ပိတ်မိနေကြသော အစောင့်များ

ပယောဂကုသမှုပိုင်းမှာ အထူးသတိထား ရမယ့် အချက်တစ်ခုဖြစ်ပါတယ်။ ပယောဂကုသနေ ကြတဲ့ ဆရာသမားတွေ ကျွန်တော့်ထက် ပိုသိနိုင် ကြပေမယ့် ကျွန်တော်ကြုံရတဲ့ အဖြစ်အပျက်ကလေး ကို ရေးပြချင်လို့ပါ။

သာမန်လူတွေက သူတို့ကိုယ်မှာ စောင့် ရှောက်တဲ့ အစောင့်အရှောက်တွေ၊ တန်ခိုးသိဒ–ိတွေ ကို လိုချင်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်အတွက် အစောင့်ပုဂ္ဂိုလ် လိုချင်တတ်ကြပါတယ်။ အစောင့် ရနိုင်ရာရနိုင်ကြောင်းဖြစ်တဲ့ ကိုယ်ပေါ်မှာဆေးထိုး ခြင်း၊ အင်းသောက်ခြင်း၊ အဆောင် ဓာတ်လုံး၊ ဓာတ် ပြာဆောင်ခြင်း၊ သိမ်းခြင်းတွေကို လုပ်ကြလေ့ရှိပါ တယ်။

အဲဒီလို ဆောင်တဲ့အခါမျိုးမှာ ကိုယ်ဆောင်တဲ့ အဆောင်၊ လက်ဖွဲ့ရဲ့ အစောင့်ကို ကိုယ်တိုင် သိသင့် ပါတယ်။ နောက်တစ်ချက်က ကိုယ့်ကို အဆောင် ပေးတဲ့ ဆရာတွေအနေနဲ့လည်း ကိုယ်ပေးတဲ့ အဆောင်ရဲ့ အစောင့်ကို သိသင့်ပါတယ်။ ကိုယ် ပေါ်မှာ ထိုးနှံတာပဲဖြစ်ဖြစ် ပေးတဲ့အဆောင်၊ လက်ဖွဲ့၊ ဓာတ်လုံး၊ ဓာတ်ပြာ၊ ရေစင်၊ ရေမန်းမှာပဲဖြစ်ဖြစ် ဘယ်လို အစောင့်ပုဂ္ဂိုလ်ရှိတယ်ဆိုတာ ကိုယ်တိုင် လည်းသိပြီး ကိုယ်ပေးမယ့်သူကိုလည်း ပွင့်လင်းစွာ ပြောပြထားသင့်ပါတယ်။

ဒါမှသာ ကိုယ့်အစောင့်ကိုယ်သိလို့ လုပ်သင့် ကိုင်သင့်တာ လုပ်လို့ အဆင်ပြေမှာပါ။ ဥပမာ- ကိုယ့်ကိုယ်က အစောင့်ဟာ မြင့်တဲ့ယက္ခ၊ ဂုမ္ဘာန်လိုမျိုး ဖြစ်ခဲ့ရင် သူတို့ဘာလိုချင်လဲ … (အထူးသဖြင့် ဘုရားပွဲတောင်းတတ်ပါတယ်) လိုချင်တာ သိအောင် လုပ်ပြီး ဒါနပြုပေးမယ်၊ လုပ်ပေးမယ်ဆိုရင် ပိုအဆင် ပြေနိုင်ပါတယ်။

ခုရေးမယ့်အကြောင်းက ရဟန်းတစ်ပါးနဲ့ ပတ်သက်တာပါ။ ဗုဒ–ဘာသာထုံးတမ်းစဉ်လာအရ ရဟန်းခံရှင်ပြု လုပ်ကြပါတယ်။ သာသနာတော်ကို စောင့်ရှောက်နိုင်စေခြင်းအလိုငှာ၊ သာသနာတော် တည်တံ့ခိုင်မြဲစေရန်အလို့ငှာ ရဟန်းခံရှင်ပြုလုပ်ကြ တဲ့အခါ သာသနာ့ဘောင်ဝင်မယ့်သူကိုယ်မှာ အစောင့် အရှောက်တွေကိုလည်း သတိထားရပါမယ်။ ဘာ ကြောင့်လဲဆိုတော့ ရဟန်းတော်များကိုယ်ပေါ်မှာ ဆင်မြန်းဝတ်ရုံတဲ့ သင်္ကန်းတော်ဟာ အလွန် ပါဝါ ရှိပါတယ်။ ဒီပါဝါကြောင့် ရဟန်းလောင်းကိုယ်ပေါ်မှာ ရှိရင်းစွဲ(မူလပါလာတဲ့)နိမ့်တဲ့အစောင့်ဟာ ထွက် ပေါက်မရှိ ဖြစ်သွားတတ်ပါတယ်။

