ဘယ်လိုမိန်းမရမှာလဲ…

အမျိုးသားတို့အတွက် သီးသန့်ဟောကိန်း လေးတစ်ခု တင်ပြပါမည်။ ဘယ်လိုမိန်းမမျိုးရမလဲ ဆိုတဲ့ မေးခွန်းလေးက အမျိုးသားလူလွတ်တို့ အသိချင်ဆုံးလေးပါ။

အမျိုးသားတို့အတွက် သီးသန့်ဟောကိန်း လေးတစ်ခု တင်ပြပါမည်။ ဘယ်လိုမိန်းမမျိုးရမလဲ ဆိုတဲ့ မေးခွန်းလေးက အမျိုးသားလူလွတ်တို့ အသိချင်ဆုံးလေးပါ။ ကြီးမှာလား၊ ငယ်မှာလား၊ စစ်၊ မစစ် ဒါလေးတွေတော့ သိချင်တာပေါ့။ မြန်မာ့ရိုးရာ နည်းလေးတစ်ခုရှိပါတယ်။ အဆင့်ဆင့် သယ်ဆောင် လာတာ အခုထိပါပဲ။

ပထမဆုံး မွေးသက္ကရာဇ်ကိုတော့ သိဖို့လိုတယ်။ မြန်မာခုနှစ် မွေးသက္ကရာဇ်ဖြစ်ရမည်။ ၎င်းကို တည်ပြီး ၄ နဲ့မြှောက်၊ ရလာတဲ့ကိန်း ဂဏန်းကို ၇ နဲ့စား၊ အကြွင်းကိုကြည့်ပြီး ဟောကိန်း ထုတ်ထား တာကို ဖတ်ကြည့်ပါ။ လိုချင်တဲ့အဖြေကို ရပါလိမ့်မယ်။

ဆိုလိုတာက ၁၃၄၀ မှာမွေးတဲ့ အမျိုးသား တစ်ဦး ဘယ်လိုမိန်းမနဲ့ရမလဲဆိုပါစို့။

၁၃၄၀ အမြှောက် ၄ = ၅၃၆၀ ရပါတယ်။

၅၃၆၀ အစား ၇ (အကြွင်းကို ရှာပါမယ်)

အကြွင်း ၅ ရပါတယ်။ အကြွင်း ၅ ဆိုတဲ့ နေရာကို ဖတ်ကြည့်ရုံပေါ့။ မွေးနှစ်တူတွေ အားလုံး အတွက် တစ်ပုံစံတည်း ဖြစ်နေမှာပေါ့ဆိုတဲ့ မေးခွန်း မေးသင့်တယ်။ ဟုတ်ပါတယ်။ ကိန်းချင်း အတူတူပါပဲ လို့ ပြန်ဖြေပါမည်။ တကယ်တန်း လက်တွေ့အခြေခံ တူတာချင်းကိုလည်း တွေ့ရပါတယ်။

အကြွင်း ၁

ရခဲ့ရင် အတော်ကံကောင်းပါပေတယ်။ ကိုယ် ရမယ့်မိန်းကလေးက အလွန်သန့်စင်တဲ့မိန်းကလေး ပါ။ ကိုယ်ကျင့်သိက္ခာ လုံအောင်ထိန်းတဲ့လူ၊ အတွေ့ အကြုံကလည်း မရှိသလောက်ဘဲ။ ရည်းစားတောင် မှ ထားဖူးရဲ့လားမသိ။ အေးအေးနေတတ်တယ်။ လုပ်ငန်းတစ်ဖက်၊ ပညာတစ်ဖက် ဘဝတိုက် ပွဲဝင်နေတဲ့သူ၊ ကိုယ်ပိုင်အစွမ်းအစနဲ့ အသက်မွေး နိုင်တယ်။ ဉာဏ်ကောင်းတယ်။ တစ်ခါတစ်ခါ နွဲ့ဆိုး ဆိုးတတ်တယ်။ တည်တည်ကြည်ကြည် နေတတ် တယ်။ သွက်သွက်လက်လက်နဲ့ မိန်းမသားပါပဲ။ ခေတ်မီတယ်။ ဒါပေမဲ့ ခေတ်မဆန်ဘူး။ သိပ် သဝန် ကြောင်တတ်တာ။ သူ့ရှေ့မှာ သွားပြီး အခြားသူ အကြောင်း သွားမပြောလေနဲ့။ စိတ်ကောက်ပြီး ချော့ လိုက်ရမှာ အမော။ ကိုယ်နဲ့အဆင်ပြေမယ်။ တစ်ခါ တလေ အလွန်လူကြီးဆန်ပြီး အများအားဖြင့် ကလေးဆန်တတ်တဲ့အတွက် ကိုယ့်မိဘနဲ့တော့ ပြဿနာပဲ။ ဘာပဲပြောပြော ကိုယ့်အပေါ်မှာ သစ္စာ ထားတဲ့သူပေါ့။

