မြနန်းနွယ်ကို ကိုယ်ချင်းစာပါ

မြနန်းနွယ်ကို ကိုယ်ချင်းစာပါ

မြနန်းနွယ်ကို ကိုယ်ချင်းစာပါ

အားနာနာနဲ့ဒီဆောင်းပါးကိုရေးရမှာပါ။

ကျွနု်ပ်ဆီရောက်လာသမျှ သိုက်ဆက်တွေ ထဲမှာ အမြဲလိုလိုကြုံနေရတာကြောင့် ရေးသင့်တယ် ထင်လို့ ခုလို ရေးလိုက်ရခြင်းဖြစ်ပါတယ်။

ဖြစ်စဉ်ကတော့ တစ်နေ့ ကျွနု်ပ်ဆီရောက် လာသူ အင်္ဂါသမီးတစ်ယောက်က သူ့ကိုယ်သူ သိုက် ဆက်လို့သိလိုက်ရတာကြောင့် မြနန်းနွယ်ဆီမှာ ပွဲလှူ ဖူးတယ်ဆိုတာက စကြတာပါပဲ။

“ကျွန်မကို သိုက်ဆက်လို့ပြောလို့ သေချာ အောင် လာစစ်တာပါ ဆရာ”

“ဘယ်သူကပြောတာလဲ”

“——-က ပြောတာပါ”

“သေသေချာချာစစ်ဆေးပြီးမှပြောတာလား ဘယ်လိုပုံစံနဲ့ ပြောတာလဲ”

“အကြားအမြင်ပုံစံနဲ့ပြောတာပါ ဆရာ”

“အင်း ခက်တော့နေပါပြီ … ကျွန်တော် တို့က စစ်ဆေးကုသမှုကို လုပ်တဲ့အခါ သိသုံးသိနဲ့ အလုပ်လုပ်ရပါတယ်။ အဲဒါတွေက ကုသပေးမယ့် ဆရာ သိရမယ်၊ ကုသမှုခံယူမယ့်လူ သိရမယ်၊ နောက်ပတ်ဝန်းကျင် သိရပါမယ် …ဒါမှသာ လက်ခံ နိုင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ်တစ်ယောက် တည်းသိပြီး ကိုယ်တစ်ယောက်တည်း ပြောတာမျိုး ကို ကျွန်တော်တို့ပညာအရ လက်မခံပါဘူး၊ ဒါ ကြောင့် စစ်ဆေးပြီးမှ ပြောပါမယ်”

ထုံးစံအတိုင်းစစ်ဆေးကြည့်လိုက်တော့ သိုက် ဆက်မှန်နေတာ တွေ့ရပါတယ်။

“အင်း သိုက်ဆက်ကတော့မှန်တယ်၊ ဘယ် သိုက်ကလဲ၊ ဘာလဲ အကျိုးအကြောင်း သိတာ ရှိလား”

“ဟင် ဘာမှမသိပါဘူး ဆရာ”

“သိုက်လို့သိပြီးဆိုရင် ဘယ်သိုက်ကလဲ၊ ဘယ်မှာရှိတာလဲ၊ ညီအစ်ကိုမောင်နှမ ဘယ်လောက် ရှိလဲ၊ သက်တမ်း သတ်မှတ်ချက်ရှိလား …ရှိရင် ဘယ်လောက်လဲ …မရှိရင် ဘာလုပ်ဖို့ လွှတ်လိုက် တာလဲ …အိမ်ထောင်ကျန်ခဲ့လား၊ ကလေးကျန်ခဲ့ လား စသဖြင့်တော့ သိဖို့လိုတယ်လေ …နောက် သိုက်နန်းရှင်အတွက် ဘာလုပ်ပေးစေချင်လဲ … သိုက်ကရော ဘာပြန်လုပ်ပေးမလဲ ဒါတွေသိရမယ်”

“တစ်ခုမှမသိပါဘူး ဆရာ … ကျွန်မကို သိုက်ဆက်ရှိတယ် …မြနန်းနွယ်မှာ ပွဲသွားပေး ပါဆိုလို့ သွားပေးထားပါတယ်”