အစောင့်ထွက်ပေါက်မရှိတော့ ဘယ်သူ့ကို ပြဿနာရှာမလဲ …သူရှိနေတဲ့ကိုယ်(ခန္ဓာကိုယ်)ကို ပြဿနာရှာပါလေရော။ အဲဒီအချိန်မှာ ရဟန်းဟာ နေမထိထိုင်မသာ ဖြစ်မယ်။ ခန္ဓာကိုယ် နေရာတော် တော်များများမှာ ဟိုနားကထိုးသလို၊ ဒီနားက အောင့်သလို မျိုးစုံတွေဖြစ်ပြီး တော်တော် အနေခက်ရ တာမျိုး ဖြစ်တတ်ပါတယ်။

တစ်နေ့ ကျွန်ုပ်ဆီကို ဦးဇင်းကြီးနှစ်ပါး <က လာပါတယ်။ ကျွန်ုပ်က မနက်ဆိုရင် ငှက်ပျောသီး၊ အုန်းသီးဝယ်ဖို့ နေ့တိုင်းဈေးသွားရပါတယ်။ ဦးဇင်း ကြီးတို့ နှစ်ပါး ရောက်လာချိန်က ဈေးသွားဖို့ အထွက် ဖြစ်နေတော့ အခက်တွေ့ရပါတယ်။ သူတို့ကလည်း ပဋ္ဌာန်းရွတ်နေရာက ထွက်လာကြတာပါ။

“ဦးဇင်းတို့က ဘာဖြစ်လို့လဲ ဘုရား”

“ကျုပ်နံကြားထဲက ထိုးထိုးပြီးအောင့်နေတာ ကြာလှပြီဒကာကြီး …အဲဒါ ဘာများဖြစ်လို့လဲလို့ သိချင်လို့ပါ”

“ကျုပ်တို့က ပဋ္ဌာန်းရွတ်နေတာ ကိုယ့်အလှည့် မရောက်သေးလို့ ထွက်လာကြတာ”

“တပည့်တော်ကလည်း ဈေးသွားရဦး မယ် ဘုရား … နေ့တိုင်း ငှက်ပျောသီး၊ အုန်းသီး ၀ယ်ရတာ …ပွဲလာလှူမယ့်သူတွေအတွက်ပါ။ အရှင်ဘုရားတို့ အဆင်ပြေမယ်ဆိုရင် ဆွမ်းစားပြီး လောက်မှ ပြန်ကြွလာပါလား ဘုရား … ဦးဇင်းကြီး တို့ ရောက်လာတာနဲ့ တပည့်တော်ချက်ချင်း လုပ်ပေး လိုက်ပါ့မယ် …”

ဦးဇင်းကြီးနှစ်ပါးလည်း သဘောပေါက်သွား ကာ လှည့်ပြန်သွားကြပါတယ်။ သူတို့ဆွမ်းစားပြီးမှ လာရင် ကျွန်ုပ်အတွက်လည်း ပိုအဆင်ပြေပါမယ် … သူတို့အတွက်လည်း ဆွမ်းကိစ္စမပူပင်ရတော့ပါဘူး။ ဒါကြောင့် ပြောလိုက်ရတာဖြစ်ပါတယ်။

နေ့လယ်ဘက် လူနာများကို တစ် ယောက်ပြီးတစ်ယောက် ကုသပေးနေရင်း နှစ် ယောက်လောက်ကုပြီးချိန်မှာ ဦးဇင်းကြီးနှစ်ပါးပြန်<က လာကြပါတယ်။ ခေါင်းရင်းမှာ ရဟန်းသံဃာတော် များအတွက် နေရာထားရှိပြီး သင်ဖြူးဖျာ ခင်းပေး လိုက်ပါတယ်။ ဒါကလည်း ကျွန်ုပ် လုပ်နေကြပါ။ သံဃာတော်များအတွက် ကျွန်ုပ်ထိုင်နေတဲ့ နေရာ ထက် ခေါင်းရင်းပိုကျတဲ့နေရာအမြင့်မှာ သတ်မှတ် ဖျာခင်းပေးပြီးထားတာပါ။ နောက်ပြီး ဆရာတော် များကို စစ်ဆေးတဲ့အခါမှာလည်း သူတို့ကို ဘာမှ မခိုင်းဘဲ တခြားသူနဲ့သာ စစ်ဆေးလေ့ရှိပါတယ်။ ကုသမှုပြုတဲ့အခါမှာလည်း တခြားသူနဲ့သာကုသပေး ပါတယ်။

