ပိရမစ်

ပိရမစ်

ဂြိုဟ်သားတွေဆောက်ခဲ့တယ်ဆိုတဲ့ ပိရမစ်

ဒီအပတ်မှာတော့ အင်တာနက် စာမျက်နှာ ပေါ်မှာ မှတ်မထင် ဖတ်ဖြစ်လိုက်တဲ့ အကြောင်း အရာတစ်ခုကို ဝေမျှပေးချင်ပါတယ်။ အကြောင်း အရာကလည်း ထူးဆန်း အံ့ဩဖို့ ကောင်းပါတယ်။ ဂြိုဟ်သားတွေနဲ့ ပတ်သက်နေသလို လျှို့ဝှက်မှုတွေ များလွန်းပြီး ဂမ္ဘီရဆန်တဲ့ ပိရမစ်အကြောင်း ဖြစ်နေလို့ပါပဲ။

ဂြိုဟ်သားတွေနဲ့ ပတ်သက်ပြီး ဝတ္ထုတွေ၊ ရုပ်ရှင်တွေ အများအပြားရှိနေသလို ကျွန်တော်တို့ မြေပြင်ဆီကို မကြာမကြာ ရောက်လာတတ်တယ်ဆိုတဲ့ ယုံတမ်း စကားတွေကြောင့်ပဲ ဂြိုဟ်သားတွေအ ပေါ် လူအများ စိတ်ဝင်စားခဲ့ကြပါတယ်။ ယာဉ်ပျံတွေ၊ အီးတီလို ဂြိုဟ်သားတွေအကြောင်းဟာ လူတွေနဲ့ ရင်းနှီးလို့ နေပါတယ်။

အခုပြောပြချင်တဲ့ အကြောင်းကတော့ အီဂျစ်နိုင်ငံမှာ တည်ရှိနေတဲ့ ဂီဇာဆိုတဲ့ပိရမစ် အဆောက် အအုံ အကြောင်းပါပဲ။

ဂီဇာပိရမစ်ကိုဂြိုဟ်သားတွေ ဆောက်လုပ်ခဲ့ကြတာလို့ ပညာရှင်တွေက ကောက်ချက်ချကြပါ တယ်။ ဒီလိုကောက်ချက်ချခဲ့တာကလည်း ခိုင်လုံတဲ့ အကြောင်းအချက်တွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။

ဂီဇာပိရမစ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၁,၅၀ဝ လောက်က တည်ဆောက်ခဲ့တဲ့ ပိရမစ်ပါ။ ယူနက် စကို အဖွဲ့ကြီးကလည်း ဂီဇာပိရမစ်နဲ့ ပတ်သက်ပြီး တည်ဆောက်ပုံတွေဟာ ရှုပ်ထွေးမှု အပြည့်ရှိကြောင်း မှတ်ချက်ပေးထားပါတယ်။ ကမ္ဘာ့ အံ့ဖွယ် ခုနစ်ခုမှာပါတဲ့ ရှေးအကျဆုံး ပိရမစ်လည်း ဖြစ်ပါတယ်။

ဂီဇာပိရမစ်ရဲ့ အမြင့်ဟာ ၄၅၅ ပေ ဖြစ်ပြီး ဂီဇာပိရမစ်ရဲ့ အနီးနားမှာ ၁၀ ပေသာ နိမ့်တဲ့ ပိရမစ် ရှိသလို ပေ ၂၀ဝ သာမြင့်တဲ့ အနိမ့်ဆုံး ပိရမစ်လည်း အတူရှိနေပါတယ်။

ပညာရှင် လေ့လာသူတွေကတော့ ပိရမစ် တွေကို ဆောက်ခဲ့သူတွေမှာ သာမန်လူသားတွေ မဖြစ်နိုင်ဘဲ ဂြိုဟ်သားတွေသာ ဖြစ်နိုင်လောက်တယ်လို့ ဆိုကြပါတယ်။

