႐ံုးခန္းမွာအေမႊးပြ ေကာ္ေဇာထူထူထားပါ
အေမႊးပြ၊ ခပ္ထူထူဆို တာက သိုးေမႊးေကာ္ေဇာမ်ိဳးေပါ့။ ဒါက ၾကြယ္၀ခ်မ္းသာျခင္းရဲ႕ သ႐ုပ္ကို ေဆာင္ေစပါတယ္။ ေကာ္ ေဇာက ေျမႀကီးဓာတ္ျဖစ္တယ္။ ဒါေၾကာင့္ ေငြေၾကး ရဲ႕ သ႐ုပ္သကန္လည္း ျဖစ္လို႔ ေငြေၾကးဥစၥာတိုးပြား ေစပါတယ္။
ခ်စ္ျခင္းေမတၲာ
အိပ္ခန္းတံခါးကို ပန္းေရာင္(သို႔) အနီေရာင္သုတ္
ဒီအေရာင္ေတြက ႏွလံုးသားေရးရာကို ဦးစား ေပးတယ္။ ခ်စ္ျခင္းေမတၲာသင့္ဘဝထဲဝင္လာဖို႔ ဖိတ္ ေခၚေပးတတ္တယ္။ အိပ္ခန္းထဲမွာ ေခါင္းအံုး၊ အိပ္ရာခင္း စတာေတြပါ ပန္းေရာင္မ်ားမ်ားသံုးပါ။
အိပ္ခန္းနံရံကို အေရာင္ရင့္ရင့္သုတ္ပါ
အေရာင္ရင့္ရင့္က ရင္းႏွီးကြ်မ္းဝင္မႈကို အားေပးတယ္။ မိမိနဲ႔ မိမိ ခ်စ္သူႏွစ္ဦးၾကားကိုသံေယာ ဇဥ္ပိုျဖစ္ေစတယ္။ ခ်စ္ျခင္းေမတၲာ ပိုမိုခိုင္ၿမဲရွည္ၾကာ ခ်င္ရင္ေတာ့ အခန္းနံရံကို အစိမ္းေရာင္သုတ္ပါ။
အိပ္ခန္းမွာ ယင္းနဲ႔ယန္း အေရာင္ေတြပါတဲ့ ပစၥည္း မ်ားမ်ားသံုးပါ
ယင္းက အမဓာတ္၊ ယန္းက အဖိုဓာတ္၊ ဒါေၾကာင့္ ယင္းအေရာင္ေတြျဖစ္ၾကတဲ့ အျပာ၊ အစိမ္း၊ အနက္တို႔နဲ႔ ယန္းအေရာင္ေတြျဖစ္ၾကတဲ့ အနီ၊ လိေမၼာ္၊ အဝါေရာင္ပါတဲ့ပစၥည္းေတြ အိပ္ခန္း မွာ မ်ားမ်ားထားပါ။ ခရမ္းေရာင္ကေတာ့ ယင္းနဲ႔ ယန္းႏွစ္ေရာင္စပ္(အျပာနဲ႔အနီေရာ)ျဖစ္တာေၾကာင့္ ေကာင္းပါတယ္။
ရတနာေသတၲာကို ဖဲႀကိဳးအနီနဲ႔ ခ်ည္ေႏွာင္
ရတနာေသတၲာမွာ ရတနာေတြထည့္ၿပီး ဖဲႀကိဳး အနီနဲ႔ ခ်ည္ထားပါ။ ဒါက ရတနာေတြ ပြားစီး ေစတဲ့ သ ေဘာပါ။
ဖိနပ္ကို စီကာစဥ္ကာ ထားပါ
ဖိနပ္က ေထာက္ပံ့မႈရဲ႕ သေကၤတလည္း ျဖစ္သလို ေျမႀကီးနဲ႔ ထိစပ္တဲ့သေဘာကိုလည္းေဆာင္တယ္။ ဒါေၾကာင့္ ဖိနပ္ကို ေသေသခ်ာခ်ာ စီကာစဥ္ ကာထားရတယ္။ ေဟာင္းႏြမ္းတဲ့ဖိနပ္၊ မေတာ္ေတာ့တဲ့ဖိနပ္၊ ေခတ္ေနာက္က်တဲ့ ဖိနပ္ပံုစံမ်ိဳးေတြရွိရင္ေတာ့ ျမန္ျမန္သာ စြန္႔ပစ္။
အိပ္ခန္းထဲမွာ ပရိေဘာဂေဟာင္းေတြကို ျပင္ပါ
ပရိေဘာဂအက်ိဳးအပ်က္က အိမ္ေထာင္ေရးကိုပါ ထိခိုက္ေစတယ္။ ကတိပ်က္တာေတြ ဘာေတြ ျဖစ္ေစတယ္။ ဒါေၾကာင့္ ဒါေတြကို မက်ိဳးပဲ့ေစနဲ႔။ က်ိဳးပဲ့တာရွိရင္လည္း ျမန္ျမန္ျပင္။