အကြွင်း ၂

ရခဲ့ရင် ကိုယ့်နှလုံးသား ကိုယ်ပြန်စစ်ကြည့်။ မေတ္တာတရားမှာ အပေးသမားသက်သက်ပဲ။ ကိုယ် က ခွင့်လွှတ်တတ်တယ်။ သနားတတ်တယ်။ ကိုယ် ရမယ့် အိမ်ထောင်က ကရုဏာအပေါ် အခြေတည်တဲ့ အိမ်ထောင်မျိုး။ ကိုယ်နဲ့အကြောင်းပါမယ့် မိန်း ကလေးခမျာ ဘဝမှာ လူလည်လူရှုပ်တွေရဲ့ လှည့်စား မှုခံရပြီး အသည်းကွဲဒဏ်ရာတွေနဲ့။ သူ့ရဲ့ နောက် ကြောင်းကိုလည်း မခြွင်းမချန်ပြောပြမှာပါ။ သဘော ထားကြီးကြီးနဲ့ သူ့ဘဝကို သိမ်းပိုက်ကာကွယ် ပေးရမှာ။ သူက အတိတ်လူဟောင်းဆီ စိတ်မညွှတ် သွားပါဘူး။ ကိုယ်နဲ့အိမ်ထောင်ကျပြီး အလွန် သာယာတဲ့ အိမ်ထောင်တစ်ခုကို တာဝန်ကျေစွာ တည်ဆောက်မှာပါ။ အချောအလှလေးပါ။ ဘဝက မလှပေမယ့် ရုပ်ဆင်းရူပကာ အလုံးစုံ ငေးရလောက် အောင် လှပတဲ့သူ၊ အိမ်ထောင်ကို နိုင်နိုင်နင်းနင်း ထိန်းမှာ။ လုပ်တတ်ကိုင်တတ် ကိုယ့်မိဘအသိုင်း အဝိုင်းအရိပ်အောက်ကို ဝင်လာမှာ။ အောက်ကြို့ပြီး ဆက်ဆံမှာ။ နောက်ဆိုကိုယ့်မိဘတွေက သမီးအရင်း လိုချစ်မှာ။

အကြွင်း ၃

ရခဲ့ရင် ဆွေကြီးမျိုးကြီးထဲက ဖြစ်ဖြစ်၊ မြင့် မြတ်သော အမျိုးအနွယ်ကဖြစ်ဖြစ် ဒီလိုမိန်းကလေး နဲ့ အိမ်ထောင်ကျမှာ။ ဂုဏ်ပကာသန ဝန်းကျင်အ လယ်ကပေါ့။ တော်တော်မာနကြီးမှာ၊ စိတ်ကြီး၊ ခေါင်းမာ၊ ပညာတတ်နှလုံးသားချိုသော်လည်း ဘုဂွ ပြောတတ်ပြီး တော်ရုံတန်ရုံကို အဖက်မလုပ်တတ် တဲ့ မိန်းကလေး။ ပညာအတတ်ကို အခြေတည်ပြီး အသက်မွေးတဲ့ မိန်းကလေး။ တစ်ခုတော့ပြောမယ်။ အိမ်ထောင်ကျပြီးရင် ကိုယ့်အသိုင်းအဝန်းထဲ သူ ဝင်မှာမဟုတ်ဘူး။ သူ့အသိုင်းအဝန်းထဲ ကိုယ်ရောက် လိမ့်မယ်။ အနိုင်လိုတာမဟုတ်ပေမယ့် အနိုင်ကျင့် တာ ဝါသနာပါတယ်။ သူနဲ့အိမ်ထောင်ကျပြီး အပေါင်း အသင်း၊ ငယ်မိတ်ဆွေထဲမှ ခပ်ညံ့ညံ့လာလည်ရင် တောင် ရန်ဖြစ်မှာ။ ဒါပေမဲ့ အိမ်ထောင်ကံကောင်း ပါတယ်လေ။ အိမ်ထောင်ကြောင့် ဘဝမှာ ထူးထူးခြား ခြား တိုးတက်မှုလေးတွေရမှာ။ သူကလည်း ကိုယ့် ကို တိုက်တိုက်တွန်းတွန်းလေး အလုပ်လုပ်ခိုင်းမှာ။ ကွယ်ရာမှာ သူငယ်ချင်းတွေက မိန်းမကြောက်လို့  ပြောရင် ငြိမ်ခံပေရော့။

