၁။ တနင်္ဂနွေနံ –
အာနန္ဒာဘုရား။ အာလိန်ငါးဆင့်ဘုရား။
၂။ တနင်္လာနံ –
၃။ အင်္ဂါနံ –
စွယ်တော်မြတ်စေတီ၊
ဆူးလေဘုရား။
၎။ ဗုဒ္ဓဟူးနံ –
ရွှေတိဂုံဘုရား။
၅။ ကြာသပတေးနံ –
၆။ စနေနံ –
မှတ်ချက်။ ။
သုတေသီဆရာငြိမ်း
Unicode Version
“ကျွန်မတော့ စာစောင်တွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေက ဗေဒင်တွေ ဖတ်ဖတ်ပြီး ခေါင်းရှုပ်တယ် ဆရာ …၊”
“ဟဲ့ ဘာများရှုပ်ရတာတဲ့တုန်း ခင်မြင့်သီရဲ့ …၊”
“ယတြာချေရမယ့်နေရာမှာပေါ့ ဆရာရယ် …၊ ဘယ်ဘုရားမှာ ဆီမီးသက်စေ့ ပူဇော်ပါတို့၊ ဘာတို့ပေါ့ …၊
ဥပမာ တနင်္ဂနွေပါသောဘုရားမှာလို့ ဆိုလိုက်ရင် ကျွန်မတို့လို ဗေဒင်ကိစ္စ မသိတဲ့သူတွေအဖို့ စိတ်ရှုပ် စရာကောင်းတယ် ဆရာရဲ့…၊
ခုနစ်နေ့၊ ခုနစ်နံကို ရုတ်တရက် စဉ်းစားလို့ ခေါင်းက မထွက်ဘူး …၊
အဲဒါ ခုနစ်နေ့၊ ခုနစ်နံဘုရားတွေကို ညွှန်ပြပေးပါဦး ဆရာရယ်”
“အေးအေး မှတ်သွား မှတ်သွား”
ထိုသို့ဆိုလျက် စာရေးသူလည်း ခုနစ်နေ့၊ ခုနစ်နံဘုရားများ၌ ယတြာချေရန် အခက်တွေ့နေကြသူများ လွယ်ကူစွာ သိရှိနိုင်ရန်အတွက် အောက်ပါအတိုင်း ဖော်ပြလိုက်ရပါတော့၏။
၁။ တနင်္ဂနွေနံ –
အာနန္ဒာဘုရား။ အာလိန်ငါးဆင့်ဘုရား။
၂။ တနင်္လာနံ –
ကျိုက္ကစံဘုရား၊ ကျိုက္ကလဲ့ဘုရား၊ ကျိုက္ကလို့ဘုရား၊ ကိုးထပ်ကြီးဘုရား၊ ငါးထပ်ကြီးဘုရား။
၃။ အင်္ဂါနံ –
စွယ်တော်မြတ်စေတီ၊
ဆူးလေဘုရား။
၄။ ဗုဒ္ဓဟူးနံ –
ရွှေတိဂုံဘုရား။
၅။ ကြာသပတေးနံ –
ဗိုလ်တထောင်ဘုရား၊ မဟာဝိဇယဘုရား၊ မယ်လမုဘုရား။
၆။ စနေနံ –
နာဂလိုဏ်ဂူဘုရား၊ နောင်တော်ကြီးဘုရား။
မှတ်ချက်။ ။
ရန်ကုန်မြို့ ပတ်ဝန်းကျင်တွင် နေထိုင်ကြသူများအတွက် ရည်ညွှန်းပါ၏။
သုတေသီဆရာငြိမ်း