အိပ္ခန္းတံခါး မက်ပ္ေစနဲ႔
အိပ္ခန္းတံခါးကို သက္ေသာင့္သက္သာ ဖြင့္လို႔ ပိတ္လို႔ရေအာင္လုပ္ပါ။ တံခါးပတၲာေတြကို ဆီထည့္ေပးပါ။ ဒါမွအခ်စ္ေရး၊ အိမ္ေထာင္ေရးမွာလည္း အဖုအထစ္၊ မေျပမလည္ေတြ ကင္းေပ်ာက္မယ္။
ၿခံထဲမွာ ႏွင္းဆီပင္စိုက္
ႏွင္းဆီပန္းက အခ်စ္ရဲ႕ သေကၤတပဲ။ ဒါ ေၾကာင့္ ႏွင္းဆီပန္းပင္ေတြ ေဝဆာေနေအာင္ စိုက္ ေပးပါ။ အနီေရာင္(သို႔)ပန္းေရာင္ကို ပိုၿပီး ေရြးခ်ယ္ စိုက္ပ်ိဳးပါ။
အိပ္ခန္းမွာ ေကြးေကာက္တဲ့ ဒီဇိုင္းရွိတဲ့ ပရိေဘာဂ အနည္းဆံုးတစ္ခုေတာ့ ရွိပါေစ
အေကြးအေကာက္၊ အေဝ့အဝိုက္၊ အဝိုင္း စတာေတြက သဟဇာတျဖစ္မႈနဲ႔ ပူးေပါင္းေဆာင္ရြက္မႈရဲ႕ သ႐ုပ္ကိုေဆာင္တယ္။
ဒါေတြကို အိပ္ခန္းထဲမွာ ထားရတယ္။ ဝိတိုရိယေခတ္ ပရိေဘာဂေတြက ဒီလိုပံုစံမ်ိဳးေတြ မ်ားတယ္။ ဒါက အိမ္ေထာင္ဖက္(သို႔) ခ်စ္သူနဲ႔ ဆက္ဆံေရးေျပျပစ္မႈကို ျပဆိုေနတယ္။
အိပ္ခန္းထဲမွာ ေကာ္ေဇာအဝိုင္းထား
အဝိုင္းက သဟဇာတျဖစ္မႈကိုျပတယ္။ အိမ္ေထာင္ဖက္နဲ႔ အဆင္ေျပေစတယ္။ ေထာင့္မွန္စတုဂံ ပံု ေကာ္ေဇာ္လည္း ထားလို႔ရတယ္။ ဒါကေတာ့ သားသမီးရတနာ လိုခ်င္သူေတြအတြက္ ပိုေကာင္းတယ္။
သစ္သားတူနဲ႔ စားေသာက္
ႏွစ္ဂဏန္းနဲ႔ သစ္သားနဲ႔ ေပါင္းစပ္တာပဲ။ ခ်စ္သူႏွစ္ဦး တစ္ဦးနဲ႔တစ္ဦး နားလည္မႈေတြ၊ ယုယ ၾကင္နာမႈေတြ တိုးပြားေစတယ္။
အိပ္ခန္းထဲမွာ အဝိုင္းပံုစံ မ်ားမ်ားသံုး
အိပ္ရာခင္း၊ ေခါင္းအံုးစြပ္ စတာေတြမွာ ဒီဇိုင္းက အဝိုင္းမ်ားမ်ားပါပါေစ။ အဝိုင္းက ညီညြတ္ ခ်စ္ၾကည္မႈကို အားေပးလို႔ပါ။ အဝိုင္းဒီဇိုင္းမွာ အေရာင္ႏွစ္မ်ိဳးပါက ပိုေကာင္းတယ္။ ပန္းေရာင္ အဝိုင္း၊ အနီေရာင္အဝိုင္းဒီဇိုင္းေတြ။
အိပ္ခန္းမွာ ပိုးထည္ မ်ားမ်ားသံုးပါ
ပိုးသားေခါင္းအံုးစြပ္၊ ပိုးသားအိပ္ရာခင္း စသျဖင့္ေပါ့။ ပိုးသား၊ ကတ္ရွမီးယားပိတ္စ၊ အီဂ်စ္ ခ်ည္ထည္ေတြမ်ိဳး။ ဒါေတြမ်ားမ်ားရွိေလ ႏွလံုးသား ပိုႏူးညံ့ေလ။
ဟိန္းလတ္
Unicode ျဖင့္ ဖတ္ရန္
ရုံးခန်းမှာအမွှေးပွ ကော်ဇောထူထူထားပါ