အကြွင်း ၄

ရခဲ့ရင် အတော်ဣန္ဒြေကြီးပြီး မြင့်တဲ့ အသိုင်း အဝိုင်းကြားက တင့်တယ်တဲ့ မိန်းမသား ကိုယ့်ဘဝ ထဲတိုးဝင်လာမှာ ပင်တိုင်စံနဲ့ စောင်းသမားလေး ဇာတ်လိုပေါ့။ သူမကချစ်လွန်းလို့ အရာရာကိုစွန့်ပြီး ဘဝကိုပုံအပ်မှာ။ လေးစားဖို့ကောင်းတဲ့ မိန်းမသား ပေါ့။ ဘဝအတွေ့အကြုံကလည်း နည်း၊ ပင်ကိုက လည်း ကျောင်းနဲ့အိမ် ဖြတ်သန်းတဲ့ဘဝကလည်း ပြည့်ပြည့်စုံစုံနဲ့ အေးချမ်းဣန္ဒြေရှိတဲ့ သန့်ရှင်း၊ သန့် စင်လှတဲ့ သဇင်ပန်းလို တော်ဝင်မိန်းမသားမျိုးနဲ့ ဆုံ စည်းတဲ့ ကိုယ့်ဘဝကို သူငယ်ချင်းတွေက မုဒိတာ ပွားကြပါလိမ့်မည်။ အလွန်သည်းခံတတ်၊ ခွင့်လွှတ် တတ်ပေမယ့် မဟုတ်တာတော့ သွားမလုပ်လေနဲ့ မီးပွင့်သွားမည်။ မာနခဲလေး၊ ကိုယ့်မိဘနဲ့အဆင်ပြေ မည်။ အပေးအကမ်းရက်ရောမည်။ အရာရာ ကိုယ့် သဘောပဲ။ အလုပ်ထွက်လုပ်ချင် လုပ်လိမ့်မည်။  အိမ်ထောင်ကိစ္စ မလစ်ဟာစေရဘူး။ မိန်းမရကံ ကောင်းပါတယ်။ ဒါပေမဲ့ မိန်းမနောက်တစ်ယောက် တော့ ရှုပ်ဖို့မစဉ်းစားနဲ့။ ခံနေမှာမဟုတ်ဘဲ တစ်ခါ တည်း အပြီးပြတ်စဲပြီး လှည့်မကြည့်ဘဲ ကွဲပစ် လိုက်မှာ။ သဘောထားကြီးပြီး ခေတ်မီပေမယ့် ဒီကိစ္စမျိုးမှာ လုံးဝခွင့်မလွှတ်တတ်ဘူး။

