ပွားတော်ကြီးရဲ့ ပြီးဆုံး သပ္ပာယ်မှုကိုတော့ ဆရာတော်ဘုရားကြီး မဖူးတွေ့ နိုင်ခဲ့ပါဘူး။ ရုပ်ပွားတော်မြတ်ကြီးကို အချောသတ် တည်ဆောက်နေဆဲမှာပဲ ဗောဓိတစ်ထောင်ဆရာ တော်ဘုရားကြီးဟာ ၂၀ဝ၆ ခုနှစ်မှာ ပျံလွန်တော် မူခဲ့ပါတယ်။

လေးကျွန်းစကြာ ရုပ်ပွားတော်ကြီးဟာ ခြေ တော်မှ ဦးခေါင်းတော်အထိ ပေပေါင်း ၃၈၀ ပေ မြင့်မားပါတယ်။ အထပ်ပေါင်း ၃၁ ထပ် ထည့်သွင်း တည်ဆောက်ထားတဲ့ အံ့မခန်းဖွယ်ရာ ရုပ်ပွားတော် မြတ်ကြီးလည်း ဖြစ်ပါတယ်။

ဗောဓိတစ်ထောင်ဆီ လေးခေါက်ရောက်ခဲ့ တယ်။ ကြီးကျယ်အံ့မခန်းမှုတွေကို ဖူးတွေ့ရပြီး သဒ္ဓါပီတိများစွာနဲ့ ကြည်နူးမိပါတယ်။ ဒီလောက် လေးပဲ သိခဲ့ပါတယ်။ တကယ်တော့ လေးကျွန်း စင်္ကြာရုပ်ပွားတော်မြတ်ကြီးဟာ ကျွန်တော်တို့ ထင် ထား သိထားတာနဲ့ ပိုပြီး ကြီးကျယ်မြင့်မြတ်နေ တာကို ဇွန်လ ၅ ရက် ဒီဗီဘီသတင်းအရ ထပ်ဆင့် သိလိုက်ရတာကို ဝေမျှပေးလိုက်ရပါတယ်။

ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓဆင်းတုတော် ခုနစ်ဆူ စာရင်းကို Asia Correspondent သတင်းဝက်ဆိုဒ် ကနေ ဖော်ပြပေးလိုက်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံး သော ရုပ်ပွားတော်ခုနစ်ဆူကို အစဉ်လိုက် ဖတ်ကြည့် လိုက်ရင် လေးကျွန်းစကြာ ရုပ်ပွားတော်မြတ်ကြီး ပါဝင်နေတာကို တွေ့ရမှာပါ။

ပထမအမြင့်ဆုံးသော ရုပ်ပွားတော်ကတော့ တရုတ်နိုင်ငံ ဟီနန်ပြည်နယ်ထဲမှာ ရှိပါတယ်။ Spring Temple ဗုဒ္ဓရုပ်ပွားတော်လို့ ခေါ်ဆိုကြပြီး အမြင့်ပေကတော့ ၅၀၂ ပေရှိပါတယ်။

ဒုတိယရုပ်ပွားတော်ကတော့ မုံရွာဗောဓိ တစ်ထောင်မှာရှိတဲ့ လေးကျွန်းစကြာ ရုပ်ပွားတော်ပဲ ဖြစ်ပါတယ်။ ဘယ်လောက်များ ကြည်ညိုဂုဏ်ယူ စရာကောင်းလိုက်ပါသလဲ။ သာသနာတော်အတွက် ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီး ဝီရိယ ကြီးခဲ့မှုကို အလေးအမြတ်ပြုထိုက်ပါတယ်။

တတိယမြောက်အဆူကတော့ ဂျပန်နိုင်ငံမှာ ရှိတဲ့ ယူရှီကိုဒိုင်ဘူဆူ ဗုဒ္ဓရုပ်ပွားတော်ဖြစ်ပြီး အမြင့် ပေ ၃၆၇ ပေရှိပါတယ်။ စတုတ္ထကတော့ တရုတ်နိုင်ငံ က ဧကရာဇ်ဟန်နဲ့ ဟန်ရုပ်တုတွေဖြစ်ပြီး အမြင့် ပေ ၃၄၈ ပေရှိပါတယ်။

