တစ်နေ့ စာရေးသူထံသို့ ဓနုဖြူမြို့နယ်အပိုင် ဆကာကြီးကျေးရွာမှ ခင်မင်ရင်းနှီးခဲ့ဖူးသော ညီမ ငယ် သောင်းသောင်း၏ စာကလေးတစ်စောင် လူကြုံ ဖြင့် ရောက်လာခဲ့သည်။ အကြောင်းရင်း အနှစ်ချုပ် ကား ဤသို့တည်း။
သူမနှင့် တစ်ရွာတည်းနေ ကျောင်းဆရာ ကိုလှအောင်တို့ လက်ထပ်လိုက်ကြကြောင်း၊ လက် ထပ်ဖို့ မရွံ့မရဲ ဖြစ်စဉ်က စာရေးသူထံ အကြံပြုနိုင်ရန် တင်ပြတောင်းခံဖူးကြောင်း၊ စာရေးသူက ၄င်းတို့ နှစ်ဦး၏ နေ့နံကို မှတ်သားလျက် ကံဇာတာကို တွက် ချက်ပေးပြီး ယူသင့်ယူထိုက်ကြောင်း၊ အကြံပြုရာမှ ယူဖြစ်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါတွင် သူချစ် ကိုယ် ချစ် နှစ်ကိုယ်ချစ်ကိုရသည့်အတွက် ပျော်ရွှင်ကြည်နူး ရပါကြောင်း၊ လင်တော်မောင် ကိုလှအောင်က အိမ် အနီး ဆကာကြီး အထက၌ ကျောင်းစာသင်၊ သူမ က အိမ်၌ စက်လည်းချုပ်၊ စာအုပ်အငှားဆိုင်ကလေး လည်း ထောင်သည့်အတွက် ပူပင်ကြောင့်ကြမှုမရှိ ပျော်ရွှင်နေပါကြောင်း၊ ကျေးဇူးရှင် စာရေးသူအား ဆကာကြီးသို့ တစ်ခါတစ်ခေါက် လာရောက်လည် ပတ်ပါရန် ဖိတ်ခေါ်ပါကြောင်း စသဖြင့် ပါရှိလေ၏။
စာရေးသူလည်း မိမိပြုခဲ့ဖူးသော လုပ်ရပ် တစ်ခု မှန်ကန်တော်တည့်သွားသည့်အတွက် ကာယ ကံရှင်တို့နှင့်မခြား ပျော်ရွှင်ကြည်နူးရပါသည်။
မှတ်မိသေးတော့၏။ လွန်ခဲ့သည့် တမြန်နှစ် က စာရေးသူထံ ဆကာကြီးသူလေး သောင်းသောင်း ရောက်လာ၏။ စာရေးသူက လက်ဆွဲချောင်း ဇာတိ၊ သည်တော့ ရေမြေချင်း ဆက်နေသည်။ ဒေသ သံယောဇဉ်တွေ မကင်း၊ သူမ၏ ကိစ္စက သီးချိန် တန်သီး၊ ပွင့်ချိန်တန်ပွင့်သည့် ကိစ္စ …။
“ညီမရဲ့ အမျိုးသားက ကိုလှအောင်၊ ဗုဒ္ဓဟူး သား ဟုတ်ပြီ။ ညီမက သောင်းသောင်းဆိုတော့ သောကြာသမီး။
အဲဒီမွေးနံဗုဒ္ဓဟူးနဲ့ သောကြာကိုပေါင်း (+) လိုက်တဲ့ အခါ ၄+၆=၁၀ ရတယ်။ အဲဒါကို ၅ နဲ့မြှောက် (x) လိုက်တော့ ၅၀ ဖြစ်လာရော။ ဖြစ်လာ တဲ့ ၅၀ကို ၇ နဲ့စား (-ံ့) မယ်။ ဘယ်လောက်ကြွင်းသလဲ”
“၁ ကြွင်းတာပေါ့”