အကြွင်း ၅

ရခဲ့ရင်တော့ ကိုယ့်လူအိမ်ထောင်ကျမယ့် အမျိုးသမီးကတော့ ဆိုရှယ်ခပ်ကျကျပဲ။ အတော် ခေတ်ရှေ့ပြေးမှာ။ ဘိုဆန်မှာ ဝတ်တာစားတာကအစ ခေတ်စကားနဲ့ပြောရင် Hot Short ဟော့ရှော့ပေါ့ဗျာ။ ကိုယ်နဲ့တွဲသွားရင်တောင် သူများက ငေး ကြည့်ရအောင် စတိုင်အတော်ကျမှာ။ ခေတ်မီတဲ့ အပြင်အဆင်၊ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ လက်သည်းခြေ သည်းနီနဲ့ ေြွကရုပ်လေးလိုပေါ့။ စူပါမတ်ကြီးတွေ မှာ ချိတ်ထားတဲ့ ဟန်ပြမယ်တွေနဲ့ အပြိုင်စတိုင်ကျ စမတ်ကျကျပဲ။ ရည်းစားများတာ လာမပြောနဲ့ ကိုယ့် တောင်သနားလို့ ယူထားတာ။ အိမ်ထဲမှာ ပိတ်လှောင် ထားဖို့တော့ စိတ်တောင်မကူးလေနဲ့။ လွတ်လပ်မှု မြတ်နိုးပြီး ကိုယ်ပိုင်အစွမ်း ကိုယ်ပိုင်ဟန်နဲ့ ကိုယ်တိုင် အလုပ်လုပ်ရမှ ကျေနပ်မှာ။ တစ်ခါတလေ ရှင်က အတော်ခေတ်နောက်ကျတာပဲ။ တောကျလိုက်တာ စသဖြင့် သူနဲ့အိမ်ထောင်ကျပြီး နိုင်ငံခြားမှာ သွား အလုပ်လုပ်ဖို့ပြောလွန်းလို့ သွားနေရဦးမှာ။ အပေါ စား လုံးဝမသုံးဘူး။ တံဆိပ်ဆိုရင်လည်း အမြင့်စားမှ။ branded ဆိုတဲ့ စကားနှုတ်ဖျားမှ ချမှာမဟုတ် ဘူး။ အိမ်မှာတော့ ထမင်းချက်ကောင်းကောင်း ခန့် ထားဦး။ တစ်ခါတလေ စိတ်ပါမှ သူကချက်ကျွေးမှာ။ သူနဲ့စတွဲပြီး အိမ်ထောင်ကျပြီး ကိုယ်တောင် ဘောင်း ဘီဝတ်၊ ပေါင်မုန့်စားဖြစ်လာလို့ လမ်းထွက်ရင်တောင် သူငယ်ချင်းတွေက မှတ်မိမှာမဟုတ်ဘူးနော်။

အကြွင်း ၆

ရခဲ့ရင်တော့ မေတ္တာကြီးမားလှတဲ့ အမျိုး သမီးမျိုးနဲ့ ရမှာ။ သူနဲ့ကိုယ်နဲ့ အတွင်းသိ အဆင်းသိ။ သူငယ်ချင်းလို မိတ်ဆွေလိုကတစ်ဆင့် နင်ရယ်ငါ ရယ်ကနေ မောင်ရယ်ကိုရယ်တွေ ဖြစ်လာတာ။ သူနဲ့ မရခင် ကိုယ်ကလည်း ရည်းစားများများ၊ ဒါတွေသူသိ ထားပြီးသား။ ဒီကြားထဲမှာ သူငယ်ချင်းလိုကနေ မမျှော်လင့်ဘဲ ရေစက်ပါတယ် ဆိုရမလား မသိဘူး။ တစ်ဦးနဲ့တစ်ဦး သံယောဇဉ်တွေ လွန်ကဲပြီး ချစ်ကြ မှာ။ ဆုံဖို့အရေးကလည်း ခက်ခက်ခဲခဲပဲ အိမ်ထောင် ကျပြီးမှ သူ့မေတ္တာရိပ်မှာ အတော်တည်ငြိမ်သွား မှာ။ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် နှစ်ယောက်သွား အတူ လာအတူ။ ဒီမိန်းကလေးက ချစ်တတ်တယ်။ သဘောထားကြီးတယ်။ ကိုယ့်အပေါ်နားလည်တယ်။ ကိုယ့်အသိုင်းအဝိုင်းနဲ့ ညီညွတ်မယ်။ ကိုယ်နဲ့အိမ် ထောင်ကျပြီး သူလုပ်နေတဲ့ အလုပ်ကထွက်ပြီး ကိုယ့်အလုပ်ကို ကူလုပ်လိမ့်မယ်။ နှစ်ယောက်ပေါင်း ပြီး စီးပွားကြီး၊ လုပ်ငန်းကြီးတွေလုပ်ပါ။ တွဲဖက် တကယ်ညီတာ။ သူချက်ထားတဲ့ ဟင်းမှစားစေချင် တာ။ တစ်ခါတလေ နေမကောင်းတဲ့ကြားမှ ကိုယ့် အဝတ်တွေဝင်လျှော်။ အပြင်သွားဖို့ အဝတ်အစား စီစဉ်ပေးတာကအစ ရေချိုးပြီး အိမ်နေရင်း အဝတ် တောင် သူ့လက်နဲ့ထုတ်ပေးရမှ ကျေနပ်တာ။ ငယ်သူ ငယ်ချင်းတွေက နောက်ပြောင်ကြလိမ့်မယ်။ မိန်းမ နား တစ်ချိန်လုံးကပ်နေတာပဲလို့ စိတ်မဆိုးနဲ့ သူတို့က ကိုယ့်ကို အားကျနေတာပါ။

