တစ်နေ့မှာ ကျွန်ုပ်ဆီကို ဧည့်သည်မိသားစု တစ်စုရောက်လာကြပါတယ်။ မှတ်မှတ်ရရ အဲဒီနေ့ က ကျွန်ုပ်ပိတ်ရက် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လ ပြည့်နေ့နှင့် လကွယ်နေ့တွင် ပိတ်ထားတာကြောင့် ထိုနေ့တွင်မှာ လူနာမကြည့်ချင်ပါဘူး။ ပိတ်တယ်ဆို ပေမယ့် လူက နားတယ်မဟုတ်ပါဘူး။ အလှူတစ်ခုခု လုပ်ချင်လုပ်မယ်။ နေ့ချင်းပြန်လို့ရမယ့်နေရာ တစ် ခုခု သွားမယ် စသဖြင့် တစ်နေ့ကို ကုန်ဆုံးစေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ လူတွေဆိုတာက အတ္တသမားတွေ များတာမို့ ဆရာ နားတာတွေ မနားတာတွေ သူတို့ မသိကြပါဘူး။ သူတို့လာရင် လုပ်ပေးမှ ကြိုက်ကြပါ တယ်။
အဲဒီနေ့က ရောက်လာတဲ့ မိသားစုမှာ အဖေ ရယ် အမေရယ် ကိုးတန်းကျောင်းသူ သမီးလေး တစ်ယောက်ရယ် သုံးယောက်လာကြပါတယ်။
“ဒီနေ့ပိတ်ထားတယ် မနက်ဖြန်မှလာခဲ့ကြ” လို့ပြောပေမယ့် –
“ခဏလေးပါ ဆရာရယ်၊ သမီးလေးကျောင်း မှာ ချော်လဲပြီးကတည်းက ဘာဖြစ်မှန်းမသိပါဘူး။ ရယ်လိုက်ငိုလိုက်နဲ့။ ကျွန်တော်တို့လည်း ဘာလုပ်ရ မလဲမသိလို့ ဆရာ့ဆီရောက်လာတာပါ”
သရဲတစ်ကောင်ကောင် ကပ်နေတာဖြစ်ဖို့ များပါတယ်။ ကလေးကို ရှေ့ခေါ်လာလို့ ကြည့်လိုက် တော့ မျက်နှာက တော်တော်နွမ်းနေပါတယ်။ ကြည် လင်ရွှင်ပြမှုမရှိပါဘူး။ ပိတ်ရက်ဖြစ်နေပေမယ့် ကိုယ့် နှုတ်ထွက်စကား တစ်ခွန်းလောက်နဲ့ ကလေးသက် သာသွားနိုင်တာသိနေလို့ ကလေးကိုရှေ့ခေါ်လိုက်ပါ တယ်။ နေရာကလည်း ဘုရားကျောင်းဆောင်တော့ မဟုတ်ပါဘူး။
“ကဲ သမီးလေး ဒီကိုလာလိုက်”
ကလေးရှေ့ရောက်လာတော့ သူမ လက်ကို ကိုင်ပြီး –
“အင်္ဂါသမီးလေးကို ဘယ်သူနှောင့်ယှက် နေ တာလဲ။ နှောင့်ယှက်နေတဲ့သူ အခုချက်ချင်းလာပြီး ထွက်သွားလိုက်”လို့ ပြောပါတယ်။ ကလေးမလေး ခင်မျာ တုန်တုန်ယင်ယင် ဖြစ်လာပြီး ရပ်နေရာကနေ ပျော့ခွေကျလာပါတယ်။ ကျွန်ုပ်လည်း ကလေးခေါင်း ပေါ် လက်တင်ပြီး တန်ပြန်ဂါထာသုံးခေါက်ရွတ် –
“မင်းထွက်သွားလိုက်ပါကွာ။ ကလေးကို မနှောင့်ယှက်ပါနဲ့။ ဦးတည်ရာကို ကန်တော့ပြီးထွက် သွားလိုက်”လို့ ခပ်အေးအေး ပြောလိုက်တဲ့အခါ ကလေးက ထိုင်ချလိုက်ပြီး ဦးတည်ရာကန်တော့ကာ ထွက်သွားပါတယ်။
