ပ‌‌ယောဂစက်ဆိုရင်လည်း အရမ်းမ‌‌‌ေ‌ကြာင့်ကြစေဖို့

တခြားအကြောင်းတစ်ခု ရေးမယ်ကြံလိုက်ပေမယ့် လောလောဆယ် ဖြစ်ပျက်လာတဲ့အဖြစ်က တော်တော်လေး ဆန်းကြယ်ပြီး မိသားစုပျက်စီးရလုနီးပါး ဖြစ်သွားခဲ့တာကို ရေးသားတင်ပြချင်ပါတယ်။
အကြောင်းအရာကတော့ တနင်္လာသား တစ်ယောက်ပါ။ သူက ကျွန်ုပ်ဆီ လာနေကျဖြစ်ပြီး မကြာခနဆိုသလို ဘိုးမင်းခေါင်ပွဲလှူ။ သူ့အမျိုးသမီး (အင်္ဂါသမီး)ကလည်း သိုက်ဆက်ဖြစ်တာကြောင့် သိုက်ပွဲလေးလှူလိုက်နဲ့ အေးဆေး တည်ငြိမ်တဲ့ မိသားစုလေး တစ်ခုပါ။
သူတို့အကြောင်းရှိရင် အဘကိုပွဲလှူ လုပ်ငန်းကိစ္စ၊ အိမ်ခြံမြေကိစ္စတွေကို အဘဘိုးမင်းခေါင်နဲ့ တိုင်တည်၊ သိုက်နဲ့တိုင်တည်ပြီး လုပ်နေကြတာ သူတို့တွေ တော်တော်လေး အဆင်ပြေကြပါတယ်။ ပယောဂအတိုက်လို့ ထင်ရင်လည်း ကျွန်ုပ်ဆီမှာ စစ်ဆေး၊ တွေ့ရင် ကုသလိုက်တာမျိုး လုပ်နေတဲ့ မိသားစုလေးပါ။ ကျွနု်ပ်ပေးထားတဲ့ “တန်ပြန်ဂါထာ”ကိုလည်း အလွတ်ရပြီး နေ့စဉ် ၁၀၈ ခေါက် ရွတ်၊ ပေးလိုက်တဲ့ တန်ပြန်ဖယောင်းတိုင်တွေလည်း နေ့စဉ်လိုလို ထွန်းနေသူဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်နဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာတွေကလည်း သူ့အနားမှာ အစောင့်အရှောက်အနေနဲ့ ရှိနေပါလိမ့်မယ်။
တနင်္လာသားမှာရှိတဲ့ အားနည်းချက်က သူ့ကို (သူတို့မိသားစုကို) ပညာစက်တွေ၊ အတိုက်တွေနဲ့ တိုက်ခိုက်မှာကို အရမ်းကြောက်ပါတယ်။ ဒါကြောင့်လည်း ကျွန်ုပ်ဆီမှာ မကြာခဏ လာရောက်စစ်ဆေး ဖြစ်သလို တစ်ခါတလေလည်း သူတို့နဲ့ဆွေမျိုးနီးစပ်တော်တဲ့ ဆရာသမားတွေ၊ ဘိုးတော်ဆိုသူတွေကို သူ့အိမ်၊ သူ့အလုပ်ခန်းဆီခေါ်လာတတ်ပြီး သူတို့ပေးတဲ့ အင်း၊ ဆေး၊ လက်ဖွဲ့၊ အဆောင် စတာတွေ ကို ယူထား ဆောင်ထား သိမ်းထားတတ်ပါတယ်။
အဆောင်မှန်သမျှမှာ အဲဒီအဆောင်ကိုလုပ်ပေးတဲ့သူနဲ့ သင့်လျော်တဲ့အစောင့်ရှိနေတတ်ပါတယ်။ အထူးသဖြင့်တော့ အဆောင်တော်တော်များရဲ့ အစောင့်တွေဟာ ဘီလူး၊ သရဲ၊ အစိမ်းတွေ ဖြစ်နေ တတ်ပါတယ်။ ဒီအစောင့်တွေက ဆောင်ထားသူနဲ့ အတူ ရှိနေတတ်ပါတယ်။ တချို့အစောင့်ကြမ်းတဲ့သူတွေ၊ ဘီလူးစောင့်၊ သရဲအစိမ်းစောင့်တွေ ကျွန်ုပ် ဘုရားခန်းရောက်တဲ့အခါ နေလို့ထိုင်လို့ မရတာမျိုး၊ တချို့ကတော့ ငိုတာ၊ မထီမဲ့မြင်ပြုတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကျွန်ုပ်က ထိုသူရဲ့အသက်နဲ့ခန္ဓာရယ် သူတို့ ဆောင်ထားသိမ်းထားတဲ့ အဆောင်လက်ဖွဲ့ တွေရယ် အပ်ခိုင်းလိုက်ပြီးတော့ အစောင့်ထုတ်ပေးလိုက်တာနဲ့ နေရထိုင်ရတာ အဆင်ပြေသွားတတ်ပါတယ်။
တနင်္လာသားဟာ သူမိဘတွေနဲ့ပတ်သက်တဲ့ ဆရာတစ်ယောက်ကို သူ့ရုံးခန်းထဲအထိခေါ်ပြီး သူ့ထုံးစံအတိုင်း လိုအပ်တာလေးကြည့်ပေးပါ၊ စစ်ဆေးပေးပါဦးလို့ အကူအညီတောင်းပါတယ်။ သူ အကူအညီတောင်းတော့လည်း ဆရာလုပ်သူက အဆောင်ပေးတာမျိုး၊ ဂါထာရွတ်ပေးတာမျိုးတွေ လုပ်ပေးခဲ့တာပေါ့။ ဒီလို လုပ်ပေးလိုက်ပြီဆိုကတည်းက ဆရာရဲ့ အစောင့်တွေရောက်လာပြီး သူ့အိမ်ခြံမြေနဲ့ သူ့ရုံးခန်းတွေမှာ စောင့်နေတတ်ပါတယ်။
အထက်က ရေးခဲ့သလို ကျွန်ုပ်ရဲ့သက်ဆိုင်ရာတွေနဲ့ သူယူထားတဲ့ အဆောင်လက်ဖွဲ့အစောင့်တွေ ထိပ်တိုက်တွေ့ကုန်နိုင်ပါတယ်။ အဲဒီလို တွေ့တဲ့အခါတွေမှာ အားနည်းသူ(ပါဝါနိမ့်သူ)တွေ မီးလို ပူလောင်တတ်တာမို့ သူယူထားတဲ့ အဆောင်လက်ဖွဲ့ တွေရဲ့ အစောင့်တွေခမျာ မီးတိုက်ခံရသလို ပူလောင် ပြင်းပြပြီး မခံမရပ်နိုင်၊ မနေနိုင်အောင် ဖြစ်ပါလေရော။ သူတို့အတွက် မီးလိုပူတာ ပျောက်သွားအောင် လုပ်ဖို့က တစ်နည်းပဲရှိပါတယ်။
အဲဒါကတော့ သူတို့ဒီမှာမခံမရပ်နိုင်အောင် ခံစားနေရကြောင့် ကာယကံရှင်သိအောင် လုပ်ဖို့ပါပဲ။ ဒါကြောင့် သူတို့ ကာယကံရှင်(တနင်္လာသား)ကို မွှေ တတ်ပါတယ်။
တစ်နေ့တော့ တနင်္လာသားရဲ့မိခင် ဖုန်းဆက်ပြီး …”ဆရာ ရုံးခန်းကို ခနလောက်ြွကခဲ့ပါဦး။ ဒီမှာတနင်္လာသား ဘာဖြစ်မှန်းမသိလို့ပါ … စကားတွေလည်း ကပေါက်တိကပေါက်ချာတွေ လျှောက်ပြောနေတယ်။ မရိုးသားဘူး ထင်လို့ပါ ဆရာ”လို့ ပြောလာပါတယ်။ သူတို့ ဆက်လာချိန်က ကျွန်ုပ် ဘုရားခန်းမှာ လူနာတွေကုသနေချိန်မို့ လူနာပါးသွားချိန်မှာ လာခဲ့မယ်လို့ပဲ ပြန်ပြောလိုက်ရပါတယ်။
ညနေသုံးနာရီကျော်လောက်တော့ လူနာလည်း တော်တော်ပါးသွားပါပြီ။ ကျွန်ုပ်တပည့်နဲ့အတူ တနင်္လာသားရုံးခန်းဆီ ထွက်လာခဲ့ပါတယ်။
