ပယောဂကုသမှုသက်တမ်းအားဖြင့် နှစ်(၄၀) ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီပညာရပ်တစ်ခုအနေနဲ့ ခုနစ်ရက်သားသမီးတွေကို မမြင်အပ်တဲ့ နာမ် လောကသားတွေ၊ သရဲ့ ဘီလူး အစိမ်း စသဖြင့် လူသားတွေနဲ့ မအပ်စပ်တဲ့၊ လူသားတွေကို တစ် နည်းနည်းနဲ့ ဒုက္ခရောက်အောင်လုပ်နေကြတဲ့ နာနာ ဘာဝတွေရယ်။ အဲဒီ နာနာဘာဝတွေနဲ့ပေါင်းပြီး ခုနစ်ရက်သားသမီးကို ဆင်းရဲအောင်၊ အနာရောဂါ ဖြစ်အောင် ပြုလုပ်နေကြတဲ့ အောက်လမ်း ပညာလို့ ခေါ်တဲ့ အနိမ့်စားပညာရပ်တွေနဲ့ လူတွေကို ဆင်းရဲ အောင် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး တစ်ခု မဟုတ်တစ်ခု ဒုက္ခရောက်အောင်၊ စိတ်ရော ကိုယ်ပါ ဆင်းရဲအောင် လုပ်နေကြသူတွေရဲ့ မကောင်းတဲ့ ပညာတွေကို ကယ်တင်ကုသနေရင်းက သိလိုက်ရတဲ့ အသိတွေ၊ လက်တွေ့လုပ်ဆောင်မှုတွေကို စာဖတ်သူ တွေအတွက် ဗဟုသုတဖြစ်ဖို့၊ အလိမ်အညာမခံရဖို့ ရေးပြနေခြင်းဖြစ်ပါတယ်။
တစ်နေ့မှာ ကျွန်ုပ်ဆီ ရောက်လာကြသူ တချို့အကြောင်း ရေးပြချင်ပါတယ်။
“ဆရာရယ် …ကျွန်မတို့ကို သူများ အောက် လမ်းနည်းတွေနဲ့ လုပ်ထားလို့ ကုပေးပါဆရာ”
“နောက်ပြီး သူ့ကို သိုက်ကလာတယ်လို့ လည်း ဟောထားတယ် ဆရာ …သိုက်က သူ့ကို ပြန်ခေါ်မှာတဲ့။ အဲဒါ ပြန်ခေါ်လို့မရအောင်လည်း လုပ် ပေးပါ ဆရာ”
“ဟုတ်ပါတယ် ဆရာရယ် … သိုက်နန်းက လည်း ပြန်ခေါ်မယ်၊ ပြန်ခေါ်မယ်နဲ့ ခဏခဏ အိပ် မက်ပေးနေပါတယ် …သူတို့ ပြန်ခေါ်လို့ မရအောင် လည်း လုပ်ချင်ပါတယ်၊ သိုက်က ဗိုလ်တထောင် ကလို့ ပြောပါတယ်။ ဒါကြောင့် အစ်မတော် မြနန်း နွယ်ဆီမှာ သိုက်ပွဲတွေလည်း အမြဲပေးနေပါတယ် … ဒါပေမဲ့ သိုက်ကအစ်မတွေက ဘယ်လိုမှပြောလို့ မရပါဘူး။ ခေါ်မယ်ဆိုတာချည်းပဲ ဖြစ်နေပါတယ်”
သူတို့ ပြောစကားကို နားထောင်ပြီး ရယ် ရမလို ဖြစ်သွားပါတယ်။ သူတို့ကို သူများ လုပ်ထား တာတွေလည်း သိနေ၊ သိုက်က ပြန်ခေါ်မယ်ဆိုတာ လည်း သိနေပြန်တော့ သူတို့စကားနဲ့တင် အဖြေက ထွက်နေပြီ။
“ခင်ဗျားတို့ပြောတာနဲ့တင် အဖြေက ထွက် နေပြီ …ဒါတွေ ဘယ်သူပြောတာလဲ”
“—— ပြောတာပါ ဆရာ”