သူမကိုယ်ပေါ်က အကောင်ထွက်သွားတာ ပါ။ ကလေးမလေးမျက်နှာ ကြည်လင်သွားပါတယ်။
“ဦးတည်ရာကို ကန်တော့လိုက်” ဆိုတဲ့ စကားကို ဘာကြောင့်ပြောလိုက်ရတာလဲဆိုတော့ သရဲဆိုတာ အဆင့်နိမ့်ပြိတ္တာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဘဝတွေ သိပ်သနားဖို့ ကောင်းပါတယ်။ ဘုရား မမြင်ရတဲ့ သရဲတွေ အများကြီးပါ။ အခုဝင်ရောက် တွယ်ကပ်နေတဲ့သရဲဟာ အဆင့်နိမ့်ပြီး ဘုရားမမြင် ရတဲ့ အဆင့်ဆိုရင် ဘုရားကန်တော့ဆိုလိုက်တာနဲ့ ဘယ်နေရာကန်တော့ရမှန်းမသိ ဖြစ်နေတတ်တာ ကြောင့် ဦးတည်ရာ ကန်တော့ဖို့ပြောလိုက်ရတာပါ။
ကလေးမျက်နှာလည်း ကြည်လင်သွား စကားတွေလည်း ပြောနေတာကြောင့် မိဘတွေ လည်း စိတ်ချမ်းသာသွားကြပါတယ်။ ကလေးကို လိပ်ပြာချုပ်လုပ်ပေးလိုက်ပြီး ပြန်လွှတ်လိုက်ပါတယ်။ ဖွင့်တဲ့ရက်မှာ ပြန်လာဖို့ သေသေချာချာ ပြန်စစ်ဆေး ဖို့ ပြောလိုက်ရပါတယ်။ ပြန်ဖွင့်တဲ့ရက်ရောက်တော့ သူတို့မိသားစုတွေ ပြန်ရောက်လာကြပါတယ်။
ကလေးကိုယ်ထဲသန့်ရှင်းသွားရဲ့လားလို့ ပြန် စစ်ဆေးကြည့်လိုက်ပြီး သရဲဆိုတဲ့အကောင်ကို ပြန် ခေါ်သွင်းလိုက်ပါတယ်။ သရဲရောက်လာပြီး နောက် နောင် ကလေးနဲ့တကွ ကျောင်းမှာရှိတဲ့ ကလေးတွေ ကို မနှောင့်ယှက်တော့ပါဘူးလို့ ကတိပြုခိုင်းပြီး ပြန် လွှတ်လိုက်ပါတယ်။ ဒီကောင်အပြင် နောက်ထပ် မိသားစုကို တိုက်ထားတဲ့ အတိုက်ရှိနေပါသေးတယ်။
ဒါကြောင့် အတိုက်အတွက် ထပ်စစ်ကြည့် လိုက်တော့ အောက်လမ်းစက်တွေ့ပါတယ်။ သူတို့ မိသားစုက အလုပ်ကြိုးစားပြီး စည်းစည်းလုံးလုံး ရှိကြတော့ မနာလိုသူက တိုက်ထားတာပါ။
“ကဲ အောက်လမ်းဆရာကောင် လူစိတ် ပျောက်အောင် ဝင်စီးလိုက်”ဟု ကျွန်ုပ်က အမိန့်ပေး လိုက်ပြီး မကြာခင်မှာပင် အောက်လမ်းဆရာ ရောက် လာပါတယ်။
“မင်း ဘာကောင်လဲ”
“အောက်လမ်းတတ်ပါတယ်”
“ခုဒီမိသားစုကို ဘာတွေလုပ်ထားလဲ။ အမှန် တိုင်းပြောစမ်း”
“မကျေနပ်လို့ လုပ်ပေးပါဆိုလို့ လုပ်ပေး လိုက်တာပါဆရာ”
“ဘာမကျေနပ်တာလဲ သူတို့စီးပွားသူတို့ လုပ်စားနေကြတာလေ မင်းတို့ကိုနစ်နာအောင် ဘာ များလုပ်ဖူးလို့လဲ”
