အဘမင်းသိင်္ခပြောပြတဲ့ ဂဏန်းဗေဒင်ထဲက မူလ (၁) ဂဏန်းသမားများ

အဘမင်းသိင်္ခပြောပြတဲ့ ဂဏန်းဗေဒင်ထဲက မူလ (၁) ဂဏန်းသမားများ

မူလဂဏန်း (၁) ရတဲ့ လူဟာ အသားအရည်က ဖြူဖတ်ဖြူရော် ရှိတတ်တယ်ကွ။ ဒါပေမယ့် ကိုယ်လုံး ကိုယ်ပေါက်က ကြံ့ခိုင်တဲ့ လက္ခဏာ ရှိတယ်ကွ။ ဆံပင်တို့ ဘာတို့ကတော့ အများအားဖြင့် အမည်းရောင် ဖြစ်လေ့ရှိတယ်။ ပြီးတော့ လူအများစုနဲ့ မနေဘဲ တစ်ကိုယ်ရေတစ်ကာယ နေတတ်တယ်ကွ။ နောက်တစ်ခုကတော့ (၁)ဂဏန်းသမားဟာ လူတွေကို မယုံဘူး။ အမြဲတမ်း သံသယ ရှိနေတတ်တယ်။ တော်တော်များများ (၁)ဂဏန်းသမားတွေက အာဏာပြတာတို့ အမိန့်ပေးတာတို့ လုပ်လေ့ရှိတယ်။ ပြီးတော့ အသစ်အဆန်းကို ဖန်တီး လုပ်ဆောင်တတ်တဲ့ ညာဉ်လဲရှိတယ်။

အင်္ဂလိပ်လ ဘယ်လမှာပဲ မွေးမွေး ၁-ရက်၊ ၁၀-ရက်၊ ၁၉-ရက်၊ ၂၈-ရက်တွေမှာ မွေးရင် ဂဏန်းဗေဒင် သဘောအရ ၁-ဂဏန်းသမားလို့ ပြောရမှာပဲ။ ၁ ဂဏန်းသမားဟာ ဘာပဲဖြစ်ဖြစ် ရည်ရွယ်ချက်တော့ ကြီးတတ်တယ်ကွ။ ဘယ်လို အသက်မွေးဝမ်းကြောင်းအလုပ်ကိုပဲ လုပ်လုပ် ၁-ဂဏန်းသမားဟာ တဖြည်းဖြည်းနဲ့ အမြင့်ကို ရောက်သွားတတ်တယ်။ ပြီးတော့ ၁-ဂဏန်းသမားအတွက် အဆောင်ဟာ ရွှေပဲကွ။ ရွှေကို ဆောင်ထားရင် ကံကောင်းတယ်လို့ ရှေးက ဆရာတွေက ယုံကြည်ကြတယ်။

အရောင်ဆိုရင်တော့ အဝါရောင်တို့ ၊ ရွှေရောင်တွေဟာ ၁-ဂဏန်းသမားနဲ့ သင့်မြတ်တယ်။ ပြီးတော့ ကျောက်မျက် ရတနာထဲက ဆိုရင်တော့ ပယင်းတို့ ဥဿဖယားတို့ စိန်တို့ဟာ ၁-ဂဏန်းသမား ဆောင်သင့်တဲ့ ကျောက်မျက်ရတနာပဲ။

ပြီးတော့ အရေးကြီးတဲ့ ၁-ဂဏန်းသမားအနေနဲ့ အရေးကြီးတဲ့အလုပ်တွေ လုပ်ရင် ဘယ်လမှာပဲ ဖြစ်ဖြစ် (၁) (၂) (၄) (၇) (၁၀) (၁၁) (၁၃) (၁၆) (၁၉) (၂၀) (၂၂) (၂၅) (၂၈) (၂၉) (၃၁) ရက်တွေဟာ သင့်မြတ်တဲ့ ရက်တွေပဲကွ။

ပြီးတော့ ၁-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါတွေဟာ နှလုံးသွေးလွှတ်ကြော နှင့် ပါတ်သက်သောရောဂါ၊ သွေးလေ မမှန်တဲ့ရောဂါတွေ ဖြစ်တတ်တယ်ကွ။ ၁-ဂဏန်းသမားအတွက် အကောင်းဆုံး ဆေးကတော့ ပျားရည်ပဲဟေ့။ ပျားရည်ကို စားပွဲ ဇွန်းကြီးနဲ့ ညအိပ်ယာဝင် တစ်ဇွန်း တစ်ဇွန်း သောက်သင့်တယ်ကွ….။

ဒါကတော့ အဘမင်းသိင်္ခ ပြောပြတဲ့ (၁)ဂဏန်းသမား အကြောင်းပါ။

မူလဂဏန်းဆိုတာ မွေးရက်ဂဏန်းကိုခေါ်တာပါ။ ၃-ရက်နေ့ဖွားဆိုရင် ၃-ဂဏန်းသမားပေါ့။ ၅-ရက်နေ့ဖွားဆိုရင် ၅-ဂဏန်းသမားပေါ့။ ၂ လုံးဆိုရင်တော့ တစ်လုံးထဲရအောင် ပေါင်းရမယ်။ ဥပမာ ၁၂-ရက်နေ့ ဆိုရင် ၁-နှင့် ၂ ပေါင်းတော့ ၃-ရတယ်။ အဲဒီတော့ ၃-ဂဏန်း သမားပေါ့။

အဘမင်းသိင်္ခပြောပြတဲ့ ဂဏန်းဗေဒင်ထဲက မူလ (၂) ဂဏန်းသမားများ

အဘမင်းသိင်္ခပြောပြတဲ့ ဂဏန်းဗေဒင်ထဲက မူလ (၃) ဂဏန်းသမားများ