အပူးအကပ် (၄)

အပူးအကပ် (၄)

အပူးအကပ် (၄)

ကြားဖြတ်အနေနဲ့ အပူးအကပ်အကြောင်း ရေးမိလို့ မင်းက ဘာကောင်မို့ ရေးနိုင်ရတာလဲ ဆိုတဲ့ အကြောင်း ရေးလိုက်ပြီးတော့ အခု အပူးအကပ်(၄)မှာ နံပါတ်လေးအချက်ဖြစ်တဲ့ အချိန်မဲ့မှာ မိမိအိမ်တွင်းဆီသို့ အစားအသောက်တွေ မဆင်မခြင်သယ်ယူခြင်းကြောင့် ဝင်ရောက်ပူးကပ်ခြင်းကို ရေးပြချင်ပါတယ်။

သေသူများဟာ နာမ်လောက (သရဲ)ဖြစ်နေချိန်မှာ အထူးသဖြင့်တော့ စားစရာ၊ နေစရာ အခက်အခဲ ဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် သူတို့ရဲ့ စားရေးအခက်အခဲကို ဖြေရှင်းရအောင် လူသားတွေရဲ့ အမှားကို စောင့်နေတတ်ပါတယ်။ ဘယ်လို အမှားမျိုးလဲဆိုတော့ လူသားတွေဟာ အချိန်လင့်မှ ဟင်း၊ သားစိမ်း၊ ငါးစိမ်းတွေကိုဝယ်ယူပြီး အိမ်ထဲ ပြန်ဝင်တတ်တဲ့ အကျင့်မျိုး ရှိတတ်ပါတယ်။ အဲဒီ အကျင့်ကို စောင့်နေပြီး လူသားနဲ့အတူ ရောဝင်တတ်ပါတယ်။

ဖြူးမြို့မှာဖြစ်ပါတယ်။ သူတို့မိသားစုမှာ တူမလေးက အိမ်ထောင်ကျပြီး ကလေးတစ်ယောက် ရှိပါတယ်။ ကလေးက လသားအရွယ်လေးပါ။ ဒါကို အဘွားရင်းကရော၊ ကြီးဒေါ် အဘွားလေးကရော ဒီမြေးကို အရမ်းချစ်ကြပါတယ်။ တစ်အိမ်လုံးရဲ့ အသည်းကျော်လေး တစ်ယောက်ပါ။

တစ်နေ့ မိသားစုရဲ့ ဘွားအေကြီးဖြစ်သူက အသက်ကကြီး၊ နေကမကောင်းတော့ ဟင်းကြေး များတတ်ပါတယ်။ ဟိုဟာမစားချင် ဒီဟာ မစားချင် ဖြစ်နေတာမို့ ည ၇ နာရီလောက်မှာ ထမင်းစားမယ် ဆိုတော့ ချက်ထားတဲ့ဟင်း မစားဘူးတဲ့။ သူစားချင်တဲ့ ဟင်းက အိမ်မှာမချက်ဘဲ ဆိုင်ကဝယ်မှ ရမယ့်ဟင်း ဖြစ်နေပါတယ်။ ဒါကြောင့် သမီးဖြစ်သူက လမ်းထိပ်ဆိုင်ရှိရာဆီ ကမန်းကတန်းသွားဝယ်လာ ခဲ့ပါတယ်။

အိမ်ပြန်ရောက်ချိန်က ၇း၂၀ လောက်ရှိပါပြီ။ ဟင်းထုပ်ကလေးကိုဆွဲပြီး အိမ်ရောက်တယ်ဆို အိမ်ထဲကို တိုက်ရိုက် ဝင်သွားလိုက်ပါတယ်။ နောက်ဖေးအဝင်လမ်းခုလတ်မှာထိုင်နေတဲ့ လသားအရွယ်ကလေးကို ပါးလေး ဖွဖွဖျစ်လိုက်ပြီး နောက်ဖေး ဝင်သွားလိုက်ပါတယ်။

အဘွားကြီးထမင်းစားနေချိန်မှာ ကလေးက စပြီး ငိုပါတယ်။ ငိုချိန် ဆယ့်ငါးမိနစ်လောက်ကြာတော့ အိမ်ကလူတွေ မနေနိုင်တော့လို့ –