ရုံးခန်းက ဆက်တီပေါ်မှာ လှဲလျောင်းနေတဲ့ တနင်္လာသားနဲ့ မိသားစုက ကျွနု်ပ်တို့ကို ကြိုဆိုပြီး နေရာထိုင်ခင်းပေးလို့ ထိုင်လိုက်မိချိန်မှာပဲ ပါလာတဲ့ တပည့်ဖြစ်သူ ဝုန်းဒိုင်းကြဲ ဝင်ရောက်ပူးကပ်ပါတော့တယ်။
“ဟေ့ကောင် …ငါ့အမိန့်မရဘဲ ဝင်လာတာ မင်း ဘယ်သူလဲ ပြောစမ်း”
“ငါဘယ်သူလဲ သိချင်ရင် မင်းနည်းမင်းဟန်နဲ့ သိအောင် လုပ်ကြည့်လေ”
ရင့်သီးစွာ ပြောလာတာကြောင့် ကျွန်ုပ်လည်း ကြိုးပိုင်ကို လက်နောက်ပြန်တုပ်ခိုင်းပြီး ဆင်ပိုင်ကို နင်းခိုင်းလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပါပဲ …ပူးကပ်နေသူ ထိုင်နေတဲ့ ဆက်တီပေါ်က ကြမ်းပေါ်ပြုတ်ကျပြီး လူးလှိမ့်နေပါတယ်။ ခပ်ကြမ်းကြမ်း ဆုံးမလိုက်ပြီးမှ သူ့ကို ဘယ်သူလဲ ထပ်မေးလိုက်တော့ …
“ဒီအခန်းကို ငါရောက်ဖူးတယ် …သူ့ကို အင်းတစ်ချပ်ပေးဖူးတယ် …ငါပေးတဲ့အင်းကို မင်း ဖယ်ခိုင်းလို့ ဒီကောင် ဖယ်လိုက်တာကွ … ဒါကို မကျေနပ်လို့ လုပ်တာကွာ”
“ဪ …မင်း ဘာတွေလုပ်ထားလဲ”
“သူတို့လင်မယားကွဲအောင်၊ မိသားစု ပြိုကွဲအောင် …လုပ်ငန်းပျက်စီးအောင်”
“သူက မင်းအင်းကို ငါဖယ်ခိုင်းလို့ ဖယ်လိုက်တာလေ …သူ့မှာ အပြစ်မရှိပါဘူး …မင်း ဆော် ချင်ရင် ငါ့ကိုဆော်ပါလား။ သူ့ကိုဘာလို့လုပ်ရတာလဲ”
“မင်းကိုလည်း ဆော်တယ်ကွ …မထိလို့ သူတို့ကိုလုပ်တာ။ ဒီကောင်ကိုရော သူ့မိန်းမကိုရော”
ထိုအခါမှ ကျွန်ုပ်လည်း တနင်္လာသား မိန်းမကို မေးလိုက်တော့ …
“သူထွက်သွားပြီဆရာ … ကျွန်တော်လည်း စိတ်တိုပြီး လက်ပါသွားမိတယ် … ဒါ ကြောင့် သူထွက်သွားပြီ …ကလေးတွေပါ ခေါ် သွားတယ်”
သူတို့မှာကလေးနှစ်ယောက်ရှိပြီး လူမမယ်လေးတွေပဲ ရှိပါသေးတယ်။
ကျွနု်ပ် စိတ်မကောင်းဖြစ်သွားကာ ပညာသည်ကို ပြင်းပြင်းလေး ဆုံးမလိုက်မိပါတယ်။ ပညာသည်လည်း လက်လျှော့ပြီး သူ့ပညာစက်တွေကို ပြန်သိမ်းသွားပါတယ်။ နောက်ထပ်ရှိသေးရင် လာထွက်ဖို့ မပြောခင်လေးမှာ မခေါ်ဘဲဝင်လာပြန်တဲ့သူတစ်ယောက် ခပ်ကြမ်းကြမ်း ရောက်လာပြန်ပါတယ်။