“အဲဒါများဗျာ …အဲဒီတစ်ယောက်ကို ကု ခိုင်းလိုက်ရင် ရရဲ့သားနဲ့ သက်သက် အချိန်ကုန်ခံပြီး ကျွန်တော့်ဆီ လာနေသေးတယ် …သူက တော် တော် ပြောထားပြီပဲ”
“သူက ပြောပဲပြောတတ်တာ၊ မကုတတ်ဘူး ဆရာ”
တော်တော် စဉ်းစားရခက်တဲ့ ကိစ္စပါ။ အကြောင်းအရာကို ပြောပြနိုင်ပြီးတော့ ကုသမှု မလုပ်နိုင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ ကုတာ အဓိက ဖြစ်ပြီး ပြောတာက သာမညပါ။ ဒါကို ပြောတာ အဓိက ကုတာ သာမညလုပ်လိုက်တော့ ခုနစ်ရက် သားသမီးမှာ အခက်တွေ့သွားရတာပါ။ ဒီလိုလုပ်ခံရ တဲ့သူတွေအတွက် တော်တော်သနားဖို့ ကောင်းပါ တယ်။
မည်သူ့ကိုမှ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ သူ ပြောလိုက်တဲ့ စကားတစ်ခွန်းက လူတစ်ယောက်ရဲ့ စိတ်ထဲကို အနှောင့်အယှက်ဖြစ်စေပြီး စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကိုပါ ထိခိုက်စေပါတယ်။ ကာယကံရှင်ရဲ့ စိတ်ထဲမှာ သူတို့ပြောလိုက်တဲ့ စကား တွေ စွဲသွားစေပြီး ဒုတိယစိတ်က အိပ်မက်အဖြစ်၊ စိတ်ကူးအဖြစ်နဲ့ ပြန်ပေါ်လာပြီး သူ့စိတ်ကို သူ ပြန် ချောက်နေသလို ဖြစ်နေတတ်ပါတယ်။
“ခင်ဗျားတို့သိထားတာတွေ အားလုံး မေ့ လိုက်ပါ။ ဒါတွေဟာ စိတ်ကူးယဉ်ပြီး ပြောထားတာ တွေပဲ။ တကယ့် လက်တွေ့လုပ်ဖို့ လိုပါတယ်။ အဲဒီ တော့ ခင်ဗျားတို့ပြောတဲ့ သိုက်ကိစ္စရော ပညာစက် အကြောင်းပါ မေ့လိုက်တော့။ ခု တကယ် စမ်းသပ် စစ်ဆေးပေးမယ်၊ ရှိရင်လည်း တွေ့လိမ့်မယ်၊ မရှိရင်လည်း ပြီးတာပဲ”
“ဟုတ် ဟုတ်ကဲ့ပါ ဆရာ”
ကျွန်ုပ်လည်း မိန်းကလေး နေ့နံကိုမေးပြီး စစ်ဆေးကြည့် လိုက်ပါတယ်။ တနင်္လာသမီး ကိုယ်တွင်း ကိုယ်ပ၊ အိမ်တွင်း အိမ်ပမှာ အဓိကပညာစက်ရယ် လို့ မတွေ့ရပါဘူး။
ဒါပေမဲ့ သူမ သိုက်ဆက်ဆို တာတော့ မှန်နေပါတယ်။ သိုက် နန်းရှင်ကို ဘာမှလုပ် မပေး တာရယ် … မိဘရိုးရာများ လည်း မေ့လျော့နေတာ ရယ်ကြောင့် ဖြစ်နေတာပါ။
“ခင်ဗျားတို့ ရိုးရာ လည်း မလုပ်ကြဘူး၊ နောက် သိုက်ကိုလည်း ဘာမှလုပ်မပေး ဘူး”
“လုပ်ပါတယ် ဆရာ … သိုက်ကိုလုပ်တာမှ လစဉ်လိုလို ပွဲပေးပါ တယ်၊ အစ်မတော် မြနန်းနွယ်ဆီမှာပါ”
“အဲဒါဆိုရင်တော့ သိုက်မှားနေတာ ဖြစ်ပါ လိမ့်မယ် …ခု ခေါ်ကြည့်လိုက်ရင် အဖြေထွက်လာ မှာပါ”