“ဟဲ့ ကလေးငိုလှချည်လား …နို့များဆာလို့လား နို့တိုက်လိုက်ဦးလေ”

“တိုက်ထားတယ် အန်တီလေး … ဘာလို့ ငိုနေမှန်းကိုမသိဘူး”

လို့ ပြန်ပြောရင်း ကလေးကို နို့တိုက်ပြန်ပါ တယ်။ ဒါပေမဲ့ ကလေးကနို့မစို့ဘဲ အသံကုန်အော်နေ ပါတယ်။ ကလေးအမေလည်း ဗိုက်နာလို့လား ဆိုပြီး ထမ်းလျှောက်ပေမယ့် အငိုက တိတ်မသွားပါဘူး။ ဆက်ငိုနေဆဲပါပဲ။ အတန်ကြာအောင် ငိုနေသေး တာကြောင့် ဘာလုပ်ရမှန်းမသိဖြစ်နေကြပါတယ်။ တစ်ချက်တစ်ချက်မှာ အသံပျောက်သွားလောက် အောင် အော်ငိုနေတာကြောင့် မတတ်သာတဲ့အဆုံး သူတို့အဘွားလေးက ကျွနု်ပ်ဆီဖုန်းဆက် အကူအညီ တောင်းလာပါတယ်။

“ဘာဖြစ်လို့လဲ”

“မသိပါဘူး ဆရာရယ် …ကလေးငိုတာ တော်တော်လေး ကြာသွားပါပြီ …အသံတောင် ပျောက်သလောက်ဖြစ်နေပြီ ကလေးလည်း အရမ်း ပင်ပန်းနေပါပြီ … အသံသာ နားထောင်ကြည့် လိုက်တော့ ဆရာ”ဆိုပြီး စပီကာဖွင့်ကာ ကလေး ငိုသံကြားအောင် ကလေးနားဖုန်း ကပ်လိုက်ဟန်တူပါ တယ်။ ကလေးအသံက ခြစ်အော်နေသံဖြစ်နေပါပြီ …တော်တော်လည်း အားကုန်နေပါပြီ။

“နင်တို့ မှောင်ရီဖျိုးဖျမှာ အသားစိမ်းတွေ၊ ဟင်းတွေနဲ့များ အိမ်ထဲဝင်ကြသေးလား”

“ဝင်လိုက်မိတယ်ဆရာ …ကျွန်မ အမေ့ အတွက် ဟင်းသွားဝယ်တာ”

“အင်း အဲဒီက ပါလာတဲ့အကောင် ကပ်နေတာ…ကလေးခေါင်းပေါ်ဖုန်းတင်လိုက် တန်ပြန် ဂါထာရွတ်ပေးမယ်”

ကျွန်ုပ်လည်းတန်ပြန်ဂါထာ သုံးခေါက် ရွတ် ပေးလိုက်ပါတယ်။ ဒါပေမဲ့ ကလေး အငိုရပ်မသွားပါဘူး။ ဆက်ငိုနေဆဲပါပဲ။ ကျွန်ုပ်ဆီ လာဖူးသူတွေ ရပ်ဝေးက အကူအညီတောင်းတဲ့အခါ တန်ပြန်ဂါထာ သုံးခေါက်ရွတ်ပေးလိုက်ရင် အဆင်ပြေသွားတတ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ အငိုမရပ်တာကြောင့် ဘုရားကျောင်းဆောင်ပေါ် ရေတစ်ခွက်တင်ခိုင်းပြီး သစ္စာဆိုကာ မကောင်းဆိုးဝါးဆိုရင် ထွက်သွားစေဖို့ အမိန့်ပြန်လိုက်ပါတယ်။

အဲဒိရေကို ကလေးခေါင်းကသပ်ချ၊ အနည်းငယ်လောက် ဝင်အောင်တိုက်လိုက်တော့မှ ကလေး အငိုရပ်သွားပါတယ်။

ဒီလိုဝင်ရောက်ပူးကပ်ခြင်းဟာ မိမိတို့ စားသောက်ဖွယ်ရာ သားစိမ်းငါးစိမ်း(သို့မဟုတ်) ချက် ထားပြီးသား အသားဟင်းတွေကို အချိန်လင့်မှ အိမ်ထဲ ယူတဲ့အခါမျိုးတွေမှာ အစာနဲ့အတူ (လူနဲ့အတူ) တွယ်ကပ်ပါလာခြင်းမျိုး ဖြစ်ပါတယ်။

