စာမေးပွဲခန်းကို ဝင်ရောက်ကြမယ့် သားငယ်၊ သမီးငယ်များအတွက် ကံကောင်းထောက်မခြင်းကို ဖြစ် စေမယ့် အစားအသောက်အသောက်လေးတွေ လမ်းညွှန်လိုက်ချင်ပါတယ်။ ကိုယ့်နေ့သားအလိုက် အဲဒါလေးတွေ ဘုရားမှာ လှူသွားပါ။ ကိုယ်လည်း စားလို့ရတာ ပေါ့နော်။ ကံကောင်းကြပါစေကွယ် …။
- တနင်္ဂနွေသားသမီးများ မုန့်ဟင်းခါးလှူသွားပါ။
- တနင်္လာသားသမီးများ နန်းကြီးသုပ်လှူသွားပါ။
- အင်္ဂါသားသမီးများ အုန်းနို့ခေါက်ဆွဲလှူသွားပါ။
- ဗုဒ္ဓဟူးသားသမီးများ မုန့်ဟင်းခါးလှူသွားပါ။
- ကြာသပတေးသားသမီးများ ကြာဇံလှူသွားပါ။
- သောကြာသားသမီးများ ရွှေရင်အေးလှူသွားပါ။
- စနေသားသမီးများ မုန့်လုံးရေပေါ်လှူသွားပါ။