ပထမဆုံးအချက်တစ်ခုကတော့ ပိရမစ်ရဲ့ အလယ်ဝင်ရိုးက မြောက်ဘက်ဆီကို ဦးတည်နေခြင်းပဲဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ တွေ့ရှိခဲ့တဲ့ ကျောက် တုံးတွေဟာ ထုံးကျောက်တုံးတွေ ဖြစ်နေပါတယ်။ ထုံးကျောက်တုံးတွေဟာ နေ့အလင်းရောင်ကို တုံ့ပြန် နိုင်ပြီး အလင်းပြန်ကာ အာကာသကို အချက်ပေးတာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။ ထုံးကျောက်တုံးတွေဟာ ခြောက်ပေထူပြီး ၁၅ မက်ထရစ်တန် အလေးချိန်ရှိကြပါတယ်။ ဒီလိုကျောက်တုံးမျိုးတွေ ကို အီဂျစ်တွေ အသုံးပြုလေ့မရှိဘူးလို့ ဆိုပါတယ်။

အပေါ်ကစီးကြည့်မယ်ဆိုရင် ပိရမစ်ဟာ အနား ရှစ်ဖက်ဖြစ်နေတာကို တွေ့ရမှာပါ။ အနားရှစ်ဖက်ပါ ပိရမစ်ကတော့ အတော်လေးထူးဆန်းစရာ ကောင်း ပါတယ်။ အနားရှစ်ဖက်ပါ ပိရမစ်ကို ဂြိုဟ်သားတွေ ဘယ်လိုဆောက်ခဲ့ကြသလဲ မသိပါဘူး။ ပိရမစ်တွေရဲ့ သက်တမ်းဟာ ကြာမြင့်နေပါပြီ။ နှစ်ကာလ ကြာမြင့် ခြင်းမှာပဲ သဘာဝဘေးဒဏ်တွေ၊ ငလျင်ဒဏ်တွေကို ခံခဲ့ကြရပါတယ်။ အချို့ပိရမစ်တွေဟာ ငလျင်ဒဏ် ကြောင့် ပျက်စီးခြင်းတွေနဲ့ ကြုံရပါတယ်။ ဂီဇာပိရမစ် ကတော့ ငလျင်နဲ့ ကြုံတွေ့ခဲ့ရပေမယ့် ပျက်စီးမှု မရှိခဲ့ပါဘူး။

ဂီဇာနဲ့ ပတ်သက်ပြီး မဖြေရှင်းနိုင်တာ တစ်ခုကတော့ Belt အပေါ်မှာ ကြယ်သုံးလုံးရှိနေခြင်းပါပဲ။ ဒီကြယ်သုံးလုံး ဘာကြောင့်ရှိနေသလဲဆိုတာကိုတော့ ဘယ်ပညာရှင်မှ တိတိကျကျ မပြောပြနိုင်ပါဘူး။ ပိရမစ်တွေ ဆောက်တဲ့ရည်ရွယ်ချက်ကိုက အီဂျစ် ဘုရင်တွေဟာ မံမီရုပ်အလောင်းတွေကို ထားရှိဖို့ ပဲဖြစ်ပါတယ်။ ပိရမစ်တွေကို ပြန်လည်တူးဖော်တိုင်း မံမီရုပ်အလောင်းတွေကို တွေ့ရမြဲပါ။ ပိရမစ်နဲ့ ဆေးရည်စိမ်ထားတဲ့ မံမီရုပ်အလောင်းများဟာ ခွဲခြား လို့ မရတဲ့ သဘောသဘာဝပါ။ ဒါပေမဲ့ ဂြိုဟ်သားတွေ ဆောက်ခဲ့တဲ့ ဂီဇာပိရမစ်မှာတော့ မံမီရုပ် အလောင်းတွေ လုံးဝရှိမနေပါဘူး။

ပိရမစ်ထဲမှာ ၁၅၃ ပေ ရှည်ပြီး ပေ ၂၀ ကျယ်တဲ့ သင်္ဘောကြီးတစ်စီးလည်း ထူးဆန်းစွာ ရှိနေပါတယ်။ ဒီလှေကြီးကို အာကာသလှေကြီးလို့ လည်း ခေါ်ကြပါတယ်။ နေဝင်ချိန်မှာလည်း ထူးဆန်း မှုတွေ ဖြစ်ပေါ်တတ်လေ့ရှိပါတယ်။