အလားတူနောက်တစ်ခုကတော့ နေပြည်တော်က ဖြစ်ပါတယ်။

ကလေးကလည်း နို့စို့အရွယ် လသားလေးပါ ပဲ။ ဖခင်ဖြစ်သူ အလုပ်ကပြန်လာချိန်က နေဝင်ချိန် ဖြစ်ပါတယ်။ သူပြန်လာရတဲ့ နေရာက အနည်းငယ် လှမ်းပုံရပါတယ်။ သူက မိသားစုစားဖို့ ဟင်းစားအနေနဲ့ ငါးဝယ်လာခဲ့ပါတယ်။ ငါးကိုပါးဟက်ကနေ နှီးနဲ့ဆွဲ ပေးလိုက်တာပါ။ အပြန်လမ်းက သင်္ချိုင်းတစ်ခုကို ဖြတ်ရပါတယ်။

ဖြတ်ပြန်နေကြမို့ အေးအေးဆေးဆေး လျှောက် ပြန်လာခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာတော့ ထူးခြားမှုလည်း ဘာမှမတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ အိမ် ရောက်တော့မှာ ပြဿနာကစတော့တာပါပဲ။ သူ ပြန်ရောက်ချိန် ၆း၃၀ လောက်ကနေစပြီး ကလေးက မိခင်နို့စွဲနေတာ သူ ကျွန်ုပ်ဆီ ဖုန်းဆက်ချိန် ည ၁၀း၃၀ လောက်ထိပါပဲ။

နို့ကိုမလွှတ်တမ်းစို့နေလို့ မိခင်လည်း မခံနိုင် ဖြစ်လာရသလို၊ ကလေးဗိုက်လည်း ပေါက်ထွက် မတတ် ဖြစ်နေပါပြီ။ ဒီတော့မှ –

ကျွန်ုပ်ဆီဖုန်းဆက်ပြီး ကလေး နို့စွဲနေတာ ကိုပြောလို့ ကျွန်ုပ်က တန်ပြန်ဂါထာ သုံးခေါက် ရွတ်ပေးပြီး ရေမန်းလုပ်ပေးလိုက်တော့မှ ကလေးနို့ ချွတ်လိုက်ကြောင်း ဖုန်းဆက်ပြန်ပြောပါတယ်။ ရေ မန်းကိုလည်း မိသားစုတွေသောက်၊ အိမ်က သောက်ရေအိုးထဲ ထည့်ခိုင်းလိုက်ပါတယ်။

ဒါကလည်း ဘာမှ မဖြစ်လောက်ပါဘူးလေဆိုတဲ့ စိတ်နဲ့ သားစိမ်းငါးစိမ်းကိုဆွဲပြီး မဖြတ်သင့်တဲ့နေရာက ဖြတ်လို့ဖြစ်ရတာပါ။

ပူးကပ်ခြင်းတွေထဲမှာ မဆင်မခြင် သွားလာတာကြောင့် အမှုမဲ့အမှတ်မဲ့ စိတ်ပေါ့ပေါ့နဲ့ လုပ်လိုက် မိတာကြောင့် ပူးကပ်ခြင်းမျိုး ဖြစ်ပါတယ်။

ဒီလိုမျိုးပူးကပ်တဲ့အခါမှာ သူတို့ဝင်ရောက် ပူးကပ်နေတာကို ပတ်ဝန်းကျင်က မသိနိုင်လောက်ပါ ဘူး။ သတိထားမိမှသာ ဒါမှမဟုတ် အတွေ့အကြုံ ရှိမှသာလျှင် သတိထားမိနိုင်တဲ့ ပူးကပ်ခြင်းမျိုး ဖြစ် ပါတယ်။ အထူးသတိထားမိကြဖို့လိုပါတယ်။

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ဇေယျာ(၈)လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊

ဖုန်း-ဝ၉ ၄၂၀၇၄၄၁၁၂၊ ဝ၉ ၂၅၄၈၁၁၀ဝ၇