သံသရာခရီးသာယာစေဖို့

ကျွန်တော်အညာကို ပြန်ရောက်နေတာ လ အတော်ကြာသွားပါတယ်။ ၂၄-၆-၂၀၁၉ ရက်က ရွှေရောင်မြေ ပရဟိတကျောင်းကိုရောက်တော့ ဆရာတော် ကျန်းမာရေးမကောင်းတာကို တွေ့ရပါ တယ်။ ကျွန်တော်လည်း ကျွန်တော်ရောက်တဲ့အခါ ပြုနေကျ ကုသိုလ်အဖြစ် ကျောင်းရှိ ကြေးဆင်းတု ရုပ်ပွားတော်များကို ရောင်တော်ဖွင့် ကုသိုလ်ပြုရင်း ဆရာတော်ရဲ့ ကျန်းမာရေးကိုလည်း မေးလျှောက်ရင်း စကားပြောဖြစ်ပါတယ်။
ဆရာတော်ဟာ တစ်နွေလုံး မြန်မာပြည်အနှံ့ ဘုရားတည် ထီးတင် လမ်းဖောက် တံတားခင်းစတဲ့ ပရဟိတလုပ်ငန်းတွေကို မနေမနား သွားလာလုပ် ကိုင်နေရတာဖြစ်ပြီး အခုမိုးကျစကာလမှာ ကျန်းမာရေးက ဒုက္ခပေးလာတာကို ခံရပြီဖြစ်ကြောင်း ပြောပြပါတယ်။
ဆရာတော် သီတင်းသုံးနေတဲ့ ရွှေရောင်မြေ မှာလည်း ဆောက်လက်စကျောင်း အမြန်ပြီးအောင် အာရုံစိုက်ကြိုးစားနေရတာမို့ မကျန်းမာပေမယ့်လည်း စိတ်ချလက်ချ အနားယူလို့ မရသေးပါဘူးလို့ ဆိုပါတယ်။
ရွှေရောင်မြေကို အကြောင်းအမျိုးမျိုးနဲ့လာတဲ့ ဆွေတော်မျိုးတော် ပဋ္ဌာန်းဆက်တပည့်တွေ၊ ယောဂီတွေ၊ ရဟန်းတွေ၊ သီလရှင်တွေ အေးချမ်းစွာ တည်း ခိုနားနေနိုင်ဖို့ ပေသုံးဆယ်အကျယ်ရှိတဲ့ ကျောင်းတစ်ဆောင်ဆောက်နေတာ သိန်းခုနစ်ဆယ်ကျော် ကုန်နေပြီလို့ ဆိုပါတယ်။
အားလုံး အချောသတ် ပြီးစီးတဲ့အထိ ဆိုရင် သိန်းတစ်ရာ့ငါးဆယ်ကုန်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းလှူဒါန်းတဲ့ အလှူရှင်တွေရဲ့ အမည်နဲ့ လှူဒါန်းမှုကိုလည်း ပြောပြပါတယ်။
ကျောင်းရဲ့ မတည်အလှူရှင်ကတော့ ဒေါ်သန်းဌေး မောင်နှမတစ်စု သိန်း ၅၀၊ မအူပင်မြို့ ဓမ္မလင်္ကာရ ကျောင်းဆရာတော်မှ နှစ်သိန်း၊ သမိုင်းမှ ဒေါ်မြင့်မြင့်သိန်း အင်ဂျင်နီယာ (စစ်ဆေးရေး) ငါးသိန်း၊ မ/ဒဂုံမှ ဒေါ်ခင်ခင်ကြီး အသက်(၉၀)နှစ် လ/ထ စာစစ်မှူး အဝေးသင်တက္ကသိုလ်(ငြိမ်း) ဖြစ်သူက (ပထမအကြိမ်) သုံးသိန်း၊ သီရိမင်္ဂလာဈေး (တောင်ပေါ်သား သစ်သီးပွဲရုံ) ဒေါ်စံပယ်က နှစ်သိန်း၊ သုဝဏ္ဏမှ ဦးခင်မောင်ညွန့် နှစ်သိန်း၊ ရွှေရောင် မြေပရဟိတမှ ဆရာတော်ဦး သောဘဏ တစ်သိန်း၊ ရွှေရောင်မြေပရဟိတမှ ဆရာတော် ဦးဇင်းစိုးသိန်း တစ်သိန်း၊ အခြား ခုနစ် ရက်သားသမီး စုပေါင်း ပါဝင်မှုတို့ရှိကြောင်း ပြောပြ ပါတယ်။
နားနေတည်းခိုကျောင်းအတွက် လှူဒါန်း ထားပြီး အလှူရှင်နာမည် ကျန်နေပါက ခွင့်လွှတ် ပေးကြပါ။ ကျွန်တော်ရဲ့ မှတ်ဉာဏ်နည်းမှုသာ ဖြစ်ပါ တယ်။ ကျောင်းတစ်ကျောင်းလုံးကို ကြွေပြားခင်းမယ်လို့ သိရပါတယ်။
အလှူရှင်များလှူဒါန်းလိုပါက ကြွေပြားတစ်ချပ် ၁၀ဝ၀ ကျပ်၊ တစ်ခါးမကြီး တံခါးတစ်ချပ် ကိုးသောင်းကျပ်၊ ပြတင်းပေါက်တစ်ခု သုံးသောင်းကျပ်ဖြင့် ကာလဒါနကုသိုလ်အဖြစ် လှူဒါန်းလိုပါက မြတ်သောအလှူဒါနအဖြစ် လှူဒါန်းနိုင်ပါကြောင်း နတ်လမ်းညွှန်ပေးလိုက်ရပါသည်။

ဖြိုးဟိန်းချစ်
(အညာသားကလေး)