အမြန်မကြာပြန်ရောက်လာစေ

ကျွန်ုပ်သည် တစ်ရံရောအခါက မီးဓာတ်ကို အသုံးပြုလျက် ခုနစ်နေ့သားသမီးတို့ ပြန်လာစေရန် စွမ်းဆောင်ခဲ့ဖူး၏။ အောင်လည်း အောင်မြင်ခဲ့ပါ၏။

ကျွန်ုပ်သည် တစ်ရံရောအခါက မီးဓာတ်ကို အသုံးပြုလျက် ခုနစ်နေ့သားသမီးတို့ ပြန်လာစေရန် စွမ်းဆောင်ခဲ့ဖူး၏။ အောင်လည်း အောင်မြင်ခဲ့ပါ၏။ ကျွန်ုပ်၏ မိတ်ဆွေ ကိုတင့်လွင်တို့လင်မယားတွင် သားတစ်ယောက်ရှိ၏။ ဆိုးဆိုးပေပေထဲကတော့ မဟုတ်။ အခြေခံပညာအထက်တန်းကို အောင်မြင်ထားပြီးသူလည်းဖြစ်၏။ သို့ရာတွင် ကိုယ့်အိမ်ကိုယ်ရာ ကိုယ့်မိဘထက် သူတစ်ပါးအိမ်ရာ အပေါင်းအသင်းတို့ကို ပို၍ခင်မင်သူဖြစ်လေရာ တစ်နေ့သ၌ ဘာမပြောညာမပြောနှင့် မိဘတို့အား ဘာမျှတိုင်ပင် ပြောဆိုခြင်း မရှိဘဲ သူ့အပေါင်းအသင်းတစ်စုနှင့် အတူ ခရီးတစ်ခုသို့ ထွက်သွားခဲ့လေသည်။

ဤ၌ မိတ်ဆွေ ကိုတင့်လွင်၏ဇနီး ခင်ဥမ္မာ မှာ သားတော်မောင်အတွက် မျက်ရည်တရွဲရွဲ၊ သက်ဆိုင်ရာကို တိုင်ကြားသင့်တာ တိုင်ကြား၏။ တစ်ရက် တစ်ရက်နှင့် တစ်ပတ်ကျော်ကြာသည့်တိုင် ပြန်မလာလေတော့ မိဘတွေခမျာ ပူလောင်ပြင်းပြစွာ ခံစားရပြီး နောက်ဆုံး၌ ကျွန်ုပ်၏ပညာရပ်အပေါ် နားလည်သော ကိုတင့်လွင်က အပူကပ်လာသည်။

‘‘ကျွန်တော့်သားနာမည်က မောင်တင်ထွေးတဲ့ ဆရာ…၊ စနေသားပါ၊ အဲဒါ အမြန်ဆုံးပြန် လာအောင် ကူညီပေးပါ ဆရာရယ်…’’

‘‘ကူညီပါ့မယ် ကိုတင့်လွင်…၊ သိပ်လည်း မပူပါနဲ့ဗျာ…၊ အိမ်ရောက်ရင် ကျွန်တော်ပြော သလိုလုပ်’’

‘‘ပြောပါဆရာ… ကျွန်တော် သေသေချာချာ မှတ်သားပြီး လုပ်ပါ့မယ်…’’

‘‘ဒါဆိုရင် စနေနေ့ နေထွက်ချိန်(ဒါမှမဟုတ်) နေဝင်ချိန်မှာ ဖယောင်းတိုင်တစ်တိုင်ကိုယူ၊ ဖယောင်းတိုင်ပေါ်ကို မောင်တင်ထွေး ဆိုတာကို ရေး၊ နောက် ၇ ဂဏန်းနဲ့ ‘ငါ့ထံ ပြန်လာရမည်’ဆိုတဲ့ စာသားကို ရေး၊ ပြီးတာနဲ့ စနေဂြိုဟ်မင်းကို မေတ္တာပို့ အကူအညီတောင်းလို့ ဘုရားမှာ မီးညှိပူဇော်လိုက်ပေရော့၊ မကြာခင် ခင်ဗျားသား မောင်တင်ထွေး ပြန်ရောက် လာပါတော့မယ်…’’

ထိုနေ့ကား စနေနေ့ဖြစ်၏။ နေဝင်ချိန်နီးသဖြင့် ကျွန်ုပ်ကိုယ်တိုင်ပင် ၄င်းအိမ်သို့လိုက်ပါကာ ကိုယ်တိုင်ကိုယ်ကျ စီစဉ်လုပ်ကိုင်ပေးပြီး ပြန်ခဲ့၏။ နောက်တစ်ရက်ရောက်သော် ကိုတင့်လွင်တို့ လင်မယားသာမက မောင်တင်ထွေးမည်သော သူငယ်လေးပါ ကျွန်ုပ်ထံ ရောက်လာကြလေတော့၏။

မိဘနှစ်ပါးမှာ သူတို့ရင်သွေးကို မျက်စိရှေ့မှောက် ပြန်လည်မြင်တွေ့ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်နှင့်အမျှ ကျွန်ုပ်အားလည်းများစွာ ကျေးဇူးတင်သည့်အလျောက် တတ်နိုင်သည့် စားသောက်ဖွယ်ရာများဖြင့် လာရောက်ကျေးဇူးဆပ်လေရာ ကျွန်ုပ်လည်း လက်မခံဘဲ အတင်းပြန်ပေး ရလေ၏။

‘‘ဆရာ့နည်းကလေးက မဆိုးဘူးနော်’’

‘‘မဆိုးလို့လည်း အဲဒီနည်းနဲ့ ခုနစ်ရက်သား သမီးတွေ ခရီးလွန်နေတဲ့အခါ ပြန်လာအောင် ဓာတ်ဆင်ပေးခဲ့တာချည်းပဲ…၊ အောင်လည်း အောင်မြင်ပါတယ်…’’

‘‘ဒါဖြင့်ရင် စနေသားမဟုတ်ဘဲ ကျန်တဲ့နေ့သားတွေ ပြန်လာစေချင်ရင်ရော ဆရာ…’’

‘‘အဲဒီအတွက် ဟောဒီ ဇယားလေးသာ ကူးသွားပေတော့…’’ဟု ဆိုလေရာ ဂမ္ဘီရသိပ္ပ အစီအမံများအပေါ် စိတ်ဝင်စားမှုရှိလာသည့် မိတ်ဆွေကို တင့်လွင်လည်း စာရွက်တစ်ရွက် ထုတ်လျက် ကူးရေးနေပါတော့သတည်း …။

အားလုံး စနစ်တကျ ရေးသား မေတ္တာပို့ပြီးသော် ထိုဖယောင်းတိုင်အား မီးပူဇော်ရန် ထွန်းညှိရပါမည်။

ဂန္ဓာရီဆြာအံ့