ကျွန်ုပ်လည်း သိုက်နန်းရှင်ကို ခေါ်တွေ့လိုက် ပါတယ်။
“ကဲ ပြောပါဦး ဘာတွေလဲ …၊ ဘယ် သိုက်ကလဲ”
ရောက်လာသူက တော်တော်လေး ငြိမ်သက် တဲ့ အမူအရာ ရှိနေပါတယ်။ စကားပြောလိုက်တော့ လည်း အေးချမ်းစွာ ပြောလာပါတယ်။
ဒါပေမဲ့ ပြောလာတဲ့စကားက ကိုယ်နား မလည်တဲ့ စကားမျိုး၊ ရှမ်းဘာသာလား၊ သက္ကဋ ဘာသာစကားလိုလို ပြောလာပါတယ်။ နားမလည် ပေမယ့် ဟန်ပန် အမူအရာကို အကဲခတ်ပြီး သူ့စကားကို ဘာသာပြန်ကြည့်ပေးရတာပါ။
“ရှမ်းဆက်တွေလား”
“ဟုတ်ပါတယ်”
“ဒါဆို အစ်မတော်စောမွန်လှလား”
“အင်း ဟုတ်ပါတယ်”
“ဪ… ကဲ ကြည့်ပါဦး … ညည်းတို့ ထင်နေတာက မြနန်းနွယ် …ခု ရောက်လာတာက စောမွန်လှ တဲ့”
သူတို့လည်း တစ်ယောက်မျက်နှာ တစ် ယောက် ကြည့်ပြီး ဘာပြန်ပြောရမှန်း မသိဖြစ်နေကြ ပါတယ်။
“အစ်မတော် မြနန်းနွယ်ပါလို့ ပြောလိုက် တာက ခုလို ကိုယ်ထဲကိုဝင်ပူးပြီး ပြောသွားတာလား၊ ဒီအတိုင်း အလွတ်ပြောတာလား”
“သူ့အကြားအမြင်နဲ့ ပြောလိုက်တာပါ”
“အဲဒါမျိုးက လွဲတတ်တယ် … အဲဒါ မေ့ လိုက်တော့။ ခုချိန်ကစပြီး အစ်မတော် စောမွန်လှ အတွက် လုပ်ပေးတော့လေ …နဂါးစာချတာ၊ နို့ပေါက်ပေါက်၊ ကြက်ဥအစိမ်းအပြင် ကောက်ညှင်း ပေါင်း နှမ်းထောင်းလေး ထည့်လိုက် … လုပ်ကြည့် လိုက်ပါ။ နောက်ပြီး အမိရိုးရာ၊ အဖရိုးရာဆိုပြီး လက်ဖက်တစ်ရိုး၊ ကွမ်းတစ်ယာ ကန်တော့လိုက်လေ။ အဆင်ပြေသွားပါလိမ့်မယ်”
လိုအပ်တာတွေ ပြောပေးလိုက်ပြီး ရေ၊ ဖယောင်းတိုင်၊ တန်ပြန်ဂါထာ ပေးလွှတ်လိုက်ပါ တယ်။
အမှန်ကတော့ ပယောဂပညာစက်ဆိုတာ ပညာစက်တစ်ခုဖြစ်ပါတယ်။ ပညာရပ်၊ ပညာစက်ကို စိတ်နဲ့ပြော၊ စိတ်နဲ့ကုလို့ မရပါဘူး။ ပညာကို ပညာနဲ့ ကုမှသာလျှင် အဆင်ပြေနိုင်မှာပါ။ ဒါကြောင့် ပယောဂစက်လို့ ယူဆပြီဆိုတာနဲ့ ကြုံသလို မလုပ် သင့်ပါဘူး။ ပိုင်ပိုင်နိုင်နိုင် စစ်ဆေးကုသဖို့ လိုပါတယ်။ ဒါမှသာလျှင် ကိုယ့်ဘက်က လက်ဦးမှုရယူပြီး ကျန်း မာရေး၊ စီးပွားရေး၊ လူမှုရေးကောင်းမွန်သွားမှာပါ။ စမ်းတဝါးဝါးလေး ဆက်လုပ်နေရင် အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။
စိန္တာမယဆရာပိုင်
အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