အကြွင်း ဝ

ရခဲ့ရင်တော့ အတော်လေးကို ထူးခြားတဲ့ အိမ်ထောင်ရေးကို ရပါလိမ့်မယ်။ ကိုယ်နဲ့ရတဲ့မိန်းမ က ကိုယ့်ထက် အသက်ကြီးမယ်။ မမနဲ့မောင်လေး ပေါ့။ ဒါမှမဟုတ် ဘာသာလူမျိုးတစ်ခုခု ကွာခြားမယ်။ ပညာဖြစ်စေ၊ ဂုဏ်ဖြစ်စေ၊ အသက်အရွယ် ဖြစ်စေ မိမိထက်ကြီးမှာဖြင့် သေချာပါတယ်။ ကိုယ့်အပေါ် အတော်အလိုလိုက်မယ်။ စိတ်ချမှာလည်း မဟုတ် ဘူး။ အရိပ်တကြည့်ကြည့်နဲ့။ သိပ်ပြီး အလှပြင်မှာပဲ။ အသက်ကြီးတဲ့သူကို အလှပျက်လို့ ပစ်သွားမှ ဖြင့်ဆိုတဲ့ မသိစိတ်ကလေးက စိုးမိုးနေမှာ။ ဒီစိတ် ကလေး သူ့ရင်ထဲ ပျောက်သွားအောင် လုပ်ပေးရမှာ ကိုယ်ပဲပေါ့။ ကိုယ့်အပေါ်မှာ မိခင်တစ်ယောက်လို ငဲ့ညှာချစ်ခင်မယ်။ ဦးစားပေးမည်။ ကိုယ်နွဲ့သမျှ ဒဏ်ခံမယ်။ တစ်ခုခု စိတ်အလိုမကျရင် မျက်ရည် လေးနဲ့ တကယ်ချစ်လို့ ကိုယ့်ဘဝထဲ အခက်အခဲများ ရင်ဆိုင်ပြီး လက်တွဲကြတာကိုတော့ ဘယ်တော့မှ မမေ့နဲ့ပေါ့။ ဘာပဲဖြစ်ဖြစ် မရဲ့မောင်လေး ဘဝမှာ အေးချမ်းတဲ့ မေတ္တာရိပ်အောက်မှာ ပျော်ရွှင်နေတဲ့ ဘဝလေးကို ထူထောင်ရမှာပါ။ မိန်းကလေးက ခေတ်ပညာတတ်။ ကိုယ်စွမ်းကိုယ်စနဲ့ သူတစ်ပါးကို ဆရာလုပ် အမိန့်ပေးတဲ့ လူမျိုးပေါ့။

ဒီဟောကိန်းကလေးကို ဖတ်ပြီးတော့ ကိုယ်တိုင်လည်း တွက်ကြည့်ပြီးရင် သူငယ်ချင်းတွေကို လည်း ဗေဒင်ဟောကြည့်ပေါ့။

အိမ်က အဖေ၊ ဦးလေးတောင် ချန်မထားနဲ့ တွက်ကြည့်ပြီး ဟောကိန်းထုတ်လိုက်ပါဦး။

စံ-ဇာဏီဘို