“ခုတလော ကျွန်တော့်ရဲ့ အလုပ်အကိုင် အကြံအစည်တွေ အလွဲလွဲအချော်ချော် ဖြစ်နေတယ် ဆရာ၊ ကျန်းမာရေးကလည်း သိပ်မကောင်းချင်ဘူး။ ဒီတော့ အလုပ်အကိုင် အကြံအစည်တွေ အောင်မြင် ချင်တယ်။ ကျန်းမာရေးလည်း ဒေါင်ဒေါင်မြည်ချင် တယ်။ ဒီတော့ ကျွန်တော်ယတြာချေချင်တယ်။ အဲဒါ ကူညီပေးပါလား ဆရာရယ်”
“ပေးရတာပေါ့ ကိုချစ်ရယ်၊ တစ်ယောက် နဲ့တစ်ယောက် ဘာပြောနေစရာ လိုမှာတဲ့လဲ။ ဘယ် အခါပဲဖြစ်ဖြစ် အသက် တစ်နှစ်တစ်နှစ်ပြောင်းသွား လေတိုင်း ကိုယ့်ဘာသာကိုယ် လွယ်လွယ်ကူကူချေ နိုင်တဲ့ယတြာလေးတွေကို တွက်ချက်ပြီး ချေနိုင်တဲ့ နည်းကလေးကို ပေးလိုက်မယ်”
“ကျေးဇူးတင်လိုက်တာ ဆရာရယ် … ဆရာက ဟင်းစားသာမကဘူး၊ ကွန်ချက်ပါ တစ်ခါ တည်း ပြလိုက်တာကိုး”
“ဒါကတော့ ကိုချစ်ရယ် … ဆရာ့ဆရာ တွေက ပညာကို သေရွာယူမသွားကြေးရယ်လို့ ညွှန် ကြားမှုတွေ ရှိခဲ့ပေတာကိုး။ ကိုင်း တစ်ခါတည်းသာ ခေါင်းထဲ ရိုက်သွင်းလိုက်ပေတော့”
“ကျွန်တော်က မှတ်ဉာဏ်သိပ်မကောင်းချင် ဘူးဆရာ၊ ဒီတော့ မှတ်စုစာအုပ်လေးနဲ့ မှတ်ခွင့် ပြုပါ”
“ဒါတော့ ကိုချစ်ရဲ့ သဘောပါပဲလေ”
သို့ဖြင့် ကျွနု်ပ်လည်း မိတ်ဆွေဖြစ်သူ သူရဲ သမိန်ရွာသား ကိုမောင်ချစ်အား အလွယ်ချေနိုင်သော ယတြာချေနည်းကို ပေးလိုက်ပါတော့၏။ တကယ့်ကို အလွယ်ကလေးရယ်ပါ။ ယတြာချေလိုသူ၏ အသက် ကို တည်ရပါမည်။ ၇ ဖြင့်စားရပါမည်။ ထိုအခါ အကြွင်းးကလေးတွေ ရလာပါလိမ့်မည်။ ထိုအြွကင်း အပေါ် မူတည်၍ ယတြာချေပေးရပါမည်။
- (၁) ကြွင်းပါက ဗုဒ္ဓဟူးနံ၊ ကြာသပတေးနံ၊ ရာဟုနံ အစားအစာများကို လှူရပါမည်။
- (၂) ကြွင်းပါက ပါက ကြာသပတေးနံ၊ သောကြာနံ၊ တနင်္ဂနွေနံ အစားအစာများကို လှူရပါမည်။
- (၃) ကြွင်းပါက သောကြာနံ၊ စနေနံ၊ တနင်္လာနံ အစားအစာများကို လှူရပါမည်။
- (၄) ကြွင်းပါက စနေနံ၊ တနင်္ဂနွေနံ၊ အင်္ဂါနံ အစားအစာများကို လှူရပါမည်။
- (၅) ကြွင်းပါက တနင်္ဂနွေနံ၊ တနင်္လာနံ၊ ဗုဒ္ဓဟူးနံ အစားအစာများကို လှူရပါမည်။
- (၆) ကြွင်းပါက တနင်္လာနံ၊ အင်္ဂါနံ၊ ကြာ သပတေးနံ အစားအစာများကို လှူရပါမည်။
- (ဝ) ကြွင်းပါက အင်္ဂါနံ၊ ဗုဒ္ဓဟူးနံ၊ သောကြာ နံ အစားအစာများကို လှူရပါမည်။
ဤ၌ နေ့နံနှင့် ပတ်သက်သော အစားအစာများကိုလည်း မှတ်သားထားဖို့ လိုပါသည်။
- တနင်္ဂနွေနံ အစားအစာမှာ အုန်းသီးခြောက် ခြမ်းဖြစ်ပါသည်။
- တနင်္လာနံမှာ ခွေးကို အစာကျွေးခြင်းဖြစ်ပါ သည်။
- အင်္ဂါနံမှာ စိတ်မနှံ့သူကို ငွေလှူခြင်း ဖြစ်ပါ သည်။
- ဗုဒ္ဓဟူးနံမှာ ဝက်ကို အစာကျွေးခြင်း ဖြစ်ပါ သည်။
- ကြာသပတေးနံမှာ မျက်မမြင်ကို လှူဒါန်း ခြင်းဖြစ်ပါသည်။
- သောကြာနံမှာ အိမ်ကို သန့်ရှင်းရေးလုပ်ခြင်း ဖြစ်ပါသည်။
- စနေနံမှာ နွားကို အစာကျွေးခြင်း
ဖြစ်ပါ သည်။ အဆိုပါ ယတြာများကို မိမိကျသည့် အကြွင်း ပေါ် မူတည်၍ ချေပါက ဘေးရန်ကင်းကွာ စိတ်ချမ်း သာမှုကို ရပါလိမ့်မည်။ အလုပ်အကိုင်အကြံအစည် များ ထမြောက်အောင်မြင်ပါလိမ့်မည်။ ကျန်းမာရေး ကောင်းလာပါလိမ့်မည်။
“ဟန်ကျလိုက်လေ ဆရာရေ …၊ နေဦး ကျွန်တော့်အသက် ၅၆ နှစ်ဆိုတော့ တွက်ကြည့်လိုက် ဦးမယ်။ ၅၆ ကို ၇ နဲ့စားတော့ ပြတ်တယ်ဆရာ၊ အြွကင်းက (ဝ)ပဲ။ ဒီတော့ အင်္ဂါနံ၊ ဗုဒ္ဓဟူးနံ၊ သော ကြာနံတွေနဲ့ ချေရမယ်”
“ဟုတ်ပြီ ဘာတွေနဲ့ ချေရမှာလဲ၊ လုပ်စမ်း ပါဦး ကိုချစ်”
“ဘာတွေနဲ့ ချေရမလဲဆိုတော့ စိတ်မနှံ့သူ ကို ငွေလှူရမယ်။ ဝက်ကို အစာကျွေးရမယ်။ အိမ်ကို သန့်ရှင်းရေးလုပ်ရမယ်။ ဟုတ်ပြီလား ဆရာ”
“သိပ်ဟုတ်တာပေါ့ ကိုချစ်ရယ်၊ ခင်ဗျား ဒုံးမဝေးတော့ဘူး”
ဤ၌ ကိုချစ်လည်း ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်လှစွာဖြင့် လေထန်ကုန်းလက်ဖက်ရည် ဆိုင်အနီးရှိ အဝတ်အစားဆိုင်မှ အင်္ကျီအဖြူတစ် ထည်ကို ဝယ်ယူကာ ကျွနု်ပ်အား တလေးတစား လက်ဆောင်ပေးသွားပါလေတော့သတည်း။