“ဟုတ်ပြီ ဒါဆိုအိုကေပဲ …ကိုင်း ညီမလေး သောင်းသောင်းရေ …၊ ညီမလေးရဲ့ ချစ်သူ ကိုလှ အောင် လက်ထပ်ဖို့ တောင်းဆိုတာကို ခေါင်းညိတ် လိုက်ပေတော့၊ သူက ကျောင်းဆရာလည်းဖြစ်တယ်။ အသောက်အစား၊ လောင်းကစားလည်း ကင်းတယ် ဆိုတော့ ကံထူးတယ်မှတ်ပါ။ ရပ်ထဲရွာထဲ မယ်ဒလင် တဒေါင်ဒေါင် ဒုံမင်း တဒင်ဒင်လုပ်တာတော့ စည်းရုံး ပြီး ထိန်းပေါ့”
“ဟုတ်ကဲ့”
အဲသည်နောက်ပိုင်း သူတို့ချင်း ဘာဖြစ်သွား ကြသည်ကို ရရှိလာသော စာက သက်သေခံနေ ၏။ လူတိုင်းလူတိုင်း အရွယ်ရောက်လာပြီဆိုမှဖြင့် အနာဂတ် နောင်ကာလအတွက် ဖူးစာကံအရေး ရွေး ကြရပေလိမ့်မည်။ ဤသို့ ရွေးချယ်ကြရာဝယ် အောက်ပါ ဗေဒင်နည်းကလေးက (လိုအပ်သူများ၊ ယုံကြည်မှုရှိသူများအတွက်) အထောက်အကူပြုပါလိမ့်မည်။
မိမိနှင့် မိမိချစ်သူ၏ မွေးနံနှစ်ခုကို ပေါင်း(+) ပါ။ ထို့နောက် ၅ ဖြင့် မြှောက်(x)ပါ။ ရလဒ်အား ၇ ဖြင့် စား(-ံ့)ပါ။ ထိုအခါ အကြွင်းများထွက်လာပါလိမ့် မည်။ ထိုအကြွင်းအပေါ်မူတည်၍ မိမိတို့၏ ချစ်လမ်း ခရီး ဆက်သင့်၊ မဆက်သင့်ကို ချင့်ချိန်နိုင်ကြပါ သတည်း။
(၁) ကြွင်းပါက မိမိချစ်သည့် အိမ်ထောင်ဖက်ကိုရပါလိမ့်မည်။အိမ် ထောင်ရေးသာယာပါလိမ့် မည်။
(၂) ကြွင်းပါက ကလေးဆန်သော အိမ်ထောင်ဖက်ကို ရပါလိမ့် မည်။ စိတ်ညစ်ရပါမည်။ တကျက်ကျက်ဖြစ်တတ် ပါသည်။ စိတ်ဆိုးစိတ် ကောက်ခဏခဏဖြစ်မည်။
(၃) ကြွင်းပါက စီးပွားဖြစ်မည့်အိမ်ထောင်ဖက်ကိုရပါလိမ့်မည်။စည်း ကမ်းရှိမည်။ ကံကောင်း မည်။
(၄) ကြွင်းပါက လိုချင်သောသူနှင့် ညားတတ်ပါသည်။အိမ်ထောင် ရေး သာယာမည်။ မိမိထက်အဆင့် အတန်းသာ သူနှင့် ရတတ်ပါသည်။
(၅) ကြွင်းပါက ကြင်နာချစ်ခင်တတ်သော သူနှင့် ဆုံဆည်းတတ်ပါသည်။ အိမ်ထောင်ဖက်မှာ သဝန်တိုတတ်ရုံမက ကလေးဆန်ပြီး တဏှာရာဂ ပြင်းထန်တတ်ပါသည်။
(၆) ကြွင်းပါက စီးပွားဥစ္စာဖြစ်ထွန်းပါမည် အိမ်ပိုင်၊ တိုက်ပိုင်၊ ကားပိုင်ဖြင့် နေရမည်။ သာယာ သော အိမ်ထောင်ရေးဖြစ်မည်။
(၇) ကြွင်းပါက စိတ်ဆင်းရဲရတတ်ပါသည်။ အိမ်ထောင်ရေး ကံသိပ်မကောင်းပါ။ လင်ကွဲ၊ မယား ကွဲဖြစ်တတ်ပါသည်။
စဉ်းစားချင့်ချိန်၍ ဖူးစာကံ အရေး ရွေးနိုင်ကြပါစေသတည်း။
သုတေသီဆရာငြိမ်း