အမွှေးပွ၊ ခပ်ထူထူဆို တာက သိုးမွှေးကော်ဇောမျိုးပေါ့။ ဒါက ကြွယ်ဝချမ်းသာခြင်းရဲ့ သရုပ်ကို ဆောင်စေပါတယ်။ ကော် ဇောက မြေကြီးဓာတ်ဖြစ်တယ်။ ဒါကြောင့် ငွေကြေး ရဲ့ သရုပ်သကန်လည်း ဖြစ်လို့ ငွေကြေးဥစ္စာတိုးပွား စေပါတယ်။
ချစ်ခြင်းမေတ္တာ
အိပ်ခန်းတံခါးကို ပန်းရောင်(သို့) အနီရောင်သုတ်
ဒီအရောင်တွေက နှလုံးသားရေးရာကို ဦးစား ပေးတယ်။ ချစ်ခြင်းမေတ္တာသင့်ဘဝထဲဝင်လာဖို့ ဖိတ် ခေါ်ပေးတတ်တယ်။ အိပ်ခန်းထဲမှာ ခေါင်းအုံး၊ အိပ်ရာခင်း စတာတွေပါ ပန်းရောင်များများသုံးပါ။
အိပ်ခန်းနံရံကို အရောင်ရင့်ရင့်သုတ်ပါ
အရောင်ရင့်ရင့်က ရင်းနှီးကျွမ်းဝင်မှုကို အားပေးတယ်။ မိမိနဲ့ မိမိ ချစ်သူနှစ်ဦးကြားကိုသံယော ဇဉ်ပိုဖြစ်စေတယ်။ ချစ်ခြင်းမေတ္တာ ပိုမိုခိုင်မြဲရှည်ကြာ ချင်ရင်တော့ အခန်းနံရံကို အစိမ်းရောင်သုတ်ပါ။
အိပ်ခန်းမှာ ယင်းနဲ့ယန်း အရောင်တွေပါတဲ့ ပစ္စည်း များများသုံးပါ
ယင်းက အမဓာတ်၊ ယန်းက အဖိုဓာတ်၊ ဒါကြောင့် ယင်းအရောင်တွေဖြစ်ကြတဲ့ အပြာ၊ အစိမ်း၊ အနက်တို့နဲ့ ယန်းအရောင်တွေဖြစ်ကြတဲ့ အနီ၊ လိမ္မော်၊ အဝါရောင်ပါတဲ့ပစ္စည်းတွေ အိပ်ခန်း မှာ များများထားပါ။ ခရမ်းရောင်ကတော့ ယင်းနဲ့ ယန်းနှစ်ရောင်စပ်(အပြာနဲ့အနီရော)ဖြစ်တာကြောင့် ကောင်းပါတယ်။
ရတနာသေတ္တာကို ဖဲကြိုးအနီနဲ့ ချည်နှောင်
ရတနာသေတ္တာမှာ ရတနာတွေထည့်ပြီး ဖဲကြိုး အနီနဲ့ ချည်ထားပါ။ ဒါက ရတနာတွေ ပွားစီး စေတဲ့ သ ဘောပါ။
ဖိနပ်ကို စီကာစဉ်ကာ ထားပါ
ဖိနပ်က ထောက်ပံ့မှုရဲ့ သင်္ကေတလည်း ဖြစ်သလို မြေကြီးနဲ့ ထိစပ်တဲ့သဘောကိုလည်းဆောင်တယ်။ ဒါကြောင့် ဖိနပ်ကို သေသေချာချာ စီကာစဉ် ကာထားရတယ်။ ဟောင်းနွမ်းတဲ့ဖိနပ်၊ မတော်တော့တဲ့ဖိနပ်၊ ခေတ်နောက်ကျတဲ့ ဖိနပ်ပုံစံမျိုးတွေရှိရင်တော့ မြန်မြန်သာ စွန့်ပစ်။
အိပ်ခန်းထဲမှာ ပရိဘောဂဟောင်းတွေကို ပြင်ပါ
ပရိဘောဂအကျိုးအပျက်က အိမ်ထောင်ရေးကိုပါ ထိခိုက်စေတယ်။ ကတိပျက်တာတွေ ဘာတွေ ဖြစ်စေတယ်။ ဒါကြောင့် ဒါတွေကို မကျိုးပဲ့စေနဲ့။ ကျိုးပဲ့တာရှိရင်လည်း မြန်မြန်ပြင်။
အိပ်ခန်းတံခါး မကျပ်စေနဲ့
အိပ်ခန်းတံခါးကို သက်သောင့်သက်သာ ဖွင့်လို့ ပိတ်လို့ရအောင်လုပ်ပါ။ တံခါးပတ္တာတွေကို ဆီထည့်ပေးပါ။ ဒါမှအချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း အဖုအထစ်၊ မပြေမလည်တွေ ကင်းပျောက်မယ်။
ခြံထဲမှာ နှင်းဆီပင်စိုက်
နှင်းဆီပန်းက အချစ်ရဲ့ သင်္ကေတပဲ။ ဒါ ကြောင့် နှင်းဆီပန်းပင်တွေ ဝေဆာနေအောင် စိုက် ပေးပါ။ အနီရောင်(သို့)ပန်းရောင်ကို ပိုပြီး ရွေးချယ် စိုက်ပျိုးပါ။
အိပ်ခန်းမှာ ကွေးကောက်တဲ့ ဒီဇိုင်းရှိတဲ့ ပရိဘောဂ အနည်းဆုံးတစ်ခုတော့ ရှိပါစေ
အကွေးအကောက်၊ အဝေ့အဝိုက်၊ အဝိုင်း စတာတွေက သဟဇာတဖြစ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ သရုပ်ကိုဆောင်တယ်။
ဒါတွေကို အိပ်ခန်းထဲမှာ ထားရတယ်။ ဝိတိုရိယခေတ် ပရိဘောဂတွေက ဒီလိုပုံစံမျိုးတွေ များတယ်။ ဒါက အိမ်ထောင်ဖက်(သို့) ချစ်သူနဲ့ ဆက်ဆံရေးပြေပြစ်မှုကို ပြဆိုနေတယ်။
အိပ်ခန်းထဲမှာ ကော်ဇောအဝိုင်းထား
အဝိုင်းက သဟဇာတဖြစ်မှုကိုပြတယ်။ အိမ်ထောင်ဖက်နဲ့ အဆင်ပြေစေတယ်။ ထောင့်မှန်စတုဂံ ပုံ ကော်ဇော်လည်း ထားလို့ရတယ်။ ဒါကတော့ သားသမီးရတနာ လိုချင်သူတွေအတွက် ပိုကောင်းတယ်။
သစ်သားတူနဲ့ စားသောက်
နှစ်ဂဏန်းနဲ့ သစ်သားနဲ့ ပေါင်းစပ်တာပဲ။ ချစ်သူနှစ်ဦး တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ၊ ယုယ ကြင်နာမှုတွေ တိုးပွားစေတယ်။
အိပ်ခန်းထဲမှာ အဝိုင်းပုံစံ များများသုံး
အိပ်ရာခင်း၊ ခေါင်းအုံးစွပ် စတာတွေမှာ ဒီဇိုင်းက အဝိုင်းများများပါပါစေ။ အဝိုင်းက ညီညွတ် ချစ်ကြည်မှုကို အားပေးလို့ပါ။ အဝိုင်းဒီဇိုင်းမှာ အရောင်နှစ်မျိုးပါက ပိုကောင်းတယ်။ ပန်းရောင် အဝိုင်း၊ အနီရောင်အဝိုင်းဒီဇိုင်းတွေ။
အိပ်ခန်းမှာ ပိုးထည် များများသုံးပါ
ပိုးသားခေါင်းအုံးစွပ်၊ ပိုးသားအိပ်ရာခင်း စသဖြင့်ပေါ့။ ပိုးသား၊ ကတ်ရှမီးယားပိတ်စ၊ အီဂျစ် ချည်ထည်တွေမျိုး။ ဒါတွေများများရှိလေ နှလုံးသား ပိုနူးညံ့လေ။
ဟိန်းလတ်