ထူးဆန်းတဲ့ ဂီဇာပိရမစ်နဲ့ ပတ်သက်ပြီး သုတေသီတွေက လေ့လာမှုတွေအကြိမ်ကြိမ် ပြုလုပ် ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ စက်ရုပ်တွေ အသုံး ပြုပြီး စူးစမ်းရှာဖွေခဲ့ရာမှာတော့ သေးငယ်လွန်းတဲ့ ကျောက်တံခါးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပိရမစ်မှာ အခန်းသုံးခန်းပါရှိပြီး နှစ်ခန်းတွဲ လျှို့ဝှက် ခန်းကိုလည်း ရှာတွေ့ခဲ့ပါတယ်။

ဂီဇာပိရမစ်ကတော့ သုတေသီတွေအတွက် အတော်လေး စိတ်ဝင်စားစရာ ဖြစ်စေသလို အဖြေ ထုတ်လို့မရတဲ့ အကြောင်းအရာတွေကိုလည်း အမြောက်အမြားတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ဂီဇာ ပိရမစ်ဟာ အီဂျစ်သူ အီဂျစ်သားတွေ ဆောက်ခဲ့ကြ တာမျိုးမဟုတ်ဘဲ ဂြိုဟ်သားတွေ ဆောက်ခဲ့တာလို့ နာမည်ကြီးခဲ့ပါတယ်။

ပိရမစ်ထဲမှာ အလွန်ကြီးမားတဲ့ ရတနာသိုက်ကြီးတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ရတနာသိုက်ကြီးက ကြီးနေလွန်းပါတယ်။ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ ပိရမစ်အတွင်းပိုင်းနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ရတနာသိုက်ကို ထည့်သွင်းခဲ့ပါသလဲဆို တာ ဘယ်သူမှ မပြောနိုင်သလို မသိလည်း မသိ နိုင်ခဲ့ကြပါဘူး။ ပြီးတော့ အတွင်းပိုင်းအခန်းတွေမှာ ရုပ်ပုံတွေနဲ့ လျှို့ဝှက်ခန်းတွေ ရှိနေပါသေးတယ်။ ရုပ်ပုံအမှတ်အသားတွေဟာ ဘာကို ညွှန်းဆို ဖော် ပြနေသလဲဆိုတာကို အတိအကျ မဖော်ထုတ်နိုင်သေးပါဘူး။

ပိရမစ်ကို တည်ဆောက်ခဲ့ရာမှာ ကျောက်တုံး ပေါင်း နှစ်သန်းကျော်ကို အသုံးပြုခဲ့ကြပါတယ်။ တစ်တုံးစီက အနည်းဆုံး နှစ်တန် အလေးချိန်ရှိပါ တယ်။ အချို့ကျောက်တုံးတွေဆိုရင် တန် ၅၀ အထိ အလေးချိန်ရှိကြပါတယ်။ ဂီဇာပိရမစ်ဟာ နဂါးငွေ့ တန်းပုံစံလို ဖြစ်နေတာကလည်း ဂြိုဟ်သားတွေ လုပ်ထားခဲ့တဲ့ အမှတ်သညာပြုမှု သင်္ကေတတစ်ခုပဲ လို့ ကောက်ချက်ချကြပါတယ်။ ရှေးခေတ်အီဂျစ်တွေ ဟာ ဒီလောက်ထိ ခေတ်မီစရာ အကြောင်းမရှိပါဘူး လို့ ဆိုပါတယ်။


အီဂျစ်မှာရှိနေတဲ့ ပိရမစ်အများစုထဲက ဂီဇာ ပိရမစ်ကိုတော့ ရှေးဟောင်း အီဂျစ်တွေ တည်ဆောက် ခဲ့တာမျိုး မဟုတ်ဘဲ ဂြိုဟ်သားတွေ ကမ္ဘာမြေနဲ့ အဆက်အသွယ်လုပ်နိုင်ဖို့ တည်ဆောက်ခဲ့တာမျိုး ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ပြောဆို ကောက်ချက်ချကြပါတယ်။

နေလရောင်