ထုံးစံအတိုင်း ဆရာနဲ့ကုသခံသူတို့ကြားမှာ ရှိနေလေ့ရှိတဲ့ ခေါင်းရင်းခြေရင်းဆိုတဲ့ ပြဿနာ မဖြစ်စေရအောင် အဲဒီလို စီစဉ်ထားခြင်းဖြစ်ပါတယ်။

တချို့က သံဃာတော်ကိုခြေရင်းထားပြီး စစ် ဆေးတာမျိုးတွေ တွေ့ဖူးလို့ ကိုယ်မပါရလေအောင် ကြိုတင်စီမံထားတာပါ။

ကျွန်ုပ် ပြောလိုကတဲ့အတိုင်းပါပဲ။ ဦးဇင်း ကြီးတွေကို နေရာချထားပေးပြီးတာနဲ့ …

“အားလုံးပဲဗျာ …ဒီဦးဇင်းကြီးတွေက မနက်က တစ်ခေါက်လာသွားပြီးပြီ … ကျွန်တော် က ဆွမ်းစားပြီးမှ ပြန်လာဖို့ပြောထားလို့ ခုရောက် လာကြတာပါ …သူတို့ကို ဦးစားပေးလုပ်ပေး ပါရစေ”

“ရပါတယ် ဆရာ …လုပ်ပါ”

“ကျုပ်တို့က ပဋ္ဌာန်းရွတ်နေရာက ကိုယ့် အလှည့်မရောက်သေးလို့ ထွက်လာကြတာပါ …”

“ရပါတယ် ဘုန်းဘုန်းတို့ကို အရင်လုပ်ပေး လိုက်ပါ”

ရှိနေကြတဲ့သူတွေကလည်း အရင်လုပ်ပေးဖို့ သဘောတူကြတာကြောင့် ဦးဇင်းကြီးကို စစ်ဆေး လိုက်ပါတယ်။

ဦးဇင်းကြီးကိုယ်မှာ ဆေးတွေ ပေါက်ထားတာ ကို တွေ့လိုက်ရပါတယ်။

“ဦးဇင်းကြီး ဆေးတွေ ပေါက်ထားတယ်နဲ့ တူတယ် …ဒီမှာ ဆေးစောင့်တွေ့နေတယ်”

“ဟုတ်တယ် ဆရာ …ကျုပ်ငယ်ငယ်က ဆေးမည်းတွေ ပေါက်ဖူးတယ် … သူတို့က ပီးဆေး ဆိုလို့ ပေါက်လိုက်မိတာ”

“ပြီးမပြီးတော့ မသိဘူး။ ခုတော့ သူတို့ချောင် ပိတ်မိနေလို့ ဦးဇင်းကြီးကို ဆော်နေကြပြီ …”

ကျွန်ုပ်လည်း လက်တွေ့ပြချင်တာကြောင့် ဦးဇင်းကြီး ကိုယ်ကအစောင့်ကို ခေါ်သွင်းလိုက်ပါ တယ်။ အစောင့်က ရောက်လာတယ်ဆိုရင်ပဲ ဘီလူး ထိုင်}ထိုင်လိုက်ပါတယ်။ ပြီးတော့ ဦးဇင်းကြီးကို တွေတွေကြီး စိုက်ကြည့်နေတယ်။

“လုပ်ပါဦး ဒကာကြီး …သူ ဘာဖြစ်ချင် တယ်တဲ့လဲ”

“ကဲ ပြောလိုက်ပါဦး မင်းတို့ဘယ်နှစ်ကောင် လဲ …ဘာဖြစ်ချင်ကြတာလဲ”