ပဉ္စမြောက်ကတော့ ဂျပန်နိုင်ငံ ဆင်ဒိုင်ဒိုက်   ကန်နိုဘုန်းတော်ကြီးကျောင်းထဲက အမြင့်ပေ ၃၃၀ ရှိတဲ့ ဆင်းတုတော်ပဲဖြစ်ပါတယ်။ ဆဋ္ဌမ ရုပ်ပွား တော်ကတော့ ကွမ်ရင်မယ်တော် ရုပ်တုပါ။ တရုတ် နိုင်ငံ ဝေ့ကျန်းပြည်နယ်ထဲမှာရှိပြီး ၃၂၅ ပေမြင့်ပါ တယ်။

နောက်ဆုံး သတ္တမမြောက် ရုပ်ပွားတော်က ထိုင်းနိုင်ငံကပါ။ အမြင့်ပေ ၃၀၂ ပေရှိပြီး ထိုင်းနိုင်ငံ အန်ထောင်းခရိုင်ထဲမှာ တည်ရှိနေပါတယ်။

အထက်မှာ ဖော်ပြခဲ့တာတွေကတော့ ကမ္ဘာ့ အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ ဆင်းတုတော် ခုနစ် ဆူပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံး ဆင်းတုတော် ခုနစ်ဆူစလုံးဟာ အာရှဒေသအတွင်းမှာပဲ တည်ရှိနေ တာကို တွေ့မြင်ရမှာပါ။ အထူးသဖြင့် ဗုဒ္ဓဘာသာ ထွန်းကားရာ ဒေသတွေမှာ ရှိနေကြပါတယ်။

လေးကျွန်းစကြာ ရုပ်ပွားတော်မြတ်ကြီးရဲ့ ထင်ရှားကျော်ဇောမှုတွေကို ထပ်ပြီး ပြောပြချင်ပါ သေးတယ်။ CNN သတင်းဋ္ဌာနဆိုတာကတော့ ကမ္ဘာ့ အကြီးဆုံး သတင်းဋ္ဌာနကြီးတစ်ခုဖြစ်ပါတယ်။ CNN သတင်းဌာနရဲ့ Travel အစီစဉ်ကနေ ကမ္ဘာ ပေါ်မှာရှိတဲ့ မြင်ရဖူးသူအပေါင်း ရင်သပ်ရှုမောဖွယ်ရာ  အကောင်းဆုံး ဘာသာရေးဆိုင်ရာ အဆောက်အအုံ ဆယ်ခုကို ထုတ်လွှင့်ပြသသွားပါတယ်။ CNN ရဲ့ လေ့လာစုစည်းထားမှုအရ ရုပ်ပွားတော်ကြီးရဲ့ ကြီး ကျယ်ခမ်းနားမှုကို ထပ်မံသိရပြန်ပါတယ်။

ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာရှိတဲ့ Space Station ကနေပြီး ကြည့်မယ်ဆိုရင် လေးကျွန်း စကြာ ရုပ်ပွားတော်ကြီးကို မျက်စိပကတိ အမြင်နဲ့ မြင်နိုင်ပါတယ်တဲ့။ မှန်ပြောင်းတောင် မလိုပါဘူး လို့လည်း ပြောဆိုထားပါတယ်။

လေးကျွန်းစကြာ ရုပ်ပွားတော်မြတ်ကြီးရဲ့ ကြီးကျယ်ခမ်းနားမြင့်မြတ်မှုတွေကို သိရှိခဲ့ရပါတယ်။  နောက်တစ်ချိန် ဗောဓိတစ်ထောင်ဆီ ရောက်ဖြစ်ခဲ့ ရင်တော့ လက်စုံမှန်းဆ မြေဝယ်ချပြီး ဦးခိုက်ဖြစ် မှာ ဖြစ်သလို ဗောဓိတစ်ထောင် ဆရာတော်ဘုရား ကြီးကိုလည်း အောက်မေ့သတိရမိမှာ သေချာပါ တော့တယ်။

နေလရောင်