ကျွနု်ပ်လည်း အင်္ဂါသမီးရဲ့သိုက်ဆက်ကို ခေါ် သွင်းလိုက်ပါတယ်။ သိုက်နန်းရှင် ငိုပြီးရောက်လာ ပါတယ်။ ဘုရားကန်တော့ခိုင်းပြီးမှ မေးမြန်းခန်း စလိုက်ပါတယ်။

“ကဲပြောပါဦး မင်းတို့က ဘာတွေလဲ”

“မြွေတွေပါ”

“ဘယ်မှာနေကြတာလဲ”

“မန်းတောင်ပေါ်မှာနေတာပါ”

“မောင်နှမဘယ်နှစ်ယောက်လဲ”

“ငါးယောက်ပါ”

“ငါးယောက်မှာ ဒီအင်္ဂါသမီးက နံပါတ် ဘယ် လောက်လဲ”

“အငယ်ဆုံးပါ”

“သက်တမ်းသတ်မှတ်ချက်ရှိလား”

“မရှိပါဘူး သာသနာပြုဖို့လွှတ်လိုက်တာပါ …သူထွက်သွားပြီးကတည်းက ခုချိန်ထိတို့အတွက် ဘာမှ လုပ်မပေးခဲ့ပါဘူး”

“မြနန်းနွယ်မှာ ပွဲပေးထားတယ်လေ”

သူမစကားကြောင့် ကျွနု်ပ် မဖြစ်မနေ ဝင်ပြောရပါတယ်။

“မြနန်းနွယ်မှာပွဲပေးတာကတော့ ဟုတ်ပါ တယ်။ ဒါပေမဲ့ သူတို့ကြွေမတွေ လေ … နေတာက မန်းတောင် ပေါ်မှာ။ မြနန်းနွယ်မှာပွဲပေးတော့ မြနန်းနွယ်က သူ့ဆီ ဒါနလာပြုတဲ့သူကို စောင့်ကြည့်ရတာပေါ့၊ သူနဲ့လည်း မပတ်သက်ပေမယ့် သူ့ကိုဒါနပြုတဲ့ သူမို့ သူ့ဘက်က တတ်နိုင်သလောက် ကူညီစောင့် ရှောက် ရတာပေါ့။ တခြားအလုပ်တွေကြားမှာ ဒီအလုပ် တစ်ခုပိုလာတာလေ … မြနန်းနွယ်ဘက်က ပြန် ကြည့်တော့လည်း သူ့မှာ သာသနာ အလုပ်တွေ၊ ခုနစ်ရက်သားသမီးအလုပ်တွေ သူ့အဆက်တွေကို စောင့်ရှောက်ရတဲ့ တာဝန်တွေများတဲ့ကြားက သူ့ အဆက်မဟုတ်ဘဲ သူ့ဆီပွဲလာပေးတဲ့ သူတွေကို လည်း စောင့်ရှောက်ရပြန်တော့ အလုပ်နှောင့်နှေး တာပေါ့”

“ကျွန်မတို့ ဘာဆက်လုပ်ရမလဲ ဆရာ”

“ခင်ဗျားတို့လုပ်ရမှာက သိုက်နန်းရှင်အတွက် နဂါးစာချမယ်၊ မေတ္တာပို့အမျှဝေပေးမယ်၊ သိုက်ပွဲ ဒါနပြုပေးမယ်”

“သိုက်ပွဲက ဘယ်မှာလှူရမှာလဲ ဆရာ”