သူတို့ နှုတ်ကမပြောကြပါ။ လက်နှစ်ချောင်း ထောင်ပြပါတယ်။ နောက်ပြီး ဆက်ပြောတာက ဦးဇင်းကြီးကိုယ်ထဲမှာ ငယ်ငယ်ကတည်းက နေလာ ခဲ့တာ…တဲ့။ ခုချိန်မှာ သင်္ကန်းကြောင့် သူတို့ နေလို့ မရဘူး …ကိုယ်မှာပူလောင်လွန်းလို့ ဦးဇင်းကြီးကို တံတောင်နဲ့ ထောင်းနေတာလို့ ပြောပါတယ်။

သူလက်ဟန်ပြနေတာကို နားမလည်မှာစိုးလို့ ကျွန်ုပ်က ပြောပြပေးတော့ ဦးဇင်းကြီး သိသွားပါ တယ်။

“ဒါဆိုလည်း သူတို့ကို ပေးထွက်လိုက်ပါ ဒကာကြီး”

“မှန်ပါ …ကဲ ဦးဇင်းကြီးကလည်း မထားချင်တော့ဘူး ဆိုတဲ့အတွက် မင်းတို့နှစ်ကောင် သင့်တင့်လျှောက်ပတ်တဲ့နေရာကို သွားနိုင်ပါပြီ။ဆရာခွင့်ပြုပါတယ် …ဦးဇင်းကြီးကို မင်းတို့ လုပ် ထားသမျှတွေလည်း သိမ်းသွားလိုက်ကြတော့ …။ ဆရာ ပြုပြုသမျှ ဒါနမှု၊ သီလမှု၊ ဘာဝနာမှု အစုစု တို့ကို မင်းတို့အစောင့် နှစ်ကောင်အတွက် အမျှပေး ပါတယ်၊ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြပါစေ …အမျှ …အမျှ …အမျှ ယူကြပါ”

ကျွန်ုပ်အမျှပေးတော့ ဦးဇင်းကြီးတို့ကလည်း အမျှပေးလိုက်ကြပါတယ်။ သူတို့ဘုရားကန်တော့ပြီး ခပ်ကြမ်းကြမ်းပဲ ထွက်သွားကြပါတယ်။

အစောင့်တွေထုတ်ပြီး ထပ်စစ်ဆေးကြည့်တဲ့ အခါ ဦးဇင်းကြီး ကိုယ်တွင်းကိုယ်ပမှာ တခြား အနှောင့်အယှက် မရှိတော့ပါဘူး။ ကျွန်ုပ်စစ်ဆေးပြီး ချိန်လောက်မှာ ဦးဇင်းကြီးဟာ သူ့ကိုယ်ကို လိုက် စမ်းကြည့်နေတာ တွေ့ရပါတယ်။ နံကြားတွေ … ရင်၊ ၀မ်းအစရှိသဖြင့် လိုက်စမ်းနေပြီး ၀မ်းသာ အားရနဲ့ …

“ကျုပ်ကောင်းသွားပြီ …ဒကာကြီး ကျုပ် ဘယ်နေရာကမှ ထိုးသလို၊ အောင့်သလို မဖြစ်တော့ ဘူးဗျ”…လို့ပြောပါတယ်။ နောက်ဆက်ပြီး –

“ဒကာကြီးကို ဘယ်လောက်လှူရမလဲ”

“ရပါတယ် ဦးဇင်းကြီး၊ တပည့်တော်က ဘုန်းကြီး၊ သီလရှင်နဲ့ သက်ကြီးရွယ်အို ပိုက်ဆံ မယူပါဘူးဘုရား …ဒါနပါ”

ဦးဇင်းကြီးလည်း ဘာပြောရမှန်း မသိအောင် ဖြစ်ပြီး ၀မ်းမြောက်ဝမ်းသာနဲ့ ထပြန်သွားပါတယ်။ ငယ်စဉ်က ထိုးနှံထားခဲ့ဖူးတဲ့ ဆေးစောင့်တွေက နိမ့် နေတော့ သင်္ကန်းတော်တန်ခိုးကို မခံနိုင်လို့ ဖြစ်ရ တာပါ။ ခုနစ်ရက်သားသမီးများ ပယောဂစက်ဘေးမှ ကင်းဝေးနိုင်ကြပါစေ …

 

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ၀၉၄၂၀၇၄၄ ၁၁၂။ ၀၉၂၅၄၈၁၁၀၀၇