သူက ငိုပြီး လက်ဟန်ခြေဟန်နဲ့ သူတို့ကို မီးလောင်စေလို့ သူတို့ကလည်း တနင်္လာသား မိသားစုကို မီးလိုပူအောင် ပြန်လုပ်တာ ဖြစ်ကြောင်း ပြောပါတယ်။ သူတို့က တနင်္လာသားမိန်းမရဲ့ ဘဝဟောင်းက သိုက်ဆက်တွေပါ။ နောက် သူတို့ ညီမလေးကို လက်ပါလို့ မကျေနပ်ကြောင်း တနင်္လာသားကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ပြောသွားပါတယ်။ ကျွန်ုပ်လည်း အကောင်းဆုံးရှင်ပေးမယ် အဆင်ပြေအောင် လုပ်ပေးပါ့မယ်လို့ ကတိပေးကာ သူတို့ကို မီးလောင်နေတာတွေ ပျောက်ပြီး သီတာရေလို အေးမြပါစေလို့ ဆုတောင်းပေးပြီး ပြန်လွှတ်လိုက်ပါတယ်။
သိုက်ပြီးသွားပြန်တော့ တနင်္လာသားနဲ့ ပြဿနာဖြစ်ပြီး ထွက်သွားတဲ့ ဝန်ထမ်းဟောင်းတစ်ယောက်က တိုက်ထားတဲ့ပညာစက်ပါ။ သူတို့မိသားစု ပြိုကွဲအောင်၊ လုပ်ငန်းပျက်စီးအောင် တိုက်ထားတာ ဖြစ်ပါတယ်။ သူ့ကိုလည်း ဆုံးမစရာရှိတာ ဆုံးမပြီးတော့ ပညာစက်သိမ်း ပြန်လွှတ်လိုက်ပါတယ်။
သူတို့ ဘာတွေဖြစ်နေလဲဆိုတာ့ တနင်္လာသားက သွေးပေါင်ချိန်တွေ ထိုးတက်သွားပြီး ဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံလိုက်ကြည့်တဲ့ မိန်းမနဲ့ ဆေးရုံပေါ်တင် စကားတွေများကြပြီး သူ့ကိုယ်သူ မထိန်းနိုင်ဘဲ လက်ပါသွားမိပါတယ်။ ဒါကြောင့် မိန်းမအိမ်ပေါ်က ဆင်းသွားပြီး သူလည်း ကျန်းမာရေး သိပ်မကောင်းသေးတဲ့ အခြေအနေဖြစ်နေပါတယ်။
အားလုံးကို သုံးသပ်ကြည့်ရင် သူ့ရဲ့ကြောက်စိတ်နဲ့ ဆရာတွေခေါ်၊ အဆောင်တွေယူမိတဲ့အတွက်ကြောင့် အစောင့်ကြမ်းတွေ ရောက်လာကြပြီး သူတို့ ကိုယ်ထဲ ဝင်ရောက်ပူးကပ်ကြ။ မိသားစုကို ရန်တိုက်ပေးတာမျိုးဖြစ်ကြတဲ့အပြင် ဝန်ထမ်းတွေပေါ် မှာလည်း စကားကြမ်းတွေနဲ့ ပြောမှားဆိုမှားတွေ ဖြစ်ကာ မကျေနပ်လို့ ထွက်တဲ့ ဝန်ထမ်းက အတိုက်လုပ်ခဲ့ပြန်ဆိုတော့ ဘူးလေးရာ ဖရုံဆင့်သွားရတာမျိုးပါ။
ဒါကြောင့် ပယောဂစက်တွေကို တွေ့ရင် ရင်ဆိုင်လိုက်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ နေပေးပါ။ အရမ်းလည်း အကြောက်မကြီးပါနဲ့။ ချင့်ချိန် နှိုင်းဆပြီး လုပ်သင့်တာလုပ်ပါ။ အထူးသဖြင့်ကတော့ နေ့စဉ်မပြတ် ဘုရားဂုဏ်တော် ကိုးပါး၊ သရဏဂုံ သုံးပါးကို မပြတ်ရွတ်ဖတ်နေပါလို့ သတိပေး တိုက်တွန်းလိုက်ပါတယ်။

စိန္တာမယဆရာပိုင်
အမှတ်(၃၆၂)၊ ဇေယျာ(၈)လမ်း၊
(၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊
ဖုန်း-ဝ၉ ၄၂၀၇၄၄၁၁၂၊ ဝ၉ ၂၅၄၈၁၁၀ဝ၇