“သိုက်ပွဲလှူတယ်ဆိုတာ ကိုယ်လှူချင်သူ လက်ထဲရောက်ဖို့ အဓိကလိုအပ်တာပဲ၊ ဒီတော့ သိုက်ဆက်တွေကို ဒီကနေလှမ်းခေါ်ပြီး ပွဲဒါနပြုတာ အကောင်းဆုံးပဲလို့ ထင်ပါတယ်၊ ဒါကြောင့် ပွဲက တော့ ကျွန်တော့်ဆီမှာ လှူရပါမယ် … နဂါးစာ ကတော့ ကိုယ့်အိမ်မှာကိုယ်ဒါနပြုရပါမယ်။ ဒါန၊ သီလ၊ ဘာဝနာဘာပဲလုပ်လုပ် သိုက်နန်းရှင်ကို မေတ္တာပို့အမျှဝေပေးပါ။ ဒါကိုယ့်ဘက်က လုပ်ပေး ရမယ့် အလုပ်တွေပါ”

မြနန်းနွယ်နဲ့လည်း မပတ်သက်ဘဲ သူ့ကို ပွဲလှူတာကတော့ သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ် မှာစိုးလို့ ကိုယ့်အဆက်မဟုတ်ဘဲ မပေးသင့်ပါဘူး၊ ရန်ကုန်မှာ မြနန်းနွယ်၊ မန်းမှာစောမွန်လှ၊ ပြည် ဘက်မှာ မမြစိမ်း …… တွေကတော့ နီးစပ်ရာ ပွဲပေးဖို့ပြောနေကြပေမယ့် ကိုယ့်သိုက်ကို မပေးမိဘဲ တခြားကို ပေးမိတော့ အမေကျော်ဒွေးတော်လွမ်း သလို ဖြစ်နေတော့တာပေါ့”

“ဟုတ်ကဲ့ပါ ဆရာ”

“တစ်နေ့ ဝါတွင်းကြီးမှာ မြနန်းနွယ်အဆက် တစ်ယောက်ရောက်လာလို့ အစ်မတော်ကို လှမ်း ခေါ်လိုက်ရတယ်။ သူ့အဆက်မို့လို့ သူ့ကိုခေါ်လိုက် ရပေမယ့် သူများတွေရေးကြ၊ ပြောကြသလို သီလရှင်များ ဝတ်နေမလားလို့ အားနာနာနဲ့ လှမ်း ခေါ်လိုက်ရတာပါ။ ဒါပေမဲ့ ရောက်လာလို့ ဘုရား ဝတ်ပြုပြီး အကျိုးအကြောင်းပြောကြတဲ့အခါ …”

“အစ်မတော်ကို အားနာလိုက်တာ … အကြောင်း ရှိလို့သာခေါ်လိုက်ရတာ ဝါတွင်းကြီးမို့လို့ သီလရှင်များ ဝတ်နေမလားလို့”

“သီလရှင်လား မဝတ်ပါဘူးရှင် … တခြား သာသနာ့တာဝန်တွေနဲ့ ကိုယ့်အဆက်တွေအတွက် တာဝန်တွေက များနေတော့ နှစ်တိုင်းသီလရှင် မဝတ် ပါဘူး”

“ဟင် လူတွေ ကအစ်မတော် သီလရှင်ဝတ် နေတယ်ဆိုလို့”

“အဲဒါကတော့ သူတို့သဘောသူတို့ ဆောင် တာပါ …ကျွန်မက ဒီနှစ်မဝတ်ပါဘူး … လုပ် စရာတွေများနေလို့ ခွင့်ပြုပါဦးရှင်”

ကျွနု်ပ်ကိုနှုတ်ဆက် ဘုရားကန်တော့ပြီး ပြန်သွားပါတော့တယ်။

မြနန်းနွယ်ဆိုတာ အားနေတဲ့ သိုက်နန်းရှင် တစ်ယောက်မဟုတ်ပါဘူး၊ မယ်တော်ကြီးအဆင့်မှာ သိုက်အတွက်၊ သာသနာအတွက်၊ သူနဲ့ပတ်သက်တဲ့ ဘဝဆက်တွေအတွက် အလုပ်တွေ စဉ်ဆက်မပြတ် လုပ်နေရသူမို့ အားလပ်ချိန်ရယ် သိပ်မရှိလှပါဘူး။ ဒါကြောင့် မြနန်းနွယ်ကို ကိုယ်ချင်းစာဖို့ လိုပါတယ်။

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