ဆန်၊ ဆီ၊ ဆား ရောင်းကောင်းစေလိုသော်

လက်လီ အရောင်းဆိုင်များရော၊ လက္ကား အရောင်းသမားများအတွက်ပါ ထူးထူးခြားခြား အကျိုး ထူးစေလိမ့်မည်ကို လက်ငင်းလက်တွေ့ တွေ့ရှိကြရပါလိမ့်မည်။

ဤလောကတွင် စားဝတ်နေရေးဟူသော အရေးသုံးပါးသည် လူသားတို့အတွက် မရှိမဖြစ် အရေးကြီးသော အရာများဖြစ်ပေတော့သည်။ စားရေးသောက်ရေးတွင်လည်း ကျွန်တော်တို့ မြန်မာ့လူနေမှုတွင် ဆန်၊ ဆီ၊ ဆား ဟူသည်မှာ အလွန်အခြေခံကျသော စားနပ်ရိက္ခာများ ဖြစ်နေပါတော့သည်။

ထို့ကြောင့်လည်း တိုင်းပြည်နေရာအနှံ့အပြား တွင် ဆန်ဆိုင်၊ ဆီဆိုင်၊ ဆားဆိုင်များကို လက်ညှိုးထိုးမလွဲအောင် တွေ့ကြရမည်ဖြစ်ပါတော့သည်။ ယခု ရေးသားတင်ပြလိုသည်မှာ ဆန်ဆိုင်၊ ဆီဆိုင်၊ ဆားဆိုင်များ ရောင်းကောင်းစေမည့် နည်းကလေးကို ရေးသားတင်ပြလိုခြင်း ဖြစ်ပါသည်။

အလွန်လွယ်ကူသော နည်းလေးဖြစ်သော်လည်း ဂရုတစိုက် အလေးအနက်ထား၍ ပြုလုပ်ကြမည်ဆိုပါက ဆန်၊ ဆီ၊ ဆား… စသည်များ ပို၍ သိသိသာသာရောင်းအားတက်လာလိမ့်မည်ကို လက်တွေ့ သိရှိကြရပါလိမ့်မည်။

ဆန်များ၊ ဆီများ၊ ဆားများ ပို၍ ရောင်းအား တက်လာစေရန် ဆောင်ရွက်ရမည့်နည်းမှာ – အာလူးအနေတော် ၅ လုံးကို အဝတ်တစ်ထည်ဖြင့် ထုပ်ပါ။ ထိုအာလူးအထုပ်ဖြင့် ရောင်းချမည့် ဆန်များ၊ ဆီများ၊ ဆားများကို ထုရင်း ဆုတောင်းရန်ဖြစ်ပါသည်။

လက်လီ အရောင်းဆိုင်များရော၊ လက္ကား အရောင်းသမားများအတွက်ပါ ထူးထူးခြားခြား အကျိုး ထူးစေလိမ့်မည်ကို လက်ငင်းလက်တွေ့ တွေ့ရှိကြရပါလိမ့်မည်။

စောရဲထူး(လှိုင်)