“အဲဒါတော့ မသိပါဘူးဆရာ။ ခေါင်သူကြီး နှစ်ယောက်ကို မကျေနပ်လို့လုပ်ပေးပါတဲ့။ အဲဒီမိန်းမ က အရမ်းလည်တယ်တဲ့။ လုပ်ငန်းတူလုပ်နေပေမယ့် သူက အားလုံးထက်ပိုပြီး လူတွင်ကျယ်လုပ်တယ် စီးပွားဖြစ်တယ်။ ဒါကြောင့် သူတို့စီးပွားပျက်အောင် ငွေကုန်ကြေးကျများအောင် လုပ်ပေးပါဆိုလို့ ကျွန် တော်ပိုက်ဆံရလို့ လုပ်ပေးလိုက်တာပါဆရာ”
“ဟုတ်ပါတယ် …မင်းဘာတွေနဲ့တိုက် ထားလဲ”
“သရဲတိုက်ပါဆရာ။ သူတို့ဆိုင်ကို သရဲနဲ့ တိုက်ထားပါတယ်။ အရောင်းအဝယ်မဖြစ်အောင် အ သွားအောင်ပါ”
“ဒါဆိုကလေးကို ဝင်ပူးနေတဲ့ကလေးက မင်းအတိုက်လုပ်ထားတဲ့ အကောင်လား”
“အစကမဟုတ်ပါဘူး။ သူ့ကို ကပ်လို့ရလို့ ကပ်ပါလာတဲ့ အကောင်ပါ။ ပထမနေ့ဆရာ့ဆီလာတဲ့ အချိန်မှ ကျွန်တော်လွှတ်ထားတဲ့အကောင်ပါလာတာ ပါ”
“ခုနက သစ္စာဆိုပြီး ထွက်သွားတာက ကော”
“အဲဒါက ကျွန်တော့်ကောင် မဟုတ်ပါဘူး သူ့ကိုအရင်ကတည်းက ကပ်နေတဲ့ကောင်ပါ။ ခုဒီ ကောင် မရှိတော့ပါဘူး။ ပြေးပြီ”
“မင်းကောင်တွေကရော ဘာလို့တွယ်ကပ် နေတာလဲ”
“ကျွန်တော် ခေါ်သွားပါ့မယ်ဆရာ …ခုခေါ် ထုတ်သွားပါ့မယ်”
“ကောင်းပြီ မင်းလုပ်ထားတဲ့ ပညာစက်မှန် သမျှသုံးထားတဲ့ သရဲဘီလူးမှန်သမျှ မြူမျှမကျန် အောင် သိမ်းသွားလိုက်”
အောက်လမ်းဆရာလည်း ကျွန်ုပ်ခိုင်းတဲ့ အတိုင်း သူ့ပညာစက်တွေကို သိမ်းလိုက်ပါတယ်။ သူ သုံးထားတဲ့အကောင်တွေကိုလည်း သိမ်းပါတယ်။
“ကုန်သွားပါပြီ ဆရာ”
“သေချာတယ်နော် အားလုံးကုန်သွားတာ”
“သေချာပါတယ်ဆရာ ဘာမှမကျန်တော့ပါ ဘူး”
“ကောင်းပြီ မင်းသစ္စာဆိုပြီးမှ ပြန်ရမယ်”
“ဆိုပါ့မယ်ဆရာ ဆိုပါ့မယ်”
ကျွန်ုပ်လည်း ပညာသည်ကို သစ္စာဆိုခိုင်း ပြီးပြန်လွှတ်လိုက်ပါတယ်။ ဒါအညှီရှိလို့ ယင်အုံတာ ပါ။ သူတို့မိသားစုအိမ်ခြံမြေနဲ့ ဆိုင်တို့မှာ အတိုက် စက်တွေ၊ သရဲတိုက်တွေ၊ ရှိနေလေတော့ ပညာစက် ထိနေတဲ့ကလေးကို နီးစပ်ရာ သရဲကပ်သွားတာပါ။
အညှီမရှိဖို့ သတိထားရပါမယ်။
ခုနစ်ရက်သားသမီးအားလုံး အထက်လမ်း စိတ်ဓာတ်ဖြစ်ပါစေ။
စိန္တာမယဆရာပိုင်
အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇
