ကျွန်ုပ်ဆီ ရောက်လာကြသူများထဲမှာ လူမျိုး ပေါင်းစုံ၊ ဖြစ်ရပ်ပေါင်းစုံ၊ အောက်လမ်းရွာသူ၊ စုန်း၊ နတ်၊ ကဝေ၊ မှော်အစုံရောက်လာလေ့ရှိကြပါသည်။ အဲဒီလူများတဲ့အထဲက ဟိုတစ်နေ့ကလာသွားတဲ့တစ် ယောက်အကြောင်း ရေးပါ့မယ်။
အမျိုးသမီးတစ်ယောက်က အင်္ဂါသမီးတစ် ယောက်ပါ။ သူမကို မစစ်ဆေးခင်မေးကြည့်လိုက်မိ ပါတယ်။
“ကဲပြောပါဦး ဘာဖြစ်လို့လဲ”
“ကျွန်မအိမ်မှာလည်း တစ်ယောက်နဲ့တစ် ယောက် အဆင်မပြေကြဘူး။ ဆိုင်မှာလည်းလူမမြဲ အရောင်းအဝယ်တွေလည်း မကောင်းလို့ပါဆရာ။ အဲဒါတစ်ယောက်ယောက်ကများ လုပ်ထားသလား သိချင်လို့ပါ ဆရာ”
“အင်း ဒီလိုကိစ္စမျိုးက မကျေနပ်သူတစ် ယောက်ယောက် လုပ်ထားရင်လည်း ဖြစ်တတ်သလို ကိုယ့်ရိုးရာနတ်တွေ မကျေနပ်ရင်လည်း ဖြစ်တတ် တာမျိုး …ဘာပဲဖြစ်ဖြစ် စစ်ကြည့်လိုက်မယ်လေ”
ကျွန်ုပ်လည်း အင်္ဂါသမီးကို စစ်ဆေးကြည့် လိုက်ပါတယ်။ သူမဆီမှာ အောက်လမ်း၊ သရဲတိုက်၊ ဘီလူးတိုက် တွေ့ရပါတယ်။ နောက်ပြီး သူကိုယ်တိုင် မသန့်တဲ့ အဆောင် ဆောင်ထားတာကြောင့် အဆောင်ရဲ့အစောင့်နဲ့ သူမကိုတိုက်တဲ့ သရဲ၊ ဘီလူး ကြားမှာ အတိုက်ပေါ် အတိုက်ဆင့်နေတဲ့သဘော လည်း ရှိနေပါတယ်။
“အင်း …သူများအတိုက်တွေရှိနေတယ်။ ဘာတွေလဲ …ခေါ်ကြည့်မယ်လေ”
ကျွန်ုပ်အောက်လမ်းကိုခေါ်သွင်းလိုက်ပါတယ်။
“အင်္ဂါသမီး ကိုယ်တွင်းကိုယ်ပ အိမ်၊ ခြံ၊ မြေ၊ ဆိုင်တို့ကို တိုက်ထားတဲ့ ပညာသည် ခေါင်သူ ကြီးကိုယ်တိုင် လူစိတ်ပျောက်အောင် လာစီးလိုက်”
ခဏအကြာမှာ ပညာသည်ရောက်လာပါ တယ်။
“အင်း …ရောက်လာရင်တော့ ဦးဆုံး ဘုရား ကန်တော့လိုက်”
ရောက်လာသူ ပညာသည်လည်း ဘုရားကန် တော့လိုက်ပါတယ်။
“ပြော မင်းဘာကောင်လဲ”
“အထက်လမ်းဆရာပါ”
“ဟာ အထက်လမ်းဆရာက ငါ့ရှေ့မှာ တရားခံတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ရောက် လာစရာ အကြောင်းရှိမှာလဲ။ အမှန်အတိုင်းပြော။ ကြိမ်ပိုင်က ကျောဆယ်ချက်၊ ရင်ဆယ်ချက် ခပ်ပြင်း ပြင်းရိုက်ပေးပါ”
“အမှန်တိုင်းပြောတာပါဆရာ …ကျွန်တော် အထက်ရော အောက်ပါ လုပ်ပါတယ်”
“အင်း စောစောကတည်းက ဒီလိုပြောလိုက် ပါလား။ အထက်အောက်ကိုင်တဲ့ ခုလပ်ပေါ့ဟုတ် လား”
“ဟုတ်ပါတယ်ဆရာ … အထက်ရော အောက်ပါ ကိုင်ထားတာပါ”
“ဒါဆို ဒီအင်္ဂါသမီးမိသားစုကို ဘာတွေလုပ် ထားလဲ ပြော”
“သူတို့မိသားစုအဆင်မပြေအောင်ပါဆရာ။ အစိမ်းနဲ့ တိုက်ထားပါတယ်”
“ဘယ်နှကောင်သုံးထားလဲ။ ဘယ်နေရာမှာ ထားလဲ”
“နှစ်ကောင် သုံးထားပါတယ်။ နောက်ဖေး ကရေကန်မှာပါ။ သူတို့မိသားစုအဆင်မပြေအောင် မညီညွတ်အောင် တစ်ယောက်စကား တစ်ယောက် မနာခံအောင် လုပ်ထားတာပါ”
“မင်းကို ဘယ်သူခိုင်းထားတာလဲ”
“ကြာသပတေး၊ သောကြာပါတဲ့ မိန်းမတစ် ယောက်ပါဆရာ။ သူနဲ့ငွေကြေးစကားများထားလို့ မကျေနပ်လို့ လုပ်ခိုင်းတာပါ”
ကျွန်ုပ်လည်း လိုအပ်တာတွေမေးပြီး ပညာ စက်သိမ်းခိုင်းလိုက်ပါတယ်။ သူတိုက်ထားတဲ့အစိမ်း တိုက်ကိုလည်း ဖယ်ရှားခိုင်းလိုက်ပါတယ်။ ပညာ သည်က သူတို့ထုံးစံအတိုင်း ခေါင်းဖျားကခြေဖျား ရိုက်ထုတ်နေပါတယ်။ အတန်ကြာအောင် ရိုက်ထုတ် ပြီးတော့မှ ကုန်သွားကြောင်းပြောလို့ သူ့ကို သစ္စာ ဆိုခိုင်းပြီး ပြန်လွှတ်လိုက်ပါတယ်။ ကျွန်ုပ် သိမ်း ပေးလိုက်တာက အိမ်ကိုတိုက်ထားတဲ့ အောက်လမ်း တိုက်ပါ။ အင်္ဂါသမီးမှာ ကျန်နေသေးတာက သူမ ဆိုင်မှာ တိုက်ထားတဲ့အတိုက် ဖြစ်ပါတယ်။
“အင်း တစ်ယောက်တော့ ပညာစက်သိမ်း သွားပြီ။ နောက်တစ်ယောက်ကျန်သေးတယ်။ ဆိုင် ကို လုပ်ထားတဲ့သူ။ ကဲအင်္ဂါသမီးဆိုင်ကို ပညာစက် သုံး တိုက်ခိုက်ထားတဲ့ ပညာသည် ခုချက်ချင်း လာခဲ့စမ်း”
ဆိုင်တိုက်ထားသူ ရောက်လာပါပြီ။ ဘုရား ကန်တော့ခိုင်းပြီး ကိုယ်မေးရမယ့် ကဏ္ဍကိုမေးလိုက် ပါတယ်။
“မင်းဘာလဲပြော”
“အောက်လမ်းဆရာပါ ဆရာ”
“အင်း ဒီအင်္ဂါသမီးဆိုင်ကို မင်းဘာတွေ လုပ်ထားလဲ ပြော”
“လာဘ်ပိတ်အောင်လုပ်ထားပါတယ်။ ဆိုင် ထဲက ကန်အနီရောင်မှာရယ် ကျွန်းခုံမှာရယ် လုပ် ထားပါတယ်။ နောက်ပြီးဆိုင်ကိုလူမလာအောင်ဆိုင်ဝ မှာ ဘီလူးတစ်ကောင်နဲ့ ပိတ်ခိုင်းထားပါတယ် ဆရာ”
“အေး မင်းအဲဒီလိုဖြေလာတော့ ငါမေးစ ရာ မလိုတော့ဘူးပေါ့ …ဆက်ပြော”
“သူတို့ဆိုင်က ထွက်သွားတဲ့လူလို့ ပြောပါ တယ်ဆရာ။ အင်္ဂါ၊ သောကြာပါတဲ့မိန်းမလာလုပ်ခိုင်း တာပါ လုပ်ထားတာ ခြောက်လလောက်ပဲရှိပါသေး တယ်”
သူက ကျွန်ုပ်မေးမှာတွေကို တန်းစီပြောသွား တော့ သူ့ကိုရိုက်ဖို့ မခိုင်းရတော့ပါဘူး။ ပညာစက် တွေသိမ်းခိုင်းပြီး သစ္စာဆို ပြန်လွှတ်ရုံပဲရှိပါတော့ တယ်။ တော်တော်ပါးနပ်တဲ့ အောက်လမ်းဆရာပါ။ ဆရာတော်တော်များများဆီ ရောက်ဖူးထားပုံလည်း ရပါတယ်။ ဒါကြောင့် မနာရဘဲ ပညာသိမ်းပြန် သွားရခြင်းပါ။
မိန်းကလေးရဲ့ ဆိုင်ဝမှာပက်ဖို့ စက်ဖြတ်ရေ မန်း၊ တန်ပြန် ဖယောင်းတိုင်ပေးပြီး ပြန်လွှတ်လိုက် ပါတယ်။ သူတို့ရှေ့လျှောက် ဈေးရောင်းကောင်းဖို့ အစစအရာရာ အဆင်ပြေဖို့အတွက်ကတော့ ကျွန်ုပ် တို့ရဲ့ တန်ပြန်ဂါထာတော်ကြီးကို နေ့စဉ် ၁၀၈ ခေါက် ရွတ်ဖို့ပေးလိုက်ပါတယ်။ ဒီဂါထာတော်ကို နေ့စဉ် ၁၀၈ ခေါက်ရွတ်လို့ အဆင်ပြေကြသူတွေများလာ တာကြောင့် ခုချိန်မှာ ဒီဂါထာကို တပည့်တစ်ယောက် က ကွန်ပျူတာစာစီပြီး ကော်ပီတွေများများ ကူးလာပေးထားလို့ ဝေနိုင်နေပါပြီ။
ခုနစ်ရက်သားသမီးများ၊ ပယောဂပညာစက်ဘေးမှ ဝေးနိုင်ကြပါစေ။
စိန္တာမယဆရာပိုင်
အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